မန်းလေးကို လွမ်းဆွေးခြင်း…

alinsettMarch 6, 20143min30836

 

ဟို စာရေးဆရာမရဲ ့..စာအုပ်တွေထဲက….

ကျေးဇူးတင်လွှာလို..ပြောကြည့်ဦးမယ်..

:kwi:

 

ကျနော့်ရဲ ့… မန်းလေးမြို ့ခရီးစဉ်ဆိုတာ…

အောက်ပါ မိတ်ဆွေများရဲ ့အကူအညီ

အကြံဉာဏ်များနဲ ့…ဖေးမကြင်နာမှုများ..မပါလျှင်…

မည်သိ ု့မျှ..မဖြစ်နိုင်ပါ… ။

မန်းလေးမြို ့သို ့…အသွား အပြန်…ကားလက်မှတ် စီစဉ်ပေးခဲ့သော… ချစ်သူငယ်ချင်း ချစ်မင်း

ကျနော် ့ခရီးစဉ်ကို.. ဘယ်ပြီးရင်..ဘယ်ကိုသွား..စသည်ဖြင့်.. လမ်းညွှန်ပေးခဲ့သော.. မိုးမင်းသား

ကျနော်စီးလာတဲ့ကား..မန်းလေးမြို့ထဲ..မဝင်ခင် ( မနက် 5 နာရီလောက် ) ကတည်းက…ကားဂိတ်မှာ.လာကြိုစောင့်စားပေးခဲ့သော…

ချစ်သော..လေးပေါက် …နှင့်.. ချစ်သော သဂျား…

ကျနော့်ကို လာကြိုဖို ့.. သူတို ့နှစ်ယောက်.. အဲဒီနေ့မနက်…လေးနာရီလောက်ကတည်းက..အိပ်ရာထပြီး..ထွက်လာရမှာမို ့…

အားလည်းနာ.ကျေးဇူးလည်း.တင်ရပါတယ်.. ။

လာကြိုတဲ့အပြင်…

မနက်စောစော လက်ဖက်ရည်ပါ တိုက်တဲ ့အတွက်…ရော….

လည်ဖို ့ပတ်ဖို ့ကို..ဆိုင်ကယ်တို ့.

လမ်းညွှန်တို ့…စီစဉ်..ကူညီပေးခဲ့လို ့ပါ…ကျေးဇူးတင်ပါတယ်.. ။

နေ့လည်စာ… တကူးတက..လာကျွေးခဲ့သော…ချစ်ညီလေး.. ဖရဲ….ကိုလည်း. ကျေး၊ဇူးတင်ရမှာပါ.. ။

ညနေ….

ကားဝင်းနားက… မန်းမြို့တော် ကို…မရောက်ရောက်အောင်..လက်ဆောင်တွေနဲ ့

လာတွေ ့ပေးခဲ့တဲ ့..ချစ်သော..လေးခ…ကိုလည်းကျေး၊ဇူးပါ…

အိပ်ချင်မူးတူနဲ ့… လာတွေ ့တဲ ့.. အိုစမာဗုံလာဒင်ကိုလည်း.ကျေးဇူးတင်ရမှာပါ… ။

မနက်တင်မက..ညနေပိုင်းပါ… အလုပ်ကနေ..လစ်ထွက်လာတဲ ့ သဂျားကိုလည်း..ထပ်လောင်းကျေးဇူးတင်သလို…

လေးပေါက်ရဲ ့

ညနေခင်းလာတွေ ့ဆုံပေးမှုကိုလည်း..ကျေးဇူးတင်ပါတယ်.. ။

 

မန်းလေးမြို ့ဟာ…

ကျနော် ချစ်သော..မြို ့တစ်မြို ့…ဆိုတာ.. အလွန်သေချာပါတယ်.. ။

 

ကျနော်ချစ်သော..မိတ်ဆွေတွေ.. ရှိရာ…

ကျနော် ချစ်သောမြေ…. မန္တလာ….

 

:kwi:

 

 

 

 

မနက်ခင်း.... နေရောင်ချည်တွေအောက်က...ကျောက်စာတွေ...နဲ ့....
မနက်ခင်း….
နေရောင်ချည်တွေအောက်က…ကျောက်စာတွေ…နဲ ့….

 

ဓါတ်ပုံရိုက်သူကို..ပြန်ရိုက်ခြင်း
ဓါတ်ပုံရိုက်သူကို..ပြန်ရိုက်ခြင်း

 

ရွက်ကြွေများ...နှင့်... စာသားများ...
ရွက်ကြွေများ…နှင့်… စာသားများ…

 

ကုသိုလ်တော်ဘုရားဝင်းထဲက.. ဈေးဆိုင်လေး...
ကုသိုလ်တော်ဘုရားဝင်းထဲက..
ဈေးဆိုင်လေး…

 

မန်းလေးတောင်ပေါ်က..လှမ်းမြင်ရတဲ့တစ်နေရာ...
မန်းလေးတောင်ပေါ်က..လှမ်းမြင်ရတဲ့တစ်နေရာ…

 

လှတယ်နော်..။  ရေချမ်းစင်လေး မြင်ရတာ..
လှတယ်နော်..။
ရေချမ်းစင်လေး မြင်ရတာ..

