” ကျ မ မှာ ဖဲ သ မား”

snow smileMarch 5, 20141min58458

“ကျမ မှာ ဖဲ သ မား ……………..”

ကျွန် မ မှာ မိန်း မ သား . . . . . ဆို တဲ သီ ချင်း လေး ကို နား ထောင် ရင်း

ကျွန် မ လိုက် ဆို မိ လိုက် တာ က

ကျွန် မ မှာ ဖဲ သ မား . . . . . . . ဲ

ဟုတ် ပါ တယ် ကျ မ ငယ် ငယ် က ဖဲ သ မား ဖြစ် ခဲ့ ဘူး ပါ တယ်။

 

ကျွန်​မ တို့ ညီ အစ်​ မ ၃ ​ယောက်​ က ၃ နှစ်​ ကြီး ၃ နှစ်​ ငယ်​ ။

အ ​ဒေါ် က ​မွေး ​တဲ့ မိန်​း ခ ​လေး ၃ ​ယောက်​ က ၂ နှစ်​ ကြီး ၂ နှစ်​ ငယ်​။

အုပ်​ စု ၂ စု ​ပေါင်​း ​လိုက် တော့  အ တော် လေး အင် အား တောင့် သည်ပေါ့။

ငယ်​ ငယ်​ တုန်​း က သာ အ ရွယ်​ ​တွေ ကွာ ကြ ​ပေ မဲ့ ကြီး လာ ​တော့

ရွယ်​ တူ ​တွေ ဖြစ်​ လာတဲ့ အခါ က စား ဖော် တွေ ဖြစ ်လာ ကြ တာ ​ပေါ့။

အဲ့ ဒီ့ အ ထဲ မှာ မှ ကျွန်​ မ က အ ကြီး ဆုံး​ခေါင်​း ​ဆောင်​ ​ပေါ့ ​လေ။ ​

ကျောင်​း ဖွင်​့ ရက်​ ​တွေ သာ တစ် အိမ်​ စီ ​နေ ရ ​ပေ မဲ့ ​ကျောင်​း ပိတ်​ ရက်​ ​တွေ မှာ ​တော့

ကျွန်​မ တို့ အ ကုန် စု ပြီး  ခြံ ကြီး ထဲ မှာ မျိုး စုံ ​အောင်​ ​ဆော့ ကြ က စား ကြ၊

မုန်​့ ​တွေ လုပ်​ စား ကြ ​ ကာ တွန်​း တွေ ဝတ္တု ​တွေ ဖတ် ကြ နဲ့ ​ပေါ့ ​။

​မေ ​မေ ကကျွန်​ မ ၁၂ နှစ်​ သမီး က တဲ က ဆုံး သွား တာ ပါ ။

အိမ်​ မှာ ကျွန်​မ တို့ ​မောင်​ နှစ်​ မ ​လေး ​ယောက်​ ရယ်

ချက်​ ပြုတ်​ ​ကျွေ း သူ အန် တီ တ ​ယောက်​ရယ်

သူ့ ကို ကူ ညီ ​ လုပ်​ ကိုင်​ ​ပေး တဲ့ အ ​ဒေါ် ကြီး တ ​ယောက်​ နဲ့

ကား ​မောင်​း တဲ့ ဦး ​လေး တ ​ယောက်​ ဘဲ ရှိ ပါတယ် ။

ကား မောင်း တဲ့  ဦး လေး  ​က တော့ ကျ မ တို့ ကို ထ မင်း ချက်​ ​ကျွေး တဲ့ အန်တီ ရဲ့ ​ယောက်ျားပါ ။

သူ တို့ မှာ သ မီး ​လေး တစ်​ ​ယောက်​ ရှိ ပြီး ကျွန်​မ ညီ မ ​တွေ နဲ့ ရွယ်​ တူ ပါ။

ကျ မ  တို့ ညီ အစ် မ ဝမ်း ကွဲ တွေ က စု စု ပေါင်း ခြောက် ယောက်။

အဲ တော့  ကျမ တို ့ အုပ် စု ဝင်  စု စု ​ပေါင်​း မိန်​း ခ ​လေး ရ ​ယောက် ရှိပါ တယ်။

​ ​ဖေ ​ဖေ မ ရှိ ရင်​ ကျွန်​မ တို့ ကို ဘယ်​ သူ မှ ထိန်​း မ ရ။

​ကြောက်​ ရ မယ့် သူ  မ ရှိ ​တော့။

မ နက်​ အိပ်​ ယာ ထ တယ် ဆို ရင်  စား ​သောက် ကြ သည်။

​ဖေ ​ဖေ ဘယ်​ ​တော့ အ ပြင်​ ထွက်​ မ လဲ ဆို တာ ကို

အ ခန်​း ထဲ က ​နေ တိတ်​ ဆိတ်​ ငြိမ်​ သက်​ စွာ ကာ တွန်​း ဝတ္တု ဖတ်​ ရင်​း နဲ့ ​စောင်​့ ကြ သည်​ ။

​ဖေ ​ဖေ ့ကား စက်​ နှိုး သံ ကြား သည်​ နှင်​့ အား လုံး အ သင်​့ ပြင်​ ကြ ​တော့ သည်​။

​ဖေ ​ဖေ အ ပြင်​ မ ထွက်​ ခင်​ က အ သက်​ ရူ သံ ​တောင်​ မ ကြား ရ ​သော

ကျွန်​ မ တို့ အိမ်​ ကြီး သည်​ ​ဖေ ​ဖေ့ ကား ထွက်​ သည်​ နှင်​့ အ ရပ်​ ပျက်​ ပါ ​တော့ သည်။

​ အ မျိုး စုံ ​ဆော့ကြ

ငြင်​း ကြ

ရန်​ ဖြစ်​ ကြ

စိတ်​ ​ကောက်​ ကြ  နဲ့

၂ ဖွဲ့ ကွဲ လိုက်​ ၃ ဖွဲ့ ကွဲ လိုက်​

တစ် ခါ တ ​လေ တစ် ​ယောက်​ တစ်ပါ တီ ဖြစ်​ သွား တဲ့ အ ခါ ​တောင်​ ရှိ ​သေး ။

အဖွဲ့ တွေ ကွဲ တာက လည်း ပုံ သေ မဟုတ်။

ဒီ နေ့ ကိုယ့် ပါ တီ က လူ က နက် ဖြန် သူ များ ပါ တီ မှာ ခေါင်း ဆောင် ဖြစ် ချင် ဖြစ် နေ တတ်သည်။

မ နေ့ က ပါ တီ မ ကောင်း ကြောင်း ကို လက် ရှိ ပါတီ တွင် ပယ် ပယ် နယ ် နယ် အ ပုတ် ချ သည်။

အခု ခေတ် ပါ တီ တွေ ကွဲ ကြ  ပြဲ ကြ တာ တွေ က ကျမ တို့ ညီအ စ် မ တွေ ကို များ

အ တု ယူ လေ သ လား ထင် မှတ် မိ သည်။

 

 

ထ မင်​း စား ချိ်​ န်​ အ တင်​း ​ခေါ် ​ကျွေး ရ သည်​ ​။

ကျွေး တဲ့ သူ က လဲ တ ​ခေါက်​ က ၂ ​ခေါက်​ ၂ ​ခေါက်​ က ၃ ​ခေါက်​ ​ခေါ် မ ရ လျင်​ ​

ဖေ ​ဖေ နဲ့ တိုင်​ မယ်​ ဟု ခြိမ်​း ​ခြောက်​ ​ပါတော့ သည်​။

ကျွန်​ မ တို့ က လဲ အဲ့ သည်​့ ​တော့ မှ စား ​တော့ သည်​ ။

တ ကယ်​ ​တော့ မ ဆာ တာ မ ဟုတ်​ ဗိုက်​ က ဆာ သည်​ စား ဘို့ ကို အ ချိန်​ မ ​ပေး နိုင်​ တာ

​ဆော့ တာ ကိုမ ရပ်​ ချင်​ လို့ ထ မင်း မစားကြတာပါ။

တ ​နေ့ ​သော ​ကျောင်​း ပိတ်​ ရက်​ မှာ ​တော့ ညီ မ ဝမ်​း ကွဲ တ ​ယောက်​ က

က စား နည်​း တစ် မျိုး တတ်​ လာ သည်။

ဒီ ကစ ား နည်း ကို ​ သူ သင်​ ​ပေး မည်​ လို့ ဆို လာ ပ ါ တယ်။

သူ က ​ယောက်​ ကျား လျာ လို ​နေ တဲ့ သူ။

ကျ မ တို့ ရဲ့  ဝမ်​းကွဲ ညီ မ ​တွေ က ရပ်​ ကွက်​ ထဲ တွင်​ ​နေ ကြ သည်​ ​ ။

ကျွန်​မ တို့ က ​တော့  ခြံ အကျယ် ကြီး ထဲ မှာ တစ် အိမ်​ ထဲ ဆို ​တော့ က စား ​ဖော်​ မ ရှိ။

ဖေ ဖေ က လဲ အိမ် အပြင် ထွက် ဆော့ ခွင့် မပြု၊

အဲ့ ဒီ့ ​တော့ က စား နည်​း အ သစ်​ အ ဆန်​း မှန်​ သမျှ သူ တို့ ဆီ မှ ပြန်​ သင်​ ရ သည်​​။

 

ဒီ တစ် ခါ တော့ သူ တတ် လ ာ သည့် က စား နည်း က တကယ့် အ ဆန်း။

သူ သင်​ ​ပေး တာ က ဖဲ ရိုက်​ နည်​း။

သူ က လဲ ခိုူ း ​ကြောင်​ ခိုး ဝှက်​ နဲ့ ဘယ်​ က သွား သင်​ လာ တယ်​ မ သိ ။

ကျွန်​မ တို့ ငယ်​ ငယ်​ တုန်​း က ဖဲ ရိုက်​ တယ်​ ဆို တာ မိန်​း ခ ​လေး မ ​ပြော နဲ့ ​

ယောက်​ ကျား ​လေး ​တောင်​ မှ တိတ်​ တိတ်​ ​ဆော့ ရ တာ မျိုး ခု ​ခေတ်​ လို မ ဟုတ်​ပါ။

အဲ့ သ လို နဲ့ ​ ကျွန်​မ အ ပါ အ ဝင်​ ကျန်​ ညီ အစ်​ မ များ အား လုံး “ဖဲ သင်​ တန်​း.ကြီး “ကို                                              စ တင်​ တက်​ ​ရောက်​ ခဲ့ ကြ တာ ​ပေါ့ ။

