အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၉ ( At Sea ) ။

Foreign ResidentMarch 7, 201414min22912

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၉ ( At Sea ) ။

၁၃ – ၁၂ – ၂၀၁၃ ။

Galley Tour ပြီး ၊ နေ့လည်စာ စားပြီးတဲ့ အခါကျတော့ ၊

အခန်းထဲကို ပြန်ပြီး ခဏ အနားယူကြပါတယ် ။

နေ့လည် ၂ / ၃ နာရီလောက်ကျတော့ ၊ ပျင်းလာတာနှင့် ၊

သင်္ဘော တစ်စီးလုံးကို လှည့်ပါတ် လျှောက်ကြည့်မိပါတယ် ။

သင်္ဘောပေါ်မှာတော့ ၊ နေရာအနှံ့မှာ ၊

အရက် ၊ စီးကရက် ၊ အိတ် ၊ နာရီ ၊ လက်ဝတ်ရတနာ အစ ရှိသဖြင့် ၊

ဆိုင်ကြီးပေါင်း မြောက်များစွာ ရှိနေပါတယ် ။

ဇိမ်ခံ သင်္ဘောပေါ်မှာ ရောင်းတာမို့လို့ ဈေးတင်ထားမယ် ထင်မိပေမယ့် ၊

တကယ်က ၊ သူတို့ က အကောက်ခွန် Custom Duty Free မို့လို့ ၊

အကြမ်ဖျင်း ၊ ကုန်းပေါ်ကဈေးထက်တောင် နဲနဲ သက်သာသလိုပါဘဲ ။

9 အရက် ၊ စီးကရက် ၊ အိတ် ၊ နာရီ ၊ လက်ဝတ်ရတနာ အစ ရှိသဖြင့် ၊ ဆိုင်ကြီးပေါင်း မြောက်များစွာ ရှိနေပါတယ် 1 ။

9 အရက် ၊ စီးကရက် ၊ အိတ် ၊ နာရီ ၊ လက်ဝတ်ရတနာ အစ ရှိသဖြင့် ၊ ဆိုင်ကြီးပေါင်း မြောက်များစွာ ရှိနေပါတယ် 2 ။

9 အရက် ၊ စီးကရက် ၊ အိတ် ၊ နာရီ ၊ လက်ဝတ်ရတနာ အစ ရှိသဖြင့် ၊ ဆိုင်ကြီးပေါင်း မြောက်များစွာ ရှိနေပါတယ် 3 ။

ထူးခြားတာ တစ်ခုကတော့ ၊ သင်္ဘောပေါ်က ၊ နေရာအနှံ့မှာ ၊

ပန်းချီ ပန်းပု အနုလက်ရာ အလှအပ မျိုးစုံ နှင့် အလှ ဆင်ယင်ထားပြီး ၊

အဲဒီ အနု လက်ရာ ပစ္စည်းတွေကို ၊ ဝယ်လိုရင်လည်း ရောင်းပါတယ် ။

9 သင်္ဘော နေရာအနှံ့မှာ ၊ ပန်းချီ ပန်းပု အနုလက်ရာ အလှအပ မျိုးစုံ နှင့် အလှ ဆင်ယင်ထားပြီး ၊ အဲဒီ အနု လက်ရာ ပစ္စည်းတွေကို ၊ ဝယ်လိုရင်လည်း ရောင်းပါတယ် 1 ။

9 သင်္ဘော နေရာအနှံ့မှာ ၊ ပန်းချီ ပန်းပု အနုလက်ရာ အလှအပ မျိုးစုံ နှင့် အလှ ဆင်ယင်ထားပြီး ၊ အဲဒီ အနု လက်ရာ ပစ္စည်းတွေကို ၊ ဝယ်လိုရင်လည်း ရောင်းပါတယ် 2 ။

အဲဒီထဲက ပန်းချီ ဆိုင်တစ်ခုမှာဆိုရင် ၊ သူတို့ရဲ ပန်းချီကားတွေကို ၊

Auction လေလံ ပစ်တဲ့ပွဲ ကျင်းပနေတာတောင် တွေ့ခဲ့ရပါတယ် ။

9 ပန်းချီ ဆိုင်တစ်ခုမှာ ၊ သူတို့ရဲ ပန်းချီကားတွေကို ၊ Auction လေလံ ပစ်တဲ့ပွဲ 1 ။

9 ပန်းချီ ဆိုင်တစ်ခုမှာ ၊ သူတို့ရဲ ပန်းချီကားတွေကို ၊ Auction လေလံ ပစ်တဲ့ပွဲ 1 ။
9 ပန်းချီ ဆိုင်တစ်ခုမှာ ၊ သူတို့ရဲ ပန်းချီကားတွေကို ၊ Auction လေလံ ပစ်တဲ့ပွဲ 1 ။

