သူ့ကြောင့်ဆုတောင်းမှားခဲ့သည်

NovyMarch 6, 20142min23723

အင်ကြင်းပန်းလေတွေတစ်ပင်လုံးမှာဖွေးဖွေးလှုပ်အောင်ပွင့်နေတာတွေ့တော့

လှလွန်းလို့ မှတ်တမ်းလေးတင်မိပါတယ် ဒီပန်းလေးတွေကနေအစပြုပြီး

ဆုတောင်းမှာခဲ့လေသူ စူလသုဗတာ ကိုပြန်လဲသတိယသွားလေရဲ့

အစွယ်ကိုလိုသူ မိဖုရား

စေခိုင်းသူ ဘုရင်မင်း

မြားပစ်သူ အကျွန်နုပ်

….

……

……

P1011004

တစ်ပွင့်ပန်း

P1011006

တူယှဉ်ကာပြိုင်

P1011007

ပင်လုံးညွန့်မျှ1

P1011008

ပင်လုံးညွန့်မျှ2

P1011010

P1011012

P1011014

23 comments

  • ဦးကျောက်ခဲ

    March 6, 2014 at 12:40 pm

    ပန်းထဲမှာ အင်ကြင်းပန်းကို မွှေးလို့ကြိုက်တယ်…
    ငယ်ငယ်က ကိုးထပ်ကြီး ဘုရားဝင်းထဲကိုသွားရင် မွှေးနေတာပဲ…
    ဒါပေသည့် ခေါင်းကိုက်တယ်…
    နောက်ပြီး အဲသည့်ခါချဉ်တွေက အသက်ရှည်တယ် မနိုရဲ့…
    စူဠသုဘဒ္ဒာခေတ်ကနေ အခုအထိ အင်ကြင်းပင်မှာရှိတုန်း… ဟီ ဟိ
    😀

    • Novy

      March 6, 2014 at 1:33 pm

      ကျောက်စ်ရေ..
      အင်ကြင်းပန်းကို အထူးအဆန်းလေမို့ သဘောကျမိပါတယ်

  • Crystalline

    March 6, 2014 at 1:58 pm

    အင်ကြင်းပန်းဆို.. မဝေတစ်ခါတင်တုန်း ပထမဆုံးတွေ့ဖူးတာပဲ.. နာမည်လေးလှသလို.. ပန်းလေးလည်းလှတယ်.. ပို့စ်ပိုင်ရှင်လည်းလှတယ်.. :))

    • Novy

      March 6, 2014 at 4:03 pm

      အင်ကြင်းပန်းကလေးကလည်းလှ – မှန်
      ပထမပိုစ့်ပိုင်ရှင် မမဝေလည်းလှ- မှန်
      ဒုတိယမိပိုစ်ပပိုင်ရှင်လည်း ……….??? ;-D

  • ခင် ခ

    March 6, 2014 at 2:39 pm

    ရာဇဝင်မှာ အင်ကြင်းအမည် ပန်းနဲ့ပေါက်ပေမယ် ခါချဉ်ပါခဲ့လို့ ပန်းနဲ့ပေက်တာလည်း နာခဲ့တယ်ပေါ့။
    ဒါကြောင့် ပန်းနဲ့ပေါက် ကြည်စယ်မယ်ဆို ပေါက်မည့်ပန်းကိုသေချာရွေးဖို့လိုမယ်နော် မသကာ ဂေါ်ဖီပန်း လိုပန်းနဲ့ပေါက်မိပြန်ရင်လည်း နာနေအုံးမှာမို့လေ။

    • Novy

      March 6, 2014 at 4:05 pm

      ကိုခရေ..
      ပန်းပြေးရွေးလိုက်အုံးမယ်………………………………….

  • TNA

    March 6, 2014 at 2:41 pm

    ပင်လုံးညွန့်မျှ2 ကိုအကြိုက်ဆုံးပဲ မနိုရေ။ အင်းကြင်းပန်းကိုကြိုက်တယ်။ ဒါပေမဲ့ခူးလိုက်ရင်မကြိုက်တော့ဘူး။ အပင်ပေါ်မှာပဲကြိုက်တယ်။

    • Novy

      March 7, 2014 at 10:21 am

      ဟုတ်တယ်ချစ်သဲရေ..
      တစ်ချို့ပန်းတွေက ပန်ရံထက်မှာနေမှ ပိုတင့်တယ်ကြတယ်

  • မမချွိ

    March 6, 2014 at 2:52 pm

    အို။
    ကြိုက်လိုက်တာ။
    မွှေးနေမှာပဲ။
    ရန်ကုန်အိမ်ရှေ့က ပင်မှာ ၃ ပွင့်လောက်ကိုကို အရမ်းမွှေးတာကို။
    ကြိုက်တယ်။
    ကြိုက်တယ်။

    :chit:

    • Novy

      March 7, 2014 at 10:23 am

      ချွိလေးကြိုက်ရင် တပင်လုံးယူသွားလိုက်

  • kyeemite

    March 6, 2014 at 2:58 pm

    စံရိပ်ငြိမ်မှတ်တိုင်နားက အင်းယားရွာသစ်ကျောင်းတိုက်ထဲမှာရှိတယ်ဗျ…
    ကျုပ်လည်းအဲ့ပန်းကိုကြိုက်ပါတယ်…ရာဇဝင်လည်းရှိသမို့လား….
    ဖွားတော်မူခန်းမှာလည်းပါတယ်လေ…. :))

    • Novy

      March 7, 2014 at 10:25 am

      ဒီပန်းတွေကိုလည်း ဂျူနိုလေးသီလှရှင်ဝတ်တဲ့ကျောင်းမှာရိုက်ခဲ့တာပေါ့ ဦးမိုက်ရေ.