သူ က ​သေ ​သေ ချာ ချာ သင်​ လာ တာ ဆို ​တော့ ဖဲ ချပ်​ ​လေး ​တွေ ပြ လိုက်​

ဒါ ကို ဘယ်​ ​လို ​ခေါ် တယ်​ ​ပြော လိုက်​ နဲ့ ​ပေါ့ ။

ကျွန်​ မ တု့ိ မှာ အဲ လို တတ်​ သိ လာ တာ ကို ဘဲ အ ​တော်​ ​ပျော်​ ​နေ ကြ တာ ။

သူ က လဲ ဂျက်​ ကင်​း ကွင်​း ​အေ ဆို ပြီး သင်​ ​ပေး တာ ​ပေါ့။

ဒါ ပေ မယ့် (ဟတ်​ ဒိုင်​း မွန်​း စပိတ်​ ညှင်း ) ဆို တာ က ​တော့ သူ လဲ မ သိ

ဖဲ ရိုက်​ သက်​ ​တော်​ ​တော်​ ကြာ မှ သိ လာ ကြ တာ လေ။

ဖဲ ချပ်​ ​တွေ သိ လာ ပြီ ဆို ​တော့ ​နောက်​ သင်​ ခန်​း စာ ကိုး မီး  က စား တာ ကို

ခ ဏ ​လေး အ တွင်​း မှာ ဘဲ ကျွန်​ မ တို့ ​တွေ အ ကုန်​ လုံး တတ်​ သွား ကြ သည်​ ။                                               ကာ တွန်​း ​တွေ ဝတ္တု  ​တွေ စိတ်​ မ ဝင်​ စား ကြ ​တော့ ။

အ ပြင်​ ထွက်​ ​ဆော့ ဘို့ ဘယ်​ သူ မှ စိတ်​ မ ဝင်​ စား ​တော့ ။

​ဖေ ​ဖေ အ ပြင်​ ထွက်​  တာ ​တွေ ဘာ ​တွေ လဲ ​စောင်​့ ဘို့ မ လို ​တော့ ။

အ သံ တိတ်​ က စား နည်​း ဖြစ်​ လို့ ​ဖေ ​ဖေ မ သွား ​သေး လဲ အ ခန်း တံ ခါး ပိတ်​ က စား လို့ ရ သည်​ ။

ထ မင်​း ​စား ချိန်​ အ ခန်​း ထဲ ထ မင်​း ပု ဂံ ယူ စား ကြ သည်​ အ ထိ ​။

နောက်​ တ ပါတ်​ ကျ သူ တတ်​ လာ တာ က အသစ် ၂မျိုး ဘူ ကြီး နဲ့ တွမ် တီ ဝမ်း  ။

ဘူ ကြီး က ​တော့ လွယ်​ သည်။

တွမ် တီ ဝမ်း က ​တော့ နဲ နဲ အ ချိန်​ ​ပေး ပြီး သင်​ ရ သည်။

က စား လိုက်​ မှား လိုက်​ သူ က ပြန်​ သင်​ ​ပေး လိုက်​ နဲ့ ​နောက်​ ဆုံး ​တော့

အား လုံး အ ကြိုက်​ ဆုံး နဲ့ စွဲ စွဲ မြဲ မြဲ က စား ဖြစ်​ ဆုံး က တွမ် တီ ဝမ်း ဖြစ်​ လာ ​တော့ သည်​။

တွမ် တီ ဝမ်း က စား ကြ ​တော့ အ ရင်​ က စား နည်​း ​တွေ လို တိတ်​ တိတ်​ ဆိတ်​ ဆိတ်​ မ က စား နိုင်​ ကြ ​တော့။

အ ကုန်​ လုံး က လဲ ဖဲ ရိုက်​ တတ်​ လာ ပြီ ဆို ​တော့ ငြင်​း ကြ ခုန်​ ကြ သည်​ ။

အဲ့ ဒီ​တော့ ​ဖေ ​ဖေ မ ရှိ တော့ မှ ဖဲ ဝိုင်း စ ကြ ရ သည်။

ကျွန်​မ ကို ဒိုင်​ လုပ်​ ခိုင်​း ကြ သည်​ ကျွန်​မ က လည်​း ​ကျေ ​ကျေ နပ်​ နပ်​ ။

သူ တို့ ဒိုင်​ လုပ်​ ခိုင်း​သည်​ မှာ ကျွန်​ မ ကို ​ကြောက်​ လို့ လို့ ကိုယ်​့ အ ​တွေး နဲ့ ကိုယ်​ ဂုဏ်​ ယူ သည်။

​ ​ကျေ ​ကျေ နပ်​ နပ်​ ကြီး ကို ဒိုင်​ လုပ်​ သည်​။

ကစား တိုင်း ကျ မ  ဘယ်​ ​တော့ မှ မ နိုင်​။

စ က စား စဉ်​ က ​နေ ကြာ ​စေ့ ကွာ ​စေ့ နဲ့ ​။

နောက်​ ​တော့လောင်း ကြေး  မြင်​့ လာ သည်​ လေ။

ပိုက်​ ဆံ ​ကြေး ​ကစား ကြ သည်ေ ပါ့။

နေ ကြာ ​စေ့ တုန်​း က မ သိ သာ ​ပေ မဲ့ ပိုက်​ ဆံ ​ကြေး ကျ ​တော့ သိ သာ လာ သည်​ ။

က စား တိုင်း ရှုံး သည့် ကျွန်​မ ပိုက်​ ဆံ ထုတ်​ ၍ မ ​လောက်​ ​တော့။

ကြာ ​တော့ လူ က စိတ်​ တို လာ သည်။

ဖဲ က လဲ ရှုံး ညောင်​း က လဲ ​ညောင်​း​ ဆို တော့ မ ထိုင်​ နိုင်​ ​တော့ ​။

ခေါင်​း အုံး လေး ​ပြေး ယူ   ​မှောက်​ ရက်​ က ​လေး အိပ်​ ပြီး ဖဲ ဆက်​ ရိုက်​ သည်။

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

အဲ လို မှောက် ရက် ကလေး အိပ ်ပြီး ဖဲ ရိုက် ရင်း သိ လာ တာ က တော့

ဖဲ တစ် ချပ ်ဆွဲ ပြီ း တိုင်း နောက် တစ် ချပ် ကို ခိုး ကြည့်လ ို့ ရ တယ် ဆို တာ  ကို ပါဘဲ။

ကျမ အ တွက ်တော့ မ ဟာ အ ခွင့် အရေး ကြီး ပေ ါ့။

နောက် တစ် ဖဲ ဆက် ဆွဲ ဘို့ သိနေ ပြီး သား ဆို တော့

လိုရင်ဆွဲ မ လို ရင် ထား လိုက် ပေါ့။

ကျမ အဲ လို အခွင့် အရေး ရ နေတာကို မ ကြာ ခင်မှာ ဘ ဲ တစ် ယောက် က သိ သွား ပါ တယ်။

ဘယ်သူ ရှိ ရ မလဲ  ကျ မတို့ကို ဖဲ ရိုက် သင် ပေး တဲ့ ဖဲ ဆ ရာမ ကြီးေ ပါ့။

သူက လျင် သည်။

ကျ မ ဖဲ ကို ခိုး ကြည့် သည် လို့ တစ် ဝိုင်း လုံး ကို ကြေ ညာ သည်။

ကျ မ က မ ကြည့် ဘူး ဟု ဇွတ်ငြင်းသည်။

နောက ်ဆုံး သ ဘော တူ ညီ မူ့ တစ် ခု က ဒိုင ်လုပ် သူ ကျ မ ဖဲ ဆွဲ လျင် သူ တို့ က ယူ ေ ပ း မည် ဆိုသည်။

လို ရင် ထပ် ေပြော သူ တို့ ဆွဲ ဘဲ ပေး မည် တဲ့။

၆ ယောက်နဲ့ တစ် ယောက် ကျ မ သ ဘော မ တူ လျင် ကျ မ ဘဲ ဒိုင် မ လုပ် ရုံ။

ကျ မ  မ က စား က ယုံ ံ ဘဲ ရှိ တော့ မည်။

ဖဲ တော့ မ က စား ဘဲ မ  နေ ချင်။

ကျ မ မ ပ ါ လဲ သူ တို့ ဘာ သာ ဆက် က စား ကြ မည် ဆို တော့

ကျ မ က ဘဲ သ ဘော တူ လိုက် ရ တာ ပေါ့။

ကျမ ခွက် ခွက် လန် အောင်ရှုံး သည်။

နောက်တော့ စဉ်း စား မိ တာ က က

“ဒိုင်လုပ်လို့ရှုံး တာ ဖြစ ်မယ်။

ငါ ဒိုင် မလုပ်  နင် တို့ လုပ် ကြ”ဟ ုပြော ကာ ကျ မထိုး သား လုပ် သည်။

ရှုံး တာ ပါ ဘဲ။

ပြော ရ မယ် ဆို ရင် အဲ ဒီ လို ဖဲ စ ရိုက် သည့် အ ချိန် မှ ခု ချိန် ထိ

ကျမ ကု လား ဖန် မ ထိုး တတ်။

ကျ မ ဖဲ မ ကို်င် တတ်။

ကျ မ  ကု လား ဖန်  ထိုး လျင် ဖဲ ချပ် တွေ  အ လယ် က ကျိုး လို ကျိုး။

မ ကျိုး ရင် လွင့် ချင် သလို လွင် ့ ကျ  ပွ စာ ထ လို့။

နောက် တော့ ကု လား ဖန် ထိုး ဆို လျင် ဖဲ ထုပ် တစ် ထုပ် လုံး

ဟို ဆွဲ ထိုး ဒီ ဆွဲ ထိုး နှင့် လေး ငါး ခါ လုပ် လိုက် သည်

အဲ ဒါ ကျ မ ရဲ့ ဖဲ ကု လား ဖန် ထိုး နည်း။

 

နောက် တစ ် ခု က ကျ မ ဖဲ မ ပွတ် တတ်။

ဖဲ ကို ပွတ် ကြည့် နေ လျင် ထို သို့ ကြည့် သူ ကို ကျ မ ဒေါ သ ဖြစ် သည်။

အ သဲ ယား လှ သည်။

ဖဲ ကို လှန် ကြည့် လိုက် လျင် ချက် ခြင်း မြင် နေ ရ တဲ့ ဟာ ကို ဖြည်း ဖြည်း ခြင်း ပွတ် ပြီး

ကြည့် နေ တာ က “ ဘာ သ ဘော လဲ  အချိန် ကြာ လှ သည်” ပေါ့။

ထို သို့ ဖဲ ပွတ် ကြည့် တတ် သူ မှာ အခြား သူ မဟုတ်။

ကျ မ တို ့ရဲ့ ဖဲ ဆ ရာ မကြီး ပင် ဖြစ် သည်။

မ ကြာ ခဏ ထို သို့ ဖဲ ပွတ် ပြီး ကြည့် သည့် ကိ စ္စ နှင့်  ပါတ် သက်ပြီး

ဖဲ ဝိုင်း တွင် အ ကြီး အ ကျယ် စ ကား များ ကြ သည်။

 

ဝိုင်း တွင် စက ား များ ကြ သည် ရန် ဖြစ် သည် ဆို လျင် တော့  ပါ တီ က နှစ် ပါ တီ သာ ကွဲ သည်။

ဒိုင် က တစ် ပါ တီ  ထိုး သား က တစ် ပါ တီ။

အဲ လို နှစ်  ပါ တီ က တော့ ဖဲ စ ရိုက် ပြီ ဆို က  တည်း ကကွဲ တာ။

ဖဲ ရိုက် ရင်း ကြာ လာ ရင် တော့  အ ကုန် လုံး ခေါင်း အုံး လေး တွေ ဆွဲ ကာ မှောက် လျက်