 

နန်းဒေါ်မြို ့ရိုး...နဲ ့...ကျုံးရေပြင်..
နန်းဒေါ်မြို ့ရိုး…နဲ ့…ကျုံးရေပြင်..

 

သူ..လှည့်မကြည့်ခင်လေး...
သူ..လှည့်မကြည့်ခင်လေး…

 

ဒီနေရာမှာ..ရပ်..ဘာကိုလွမ်းရမှန်းမသိလို ့...သီပေါရဲ့ဇနီးသည်ကြီးကိုပဲ..လွမ်းလိုက်တယ်...
ဒီနေရာမှာ..ရပ်..ဘာကိုလွမ်းရမှန်းမသိလို ့…သီပေါရဲ့ဇနီးသည်ကြီးကိုပဲ..လွမ်းလိုက်တယ်…

 

ယိုင်နဲ့နဲ ့....
ယိုင်နဲ့နဲ ့….

 

ဒါလည်း...ယိုင်နဲ ့နဲ ့... ဆိုတော့... ယိုင်နဲ ့နဲ ့ 2
ဒါလည်း…ယိုင်နဲ ့နဲ ့…
ဆိုတော့…
ယိုင်နဲ ့နဲ ့ 2

 

ဒါလည်း..ယိုင်နဲ ့နဲ ့... ယိုင်နဲ ့နဲ ့...3 ပေါ့ကွယ်..
ဒါလည်း..ယိုင်နဲ ့နဲ ့…
ယိုင်နဲ ့နဲ ့…3 ပေါ့ကွယ်..

 

ဒါကတော့... အယိုင်နဲ ့ဆုံး...ပဲ... ဆိုတော့... ယိုင်နဲ့ခြင်းအဓိပတိ
ဒါကတော့… အယိုင်နဲ ့ဆုံး…ပဲ…
ဆိုတော့… ယိုင်နဲ့ခြင်းအဓိပတိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

36 comments

  • ကထူးဆန်း

    March 7, 2014 at 12:50 am

    ယိုင်နဲ့ နဲ့ သုံးကတော့
    အင်း ဆိုင်ရာပိုင်ရာ ထင်ပါ့ ..
    အခြား ဘယ်ဆိုင်မှ မရှိရဘဲ သူ တစ်ဦးထဲ နေရာယူထားတာ ကြည့် ရတာ ….

    • alinsett (gazette)

      March 7, 2014 at 6:42 am

      အဟိ
      လေးလေးကထူးဆန်း မြင်တတ်တွေးတတ်ပုံ

      ဟုတ်လောက်တယ်ဗျ

      🙂

      ဒါမယ့် သူလည်း ယိုင်နဲ့နဲ့ ဆိုတော့. . .

  • kai

    March 7, 2014 at 7:05 am

    အဝါတွေများနေလို့လားမသိ.. ရုပ်တရက်ကြည့်တော့..ဟိုး…ဂွမ်တိဂွမ်တိကဓာတ်ပုံတွေ.. လိုလို.. :mrgreen:

    • alinsett (gazette)

      March 7, 2014 at 7:39 am

      မတတ်တတတ်နဲ့ ရိုက်ထားတာလေး
      🙂

      အဲဒီ ကင်မရာ ဖွတ်ချက်ဖွတ်ချက် ထဖြစ်လို့ ခက်ခက်ခဲခဲရိုက်လာရတာ

      ဖုန်းကင်မရာနဲ့ ရိုက်တာတွေပဲများတာ. . .

      🙂

  • မဟာရာဇာ အံစာတုံး

    March 7, 2014 at 8:57 am

    ဟိတ်ကောင်
    ဒီတစ်ခေါက်လည်း မစွံခဲ့သေးဘူးလား
    နင် တော်တော်ညံ့ဒါဗျဲစ် .. :mrgreenn:

    • alinsett (gazette)

      March 7, 2014 at 10:02 am

      စွံဇာလားကွ
      နာဂ မိန်းမအရှာထွက်တာမှ မဟုတ်တာ
      အလည်သွားတာဟ
      နန်းတော်ထဲနဲ့ ဥပိန်တံတားတွေဆီ
      မရောက်ဖူးလို့ သွားကြည့်ရုံသက်သက်ပဲ
      ဟဲဟဲ