9 ပန်းချီ ဆိုင်တစ်ခုမှာ ၊ သူတို့ရဲ ပန်းချီကားတွေကို ၊ Auction လေလံ ပစ်တဲ့ပွဲ 2 ။

9 ပန်းချီ ဆိုင်တစ်ခုမှာ ၊ သူတို့ရဲ ပန်းချီကားတွေကို ၊ Auction လေလံ ပစ်တဲ့ပွဲ 2 ။
9 ပန်းချီ ဆိုင်တစ်ခုမှာ ၊ သူတို့ရဲ ပန်းချီကားတွေကို ၊ Auction လေလံ ပစ်တဲ့ပွဲ 2 ။

ညနေပိုင်းမှာတော့ ၊ Fitness Centre / Gym မှာ လုပ်တဲ့ ၊

Health & Wellness Seminar ; Secrets to a flatter stomach ကို ၊

သွားနားထောင်ခဲ့ပါတယ် ။

အဲဒီမှာ Nutritionist နှင့် Body Trainer တွေ ဟောတာကတော့ ၊

ခန္ဓာကိုယ် ဝိတ်ကျဖို့ / ဗိုက်ချပ်သွားဖို့က ၊ အများထင်သလို ၊

အချက်ကြီး ၂ ချက် မဟုတ်ဘဲ ၊ အချက်ကြီး ၃ ချက် ရှိပါတယ် တဲ့ ။

၁ ။ Exercise ( ကိုယ်လက် လှုပ်ရှားမှု / လေ့ကျင့်ခဏ်း )

၂ ။ Nutrition ( အစား အသောက် ဆေးဝါး သုံးစွဲမှု ပုံစံ )

၃ ။ Detoxification ( ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ကင်းစင်မှု )

ဟဲ ဟဲ ၊ ပထမ နှစ်ချက် Exercise & Nutrition အကြောင်း ရှင်းပြပြီးလို့ ၊

နောက်ဆုံး Detoxification အဆိပ်အတောက် ချရေးလည်း ရောက်ရော ၊

သူတို့ ရဲ့ ဆေးတွေ နှင့် Therapy ကို promotion လုပ်တော့တာပါဘဲ ။

အဘ တို့လဲ အဲဒီ Seminar နားထောင် ပြီးတာနှင့် ၊

အဲဒီ Fitness Centre / Gym မှာ တစ်ခါတည်း Exercise ဝင်လုပ်တော့တာပါဘဲ ။

Gym ထဲမှာ ကတော့ Exercise Machine တွေ ၊

အမျိုးအစားပေါင်း များစွာ အရည်အတွက် များစွာ စုံနေတာပါဘဲကွယ် ။

9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 1 ။

9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 1 ။
9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 1 ။

9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 2 ။

9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 2 ။
9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 2 ။

9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 3 ။

9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 3 ။
9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 3 ။

9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 4 ။

9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 4 ။
9 Gym ထဲမှာ Exercise Machine တွေ ၊ အမျိုးအစားပေါင်း များစွာ စုံနေတာပါဘဲကွယ် 4 ။

ဟဲ ဟဲ ၊ အဘ Gym မှာ ကစားတယ် ဆိုလို့ သိပ်အထင်ကြီးမသွားပါနှင့် ။

အဲဒီလောက် ရှုပ်ရှက်ခတ်နေတဲ့ Machine တွေ အဘ မကစားတတ်ပါဘူး ။

အဘ ကစားတယ်ဆိုတာ Tread Mail ပေါ်မှာ ပြေးတာကို ပြောတာရယ်ပါ ။

အဘ လဲ Tread Mail ပေါ်မှာ ၊ အဘ စိတ်တိုင်းကျ ၆ ပါတ် ပြည့်အောင် ၊ ဟီ ဟိ ၊

( အဲ ၊ ဘောလုံး အားကစားကွင်း ၆ ပါတ်စာ ပြည့်အောင် ပြေးတာကို ပြောတာ )

