၁၉၄၈ခုနှစ် မတ်လ၁၂ရက်နေ့ တွင် မောင့်ဘက်တန်က မြန်မာပြည် လွတ်လပ်ရေးရခြင်း နှစ်လကြာရှိပြီဖြစ်သော အထိမ်းအမှတ်အဖြစ် သီဟာသနပလ္လင်တော်ကို မြန်မာနိုင်ငံအစိုးရအား သမ္မတအိမ်တော်တွင် ပေးအပ်သော အခမ်းအနားပြုလုပ်ခဲ့သည်။

ထိုနေ့တွင်ပင် ဗမာ့ခေတ်သတင်းစာ အိုးဝေသတင်းစာ ဟစ်တိုင်သတင်းစာတို့ကို သောင်းကျန်သူလူတစ်စုတို့မှ သူတို့လူကြီးပိုင်းတစ်ယောက်၏ အရှုပ်တော်ပုံတစ်ခုကို အထက်ပါသတင်းစာများတွင် ဖော်ပြခဲ့ခြင်းကြောင့် သတင်းစာဆက်မထုတ်နိုင်စေရန်ရည်ရွယ်ချက့်ဖြင့် ပုံနှိပ်စက်များကို ဖျက်ဆီးပစ်ခဲ့ကြောင်း ဆရာသာဂဒိုး ရေးသားသော ကျားများကိုမွေးစားခြင်းနှင့်အခြား
ဝတ္တုတိုများစာအုပ်တွင် လေ့လာမှတ်သားရပါသည်။

ကျွန်မလုံးဝမသိခဲ့သော မြန်မာပြည်၏ အကြောင်းအရာများဖြစ်ပါသည်။
ဆရာသာဂဒိုးကိုကျေးဇူးတင်မိသည်။

စကားမစပ်တစ်ရက်က ပုဂံတွင် မြင်းလှည်းစီးသော အခါ လမ်းဘေးတလျှောက်ပေါက်နေသော စက္ကူပန်းပင်များကို ကြည့်ရင်း ဧည့်သည်က ဘာပန်းလဲဟု မေးသော် ကျွန်မကမသိ။

ထိုအချိန်တွင် မြင်းလှည်းဆရာမှ ဘူဂန်းဘိရိရော့ လို့ခေါ်ကြောင်း သူ့ကို အင်္ဂလိပ်တစ်ယောက်က သင်ပေးတာဖြစ်ကြောင်း စာလုံးပေါင်းတော့ မသိကြောင်း ပြောလာသည်။ကျွန်မဧည့်သည်ကတော့ ဘူဂန်းဘိရိရော့ကို နားလည်သည်ဟု ဆိုပါသည်။မြင်းလှည်းဆရာကို ကျေးဇူးတင်မိသည်။

ဆိုလိုခြင်းမှာ မြန်မာနိုင်ငံသမိုင်းနှင့် မြင်းလှည်းဆရာအကြောင်းရောပြီး ပြောလိုခြင်း မဟုတ်ပါ။

ကျောင်းပြီးသည်နဲ့ ပညာသင်ပြီးခြင်း မဟုတ်ဘဲ ကျွန်မတို့ ပတ်ဝန်းကျင်ရှိ သင်ဆရာ မြင်ဆရာကြားဆရာများမှသော်လည်းကောင်းစာအုပ်များမှသော်လည်းကောင်းပညာသင်ယူလေ့လာရန်ရှိနေသေးသည်ကိုကျွန်မနားလည်ခဲ
့ခြင်းသာဖြစ်ပါသည်။(အမှားပါခဲ့ပါက ကျွန်မ၏ တာဝန်သာ ဖြစ်ပါသည်။)

moonpoem

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)