က လေး တွေ ဖဲ ရိုက် ကြ တော့ သည်။

ကျွန်​ မ တို့ ဖဲ ဝိုင်​း ကို အ ​ပေါ် စီးမှ ဓာတ်​ ပုံ ဓာတ်​ ပုံ ရိုက်​ ထား လျင်​ အ ​တော်​ လှ မည်​။

လူ ရ ​ယောက်​ က ​ခေါင်​း အုံး ​လေး ​တွေ ကိုယ်​ စီ နဲ့ ​မှောက်​ ရက်​ က ​လေး ​တွေ

ခြေ ထောက်လေး  ​တွေ ​ထောင်​ လို့ ။

ဝိုင်းအ လယ်​ မှာ ကျွန်​ မ တို့ ခိုး ချင်​ တိုင်​း ခိုး

လှန်​ ကြည်​့ ချင်​ တိုင်​း လှန်​ ကြည်​့ ​နေ ကြ ​သော ဖဲ ချပ်​ က ​လေး ​တွေ က

ပန်​း ကန်​ ပြား ​လေး ​ပေါ် မှာ သ နား စ ရာ။

 

ကျ မ က လဲ ဒိုင် သာ လုပ် နေ တာ ခပ် ကြောင် ကြောင်။

နောက် ပြီး ကျ မတို့ ဖဲ ဝိုင်း  က လဲ ဘယ် နှစ် ယောက် ဆို တာ သတ် မှတ် ချက် မ ရှိ။

လူ ရှိ သ မျှ အ ကုန် က စား လို့ ရ သည်။

၅ ချပ် တစ် ခါ ထဲ ဝေ ရ တဲ့ ဘူကြီး က စား ကြ သည့်အ ခါ မှာ ထင် သည်။

ဒိုင် က ဖဲ ချပ် တွေ ကို အိမ် ကျော် ပြီး ဝေ မိ သည်။

ထိုး သား က လဲ ခပ် ကြောင် ကြောင်။

သူ့ ကို ဖဲ ကျော် ဝေ လို့ ဝေ မှန်း မသိ.။

အား လုံး ဖဲ ဝေ ပြီး မှ သူ့ မှာ တစ် ချပ် လို နေ တာ ကို သူ သိ သည်ေ လ။

အဲ လို သိ သွား တော့ လဲ ပြ ဿ နာ မ ရှိ။

လို နေ တဲ့ တစ် ချပ် ကို  အ လယ် ပန်း ကန် ထဲ က အ ပေါ် တစ် ချပ် ဆွဲ ဆွဲ

အောက် က တစ် ချပ် ဆွဲ ဆွဲ  ကြိုက် တာ တစ ်ချပ် ဆွဲ ယူလိုက် ရုံ ပင်။

ဒိုင် က လဲ ခပ် ယောင် ယောင် ဆို တော့ ဘာ မှ မ ဖြစ် အေး ဆေး။

 

***************************************************************************

နောက် ဆုံး တော့ သူ ့ ထက် သူ ဆ ရာ လုပ် ကာ ဖဲ ဆွဲ ရင်း ေ နာက် ဖဲ ကို ခိုး ကြည့် ကြ သည်။

ဖဲ က သေ သွား လျင် လဲ ထပ် ဆွဲ ကြ သည်။

ဆို လို သည် က ဖဲ သုံး ချပ် မှာ တွမ် တီ ဝမ်း   ကျော် နေ လျင် လည်း ထပ် ဆွဲ ကြ သည်။

အ ခြေ အ နေ ကောင်း လျင် ဖဲ ကို ဖွက် ကြ သည်။

၄ ချပ် ရှိ သူက ၃ ချပ် ဘဲ ပြ သည်။

ဒါ မှ မ ဟုတ် ဘေး အိမ် က ဖဲ နဲ့ ဖဲ လဲ ကြ သည်။

အဲ တော့ ထိုး သား အချင်း ချင်း ညီ ည ွတ် ကြ သည်။

ဖဲ ဝှက ်တော့ မည် ဆို လျင်  ကျန် သူ တွေ က ဒိုင် ကို စကား တွေ ပြော ပြီး

အာ ရုံ ပြောင်း အောင် လုပ် ကြ သည်။

ဒိုင် လုပ် သူ ရော ဘာ ထူး သ လဲ  အ တူ တူ ပင်။

လစ် လျင် လစ် သလို ဖဲ ခိုး ကြည့် သည်။

ဖဲ ဖွက် ထား သည်။

 

နောက် တော့ ကျ မ တ ို့ ဖဲ ဝိုင်း က ဒို  င် နှင် ့ ထိုး သား ရ န် ဖြစ် ရင်း နှင့်

အ ဆုံး သတ် ကြ စ မြဲ။

ကျမ က တစ် ဘက် ကျန် ခြောက် ယောက် က တစ် ဖက် ။

ရှုံး ပြီ ဆို တော့ ကျ မ ကလ ဲ မဲ သည်။

နောက်​ ဖဲ ရူှံး တဲ့ ​နေ ့ တွေ မှာ ရန်​ ​တွေ ဖြစ်​ တဲ့ ​နေ ရာ မှာ

ကျမ ​ပြော ခဲ့ ​သော စ ကား များ ကို ​နောင်​ အ သက်​ ကြီး လာ ​တော့

ပြန်​ စဉ်​းစား ကြည်​့ မိ တဲ့ အ ခါ

ဖဲ ဒိုင်​ လုပ်​ တဲ့ သူ က ထိုး သား ကို

“ငါး ပါး သီ လ မ လုံ င ရဲ ပြည်​ ​ရောက်​ မယ့်ဟာ ​တွေ”

ဆိုပြီး ​ပြော ခဲ့ တာ ကို သ တိ ရ မိ ေ တာ့

“ခွေး ပါး စပ်​ က နတ်​ စ ကား ထွက်​ ဆို တဲ့ စ ကား လို လား

ဘိန်​းစား ချင်​း အ တူ တူ တ မူး ပို ရူ သ လို ဆို တာ လား”

ဆို တာ ကို တွေး တွေး ပြီး ရီ ချင် မိ သည်။

 

ကျ မ  အ မြဲ တမ်း ပြော တတ် သော စကား  ခု ချိန် ထိ မှတ် မိ နေ သေး သည်။

“မ နက် ကျ ရင် ဘု ရား ရှိ ခိုး ဖဲ ရီုက် ရင် ငါ့ ပိုက် ဆံ ကို ဝိုင်း ခိုး ကြ တယ်

ငရဲ ရောက် မယ့် သူ ခိုး တွေ “  ဆို တာက  ကျွန် မ လက် သုံး စ ကား”  ။

အဲ ဒီ အခါ သူ တို့ က  ပြန် ပြော နေ ကျ စ ကား က တော့

“   ငါ တို့ မုန့် သွား ဝယ် စား ကြ မယ် ဟေ့ … ဘယ် သူ တွေ လိုက် ကြ မ လဲ “ လို့

တစ်ေ ယာက် က စ ပြော လိုက် လျင်  ကျန် တဲ့ သူ တွေ က

“ ငါ တို ့ လို က် မယ်  “  လို့  အ တို်င် အ ဖောက် ညီ ညီ ပြန် ပြော တတ် ကြ သည်။

ထို သူ များ အား လုံး ကို ကျ မ က

“ သူ ခိုး မ တွေ သွား စား ကြ ငါ ့ ပိုက် ဆံ ကို ခုးိ ပြီး စား တဲ့ သူ ခိုး မ တွေ”

ဟု အမြဲ ပြန် ပြော လေ့ ရှိ သည်။

ကျ မ က ပြော လဲေ ပြာ ဒေါ သ တွေ လဲ ထွက် ပိုက် ဆံ တွေ လဲ ကုန် ပြီ လေ။

ဒါ ပေ မယ် ့ လဲ ဘယ် တော့ မှ မ မှတ်။

နောက် နေ့  အချိန် မှန် ဒိုင် လုပ် သည် ရှုံး လျင် ရ န်ဖြစ်သည်။

အဲ ဒါ နဲ့ သာ သံ သ ရာ လည် နေ ကြ သည်။

အ ပြင် မထွက် တော့။

ကျ မ စု ဗူ း ထဲ က ပိုက် ဆံ တွေ လည်း ဇာ ဂ နာ နဲ့ ညှပ် ထုတ် လို့ တော် တော် ကုန် နေ ပြီ။

ကျ မ စု ဗူး ထဲ ကပိုက် ဆံ တွေ သူ တို့ စု ဗူး ထဲ ရောက် ကုန် သည်။

*****************************************************

တစ်  နေ့ တော့ ကျ မ တို ့ ဦး လေး ဝမ်း ကွဲ တော် သူ အ လည် လာသည်။

သူ က ကျ မ တို့ ဘက် တော် သား ဖေ ဖေ့ ကို ပြန် တိုင် မည့် သူ မ ဟုတ် တော့

သူ့ ကို ဖဲ ရိုက် ဘို့ ခေါ် သည်။

သူ က

“ဟဲ့ သ  မီး တို့ က ဘယ် လို ဖဲ ရိုက် တတ် တာ လဲ” တစ် ခွန်း သာ မေး သည်။

အ ဲ လို နဲ့ ကျ မတို့ ဖဲ ဝိုင်း ကြီး စ တင် တော့ တာ ပါဘဲ။

ဖဲ ရိုက် မယ် ဆို တော့ ကျ မ တို့ တစ် တွေ က ဖဲ ဝိုင်း အတွက် ပြင် ဆင် မူ့ တွေ လုပ် ရ သည်။

ကျ မ တို့ အိမ် ခန်း ကြမ်း ပြင် က လျာ ထိုး ပေါ် လစ် သုတ် ပြီး သား။

အဲ ဒီ အပေါ် ကို ဖျာ ထပ် ခင်း သည်။

( အ ကြောင်း ရင်း က ဖဲ ထပ် ဖွက် ဘို့)

နောက် ပြီး ဖဲ ထည့် ဘို့ ပန် ကန်း ပြား ကို သေး လေး ရှာ သည်။

(အိပ် ရင်း နဲ့ ဖဲ ဆွဲ လျင် နောက် ဖဲ ကို သေ သေ ချာ ချာ မြင် ရန်)

အား လုံး ပြီး စီ း တော့ မှ ဖဲ ဝိုင်း စ သည်။

ဦး လေး ကို ဒိုင် ကိုင်း ခိုင်း သည်။

ကျ မ တို့ ညိီ အစ် မ တစ် တွေ က ထိုး သား ပေါ့။

ဖဲ ရိုက် ပြီး မကြာ ခင် မှာ ဦး လေး

စရှုံး သည် ( မ ရီ တော့ )

နည်း နည်း ရှုံး သည် ( မျက် နှာ နည်း နည်း ပျက် လာ သည်)

အ များ ကြီး ရှုံး သည် ( မျက် နှာ ကြီး နီ ရဲ လာ သည်)