ပြေးပြီးတဲ့ အခါမှာ ၊ ပြေးတာ နာရီဝက်လဲ ကျော်လာပြီး ၊

လူလဲ မောလာ ချွေးထွက်လာ ပြီမို့ နားလိုက်ပါတော့တယ် ။

9 Tread Mail ပေါ်မှာ ၊ အဘ စိတ်တိုင်းကျ ၆ ပါတ် ပြည့်အောင် ၊ ပြေးပြီးတဲ့ အခါမှာ ။

9 Tread Mail ပေါ်မှာ ၊ အဘ စိတ်တိုင်းကျ ၆ ပါတ် ပြည့်အောင် ၊ ပြေးပြီးတဲ့ အခါမှာ ။
9 Tread Mail ပေါ်မှာ ၊ အဘ စိတ်တိုင်းကျ ၆ ပါတ် ပြည့်အောင် ၊ ပြေးပြီးတဲ့ အခါမှာ ။

Gym မှာ ကစားပြီးတော့ အခန်းပြန် ရေမိုးချိုး ပြီး ၊

အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ရပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ဟာ Formal Dress ဝတ်ရမယ့် ည ဖြစ်ယုံတင်မက ၊

Grand Epernay Specialty Restaurant မှာ ညစာစားဖို့ Booking လုပ်ထားလို့ပါ ။

Shirt လက်ရှည် ၊ Formal ဘောင်းဘီရှည် ၊ Leather Shoes စီးသွားပါတယ် ။

နက်ခ်တိုင် နှင့် ကုတ် တော့ မလိုလောက်ဘူးဆိုပြီး ဝတ်မသွားလိုက်မိဘူးကွယ် ။

အဟင့် ၊ အဲဒီမှာ ဒုက္ခရောက်တော့တာပါဘဲ ၊ Restaurant လဲရောက်ရော ၊

လူတိုင်း လောက်နီးနီးက နက်ခ်တိုင် နှင့် ကုတ် အပြည့်အစုံ ဝတ်လာတာ တွေ့ရတယ် ။

Restaurant အဝမှာ စာရင်းသွင်းတဲ့သူကော ၊ အဘတို့ စားပွဲကိုကိုင်တဲ့ Waiter ပါ ၊

သတိပြုမိပုံရပါတယ် ။ ဘာမှတော့ မပြောရှာပါဘူး ။

ဘာပဲပြောပြော ရှက်စရာကြီး ၊ နောက်တစ်ခါ ဆင်ခြင်စရာပေါ့ ။

9 Grand Eperny ( Buffet ) Dining Room ထဲက ဝိုင် ပုလင်း ထားတဲ့ Wine Celler ။

9 Grand Eperny ( Buffet ) Dining Room ထဲက ဝိုင် ပုလင်း ထားတဲ့ Wine Celler ။
9 Grand Eperny ( Buffet ) Dining Room ထဲက ဝိုင် ပုလင်း ထားတဲ့ Wine Celler ။

9 အဘ မဟေသီ ကတော့ အနက်နှင့် ဆိုတော့ Formal Dress ပေါ့ ။

9 အဘ မဟေသီ ကတော့ အနက်နှင့် ဆိုတော့ Formal Dress ပေါ့ ။
9 အဘ မဟေသီ ကတော့ အနက်နှင့် ဆိုတော့ Formal Dress ပေါ့ ။

ညစာ စားပွဲ မှာ ထူးခြားတာလေး တစ်ခုက ၊ သူတို့ Menu ထဲမှာ ၊

Appetizer ဟင်းပွဲငယ် ဖားပေါင် ကြော် ဆိုလို့ ၊ အထူးအဆန်း မှာလိုက်တာ ။

သူတို့ ဖားပေါင် ကလည်း မြန်မာပြည် က ကြက်ပေါင်လောက် ရှိသကွယ် ။

9 သူတို့ ဖားပေါင် ကလည်း မြန်မာပြည် က ကြက်ပေါင်လောက် ရှိသကွယ် ။

9 သူတို့ ဖားပေါင် ကလည်း မြန်မာပြည် က ကြက်ပေါင်လောက် ရှိသကွယ် ။
9 သူတို့ ဖားပေါင် ကလည်း မြန်မာပြည် က ကြက်ပေါင်လောက် ရှိသကွယ် ။

