ပြန်ဆုံချင်သေးသော…..သူငယ်ချင်းလေးဆီသို ့

ကမာ္ဘကြီးဟာဘယ်လောက်တောင်ကျဉ်းသလဲဆိုတာ….ရွာတစ်ရွာဖြစ်သွားပြီလို ့တောင်

 

သတ်မှတ်ခဲ ့တာပဲလေ……

 

မြန်မာပြည်ဆိုတာဘယ်လိုတိုင်းတာမှူကိုခံယူရဲမလဲလေ……..

မြန်မာပြည်ထဲကမှရန်ကုန်ဆိုတာ…ပိုလို ့တောင်ဆိုးသေးတော ့….ထားပါလေ

ငါ ့အတွက်တော ့ရန်ကုန်ဆိုတာပိုလို ့တောင်ကျယ်လွန်းလှပါတယ်…..

သူငယ်ချင်းများစွာတို ့..အပေါင်းအသင်းများစွာတို ့နဲ ့ပြန်တွေ ့တိုင်း…..

 

မင်းရဲ ့သူငယ်ချင်းဘယ်မှာဘာတွေလုပ်နေလဲ….မင်းနဲ ့တွေ ့ဖြစ်ကြတယ်မဟုတ်လား…..လို ့

မေးရင်ငါကကြောင်တောင်တောင်နဲ ့ရယ်….

မင်းရန်ကုန်မှာရှိတယ်ဆိုတာသူငယ်ချင်းများစွာတို ့သိကြပေမယ် ့……

ငါတစ်ယောက်မသိတာဟာအံ ့ဩစရာမဟုတ်ပေမယ် ့…ရှက်ဖို ့တော ့ကောင်းသားကွ..

ငါတို ့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်တောင်ခင်ခဲ ့သလဲဆိုတာ…..

ငါတို ့လုပ်ခဲ ့ဘူးတဲ ့ကုမ္ပဏီတခုလုံးသိကြပါတယ်။

ငါဟာမင်းအတွက်ဇီဝဇိုးငှက်တစ်ကောင်ဖြစ်ခဲ ့ရင်…..မင်းကငါ ့ရဲ ့ ့အံဖတ်တွေနဲ ့တည်ဆောက်တဲ ့

ငါ ့ရဲ ့အသိုက်ကိုကောင်းစွာထိမ်းသိမ်းကာကွယ်ပေးမဲ ့..ကျောက်တောင်နံရံကြီးတစ်ခုဖြစ်စေရမယ်လို ့

ပြောပြီးခင်ခဲ ့ကြတဲ ့သူငယ်ချင်းတွေပဲကွာ…..

အခုမင်းနဲ ့ငါက..ရေစက်တွေကုန်သွားပြီလားလို ့မင်းကိုမေးချင်မိတယ်….

ငါမင်းကိုဘယ်လိုဆက်သွယ်ရမလဲကွာ………

မင်းငါ ့ကိုတမင်ရှောင်နေတာမဟုတ်တန်ကောင်းဘူးလို ့….ငါ ့ဖက်ကမင်းကိုအကောင်းမြင်နေတုန်းပါကွာ။

ဒါမှမဟုတ်…….ကိစ္စတခုခုနဲ ့စိတ်ခုနေတာများလား…အမေးပေါင်းများစွာနဲ ့…

စဉ်းစားလို ့မရအောင်ပဲ……..

ငါတို ့ကြားမှာတစ်ခုခုလွဲနေတဲ ့ပုံပဲ….ဖြစ်ချင်တော ့ငါကလည်းငါ ့အလုပ်နဲ ့ငါမအားနိူင်ဆိုတာတော ့

ငါ ့ဖက်ကပြောရဲပါတယ်……

ငါ ့ကိုလာပြောတဲ ့သူငယ်ချင်းတွေက…မင်းကို၃၈လမ်းမှာတွေ ့ ့သလိုမြို ့ထဲပါတ်ဝန်းကျင်မှာ

တွေ ့မိတယ်ပြောတော ့…ငါတကယ်ဝမ်းသာတယ်….

ငါနဲ ့မတွေ ့ဖြစ်ပေမယ် ့..မင်းကျန်းကျန်းမာမာရှိနေတယ်ကြားရတော ့….ငါအတိုင်းမသိပျော်ရွှင်မိတယ်……

မင်းငါ ့ကိုမေ ့နေတယ်ဆိုရင်တောင်…ငါကျေနပ်တယ်သူငယ်ချင်း…..