ကျ မ တို ့ ညီ အ မ တစ် တွေ က လဲ တက ်ညီ လက် ညီ အောက် ဖဲ ကြည့် ကြ သည်။

ဖဲ သေ နေ ရင် လဲ ထပ ်ဆွဲ ။

ပို တဲ့ ဖဲ ကို ဖျာ အောက် ထုးိ ကြ သည်။

အချင်း ချင်း ကူ ညီ ပြီး သေ တဲ့ သူကို မ သေ အောင် ၊

အ ပွင့် နည်း သူ ကို များ အောင်  အချင်း ချင်း ကူ ညီ ကြ သည်။

ညီ အစ် မ တစ် တွေ ကိုး။

အ ရေး ကြီ း တော့ သွေး နီး ကြ သည် ပေါ့။

နောက် ဆုံး ဘယ်  လောက် တွေ ခိုး ကြ သလ ဲ မ သိ။

သူ ကု လား ဖန် ထိုး ရင်း နဲ့ သ တိ ထား မိ လာ သည်။

ဖဲ ချပ် တွေ နည်း နည်း လေး ဘဲ ကျန် တော့ တာ ကိုး။

ကျ မ တို့ တစ် တွေ ညံ့ သွား တာက ခိုး ထား သော ဖဲ ချပ် များ ကို

ဖဲထုပ် ထဲ ပြန် မ ထည့် မိကြ ခြင်း။

ကြာ တော့ သူ စိတ် တို လာ သည် သူ အ တော် င်္ရှူး နေ ပြီ ကိုး။

အိပ် ရီုက် ရင် ဖဲ ခိုး လို့ ဖဲ ဝှက် လို့ လွယ် တာ ကို သူ သိ တော့ မည် သူ မျှ မ အိပ် ရ တဲ့။

 

ကျ မ တို့ ဦး လေး ဒေါ သ ထွက် သည်.။

ကျ မ တို့ ကို စိတ် မ ဆိုး ရဲ။

သူ ပြော တာ ကျ မ ခု ထိ မှတ် မိ နေ သေးသည်။

“ သ မီး တို့ ဦး ကို အဲ လို မ လုပ် ရ ဘူးလေ။

ဖဲ ရို်က် တာ သစ္စာ ရှိ ရ တယ်။

အ ပြင် ဖဲ ဝိုင်း မှာ အဲ လို လုပ် ရင် သေ တာကြာ ပြီ”

ကျ မ တို့ ဝိုင်း ရီ ကြ သည်။

နောက် မ လုပ် တော့ လို ့ ပြော ပြီး ဆက် ဆော့ ကြ သည်။

သိပ် ခိုး လို့ မ ရ တော့။

သူ က မျက် ခြေ မ ပြတ ်ကြည့် သည်။

ဒါ ပေ မယ့် ခိုး လို ့ တော့ ရ သေး သည်။

ဖဲ ဝိုင်း မှာ သူ တစ ်ယောက် ထဲ ငုတ် တုတ်။

ကျန် သူ ရ ယောက် က မှောက် ရက် လေး တွေ။

ကြာ တော့ သူ စိတ် တို လာ သည် ။

မည် သူ မှ မ အိပ် ရ တဲ့ ထိုင် ဆော့ ရ မည် တဲ့။

အား လုံး မ ကျေ မ နပ် နဲ့ ထိုင် ဆော့ ရ သည်။

ကျ မ တို့ ကလဲ လစ ်ရင် လစ် သ လို ခိုးကြတုံး။

သူ က လဲ

“ သ မီး တို့ ဦး ကို အဲ လို မ လုပ် ရ ဘူးလေ။

ဖဲ ရို်က် တာ သစ္စာ ရှိ ရ တယ်” ပြော တုံး။

ကျ မ တို့က လဲ အ ခြေ အ နေ ပေး တိုင်း လုပ် တုန်း။

သူ ကလဲ “ အပြင် ဖဲ ဝိုင်း တွေ မှာ ဆို ဘယ် လို “ ဆို ပြီး ပြော ရင်း နဲ့ ပင်

သူ ပိုက် ဆံ တစ် ပြား မှ မ ကျန်။

မျက် နှာ ကြီး မဲ ပြီး ပြန် သွား ရ တော့ သည်။

 

မ သွား ခင် ကျ မ  က ပြော လိုက် သေး သည်။

သ မီး တို့ ဖဲ ဝိုင်း က အ ပြင် နဲ့ မ တူ ကြောာင်း

တွမ် တီဝမ်း ဆော့ ရင် လူ ရ ယောက် နဲ့ ဆော ့ကြောင်း  ဆော့ ရင်း နဲ့

အ ဆင် မ ပြေ ရန် ဖြစ် ကြရင် ၂ ယောက် ထဲ ရှိ လဲ တွမ် တီ ဝမ်း ဆော့ ကြောင်း။

(တ ကယ် တော့ ဖဲ ဝိုင်း  တစ် ဝိုင်း မှာ လူ ဘယ် နှစ် ယောက် ဆော့ ရ တယ်

ဆို တာ လဲ ကျ မ တို့ မ သိ။ခု ချိန် ထိ လည်း မ သိ။

အိမ် ပြည့် တာ မ ပြည့် တာ လဲ မ သိ။)

 

အောက်ဖဲ ကြည့် တာ ဖဲ ခိုး တာ ဖဲ လဲ တာ လဲတွေ လည်း လုပ် လို့ ရ ကြောင်း

( ဒိုင် ကသာ မ လွတ ်အောင် ကြည့် နေဘို့ လိုသည်)

ဖဲ သေ လဲ ထပ ်ဆွဲ လို ့ ရ ကြောင်း

၃ ချပ် မှာ သေ နေ ပေ မယ့် ထပ် ဆွဲတဲ့ ဖဲ က လဲ အပွင့်ကြီး တက် လာ ခဲ့ ရင်

၄ချပ် လုံး ပြ လိုက် လို့ ရ ကြောင်း

( သေ နေ တာ ကို ထပ် ဆွဲ တယ် ဆို ပြီး ဘယ် သူ မှ ပြ ဿ နာ မ လုပ်)

 

 

ဖဲ ဝိုင်း တွင် ကြိုက် သလို နေ လို့ ေ ကြာင်း

ထိုင် ဆော့ ဆော့ အိပ် ဆော့ ဆော့။

လုပ် ချင် သလို လုပ် ။

နေ ချင် သ လို နေ လို့ ရ ကြောင်း

လို့ ဦး လေး ကို ပြော လိုက် တဲ့ အခါ

ကျ မ တို ့ ဖဲ ဝိုင်း ရဲ့ စည်း ကမ်း ကို ဦးေ လး  တော်တော် လေး စိ တ်နာ သွား ပုံ ရ သည်။

နောက် ဘယ် တော့ မှ ကျ မ တို့ နဲ့ ဖဲ မ ဆော့ တော့။

 

ကျ မ က တော့ ဘယ်လို ပင် ကစား က စ ား  လောင်း က စား နဲ့ အ ကျိုး မ ပေး ပါ။

ဒိုင် လုပ် လဲ ကုန် သည်။

ထိုး သား လုပ် လဲ ကုန် သည်။

ဒိုင် လုပ် လုပ် ထိုး သား လုပ် လုပ် ဖဲ ဝိုင်း စ ပြီး လို့ သုံး ခါ လောက် ဝေ ပြီး လျင်

ကျ မ အိပ် ချင် လာ ပြီ။

ပ ထ မ ခေါင် းအုံး တောင် းသည်.။

အိပ် ပြီး ဆော့ သည်။

ခ ဏ ကြာ တော့ ရှူံး လဲ ရှူ ံး လာ  ပြီ  အိပ် လဲ အိပ် ချင် လာ ပြီ

ကျ မထိုး သား ပြောင်း လုပ် သည်။

ဖဲ ဝေ စ ရာ မ လို တော့။

အိပ် လို်က် ဖဲ လေး ကြည့် လိုက်။

ဖွက် စ ရာ ရှိ ဖွက် လို က် နှင့် ခ ဏ နေ တော ့ ပိုက် ဆံ ကုန် သွား ပြီ။

ကျ မဖဲ ဝိုင်းတွင် ဘဲ မှောက်ရက်ကေ လး အိပ် ပျော် သွား သည်။

တစ် ခါ တစ် ခါ ကျ မ နို်း ချိန် ထိ သူ တို့  က စား တုံး ဆို လျင် ကျ မ

ဆက် ပြီး က စား သည်။

တစ် ခါ တစ်ခါ ကျ မ နိုးလ ာချိန် သူတို့ ဘယ် သူ မှမ ရှိ တော့။

ကျ မ က နိုင် နေ သည် ဆို လျင် သာ စိတ် ဝင် စား လျင် ဝင် စား မည်။

ဖဲ ရိုက် တိုင်း ရှုံး နေ တဲ့ အခါ ကျ တော့ သိပ် စိတ ် မဝင် စား တော့။

သူ များေ တွ နဲ့ လဲ မက စား ဖြစ်။

သူ များ နဲ့ ဆို တော့ ခိုး မရ တာ တွေ ဖဲ ကြည့် လို့ မ ရ တာ တွေ လဲပါ သည်။

ကျ မ သိ သည် ့ ဖဲ ရိုက် နည်း  က တော့    ကိုယ် က လဲ ခိုး ရ မည်။

သူ များ ခိုး သည် ကို လည်း ဖမ်း ရ မည်။

အဲ ဒီ အချက် တွေ နဲ့ မ ပြည့် စုံ သေး  အိပ် ပြီး တော့ လဲ ဖဲ ရိုက် ခွင့် ရှိ ရ မည်.။

ဖဲ ရိုက် ပြီး လျင် လည် း ရန် ဖြစ် ရ မည်။

 

ကျမမှာ လည်း ဘဝင် ရူး မို့ သာဒိုင် လုပ် ရ တယ်။

တကယ်ေ တာ့ မ လွယ် လှ။

သူ တို့ ခြောက် ယောက ် မ မြင် အောင် လည်း ဖဲ ခိုး ရ သည်။

သူတို့က ခုးိ တာ  ကို လည်း မျက် ခြေ မပြတ် စောင့် ကြည့်ရသည်။

တ ကယ် တော့ ကျ မ တို့ ဖဲ ဝိုင်း လေး က

(၁)  အ မြဲ သ တိ ရှိ နေ ရ သည်။

(ဒိုင်နဲ့ ထုးိ သား တစ် ယောက် ကို တစ် ယောက ်အ လွတ် မ ပေး ရဲ)

(၂)  ထုးိ သား အ ချင်း ချင်း စည်း လုံး ညီ ညွတ် ရ သည်၊

(ဖဲ ခိုး ရန် နှင့်  သေ နေ သော ဖဲ လဲ ပေး ရန်)

(၃) သ တ္တိ ရှိ ရ သည်။

( ခိုး လို့ မ ရ ဖွက် လို့ မရ တဲ့ အချိန်။

ကိုယ် က လဲ ဖဲ သေ နေ ပြီ။

နောက် ပြီး ကိုယ် က လဲ ရှုံး ပွဲ ဆက် နေ ပြီ

တစ် ဝိုင်း လုံး ကို လျော် ရ မည့် အ နေ အ ထား ဆို လျင် ကိုယ်က ဦး အောင်

ပြ ဿ နာ ရှာ ပြီး ဖဲ ဝိုင်း က မိုက် မိုက် ကန်း ကန်း နဲ့ ထ သွား ရဲ ရ မည်။)