အဲဒီ ညစာ စားပွဲ အပြီးမှာတော့ ၊ ည ၈ နာရီခွဲ ခါနီးပြီမို့ ၊

Solstice Theatre – 4 မှာလုပ်တဲ့ ၊ ” Captain’s Gala Toast ” ဆိုတဲ့ ၊

သင်္ဘော ကပ္ပတိန် က သူ့ရဲ့ အကြီးတန်း အရာရှိတွေနှင့် မိတ်ဆက်ပေးပွဲ ကိုသွားပါတယ် ။

အဲဒီမှာ သင်္ဘော ကပ္ပတိန် နှင့် အရာရှိကြီးတွေက ၊

ပွဲလာ ပရိတ်သတ် ကို ရှန်ပိန် နှင့် ဧည့်ခံ ကြိုဆိုပြီး ၊

သင်္ဘော ကပ္ပတိန် က စင်မြင့် Stage ပေါ်ကိုတက်ပြီး ၊

သူ့ရဲ့ အကြီးတန်း အရာရှိတွေနှင့် တစ်ဦးစီ မိတ်ဆက်ပေးပါတယ် ။

9 သင်္ဘော ကပ္ပတိန် က သူ့ရဲ့ အကြီးတန်း အရာရှိတွေနှင့် တစ်ဦးစီ မိတ်ဆက်ပေးပါတယ် ။

9 သင်္ဘော ကပ္ပတိန် က သူ့ရဲ့ အကြီးတန်း အရာရှိတွေနှင့် တစ်ဦးစီ မိတ်ဆက်ပေးပါတယ် ။
9 သင်္ဘော ကပ္ပတိန် က သူ့ရဲ့ အကြီးတန်း အရာရှိတွေနှင့် တစ်ဦးစီ မိတ်ဆက်ပေးပါတယ် ။

သူတို့ သင်္ဘောပေါ်မှာ စဉ်ထားတဲ့ ရာထူး အစဉ် အလိုက် ပြောရရင် ၊

Master ( ကပ္ပတိန် ) ၊ Staff Captain ၊ Chief Engineer ၊

Hotel Director ၊ Cruise Director ၊ Chief House Keeper ၊ F & B Manager ၊

Executive Chef ၊ Guest Relation Manager ၊ Human Resource Manager ၊

အဲဒီလို ရာထူး ကြီးငယ် အစဉ်လိုက် ပါ ။

အ ဟဲ ဟဲ ၊ အဲဒီမှာ ၊ မနက်တုန်းက Galley Tour မှာတုန်းက တွေ့ခဲ့တဲ့ ၊

အဘ တို့ရဲ့ F & B Manager, Mr. Martin Fowler က သေချာမှာထားပါတယ် ။

သူ့အလှည့် မိတ်ဆက်ပေးတဲ့ အခါ ၊ သူ့ကို သဘောကျ ကြောင်းပြတဲ့အနေနှင့် ၊

လက်ခုပ်ကို အကျယ်ဆုံး အားရပါးရ တီးပေးကြဖို့ပါ ။

အဲဒီတော့ကာ ၊ အဘတို့ကလည်း ၊ ဘာရမလဲ ၊

လက်ခုပ်ကို အကျယ်ဆုံး အားရပါးရ တီးရုံတင် မကဘဲ ၊

တစ်ချို့များဆို လက်ခေါက်တွေပါ ဝိုင်းမှုတ်ပေးလိုက်ကြတာ ၊

Theatre တစ်ခုလုံး ဝက်ဝက်ကွဲအောင် ကျယ်လောင်သွားပါတယ် ။

9 အဘ တို့ရဲ့ F & B Manager, Mr. Martin Fowler ။

9 အဘ တို့ရဲ့ F & B Manager, Mr. Martin Fowler ။
9 အဘ တို့ရဲ့ F & B Manager, Mr. Martin Fowler ။

ကပ္ပတိန် လည်း လန့်ပြီး ၊ ပရိတ်သတ်ကို တစ်ချက် လှည့်ကြည့်ပြီး ၊

Mr. Fowler ကို နင်နော် နင်နော် ဆိုတဲ့ပုံစံ လက်ညိုးထောင်ပြပါတယ် ။

( ကပ္ပတိန် လုပ်စားနေတာ အံခွနေပြီ ၊ နင့် လုပ်ပုံ ငါသိတယ်နော် ပေါ့ )