ဘာလို ့လည်းဆိုတော ့…မင်းလောကကြီးထဲမှာရှိနေသေးတယ်ဆိုတာသိရလို ့ ့ပေါ ့ကွာ…….

မင်းရေးပေးခဲ ့တဲ ့…ဒိုင်ယာရီစာရွက်လေးကဟောင်းသွားပေမယ် ့

မင်းရဲ ့လက်ရေးကတော ့မပျက်သေးဘူး…ငါပြန်ပြောပြမယ်ကွာ……..

“ရေးလိုက်တဲ ့စာတစ်လုံး

ပြောလိုက်တဲ ့စကားတစ်ခွန်းအတွက်

ကိုယ် ့မှာတာဝန်အပြည် ့အဝရှိတယ်လို ့…ခံယူထားပါတယ်

ဒါကြောင် ့………….

ကိုယ်အပိုတွေမပြောချင်ဘူး

မင်းကိုသိပ်ခင်ပါတယ်”………..ဆိုတဲ ့စာကြောင်း

ယနေ ့ထိမပြောင်းလဲဘုူး…….

မင်းနဲ ့တွေ ့ပြီးစကားတွေပြောချင်ပေမယ် ့…..

ငါတို ့နှစ်ယောက်ကရေစက်တွေကုန်လောက်ပြီမထင်သေးတဲ ့အတွက်

ငါ…..မင်းနဲ ့တွေ ့ဖို ့ဆုတောင်းနေရင်း……………………………

သူငယ်ချင်းလေးသိရှိနားလည်ခံစားနိူင်ပါစေ………………………။

ချစ်ခြင်းမေတ္တာဖြင် ့

မိုးမင်းသား

၅.၃.၂၀၁၄

8 comments

  • MAUNG

    March 6, 2014 at 12:17 pm

    ပြန်ဆုံပါစေ ဗျာ

  • မမချွိ

    March 6, 2014 at 3:26 pm

    သူ ငယ် ချင်း – သူတို့ ငယ်ငယ်က အချင်းများလေ့ရှိကြသည်။
    😀

    နီးတစ်ကျက်ကျက် ဝေးတသက်သက်ထဲမှာ သူငယ်ချင်းလည်းပါတယ်။ :mrgreenn:

  • ရွှေ ကြည်

    March 6, 2014 at 5:30 pm

    အဲ့လိုမျိုးဆို အစာမကြေဘူးဗျ ရအောင်စုံစမ်းပြီးမေးဗျာ တမင်ရှောင်နေတာလားလို့
    မဟုတ်ရင် စိတ်ထဲက ခိုးလိုးခုလု ရယ်

  • TNA

    March 6, 2014 at 5:54 pm

    အမြန်ပြန်ဆုံနိုင်ပါစေ

  • alinsett (gazette)

    March 6, 2014 at 8:49 pm

    သူငယ်ချင်းလို ့ပြောပေမယ့်….
    ဒန်းးးးးတန် ့တန်…..

    :kwi:

    မြန်မြန် ပြန်ရှာ..ဗျာ.. ။
    ရှာလို ့တွေ ့ရင်… ဟိုတင်ကိုကိုတို ့…စုံတွဲလို..မင်ဂါဆောင်ပါ့လား…

    😆

  • မိုး မင်းသား

    March 10, 2014 at 7:13 pm

    တီသည်းနဲ ့မောင်ကပြန်ဆုံပါစေတဲ ့

    ပျော်လိုက်ထှာနော်….ပေးတဲ ့ဆုနဲ ့ပြည် ့ပါရစေခင်ဗျာ………

    ရွှေကြည်လေးရေ…..ရှာပြီးတော ့တွေ ့တာနဲ ့မေးပါမယ်နော်….လေ

    မမချွိပြောတာလည်းမှန်ပါတယ်….နီးတကျက်ကျက်ပေါ ့

    ဒါပေမယ် ့….အခုသတိယတယ်ဗျာ……

    မင်ဂါဆောင်တဲ ့စရိတ်ထုတ်ပေးမှာလားဆက်ဆက်ရေ…….

    သများတွေလိုတော ့….ဟန်နီးမွန်းထွက်နိူင်ပါဘူး…..

    ဆက်ဆက်ကိုမတုရဲပါဘူး……အဟွန်း….ဟွန်း

  • မိုး မင်းသား

    March 13, 2014 at 5:41 pm

    ဟုတ်ကဲ ့ပါလေးပေါက်

    ပြောတဲ ့အတ်ိုင်းဆူးလေဘရားတတ်ပြီးဗေဒင်မေးလိုက်ပါ ့မယ်

Leave a Reply