      🙂

  • မမချွိ

    March 7, 2014 at 11:09 am

    မန်းလေးကို ခဏခဏသွားနေတာ…………………
    …………………………………..
    ……………………………………………
    သများကို တွေ့ရနိုး တွေ့ရ နိုးးးးးးးး သွားနေတာလားဟမ်?
    😀

    နာ့ ကို လွမ်းအောင် ဓာတ်ပုံတွေ လာပြနေတာလားးးး

    :hint:

    • alinsett (gazette)

      March 7, 2014 at 1:04 pm

      ကျနော်လည်း အခု လွမ်းနေပြီ

      မန်းလေးမှာ နေချင်တယ်

      🙂

    • ဒီ မယ် မန်း လေး ရောက် တာ တောင် သ တင် း ပေ း ေ ဖာ် မ ရ တဲ ့ တစ် မြို ့ ထဲ သား ခြင်း ကို စိတ ် ဏာ ဓယ်

      • ရွှေတိုက်စိုး

        March 10, 2014 at 9:27 am

        ဟုတ်တယ်လေးပေါက် ပြောပြော ဘယ်နှယ့်ဗျာ.. ကိုယ့်ချင်းကိုယ့်ချင်းတွေကို ဘယ်နှယ့်…

  • Mr. MarGa

    March 7, 2014 at 12:25 pm

    ဟီဟိ ပြောရရင်မကောင်းဘူး
    နာ ထတာ ငါးနာရီမှ
    ကားကွင်းကိုလာတာ ဆယ့်ငါးမိနစ်ဝန်းကျင်ပဲကြာတယ် :mrgreenn:

    • alinsett (gazette)

      March 7, 2014 at 1:03 pm

      ဘာပဲဖြစ်ဖြစ် သဂျားတို့သာ မပါရင် ကျနော့်ခရီးစဉ်က အိုးနင်းခွက်နင်းဖြစ်နေမှာ. . .

      🙂

  • kyeemite

    March 7, 2014 at 1:18 pm

    ☺♪♫♀♫☼♫☺မန်းလေးကို…မန်းလေးကို…မန်းလေးကို….လာမယ်☺♪♫♀♫☼♫☺
    ☺♪♫♀♫☼♫☺မန်းလေးက …မန်းလေးက…မန်းလေးက…ပျိုမေရယ်…
    ဒါဒုတိယတစ်ခေါက်ပေါ့လေ..

    • alinsett (gazette)

      March 7, 2014 at 3:32 pm

      ဟုတ်
      ဦးကြီး

      ဒါက ဒုတိယအခေါက် အလည်အပတ်ခရီးစဉ်

      တတိယအခေါက် ရှိဦးမယ် ။

      အဲဒီ တတိယအခေါက်က. . . .

      . . . .

      🙂

  • TNA

    March 7, 2014 at 2:16 pm

    မန်းလေးသားလုပ်မို့ ကြံနေပြီဖြစ်ပုံရတယ်။ အင်း ဒညင်းခွက်ကလေးရိုးမှရိုးရဲ့လားအေရယ်။ မန်းလေးကို ငါလဲချစ်ပါတယ်။ ဒါပေသိ နိ့ဟာက ကြော်ငြာဝင်နေဒလိုဘဲအေရယ်။ ကဲကဲ အဖြေတောင်းထားရင်လဲ မြန်မြန်ပေးလိုက်ကြပါ။ ဒေါ်ဖွားမေလားမသိဘူး :mrgreen:

    • Myo Thant

      March 7, 2014 at 2:49 pm

      ဒေါ်ဖွားမေက ဘားအံမှာ အမသဲရဲ့

      🙂

      • alinsett (gazette)

        March 7, 2014 at 3:29 pm

        ဘယ်ကလာ ဦးးမျိုးရာ
        ဒေါ်ဖွားမေက ရပ်ကွက်ထဲမှာ အကြော်စုံ ရောင်းနေတာ

        🙂

    • alinsett (gazette)

      March 7, 2014 at 3:31 pm

      တဲသီ
      ကျနော် အဖြေတောင်းထားတာက ပုန်းရေကြီးသည်ပါ။
      ဒေါ်ဖွားမေက အကြော်စုံသည်

      🙂

      • Myo Thant

        March 7, 2014 at 4:35 pm

        ပုန်းရည်ကြီးသည်ဆိုတော့ နာသိသွားပြီ

        အောင်ဘာဇီ 🙂

        • alinsett (gazette)