(၄) မျက် နှာ ပြောင် ရဲ ရ သည်။

(ဖဲ ခိုး သည် ကို လက် ပူး လက် ကြပ် သက် သေ ဖဲ ချပ် နှင့် တ ကွ အ တူ မိ လျင် လည်း

ဖဲ ချပ် က လေး ကို ပြန ်ပေး ပြီး   ကိုယ် မ ဟုတ် သ လို ခပ် တည် တည် နဲ့ ဖဲ ဆက်

ရိုက် ရဲ ရ သည်)

 

ထို သို့ သော ကောင်း  ခြင်း များ နဲ့ ပြည့် စုံ သော ဖဲ ဝိုင်း မျိုး ဘယ် မှာ ရှာ လို့ တွေ့ နို်င်ပါ့ မ လဲ။

ကျ မ တို ့ ညီ အစ် မ  တ တွေ ဘယ် ဘ ဝ က ကု  သိုလ် ကံ အ ကျိုး ပေး ကြောင့် ထို သို ့ သော

ဖဲ က စား နည်း မျိုး  က စား ခွင့် ရ သည် မ  သိ။

ကံ ကြ မ္မာ ကို  အ တော် လေး ကျေး ဇူး တင် မိ သည်။

အ ခု တော့ ညီ အ မ တွေ လဲ တစ် ယောက် တစ် မြေ စီ ဆို တော့ ဖဲ ဝိုင်း  ပျက် တာ လဲ နှစ် တွေ ကြာ။

ဒါပေ မယ့်  အ ခု ချိန် ထိ  ရင် ထဲ မှာ  ဒီ အ ဖြစ ်အ ပျက ်တွေ က ရှိ နေ ပါ သေး သည်။

 

အ ခု ခေတ် ကြ တော့ ကွန် ပြူ တာ နဲ့ လဲ ဖဲ ရိုက် လို့ ရ သည်။

ဒါ ပေ မယ့် လဲ ကျ မ စိ တ် မ ဝင် စား။

ခိုး မ ရ ဝှက် မ ရ  ငြင်း ဘို့ မ လို နှင့် အ တော် ပျင်း စ ရာ ကောင်း လှ သည်။

ပြီး  တော့ သူ များ တွေ နဲ့ လည်း တစ် ခါ မှ မ ရိုက် စဘူး။

သူ များ နဲ့ သာ သွား ရိုက် လို့ ့ က တော့ ဦး လေး ပြော သ လို

အ သတ် မ ခံ ရ လောက် သော် လည်း ဖဲ သူ ခိုး ဆို ပြီး

အ နည်း ဆုံး တော့ နာ မည် ပျက် နိုင်သည်။

 

အဲ ဒီ တော့  ညီ အစ် မ တ တွေ သာ ရိုက ်ေ သာ ဖဲ ဝိုင်း

က လွဲ ပြီး ဘယ် သော အခါ မှ သူ များ နဲ့ မ ရိုက်ဖြစ်။

နောက် ပြီး  ကျမ တို့ ညီ အစ် မ  တစ် တွေ က စား ရ သော

ဖဲ ဝိုင်း မျိုး မဟုတ် လျင်  ထုးိ ကြေး ပေး ပြီး

က စား ပါ ဆို လျင် တောင် မှ ကျ မ လုးံ ဝ စိတ် မ ဝင်စားပါ။

ဖဲ ရိုက် တိုင်း ရုူံး နေ တော့ လဲ ဘယ် လို မှ ဖဲ ကို မ ခင် တွယ် တာ လဲ ဖြစ် နိုင် သည်

 

 

 

အခု အချိန် မှာ တော့  ကျမ ဖဲ  မ ရိုက် ချင် လို ့  မပြော ချင် ပါ။

ညီ အ စ် မ  တစ် တွေ ပြန ်ဆုံ ချင် ပါ သေး သည်။

ငယ် ငယ် က လို ပြန် လည်  က စ ား ကြ ချင် ပါ သေး သည်။

ငယ် ငယ် တုံးက တော့  အ တွင်း စိတ် များသ ည် ဖြူ စင် ကြ ပါ သည်။

နိုင် ချင် စိတ် မှ လွဲ ၍ ဘာ မှ မ ရှိ။

အ ခု  အ သက် အ ရွယ် တွေ ရ။

လောဘ ဒေါ သ မော ဟ မီး များ  နဲ့ လောင် မြိုက် ခြင်း ခံ ရ။

ဘဝ အ တွေ့ အကြုံ ပေါင်း စုံ နဲ့ တွေ့ ပြီး သော လက် ရှိ ဘဝ မျိုး မှာ

ငယ် ငယ် က လို ဖဲ ရိုက် ကြ လျင် ဘယ် လို ုတုန့် ပြန် ကြ မယ် ဆို တာ ကို

ကျ မ သိ ချင် လှ  ပါ တယ်။

 

 

 

“ မ နှင်း ပြုံး ရဲ့ အမှတ် တရ များ”

58 comments

  • မမချွိ

    March 6, 2014 at 6:11 am

    OMG..!
    Haaaahaaaaahaaaaaaa..!
    I couldn’t stop laughing while reading this post.
    So cute and funny sistersssss.

    I’ve got something to tell about playing cards also. I will be back, sis.

    Nice post. So Entertaining..!

    🙂

    • မမချွိ

      March 6, 2014 at 10:01 am

      ဖဲကို စ ကစားတတ်တော့ ၂ တန်းးးး :mrgreenn:
      အိမ်မှာ မိသားစု က ၅ ယောက်ရှိတယ်။
      လူကြီး ၃ ယောက် ကလေး ၂ ယောက်။
      သူတို့ လူကြီး ၃ ယောက်ပျင်းတိုင်း စားစရာ မျိုးစုံလုပ်ပြီး မီးဖိုနားမှာ ပိုကာဒေါင်းတာကို ထိုင်ကြည့်ပြီးတော့ တတ်တာ။

      နောက်တော့ မောင်လေးပါ တတ်ပြီး ၅ အိမ် အပြည့် ပိုကာဒေါင်းတယ်။
      မောင်နှမ ဝမ်းကွဲက ၈ ယောက်ရှိတယ်။ အဖိုးက ဖဲကစားတာမကြိုက်ဖူးးးး
      ကစားတိုင်း ၂ ယောက်လောက်က အလှည့်ကျကင်းစောင့်ရတယ်။

      လူ့ အကြောင်းကို သိချင်ရင် သများကတော့ ဖဲ ကစားနည်းတစ်မျိုးမျိုး ကစားကြည့်ချင်တာပဲ။
      သူ့သဘောကို အနီးကပ်ဆုံး ခန့်မှန်းနိုင်လို့ပါ။
      ဟိဟိ။ :mrgreenn:
      ခရီးထွက်ကြည့်တာထက် အချိန်ကုန်သက်သာတယ်လေ။

      မောင်နှမတွေ သူတတ်တာ ကိုယ်တတ်တာ ဖလှယ်ရင်း အကုန်နီးပါးကစားဖြစ်တယ် ဆိုပါတော့။

      အဖိုးသိသွားတော့ ဖဲသမားလေး တွေ ဖဲသမားလေးတွေ လို့ လိုက်လိုက်ခေါ်တယ်။

      တစ်ခုခုများ အကြံကောင်းမထွက်လိုက်နဲ့။
      ဖဲသမား ဉာဏ်တဲ့။
      😀

      ပြောရမယ်ဆိုရင်တော့ ပိုက်ဆံအများကြီးဖြုန်းတဲ့ လောင်းကစားအနေနဲ့ မဟုတ်ပဲ
      ဉာဏ်ရည်ကောင်းအောင် ဖြတ်ထိုးဉာဏ်ကောင်းအောင် ဖဲတစ်နည်းနည်းကို ကစားသင့်တယ်လို့ထင်တယ်။
      အဟိဟိ။ :mrgreenn:
      ဆဲကြစေသတည်းးးးးး

    • snow smile

      March 6, 2014 at 10:53 am

      Memorial even that when i was in teenage.

  • MAUNG

    March 6, 2014 at 7:10 am

    အားပေးသွားပါတယ်

    • snow smile

      March 6, 2014 at 10:54 am

      အား ရှိ သွား ပါ တယ်

  • ဦးကျောက်ခဲ

    March 6, 2014 at 8:38 am

    လူပျိုပေါက်ဘဝက သူငယ်ချင်းအိမ်မှာ ဖဲခိုးရိုက်တော့ တွမ်တီဝမ်း ဒိုင်ကိုင်တယ်လေ..
    တလှည့်သား ဆယ်ဗန် ကျပါလေရော … အဲသည့်မှာ သူငယ်ချင်းရဲ့ ညီဝမ်းကွဲလေးက…
    တစ် ၂လုံးနဲ့ အေ့စ်ဗန်ကျတယ်… ဘယ်ရမလဲ ကျန်တဲ့ကောင်တွေကို မျက်စေ့မှိတ်ပြပြီး…
    ညီလေး ၁ ဖဲက ၂ချပ်မှာ ၁၁ကွ… အခု မင်းမှာ ၂လုံးပူးနေတော့ ၂၂ ဖြစ်သွားပြီ…
    ၂ချပ်ထဲနဲ့ တွမ်တီဝမ်းမှာသေတာ အဲ့ဖဲပဲရှိတယ်ဆိုပြီး ဆွဲစားလိုက်တာပေါ့…
    ဟီ ဟိ ကောင်ကလေး ငိုမဲ့မဲ့နဲ့ … အခုအထိ တွေ့တိုင်း လူလည်ကျတယ်ဆိုပြီး ပြောမဆုံး
    😀

    • snow smile

      March 6, 2014 at 10:57 am

      ဂ ဇက် ရွာ သား
      ဖဲ သ မား
      ကျွန် မ ဆွေ မျီူး များ

  • ကထူးဆန်း

    March 6, 2014 at 9:35 am

    ဘယ်လောက်တုံး တဲ့ ကျွန်တော်လည်းဆို .. .. သူငယ်ချင်းအိမ်မှာ ရိုက်ကြတာ .. သူငယ်ချင်းရဲ့ သူငယ်ချင်းလဲ ပါတယ် .. ရှိုးကစားကြတယ်..
    သူတို့ က ရှိုးရိုက်ရင်း ကဲ ဘာလေးမှ မရှိရင်တော့ ဆက်မလိုက်နဲ့တော့တို့ .. ဘာတော့ ဖြစ်နေပြီလို့ ပြောတော့ .. အဟုတ်မှတ်ပြီး ဆက်မလိုက် .. ပြီးလဲ ပြီးရော ကိုယ်က သူတို့ထက် သာနေတာကိုး။
    သူတို့က မဟုတ်ဘဲ လျှောက်ပြောရမလား ဆို ပြီးစိတ်ဆိုးပြီး ထိုးမယ်ကြိတ်မယ်အထိဖြစ်ခဲ့ဘူးတယ် ။
    သူငယ်ချင်းကလည်း ပြီးမှ ပြောတယ် .. မင်းကလည်းဖဲသမားဖဲရိုက်တာ အမှန်ပြောမလားတဲ့ ..
    ကျွန်တော်ကလည်း ခပ်ခေါင်းမာမာ .. မပြောချင်ရင်ဘာမှ မပြောနဲ့ ။။ပြောရင် အမှန်ပြောလေကွာဆိုပြီး စိတ်တွေ ဆိုးခဲ့ဘူးတယ်.. မှတ်လဲ တော်တော် မှတ်သွားတယ် .. ဖဲသမား စကား မယုံလေနဲ့ဆိုပြီး .. အခုတော့ တွေးမိတိုင်း အမြဲ ရီချင်မိခဲ့တယ် ..