အဲဒီ မိတ်ဆက်ပွဲ အပြီးမှာတော့ ၊ ” Ghost Light ” အဖွဲ့ရဲ့ ၊

” The Spirit of Broadway ” ဖျော်ဖြေမှု ကို ၊ ဆက်ကြည့်ပြီး ၊

ဒီတစ်နေ့တာကိုတော့ အဆုံးသတ်လိုက်ကြပါတော့တယ် ။

P.S.  ရွာသူား ဓါတ်ပုံဆရာတို့ရေ ၊

အဘ ၊ ညပိုင်းမှာ အဲလို လူတွေကို မီးတွေနှင့်လည်း ဝိုင်းထိုးထား ၊

လူတွေကလည်း လှုပ်ရှား ကပြနေတဲ့ ပုံတွေကို ရိုက်ရတာ အဆင်မပြေဖူးရယ် ။

အဘ ရဲ့ Nikon / D 5100 ကင်မရာ ကို ၊ ဘယ်လို Setting  နှင့် ၊

ရိုက်ရင် အဆင်ပြေမယ် ဆိုတာ နဲနဲ အကြံပေးကြပါဦးကွယ် ။

တော်သေးဘီ ။

အဘ ဖေါ ( F R ) ။

9 Ghost Light  အဖွဲ့ရဲ့ ၊The Spirit of Broadway ဖျော်ဖြေမှု 1 ။

9 Ghost Light  အဖွဲ့ရဲ့ ၊The Spirit of Broadway ဖျော်ဖြေမှု 1 ။
9 Ghost Light အဖွဲ့ရဲ့ ၊The Spirit of Broadway ဖျော်ဖြေမှု 1 ။

9 Ghost Light  အဖွဲ့ရဲ့ ၊The Spirit of Broadway ဖျော်ဖြေမှု 2 ။

9 Ghost Light  အဖွဲ့ရဲ့ ၊The Spirit of Broadway ဖျော်ဖြေမှု 2 ။
9 Ghost Light အဖွဲ့ရဲ့ ၊The Spirit of Broadway ဖျော်ဖြေမှု 2 ။

9 Ghost Light  အဖွဲ့ရဲ့ ၊The Spirit of Broadway ဖျော်ဖြေမှု 3 ။

9 Ghost Light  အဖွဲ့ရဲ့ ၊The Spirit of Broadway ဖျော်ဖြေမှု 3 ။
9 Ghost Light အဖွဲ့ရဲ့ ၊The Spirit of Broadway ဖျော်ဖြေမှု 3 ။

12 comments

  • ဦးကျောက်ခဲ

    March 7, 2014 at 9:47 am

    ကျောက်စ် ရုံးခန်းကနေ လှမ်းမျှော်ကြည့်လိုက်ရင် ဟောင်ကောင် Cruise Terminal မို့…
    အဲသည့် သင်္ဘောကြီးတွေကို စိတ်ဝင်စားလို့ အားရပါးရငေးပြီး ဓာတ်သေရိုက်မိပါကြောင်း…
    2005 Persian Gulf Seabed Survey ပြီးထဲက သင်္ဘောစီးဖို့ လက်လန်သွားပါကြောင်း…
    😀

  • မမချွိ

    March 7, 2014 at 11:15 am

    ဒါ ဒါ တကယ်ပဲ သင်္ဘောကြီးပေါ်မှာပေါ့နော်။

    ဒီတောက်(စ) လုပ်တာမြန်းးး ကိုယ့် နည်း ကိုယ့်ဟန် ရှိပါ့။
    အစက ဈေးကြီးပေးပြီး လုပ်ဖူးတယ်။
    ပြီးတော့ ပြန် အတိုးချစားတာနဲ့ မကာမိပါဘူး ဘဖောရယ်။

    Tread Mail ပေါ်မှာ နာရီဝက် ပြေးနိုင်တယ်ဆိုတော့ ဘဖော လေးစားတယ်။
    ဟီးးး
    ကျနော်က စက်ဘီး ၁ဝ မိနစ်စီးပြီး မူးလဲလို့ ဂျင် ကို ဝေါင်ဝေါင်ရှေးတာ ခုထိ။

    😀

    • ဦးကျောက်ခဲ

      March 7, 2014 at 12:00 pm

      ဂယ်ကြီးလားဟင်… ဂျင်များ ရှောင်စရာမှတ်လို့…
      သံပုရာသီး တော်နစ်ဝါးတား သကာရည် ဆားလေးနဲ့ဆို… ဂေ့
      😀

      • မမချွိ

        March 7, 2014 at 12:07 pm

        အဲဒီ ဂျင်ကို ဟုတ်ဖူးလေ။
        လေ့ကျင်ခန်းလုပ်တဲ့ ဂျင်ရယ်
        လည်တဲ့ ဂျင်ရယ်ပဲရှောင်တယ်။ :mrgreenn:

        ဖရူ့ပန့်(ချ) က အဲလာနဲ့မှ ကောင်းတာဆိုလားလို့

        😀

  • Mr. MarGa

    March 7, 2014 at 12:42 pm

    အင်း…ဘဖောရေ..
    မသိရင် သင်္ဘောပေါ်လို့တောင် ထင်စရာမရှိပါလား…
    ဘယ်မြို့ကို ရောက်နေပါလိမ့် လို့တောင် တွေးချင်စရာ..

