” မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့ “

ခင္ခMarch 6, 20142min12317

” မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့ “

 

အချစ်ကြောင့် ကျတဲ့မျက်ရည်

အမုန်းကြောင့် ကျတဲ့မျက်ရည်

ကြင်နာမှုကြောင့် ကျတဲ့မျက်ရည်

ဂရုဏာကြောင့် ကျတဲ့မျက်ရည်

သံဃောဇဉ်ကြောင့် ကျတဲ့မျက်ရည်

လွမ်းလွန်လွန်းလို့ ကျတဲ့မျက်ရည်

ပူဆွေးသောကကြောင့် ကျတဲ့မျက်ရည်

နာကျင်မှုကြောင့် ကျတဲ့မျက်ရည်

ဒေါသစိတ်ကြောင့် ကျတဲ့မျက်ရည်

စာလောင်မွတ်သိပ်မှုကြောင့် ကျတဲ့မျက်ရည်

အလိုမပြည့်လို့ ကျတဲ့မျက်ရည်

ဝမ်းသာပိတိစိတ်ကြောင့် ကျတဲ့မျက်ရည်

ဝမ်းနည်းမိလို့ ကျတဲ့မျက်ရည်

ခွဲခွါခြင်း၊နုတ်ဆက်ခြင်းကြောင့် ကျတဲ့မျက်ရည်

ကျေနပ်လွန်းလို့ ကျတဲ့မျက်ရည်

မကျေနပ်နိုင်လို့ ကျတဲ့မျက်ရည်

ခံစားမှုမဲ့ မကျသည့်မျက်ရည်

………………………………..

………………………….

………………..

…………

မျက်ရည်။

 

 

ခင်ခ။

 

 

17 comments

  • ဦးကျောက်ခဲ

    March 6, 2014 at 1:18 pm

    ဘာကြောင့်ပဲကျကျ … ရွှေပန်းကန်ပေါ်ကျတယ်ဆို တော်ပါသေးတယ်…
    စကားအတင်းစပ်… အဲသည့်မျက်ရည်က ငန်ညစ်ညစ်နဲ့ ခင်ဗျ…
    😀

  • kyeemite

    March 6, 2014 at 2:32 pm

    ဟိုမျက်ရည်တစ်မျိုးကျန်ခဲ့တယ်ကိုခရေ….“ကြက်သွန်နီ ခွာလို့ ကျတဲ့မျက်ရည်” 😀
    နောက်တာနော….ကျုပ်ကတော့ စိတ်နုတယ်ခေါ်မလားမသိ…မျက်ရည်လွယ်တယ်ဗျာ
    ရုပ်ရှင်ကြည့်ရင်းတောင် ကျလားကျရဲ့….ဟီဟိ

    • ခင် ခ

      March 6, 2014 at 2:43 pm

      ဒါဆိုဆရာမိုက်ကို အသဲကငယ်ငယ် ချွဲပြမယ် မျက်ရည်လေး ကလည်လည် လို့ဆိုရမယ်ပေါ့။

  • TNA

    March 6, 2014 at 2:40 pm

    မျက်ဝန်းထဲမှာမိုးတွေရွာနေပြီညို အိုက်ဝတ်ထုကော ရုပ်ရှင်ကောကြိုက်တယ်။ ကဗျာလေးလဲကြိုက်တယ်။ ကိုယ်ကတော့ မျက်ရည်ခိုင်တော့ တော်ရုံငိုဘူးရယ်။ 😥 :byee:

    • ခင် ခ

      March 6, 2014 at 2:46 pm

      ဒေါ်သဲရေ အဲလိုမျက်ရည်ခိုင်တယ် မျက်ရည်ခိုင်တယ် ဆိုတဲ့သူတွေ နောက်များမှ စုပြီးမျက်ရည်ကျရင် အတော်မသတ် တတ်ဘူးလို့ ပြောကြတယ်နော်။

  • မမချွိ

    March 6, 2014 at 2:49 pm

    သိလားးး
    သိလားးး
    မျက်ရည်မှာကို ဝမ်းနည်း ဒေါသနဲ့ ကျတဲ့မျက်ရည်က ပူတယ်ဗျ။
    ဝမ်းသာလို့ ကျတဲ့ မျက်ရည်က အေးတယ်။၊

    😀

    • ခင် ခ

      March 6, 2014 at 3:04 pm

      မမချွိကတော့ လုပ်ပြီး ကျတဲ့မျက်ရည်တောင် အပူ အအေး ခွဲခြားနိုင်သေးတယ်နော်။
      အံ့ပါရဲ့ကွယ်။

  • ရာမည

    March 6, 2014 at 2:50 pm

    ငိုချင်ပါတယ်ဆိုမှ မိုးကမရွာ 🙂

    • ခင် ခ

      March 6, 2014 at 3:05 pm

      ကိုရာမည ဒါဆို ရောချမျက်ရည် ဆိုပြီးတိုးရအုံးမလားဘဲ။

  • moonpoem

    March 6, 2014 at 4:04 pm

    လခရတဲ့ပိုက်ဆံ သုံးလို့ကုန်တဲ့ အခါ ကျတဲ့ မျက်ရည်ကျန်သေးတယ် ဦးခ 😀

  • snow smile

    March 6, 2014 at 4:49 pm

    မျက် ရ ည် တွေ အ မျိုး အ စား ခွဲ လိုက် တာ
    အ တော် များ သား နော်
    ရေး တတ် ချင် လိုက် တာ

  • alinsett (gazette)

    March 6, 2014 at 8:11 pm

    မျက်ရည်…
    အင်း…ကျခဲ့ဖူးတယ်… ။
    အခုတော့… ကျကြည့်ပါဦးမယ်..ဆိုရင်တောင်… ကျဖို ့..မလွယ်တော့လောက်အောင်…
    တစ်စံတစ်ခုက…မာထန်နေခဲ့ပြီ….

    😆

  • ဝမ်းသာရင် လဲ ကျ တဲ့ မျက ်ရည်
    ဝမ်း နည်းရင် လဲ ကျ တဲ့ မျက် ရည် တဲ့ မာ မာအေးဆို သွား တာ

    ကြည် နူးလို့ ကျ တဲ့ မျက် ရည် ကို တော့ကြို ဆို ပါသဗျာ

  • Ma Ma

    March 7, 2014 at 8:20 am

    မျက်ရည်ကျတာ အသက်အရွယ်နဲ့လည်း ဆိုင်လား မသိဘူး။
    ငယ်ငယ်က မျက်ရည်လွယ်တယ်လို့ ကိုယ့်ကိုကိုယ်ရော သူများတွေကရော ပြောခဲ့ပေမယ့်…
    အခုအသက်အရွယ်မှာ တော်ရုံနဲ့ မဖြုံတော့တာ ထုံသွားလို့များလားတော့ မသိဘူး။ 🙁

  • မဟာရာဇာ အံစာတုံး

    March 7, 2014 at 9:02 am

    ဪ .. မျက်ရည် .. မျက်ရည် …
    အဲ့ဒီ မျက်ရည်ကို တွေ့တော့
    သနားပြီး ထပ်ကျလာတတ်တဲ့ မျက်ရည် …

  • မမလေး

    March 8, 2014 at 1:59 pm

    မျက်ဝန်းထဲက မဟုတ်ပေမယ့် . . . ရင်ထဲမှာကျနေတဲ့ . . . မျက်ရည် . . .

  • Crystalline

    March 8, 2014 at 3:05 pm

    Teardrops rolling down on my face
    Trying to forget my feelings of love 😥

Leave a Reply