  • snow smile

    March 6, 2014 at 11:05 am

    ဒိုင် လုပ် သူ ကျွန် မ
    အ မြဲ တမ်း လိမ် ခံ ရ သည်
    ဖဲ ရိုက် နည်း မှ နား မ လည် တာ ကိုး
    ဖဲ လေး ချပ် မှာ A တ လုံး ပါ လာ ရင်
    10 ယူ ရ တယ် သေ ပြီ
    လျော် တော့ ဆို ပြီး
    ခ ဏ ခ ဏ လျော် ရ သည်
    ကျွန် မ မ လိမ် တတ် ပါ
    လစ် ရင် သာ ဖဲ ခိုး တတ် သူ ဝှက် တတ် သူ ပါ
    ( မှတ် ချက် . . . ဂုဏ် ယူ စွာ ဖြင့် )

  • kyeemite

    March 6, 2014 at 11:16 am

    အင်း…ဝါသနာအိုးကိုတော့ တုတ်နဲ့လာဆွပြန်ပြီ…
    အံ့ဩစရာတော့ကောင်းသား…ကျောင်းပြီးတဲ့အထိ ဖဲမရိုက်တတ်
    အဲ..မရိုက်တတ်ဆိုပေမဲ့..ကိုးမီးတော့ ငယ်ငယ်ကတည်းကတတ်သပေါ့
    ကစားတာတော့ ရုပ်ပုံမျိုးစုံပါတဲ့ကဒ်ကလေးတွေနဲ့ပါ ..အဲကဒ်ဒေါင့်မှာ
    နံပါတ်လေးတွေပါတော့ ကိုးမီးကစားလို့ရတာပေါ့….
    တကယ်ဖဲစရိုက်တတ်တာက အစိုးရအရာရှိဖြစ်ပြီး ဖေါင်ကြီး သင်တန်းတက်မှပါ
    ဘားတိုက်ထဲလူကလည်းစုံတော့ အတတ်လည်းစုံတော့တာပေါ့….
    အဲ..ရိုက်တတ်သမျှ ကစားနည်းတွေထဲ အကြိုက်ဆုံးနဲ့
    အစွဲလန်းခဲ့ဆုံးကတော့ “ရှိုး” ပဲ…ပညာသားပါတယ်
    အမူအရာကောင်းရတယ်..တွက်ချက်တတ်ရတယ်…လူကဲလည်းခတ်တတ်ဖို့လိုတယ်…
    စိတ်ထိန်းနိုင်ဖို့လည်းလိုမယ်….တစ်ခါတလေစဉ်းစားကြည့်တော့…
    ကျုပ်တို့ လူ့ဘွလျှောက်လှမ်းနေကြတာနဲ့တောင်တူသလိုပဲ…ဒါကြောင့်ကြိုက်သွားတာ..
    အင်း…ပြောသာပြောတာ..အပျော်အပျော်နဲ့ တဖြည်းဖြည်း “တင်း” လာကြပြီး
    ကြေးကကြီးလာတော့တာပါပဲ…နောက်မှ ငွေကြေးတော်တော်ထိလာတာနဲ့
    မနဲရပ်ပစ်ထားခဲ့ရတာ…ဒါတောင်တခါတရံ ရိုက်ချင်နေသေး 😀

    • snow smile

      March 6, 2014 at 11:46 am

      ဒီ က တော့ ကိုယ့် ကို ကိုယ် ဟုတ် လှ ပြီ ထင် နေ တာ
      ကိုယ့် ထက် တော် သော သူ များ လှ ပါ တ ကား

  • Myo Thant

    March 6, 2014 at 12:02 pm

    အခုအချိန်မှာ အလျော်အစား များလွန်းတာ ရှမ်းကိုးမီးပါ ၊
    အဆတွေနဲ့ လျော်ရ စားရတာကိုး ၊
    သူငယ်ချင်းတွေနဲ့ ရှိုးရိုက်ဖူးတယ် ၊ ဆက်ရှင်နဲ့ပေါ့ ၊
    တစ်ချပ်မှောက်လို့ခေါ်တဲ့ အဲဒီ ရှိုးမှာ မှောက်ထားတဲ့ တစ်ချပ်က အသက်ပေါ့ ၊
    ကိုယ့်ဖဲ အဆင်သိပ်လှလို့ ရှိုး ခေါ်လိုက်ပြီး ဘယ်သူမှ မလိုက်ရဲလို့ အလယ်ပုံ ပိုက်ဆံကို
    အပူတစ်ပူးလောက်နဲ့လည်း စားခဲ့ရဘူးပါရဲ့ ၊
    ပိုကာကတော့ အားလွန်းတဲ့ အခါမျိုးမှာ ကစားဖြစ်တယ် ၊ ( ဟိုတုန်းကနော် 🙂 )
    ၁ဝ တန်းဖြေပြီး အားနေတုန်းက အိမ်နီးချင်း ပင်စင်စား အဖိုးကြီးနဲ့ ကစားခဲ့ရတဲ့ ဟောလိဝုဒ်ကတော့
    စဉ်းစားဉာဏ်အတွက် တကယ် အသုံးတည့်လှပါတယ် ၊ ( အခုတော့ မေ့တေ့တေ့ပါ 🙂 )
    ပြောရင်း ဆိုရင်း ရွာထဲမှာတင် ၃ ဝိုင်းစာလောက် ရှိလိမ့်မယ်ထင် ၊
    ကိုမိုက်ရယ် မမချွိရယ် အနော်ရယ် ကဲ နောက် ၂ ယောက်ရရင် တစ်ဝိုင်းစကြစို့ဗျာ ၊ 🙂

    • snow smile

      March 6, 2014 at 2:19 pm

      အ ရည် အ ချင်း ပြည့် မှီ သူ များ ကို သာ စဉ်း စား သင့် ပါ ကြောင်း

  • ကျ နော် လဲ တစ် အိမ် ပါ ပါ မည်။
    မှတ် မိ ပါ သေး သည် ။
    တစ်ခါ က တွမ် တီ ဝမ်း ရိုက် ကြ သည်။
    မ က စား တတ် လို့ ကြွေ း ကြော ် သူ တ စ် ယောက် ပါ လာ ပါ သည်။
    တ ကယ် က စား သော အ ခါ သူ က ဖဲ သုံးချပ် ကို လက် တွေ ရော ခြေ ထောက် တွေ ပါ ချုးိ ပြီး ေ ရ ပါ သည်
    သူ သေ လော က် သ ည် လို့ ထင် ရ လောက် အောင် ရေ ပြ သည်။
    အ ဟုတ်မှတ် ပြီး ဖမ်း လိုက် လျင် 20 တို့ 18 တို့ ။
    အမြဲ လျော် ရ သည်
    အ တော် ဉာဏ် သည့် လူ။

    • snow smile

      March 6, 2014 at 1:54 pm

      လာ ခဲ့ စမ်း ဘာ
      ဒီ လို လူ မျိုး များ တွေ နဲ့ ဘဲ ဆော့ ချင် တာ

  • alinsett (gazette)

    March 6, 2014 at 1:16 pm

    ကျနော်ကတော့ ဖဲဆို . . .ဖဲတစ်ထုပ်မှာ ဘယ်နှစ်ရွက် ရှိလဲတောင် မသိခဲ့

    မကစားတတ်

    ဒါမယ့် ဒီအရေးနဲ့ ဒီအတွေးကို မနှင်းပြုံး တွေး ရေးသွားတာလေး
    ဖတ်ရတာ တော်တော် ကောင်းးး

    • ဦးကျောက်ခဲ

      March 6, 2014 at 1:31 pm

      ဖတ်ဖူးတဲ့ ဟာသစာအုပ်ထဲကလို…
      လက်နဲ့ “မ” ကြည့်လိုက်မှ သိတာမဟုတ်လား… ဒညင်းဝက်
      😀

      • snow smile

        March 6, 2014 at 2:17 pm

        အဲ့ ဒါ က ဘာ ပြော တာ လဲ
        ကျွန် မ မ သိ ပါ

        • Ma Ma

          March 6, 2014 at 7:36 pm

          ခြေမနဲ့ ကော်လိုက်တာ မဟုတ်လား ကျောက်စ်။
          မနှင်းပြုံးရေ-
          ဟိုးးးတုန်းက ရွှင်ပြုံးမှာထင်တယ် ပါဖူးတဲ့ ကာတွန်းထဲမှာ….
          ဖဲရိုက်အလွန်ဝါသနာပါတဲ့ လူတစ်ယောက်ရှိတယ်တဲ့။
          ဒါပေမယ့် သူက ဖဲရိုက်တိုင်း ဘူကျပြီး ရှုံးလေ့ရှိတယ်။
          ဝါသနာကို မစွန့်နိုင်တော့ ရိုက်မြဲတိုင်းရိုက်ရင်း စည်းစိမ်ဥစ္စာတွေကုန်တော့ စိတ်ပျက်လက်ပျက်နဲ့ ဘုန်းကြီးဝတ်သွားသတဲ့။
          ဘုန်းကြီးဘဝနဲ့ ဆွမ်းခံကြွရင်း လမ်းပေါ်မှာ ဖဲချပ်တစ်ချပ်မှောက်နေတာကိုတွေ့တော့ မသင့်တော်ဘူးဆိုပြီး စိတ်ထိန်းပေမယ့် ဘယ်လိုမှမရပဲ ခြေမနဲ့ကော်ကြည့်လိုက်ပြီးတော့ ဘူကျနေလို့…
          ခုထိဘူကျတုန်းပဲ ဆိုတဲ့ ကာတွန်းလေး။ 🙂

    • snow smile

      March 6, 2014 at 2:05 pm

      ဖဲ အ ရွက် က ၁၄ မျိုး ရှိ တယ်
      (1 to 10 ရယ် ဂျက် ကင်း ကွင်း အေ ရယ်)
      တ ကယ် တော့ အေ လို့ ခေါ် တာ မ ဟုတ် အေ့စ် လား ဘာ လား မ သိ)
      တ မျိုး ကို ၄ ရွက် ရှိ တယ်
      14 ‘× 4 ဆို တော့ 56 ရွက်
      ဂျို ကာ ဆို တာ လဲ ရှိ သေး တယ်
      သူ့ ကို ဘာ လုပ် ရ တာ လဲ တော့ အစ် မ လဲ မ သိ
      အ မ တို့က တော့စ က စား ရ င် 56 ရွ က်
      ပွဲ ပြီ း ရ င် တ ဝက် လောက် သာ ဝိုင်း အ လည် မှာ ကျန် တော့ တယ်
      တက် ညီ လက် ညီ ခိုး ထား ကြ လို့ ့
      ခု ထိ မ သိ သေး ရ င်
      လေး ပေါ က် တို့
      လေး ကျောက် တို့ ့နဲ့ ဆက် သွယ် လိုက် ပါ လား ဟင် : )