  • kyeemite

    March 7, 2014 at 1:47 pm

    ကောင်းပါလေ့ဗျာ…
    ဒါနဲ့ ဒင်နာကအစောကြီးနော..အပြငါမှာတော်တော်လင်းနေသေးတာတွေ့လို့…
    အားကစားပစ္စည်းတွေတော့သဘောကျသဗျာ…
    ( ကပ္ပတိန် လုပ်စားနေတာ အံခွနေပြီ ၊ နင့် လုပ်ပုံ ငါသိတယ်နော် ပေါ့ )….ကိုဖေါလိုပေါ့..ဟီဟိ 😀

  • Ma Ma

    March 7, 2014 at 4:50 pm

    ကိုဖောရဲ့ ခရီးသွားပိုစ့်တွေဖတ်ပြီး ဈေးဆိုင်တည်ထားတာရော၊ လေလံပစ်နေတာတွေရောတွေ့တော့ လုပ်စားတတ်ပါပေတယ်လို့ သဘောင်္လိုင်းကို ချီးကျူးမိတယ်။
    ဈေးဆိုင်တွေစုံပြီး ဈေးသက်သာတယ်ဆိုတော့ အဝတ်အစား နဲ့ စားစရာတွေ ယူမသွားပဲ ဝယ်ဝတ်ဝယ်စားမယ်ဆိုရင် ဝန်ထုပ်ဝန်ပိုးနဲ့ ခရီးသွားစရာမလိုတော့ဘူး။ 🙂

  • မဟာရာဇာ အံစာတုံး

    March 7, 2014 at 5:01 pm

    စုံစီနဖာ
    သင်္ဘောကြီးပေါ်မှာပေါ့နော် ..
    အားကျပါဘိ အဘရယ် …
    ဒါ့ထက် …
    ဖားပေါင်ကြော် ဖြစ်သွားတဲ့ ဖားကြီးကို ကြည့်ချင်မိသား …
    ဘယ်လောက်တောင် ကြီးလိုက်မလဲ မသိ ..
    စကားမစပ် …
    အဘ က ဘာလုပ်လုပ် ၆ ပါတ်ပြည့်အောင် လုပ်ထါလားငင်င် .. :mrgreenn:

  • padonmar

    March 8, 2014 at 1:28 am

    ပျော်စရာကြီးနော။ပိုက်ပိုက်ပဲလိုသည်။
    စကားအတင်းစပ်
    ဘဖေါကို ဟိုတခါ Multiple adapter လေး ဒီမှာ ဝယ်လို့ရတယ်လို့ ပြောမိတာ မရနိုင်ကြောင်း အရင်ပို့စ်မရှာတတ်တော့လို့ ဒီမှာ ဝန်ခံသွားပါတယ်။

  • mgpoe zar

    March 8, 2014 at 8:47 am

    ကွင်း 6 ပတ်ပြည့်အောင် ပြေးနိုင်တယ်ဆိုတော့…
    မအိုသေးကြောင်း သက်သေပြတာပေါ့။
    မလကီးယားကြောင်ကြီးတို့ဆို လူသာငယ်တာ
    ဒူးချောင်ပြီး တစ်ပတ်တောင်ပြေးနိုင်မယ်မထင်။
    ghost light အဖွဲ့ ဘယ်ဘက်အစွန်ဆုံးက အကမယ်လေးနဲ့များ
    မောင်မောင်ဇာဒွန့်လိုက်လို့ကတော့ ဘေးနားက ပြောင်ကြီးတွေ
    မျက်ရည်နဲ့မျက်ခွက်ဖြစ်နေမှာ သေချာပဲ။ :mrgreen:

  • Crystalline

    March 8, 2014 at 1:23 pm

    အဲဒီသင်္ဘောပေါ်မယ်.. အရက်သောက်ရင် သွေးဆိုးသူတွေဘာတွေပါဘူးလားမသိ :mrgreenn: တချို့ ပိုက်ဆံရှိပြီး… စရိုက်ကျသူတွေတွေ့ဖူးလို့ပါ… :))

Leave a Reply