          March 7, 2014 at 5:28 pm

          မန်းလေးမှာ ပုန်းရေဂျီးသည် တစ်ယောက်မက ရှိပါတယ် ဦးမျို့ရ
          🙂

  • Crystalline

    March 7, 2014 at 3:24 pm

    မန်းလေးကို ဖြတ်သွားဖြတ်လာခဏခဏရာက်ဖူးပေမယ့်… မန်းလေးတောင်ပေါ်တက်ဖူးချင်ပေမယ့် တခါမှ သွားခွင့်မကြုံသေးပါ.. အခုတခါသွားဖြစ်ရင်တော့ မန်းလေးတောင်နဲ့ ဒေါင်းလန်းကြီးသို့ရောက်အောင် သွားပါမည်.. အလင်းဆက်ကဲ့သို့ မန်းလေးကိုတော့မချစ်ပါ.. :mrgreenn:

    • alinsett (gazette)

      March 7, 2014 at 3:27 pm

      အဟိ

      ကျနော် လို မန်းလေးကို မချစ်ဘူးဆိုတော့. . .
      ရိုးရိုးပဲ ချစ်တာပေါ့နော်

      :kwi:

    • ရွှေတိုက်စိုး

      March 8, 2014 at 9:09 am

      အော်မန်းလေးကို မချစ်ဘူးဆိုတော့ မန်းလေးသားလေးဆိုရင်တော့ ချစ်မယ်ပေါ့… ခိခိခိ.. ခုခိခုခိ

  • ရွှေတိုက်စိုး

    March 8, 2014 at 9:08 am

    အော် အဆက်ကလေး သွားလည်တာလား.. အသံစစ်တဲ့ အိမ်မက်ဆုံရာက လူဒွေနဲ.မတွေ.ခဲ့ဘူးလား..
    ဟိဟိဟိ..
    သင်္ကြန်မန်းလေးပြန်မယ်.. လိုက်ခဲ့လေ..

    • alinsett (gazette)

      March 8, 2014 at 11:25 am

      အဆက်ကလေး လို့ ခေါ်တာမြင်တော့ လန့်လိုက်တာ တိုက်တိုက်ရာ
      🙂
      ဒါနဲ့ အခုရေးလက်စ ကျနော့် ဝစ်ထုတစ်ပုဒ်ထဲမှာ တိုက်တိုက်လည်း ပါတယ်နော်
      ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် pp ပြင်ပြင်ဂျီးး ပါတယ်
      ဟီဟိ

      😆

      • ရွှေတိုက်စိုး

        March 8, 2014 at 11:51 am

        ဟေ ဂယ်လား.. ဒါဆို စောင့်ဖတ်ရမှာပေါ့နော်.. ပြီးရင်လက်တို.အုံးနော်.. အဆက်လေး..ဟေးဟေးဟေး

        • alinsett (gazette)

          March 8, 2014 at 1:02 pm

          ဂယ်ဘာကွယ် အတိုက်ခလေးရယ်
          🙂

          လာမယ် လာမယ်
          ဟဲဟဲ

  • အ ဝေး ရောက် မန်း လေး သူ မန်းလေးသား များ ကို ကျုပ် က မချစ် ပါ။
    မလာ ခင် သာ လာ မယ် ပြော ပြီး
    တ ကယ် လာ တော့ ပြန်သွား မှာ သာ သိ လိုက် ရ တဲ့ သူ တွေ များ လွန်း လို့

    • မမချွိ

      March 9, 2014 at 4:44 pm

      လေးပေါက်ရယ်။
      ကျနော့ ပြန်ချိန် အချိန်ဇယားကို သိရင် မျက်ရည်ဘူးသီးလုံးလောက် ကျသွားနိုင်တယ်။
      အချိန်က ကြိုကြိုတင်တင်စီစဉ်ထားတာမရှိရင် ချက် ချင်းးးးဘယ်လိုမှ ကြားဖြတ်စီစဉ်လို့မရလို့ပါ၊
      မြန်မာပြည်မှာ ကျနော့ကိုယ် ကျနော် မပိုင်တော့ဘူးးး
      😥

    • ရွှေတိုက်စိုး

      March 10, 2014 at 9:30 am

      တားမပါဘူးနော် လေးပေါက် လာတိုင်းဖုန်းဆက် လက်ဖက်ရည်တိုက်ခိုင်းတာ.. တားလေ.. နော်နော့.. ဟိဟိ..
      တားကိုတော့ ချစ်ပါနော်.. နော်ကြာ ဖတ်စရာစာအုပ်လေးတွေ မရှိပဲနေတော့မယ်..ဟိဟိဟိ

  • padonmar

    March 10, 2014 at 1:02 am

    ဒါ့ပုံတွေ လှပါ့အေ။
    လူပုံမပါလို့ထင်ပါ့။

  • အဟမ်း..အဟမ်း.. သွားလည်းသွားနိုင်လွန်းတဲ့ မန်းတလေး..
    အဖြေပေးမှာဖြင့်လည်း ပေးလိုက်ကြအေ.. မပေးသေးဘူးဆိုရင်လည်း ပြော.. ရန်ကုန်.. မန်းလေး ကားဆွဲမလို့.. :mrgreen:

Leave a Reply