      • kyeemite

        March 6, 2014 at 2:41 pm

        (1 to 10 ရယ် ဂျက် ကင်း ကွင်း အေ ရယ်) 😛
        မှားနေပီ မမစနိုးရေ…ဖဲထုပ်မှာ 1 မပါပါဘူး..အဲဒါ A ပဲပေါ့..
        ဆိုတော့ အားလုံး 52 ချပ်ပဲချိတာပါ (ဂျိုကာမပါ)…..ငိငိခိခိ 😀

        • snow smile

          March 6, 2014 at 10:43 pm

          ထင် တော့ ထင် သား
          ဟုတ် မှ ဟုတ် ရဲ့ လား လို့ ့
          ခု ချိန် ထိ ကို ဝါး တား တား

    • snow smile

      March 6, 2014 at 2:21 pm

      Alinsett ကို reply လုပ် တာ
      ဦး ကျောက် ဆီ ရောက် သွား ပါ ကြောင်း

  • ခင် ခ

    March 6, 2014 at 1:45 pm

    ဖဲ ၂ ခါဘဲ မှတ်မှတ်ရရ ရိုက်ဘူးတယ်
    မရိုက်တတ်ရိုက်တတ် သင်ရင်းရိုက်လို့ မရှုံးခဲ့ပေမယ့်
    နောင်ရှုံးမှာကြောက်လိ်ု့ မရိုက်ဖြစ်ဘူးလေ ခုထိပါဘဲ။

    • snow smile

      March 6, 2014 at 2:12 pm

      မ ကြောက် နဲ့
      မ ကြောက် နဲ့
      ရွာ ထဲ မှာ ဆ ရာ တွေ ရော ဆရာ မ တွေ ရော
      အ များ ကြီး
      ရဲ ရဲ သာ လာ ခဲ့
      ( ပိုက် ဆံ သာ များ များ ပါ ပ စေ)
      alinsett နဲ့ ခင် ခ နဲ့ သာ ကျွန် မ ရိုက် တော့ မည်
      ကျန် သူ တွေ က တော့ ဝါ ရင့် တွေ ဆို တော့ ကြောက် လှ ပါ သည်

  • Crystalline

    March 6, 2014 at 1:57 pm

    ဖဲသမားနာမည်ကြားတာနဲ့ပြေးလာလိုက်ရတာ.. :loll:

    • snow smile

      March 6, 2014 at 2:15 pm

      ဖြေး ဖြေး လာ Crystalline ရေ
      မှီ သေး တယ်
      ဖဲ ကိုယ် ရေး ရာ ဇ ဝင် လေး တော့
      ဖြည့် ရ မယ် နော်
      ဒါ မှ ဘယ် ဝိုင်း ထဲ ပါ သင့် တယ် ဆို တာ
      ဆုူံး ဖြတ် ရ အောင်

      • Crystalline

        March 6, 2014 at 2:34 pm

        ဖဲကတော့ ငယ်ငယ်က အစ်ကိုတွေကောင်းမှုကြောင့်ကစားတတ်သွားပြီး ဘယ်ကစားနည်းမဆို ကျွမ်းကျင်အောင်ဆည်းပူးထားတယ်.. သူများနဲ့ လိုက်လျောညီထွေကစားတတ်အောင် :mrgreenn: ဖဲလာ့ခ်အကောင်းဆုံးက ပိုကာ… တခါမှ ပက်ပက်စက်စက်မရှုံးဖူးဘူး.. အမြဲနိုင်တယ်.. ဖဲနိုင်တဲ့ငွေနဲ့ အင်းကျီတွေဝယ်ဖြစ်တယ်.. အစ်ကိုတွေကတော့ပြောတယ်..ငါတို့ဝယ်ထားပေးတဲ့အင်းကျီတွေတဲ့ :loll:

  • ဦးကျောက်ခဲ

    March 6, 2014 at 3:08 pm

    ကျောက်စ် ဖတ်ဖူးတဲ့ ဖဲ ပုံပြင်က ဒီလိုပါ…
    တခါသား သင်္ဘောပေါ်မှာ ခရီးသည်တွေ အပျင်းပြေဖဲရိုက်ဖို့ လူစုကြသတဲ့…
    ခရီးသည် ၁ ။ ဖဲမရိုက်တာကြာလို့ ဘယ်နှစ်ချပ်ရှိမှန်းတောင် မသိတော့ပါဘူးဗျာ…
    ခရီးသည် ၂ ။ ဟုတ်ပါ့ဗျာ… ကျုပ်ဆို ဖဲပွင့်တွေကို မှတ်မိပါမလားတောင် မသိ…

    အဲတာနဲ့ ဖဲထုပ်လည်းချပေးလိုက်ရော ခရီးသည် ၁ က မ ကြည့်လိုက်ပြီး…
    ခရီးသည် ၁ ။ အင်း… ဖဲ တစ်ချပ် လျော့နေတယ်ဗျ…
    ခရီးသည် ၂ ။ မှန်းစမ်း… ကျုပ် မ ကြည့်မယ် ။ အဟုတ်ဗျ… လျော့နေတာ ညှင်း ၈… တဲ့
    😀

    • snow smile

      March 6, 2014 at 7:59 pm

      အဲ့ လိုပ ညာ ရှင် တော့ ရွာ ထဲ ရှိ လောက် ဘူး နော်

  • Shwe Ei

    March 6, 2014 at 3:31 pm

    ခွိ လူစုံတိုင်းဖဲဝို်င်းထောင်ကြတဲ့ ဂလုတစ်ခု ရွာထဲမှာချိတယ်….အဟိ 😀

    • snow smile

      March 6, 2014 at 8:00 pm

      ဘယ် သူ တွေ များ လဲ မ သိ

  • Paing Lay

    March 6, 2014 at 3:40 pm

    အနော်ကတော့ တက္ကသိုလ်တက်မှပဲ အဆောင်မှူးမသိအောင်ဖဲခိုးရိုက်ဖူးတာ(ပထမနှစ်တုန်းကနေဖူးတဲ့အဆောင်မှာ) နောက်အဆောင်တွေမှာတော့ အဆောင်မှူးနဲ့ ပါ ရိုက်လာတဲ့အထိ 😀 ရှမ်းကိုးမီးပဲ အဆော့များပါကြောင်း :mrgreen:

    • snow smile

      March 6, 2014 at 8:01 pm

      အဲ့ လောက် ဆို ရ ပြီ

  • ရဲစည်

    March 6, 2014 at 5:18 pm

    အသေချာ ဖတ်မိတော့မှ ဖဲ အကြောင်းကိုး

    :mrgreen:

    • snow smile

      March 6, 2014 at 8:09 pm

      အ သေ အ ချာ တောင် ဖတ် စ ရာ မ လို
      ခေါင်း စဉ် ကို က
      ”ကျွန် မ မှာ ဖဲ သ မား ” ပါ တဲ့ ရှင်

  • TNA

    March 6, 2014 at 6:36 pm

    အတော်ကို စိတ်ဝင်စားစရာကောင်းအောင်ရေးထားတာကိုး။ ကိုယ်လဲဖဲသမားမို့ ပိုစိတ်ဝင်စားမိလေ သလားမသိဘူး။ တွမ်တီဝမ်းတို့ဘာတို့စိတ်မဝင်စားဘူး။ ပိုကာကို အကြိုက်ဆုံး။ အမြဲကစားဖြစ်တာ ပိုကာပဲ။ မိသားစုတွေစုံပြီဆို ပိုကာဒေါင်းကြပြီ။ ကိုယ်လဲဝင်ပါချင်ပါတယ်။ မပါချင်ရင် တအိမ်အိမ်မှာ နေပြီး အောက်ဖဲ စားတယ်။ ကို်ယ်နေတဲ့အိမ်က အောက်ဖဲပါရင် ကိုယ်ကထိုးထားတာရဲ့ နှစ်ဆရတယ်။ အာဟိ ကိုယ်လဲဖဲခိုးတာပဲ။ ကိုယ်ပါတဲ့အိမ်ဘေးနားမှာ ခေါင်းအုံးလေးနဲ့ အိပ်ပြီးမော့ကြည့်နေတာ။ ဒိုင်နဲ့ကပ်ရက် အိမ်ကိုယူတာများတယ်။ အဲဒါမှအောက်ကနေ သူဝေတဲ့ဖဲကိုမြင်ရတာ။ ကိုယ့်အိမ်မှာ အဲဖဲပါတာမြင်မှထိုးတယ်။ မဟုတ်ရင်မထိုးဘူး။ 😀 ကဲ snow smile ရေ ရွာထဲမယ် ဖဲသမားဘယ်နှစ်ယောက်ရှိသလဲ စာရင်းပြုစုပြီး ရွာပြန်ရောက်ရင်ပွဲစလိုက်ရအောင်။ ဒီကတအိမ်နော် :mrgreen:

    • snow smile

      March 6, 2014 at 8:20 pm

      ( အ တော် ကို စိတ် ဝင် စား အောင် ရေး ထား တာ ကိုး)
      အ ကြား ချင် ဆုံး စ ကား
      3 ယောက် ဘဲ ပြော သည်
      စာ စ ရေး တဲ့ သူ ဆို တော့ အဲ့ သ လို လေး တွေ
      တယ် ကြား ချင် သ ကိုး

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 7, 2014 at 9:39 am

      ကျော်ကဖဲသမားတော့မဟုတ်ဘူးအဒေါ်
      တစ်ခါတစ်လေ ပိုကာဒေါင်းလို့ အိမ်မပြည့်ရင်
      ဝင်ပါပေးတာလောက်တော့စိဘါဒယ်
      သိပ်ကြာကြာမကစားပါဘူး
      စနေနေ့ညနေကနေ တနင်္လာနေ့မနက် အလုပ်ဆင်းချိန်ထိလောက်ဘါဘဲ :mrgreen:

      • snow smile

        March 7, 2014 at 1:22 pm

        အ ရ ည် အ ချင်း ရှိ သူ
        အ လား အ လာ ကောင်း သူ
        စာ ရင်း ထဲ ထဲ့ လိုက် သည် ငါ့ တူ

  • Ma Ma

    March 6, 2014 at 7:41 pm

    တစ်ခါတုန်းက ကလေးတွေ စာမေးပွဲပြီး ကျောင်းပိတ်ရက်မှာ လျှောက်လည်ချင်တာ လိုက်မပို့ပေးနိုင်တာနဲ့ သူတို့တွေ ငြိမ်သွားအောင်ဆိုပြီး ပိုကာကစားနည်း သင်ပေးလိုက်တာ…….
    စွဲသွားပြီး နေ့တိုင်းကစားကြတယ်။
    ကျောင်းပြန်ဖွင့်တော့လည်း ကစားချင်နေကြလို့ ကလေးတွေကို အတတ်ကောင်းသင်ပေးတယ်ဆိုပြီး ဆူခံထိပါလေရော။ :mrgreen:

    • snow smile

      March 6, 2014 at 8:50 pm

      ကျွန်မ အစ် ကို ဝမ်း ကွဲ မိ သား စု နဲ့ကျွန်မ တို့ သား အ မိ တ တွေ
      တ နှစ် မှာ ချောင်း သာ သွား ခဲ့ ကြ တယ်
      သူ တို့ ့ ရဲ့ ကောင်း မှု ့ ကြောင့် ကျွန် မ တောင် မ တတ် တဲ့
      ပို ကာ ဒေါင်း နည်း ကို သူ တို့ တွေ ၂ ရ က် အ တွင်း
      ကျွမ်း ကျင် သွား ပါ ရော
      တ နေ ့ ကျွန် မ နဲ့ သ မီ းအ ပြင် က ပြန် အ လာ
      ခြံ တ ခါး လဲ ပိတ် အိမ် တံ ခါ း လဲ ပိတ်
      ထူး ဆန်း စွာ တိတ် ဆိတ် နေ လို့
      တိတ် တိတ် လေး ချောင်း ကြည့် တော့
      ကျွန် မ သား နဲ့ တူ ရ ယ် ခေါင်း ရင်း ခြံ က အ မွှာ ညီ အစ် ကို ရ ယ်
      ဖဲ ရိုက် နေ ကြ တာ လေ
      ကျွန် မ လဲ စိတ် တို တို နဲ့ သား ကို ဖဲ သ မား လာ ခဲ့ ဆို ပြီး
      ၃ ချက် လောက် တီး ပြစ် လိုက် တယ်
      ကျန် တဲ့ ခ လေး တွေ က မ လှုပ် ရဲ
      ကျွ န် မ က လဲ စိတ် ပူ သည်
      ဖဲ သ မား ဖြစ် သွား မှာ ကြောက် သည်
      ခု အ သက် ကြီး လာ သည် အ ထိ
      သူ တို့ ့ တွေ ဖဲ ဝါ သ နာ မ ပါ ပါ
      ပြော ချင် တာ က ဖဲ ရိုက် တတ် တိုင်း
      ဖဲ သ မား ဖြစ် မ သွား ပါ
      အ သက် ငယ် စဉ် မှာ မိ ဘ အုပ် ထိန်း မှူ ့ က
      အ ရေး ကြီး ပါ တယ်

  • ရာမည

    March 7, 2014 at 10:12 am

    ဖဲ တဲ့

    အဟိ 🙂

    ကျွန်တော်လည်း မရိုက်တတ်ဘူးဗျာ

    • snow smile

      March 7, 2014 at 12:24 pm

      စိတ် မ ပူ နဲ့
      တတ် ချင် စိတ် က အ ဓိ က
      ဆ ရာ တွေ အ များ ကြီး
      စေ တ နာ နဲ့ အ လ ကား သင် ပေး မှာ

  • Novy

    March 7, 2014 at 12:11 pm

    ဖဲအကြောင်းကြားရင် အရမ်းစိတ်ဆိုးတာ ( ကိုယ်မဆော့ရလို့ )
    မှတ်မှတ်ရရ ၆တန်းနှစ် အဖိုးဆုံးတော့ ဖဲကိုစရိုက်တက်သွားတာ
    အဖိုးဆုံးတော့ မြေးပျော်တဲ့ မှန်လိုက်တာ နယ်မှာဆိုတော့ ရရက် ရလီ အလှူ လုပ်တာလေ
    လူကြီးတွေဆီက ကကောက်တောင်းကလေးတွေစုပြီးဖဲရိုက် ရှုံးရင် ငိုပြီး လူကြီးတွေကိုသွားတိုင်
    နိုင်ရင်တော့ ငြိမ်းပြီ ဆုဘူးထဲကိုထဲ့
    အခုတောင်မျက်စိထဲမြင်ရောင်လာသေးပျော်လိုက်တာ.

    • snow smile

      March 7, 2014 at 1:20 pm

      စု ဘူး ထဲ ကို မ ထဲ့ နိုင် တာ
      ရှိ တဲ့ ပိုက် ဆံ လေး တောင် ကုန် ကုန် သွား ဒါ
      စိတ် နာ ဒယ်

  • Mr. MarGa

    March 7, 2014 at 12:21 pm

    ဟီဟိ….ရွာထဲမှာ ငြင်းဝိုင်းနဲ့ ဖဲဝိုင်းနဲ့
    ဟုတ်တော့ ဟုတ်နေတာပဲ…..
    ရွာသူား ဖဲသမား ကျွန်မဆွေမျိုးများ :mrgreenn:
    အရေးအသား၊ ခေါင်းစဉ်၊ အကြောင်းအရာ အကုန်ကြိုက်တယ်ဗျာ။
    ပြောပြီးပြီနော ကျနော် တစ်အိမ်လို့ :mrgreenn:

  • snow smile

    March 7, 2014 at 1:27 pm

    အ ရေး အ သား ကြိုက် သည် ဟု ပြော သူ 4 ဦး
    ထို သူ များ ကို ကျွန် မ လုံး ဝ ဖဲ လိမ် မ ရိုက် ပါ ဟု
    ဤ နေ ရာ မှ နေ ၍ သ စ္စာ ပြု ပါ ၏

  • weiwei

    March 7, 2014 at 4:11 pm

    ဖဲ အသံကြားရင် အနားဟောင်းကို ပြန်ဆွသလိုမျိုး ခံစားရတယ် ..
    ကျွန်မ ဖဲမရိုက်တတ်ပါ .. ဖဲသမားလဲ မဟုတ်ပါ .. ဒါပေမယ့် ဖဲသမားတွေကို သူငယ်ချင်းတော်လိုက်မိလို့ ဖဲရိုက်ဖြစ်တာအကြိမ်ကြိမ် ..
    စရိုက်ရင်တော့ ကြေးနဲနဲနဲ့ပဲ အမြဲစခဲ့ပေမယ့် ရှမ်းကိုးမြီးဆိုတော့ ထုံးစံအတိုင်း လောဘတက် ဒေါသထွက်ပြီး တစ်နေကုန်ရင် တော်တော်ပြောင်တာပဲ …

    ကျွန်မကတော့ ရှမ်းကိုးမြီးကစားနည်းမျိုး မိတ်ပျက်ဆွေပျက် ကစားနည်းလို့ သတ်မှတ်ထားတာ ..

    ဖဲသမား သူငယ်ချင်းတွေနဲ့ ကွဲသွားခဲ့တာ ၄ နှစ်နီးပါးရှိနေပြီ … ဖဲသံကြားရင် သူတို့ကို သတိရမိတယ် ..

    • snow smile

      March 7, 2014 at 4:49 pm

      ဝမ်း မ နည်း ပါ နဲ့
      ရွာ ထဲ မှာ သူ ငယ် ချင်း ကောင်း တွေ
      အ များ ကြီး ပါ
      ၁၁ မီး မ ငြိမ်း ကြ သေး ပေ မဲ့
      ၉ မီး လောက် က တော့
      ဝိုင်း ငြိမ်း ပေး ကြ ပါ လိမ့် မယ်

  • အ လွန် တော် တဲ့ မ နှင်း ပြုံး
    စာ ရေး လဲ ကောင်း
    ကော် မင်း ပေး တာ လဲ ကောင်း

    (မှတ် ချက် ကျုပ် ကို ဖဲ လိုက် မ ရိုက် ရ)

  • အ လွန် တော် တဲ့ မ နှင်း ပြုံး
    စာ ရေး လဲ ကောင်း
    ကော် မင်း ပေး တာ လဲ ကောင်း

    (မှတ် ချက် ကျုပ် ကို ဖဲ လိမ် မ ရိုက် ရ)

    • snow smile

      March 8, 2014 at 1:19 pm

      လေး ပေါက် လို
      အ ဆင့် မြင့် ပ ညာ ရှင် ကို
      လိမ် ရိုက် ဘို့ ဇ မ ရှိ ပါ ဘူး တော်

  • padonmar

    March 7, 2014 at 10:23 pm

    မနှင်းပြုံးက ကိုပေါက် မိတ်ဆွေ ပီသပါတယ်။
    ဖဲသမားဘဝ ဖတ်လိုက်ရတာ ကိုယ်ပါ မှောက်ရက်ကလေး ဖဲရိုက်နေမိသလိုပဲ။
    ကျမတို့ အဖိုးက ဖဲရိုက်ရင်း အညောင်းမိ ရောဂါထူပြီး သေတာဆိုတော့ အဖေက ဖဲဆို သိပ်မုန်းတာ။လုံးဝမကြိုက်ဘူး။
    ကျမကတော့ ငယ်ငယ်က ငပလီမှာ အပြန် လေယာဉ်လက်မှတ်မရလို့ တပတ်လောက် သောင်တင်နေရင်း ပျင်းပျင်းနဲ့ ပိုကာဒေါင်း ဖဲရိုက်ကြရာက တတ်လာတယ်။ကြေးက ပဲကြီးလှော်ကြေး၊ဒါတောင် များများရှုံးရင် ဆက်မကစားချင်တော့ဘူး။
    ဖိုင်နယ် ပတ်တူး မှာ ခရီးထွက်ကြတော့ သူငယ်ချင်းတွေ ဆော့ဖြစ်သေး။ ၂၁ ပေါက်ဆိုတာ။ဒါလည်း နည်းနည်းရှုံးရင် မခံနိုင်ဘူး.
    တကယ်တော့ ဖဲရိုက်တဲ့သူဟာ Risk taker ပါ။
    ဖဲရိုက်ရင် နိုင်ခြေက ၅၀% ရှုံးခြေက ၅၀% လေ။
    စီးပွားရေးလုပ်ရာမှာလည်း လောင်းကစားဆန်ဆန် လုပ်တတ်သူတွေက Risk taker တွေပဲ။
    ကျမတို့ကတော့ ဉာဏ်ရယ် ဝီရိယရယ် အတွေ့အကြုံရယ် ပေါင်း ၇၅% လောက်သေချာမှ လုပ်တတ်တယ်။
    ၂၅%ကတော့ကံအရာပေါ့။
    ဒါကြောင့်လည်း ကြီးပွားနေတဲ့ထဲ မပါတာဖြစ်မယ်။

  • padonmar

    March 7, 2014 at 10:24 pm

    ကိုကြီးပေါက်လို စာရေးကောင်းလို့ ပြောတာ။
    အဲဒီ font ဝိုင်းဝိုင်းလေးတွေ ဘယ်လိုရိုက်ကြလဲမသိ။

  • မ မာ ရေ ကျ နော် တို့ က ဇော်ဂျီ ဖောင့် နဲ့ ရိုက် ပါ တယ် ဒါ ကြောင့် ဝိုင် း ဝိုင်းေ လး
    လူ က လဲ မျက် နှာ ဝိုင်း တယ် လေ

  • snow smile

    March 8, 2014 at 1:16 pm

    လေး ပေါက် နဲ့ တင် မ က
    အား လုံး နဲ့ ပါ မိတ် ဆွေ ဖြစ် ချင် ပါ တယ်
    Ma Padonmar ရေ
    စာ က တော့ မ ရေး တတ် သေး ပါ ဘူး
    ငယ် ဘဝ သ တိ ရ တာ လေး တွေ
    ချ ရေး ထား တာ ပါ

  • naywoon ni

    September 20, 2014 at 10:49 pm

    ရွာထဲက လူ​တွေ စုပြီး ဖဲဝိုင်​း​ထောင်​ရ​အောင်​ ။ ” ဆင်​းရဲခြင်​းလွတ်​ကင်​း​အောင်​ XXX ဖဲဝိုင်​း​ထောင်​ပါမည်​ ” ​ပေါ့

Leave a Reply