  • မဟာရာဇာ အံစာတုံး

    March 6, 2014 at 5:18 pm

    သူ့ကြောင့် ဆုတောင်းမှားခဲ့သလို ..
    သူ့ကြောင့်ပဲ ….
    လောကရဲ့ ဦးသျှောင်ကို မွေးဖွားခဲ့တယ် …
    တစ်နေရာမှာ မိုက်နေပေမယ့် …
    တစ်နေရာမှာတော့ဖြင့် လိမ္မာနေတတ်ပြန်တယ် ….
    ဒါတွေဟာ .. လောက ဓမ္မတာပေါ့ကွယ် ….
    အင်းကြင်းပန်း ပုံလေးတွေကလှတယ် …
    ရိုက်တဲ့လူရဲ့ မီးလေးက ချောလို့ လှလို့ နေမယ် … :mrgreenn:

  • Ma Ma

    March 6, 2014 at 6:05 pm

    အင်ကြင်းပန်းက မွှေးပြီး ပန်းပုံစံလည်း ဆန်ုးပြားလှပလို့ ကြိုက်တယ်။
    အဲဒီပန်းက လူနေတဲ့နေရာတွေမှာထက် ဘုရားကျောင်းကန်တွေမှာပဲ ပွင့်သလိုပဲ။ 🙂

  • alinsett (gazette)

    March 6, 2014 at 8:44 pm

    အခုတော့…
    အင်ကြင်းပန်းအပါအဝင်… တခြားပန်းတွေကို…ကြိုက်မိ…ကြည့်ချင်မိပါတယ်..
    ဇဘယ်ပန်းကလွဲရင်….
    :kwi:

  • Mr. MarGa

    March 7, 2014 at 12:31 pm

    အင်ကြင်းပန်းကို မြတ်နိုးတယ်ဆို ဘာပြောကြမလဲဟင်…
    ပြီးတော့ ဘောလုံးလုပ်ပြီးတောင် ကန်လို့ရတဲ့ အသီးတွေကိုလဲ ဆော့ချင်တယ် :mrgreenn:

  • ရာမည

    March 7, 2014 at 1:33 pm

    လှလိုက်တာဗျာ
    အလှအပတွေသတိမထားမိတာကြာပြီဗျာ

  • kai

    March 7, 2014 at 5:12 pm

    မဃဒေဝမှာတော့.. အသီးမှာသရက်။ အသားမှာဝက်၊အရွက်မှာလဖက်၊ ပန်းမှာအင်ကြင်း လို့ဆိုထားတယ်မှတ်မိတယ်..။

    ကမ္ဘာတန်းမှာကျ…
    အဲဒီဟိန္ဒူအယူလွှမ်းတာတွေမဟုတ်တာ သေချာတယ်..။
    ဘာဖြစ်မလည်းမသိ..။
    http://www.wonderslist.com/10-most-beautiful-flowers-in-the-world/
    http://www.pinterest.com/teresa731/best-flowers-in-the-world/
    http://www.arenaflowers.com/blog/2011/07/25/top-5-most-expensive-flowers-in-the-world/
    မှာကတော့.. ချယ်ရီကစနေလေရဲ့..။ အင်ကြင်းတော့မပါ..။

  • Ma Ma

    March 7, 2014 at 6:52 pm

    10 most beautiful flowers in the world ကို သွားကြည့်တယ်။
    ချယ်ရီလို၊ ဒေလီယာလို၊ ကြာပန်းလို ပန်းတွေပါတာ သဘောတူပေမယ့်
    cana (မြန်မာလို ဗုဒ္ဓသရဏံ ပန်းထင်တာပဲ) လို၊ တရုတ်စကား (အကျော်လား မသိ) ပန်းလိုမျိုးတွေထက်စာရင် အင်ကြင်းပန်းကို ထည့်သင့်တယ် ထင်တာပဲ။
    အဲဒီစာရင်းပြုစုသူတွေက အင်ကြင်းပန်းတို့၊ ပိတောက်ပန်းတို့ မမြင်ဖူးဘူး ထင်တယ်။
    (ကိုယ်ကြိုက်တာ ကိုယ်ပြောတာ) 😀

  • kai

    March 8, 2014 at 2:44 am

    http://myanmargazette.net/145287
    အစွယ်လိုသူမိဖုယား ဇာတ်လမ်းထဲက အဓိကဇာတ်ပို့လေးပါ…………………..
    Posted by ကိုပေါက်(မန္တလေး) on Aug 23, 2012 in My Dear Diary, Photography | 37 comments

    ဒီလိုပို့စ်မျိုး…ကိုပေါက်တင်ခဲ့ဖူးတယ်..။

  • မမလေး

    March 8, 2014 at 1:58 pm

    အင်ကြင်းပင်တစ်ခါမှတောင် မမြင်ဖူးဘူး . . .
    ရွှေတိဂုံဘုရားမှာ ၁ ပွင့် ၅၀ဝ ၃ ပွင့် ၁၀၀ဝ တဲ့ . . .

  • ရဲစည်

    March 8, 2014 at 8:41 pm

    :me green:

    :harr:

  • padonmar

    March 10, 2014 at 1:09 am

    ကိုးထပ်ကြီးဘုရားမှာ အင်ကြင်းပင်ပေါက်တွေ ရောင်းလို့ ဝယ်စိုက်သေးတယ်။
    မရှင်ခဲ့ပါဘူးကွယ်။

Leave a Reply