လိပ်ပြာလေလား …

ムラカミMarch 7, 20144min28914

ဝန်ခံရရင် ကျနော်ကိုယ်တိုင်က လိပ်ပြာပုံရိုက်ရတာ နှစ်သက်လို့..

လွန်ခဲ့တဲ့ ၂နှစ်က လိပ်ပြာ macro အကြောင်း ရေးထားတဲ့ ဘုတ်အုတ် ထူကြီး ရှာဖတ်ဖူးတယ်..

 

စာရေးသူဆြာသမားက အစကတည်းက ယဉ်သကို ဆိုသလို စတာနဲ့ ဖြဲတော့တာပဲ..

Moths (ပိုးဖလံ) နဲ့ Butterflies (လိပ်ပြာ) ဘယ်လိုတွေ ကွာခြားတယ် ဆိုတဲ့အကြောင်း ကို…

အဲ့သည့်မှာ ပဲ မျက်လုံး ပြူးရတော့သကိုးဗျာ…။

http://www.loc.gov/rr/scitech/mysteries/butterflymoth.html

အဲ့သည့်မှာ အကျဉ်း သွားဖတ် နိုင်ပါသဗျ..

 

ကျနော့် အနေနဲ့က အတောင် ၄ခုရှိပြီး အဆင်အကွက်လှလို့ အရောင်အသွေးကြည့်ပျော်ရှုပျော်ဖြစ်ရင်
လိပ်ပြာ မှတ်နေတာကိုး … မဟုတ်ဘူးဗျ….။

 

အဲ့ဒါလေးတွေ မြင်လွယ်သမျှ ပြောပြရရင်ဖြင့်…

 

450px-Pupa3-cropped
moth က ဟောသလို ဥပီး
456px-Monarch_Butterfly_Cocoon_3
လိပ်ပြာကတော့ ဂလို ဥပါသတဲ့

 

ဆက်ဆွဲမယ်ခည…

 

800px-Female_emperor_gum_moth
Moth က ဂလို နားလေ့ရှိပြီး

 

631px-Beautiful_butterfly_2-cutout
လိပ်ပြာက ဒီလို နားလေ့ရှိပါသတဲ့

တခုတော့ ရှိသပေါ့ဗျာ … အနှီ အကောင်လေးတွေ နားတဲ့အချိန်ဆိုတာ … သိုင်းကားထဲကသွေးကြောပိတ်ခံထိသလို တောင့်တောင့်ကြီး

ဖြစ်နေလေ့ရှိတာမဟုတ် တောင်ပံခတ် နေသေးတာ ဆိုတော့ကာ … ကားပီးနားလေ့ရှိတဲ့ကောင်ကိုလည်း ထောင်ေ်နတုန်း ရိုက်မိတာ ရှိနိုင်သလို

ထောင်လေ့ရှိတဲ့ကောင်ကိုလည်း ကားနေတုန်း ရိုက်ဖြစ်မိမှာလည်း ရှိမပေါ့လေ…

http://en.wikipedia.org/wiki/Comparison_of_butterflies_and_moths

အဲ့သည့်မှာ အကျယ် သွားဖတ်နိုင်ပါသဗျာ…

ကျနော်ကတော့ စာတမ်းပြုစုမှာလည်း မဟုတ်သလို ..လိပ်ပြာ သက်သက်လည်း ရိုက်ဖို့ စိတ်ကူးမရှိတာကြောင့်..

(တကယ် ရိုက် ချင်တာက စိုင်….. တင်လိုက်ရမား ..ဟင်င်င်င်င်င်)

 

ထားပါလေ..

အဲ့သည်မှာတင် သင်ခန်းစာတွေ တပုံကြီးရပြီး အနှီ ဘုတ်အုတ်ရဲ့ နောက်ပိုင်း ချက်ပတာတွေကို

ခေါင်းစဉ်ဖတ် ပုံကြည့် ပဲ လုပ်ခဲ့မိတော့တယ်..။

ကြုံလို့ ပြောပြရရင် အဲ့သည့်မှာလည်း ကျုပ်တို့ဆီက တော်ရုံ လိပ်ပြာရိုက် ဓါတ်ဆြာ လိုက်မလုပ်နိုင်တာတွေ လုပ်ပြသွားခဲ့သေးသဗျ..။

လိပ်ပြာတကောင်ရဲ့ သိပ္ပံနာမည် ကျင်လည်ကြက်စားရာဒေသ .. မိတ်လိုက်ရာသီ အမူအကျင့် မျိုးရင်း မျိုးကွဲ… စသည် စသည်..

ပေါ့သေးသေးမဟုတ်တဲ့ ဒေါက်ထွိတ် အဆင့်ရှိ လိပ်ပြာအထူးပြု entomologist တယောက်လောက်ကို လေ့လာထားတာပါပဲ..

သူ့ subject အကြောင်း ဂလောက်နောကျေမှတော့ဗျာ …သူသုံးတဲ့ ပစ္စည်း ပစ္စယ .. တက္ကနီကွေး မတ်သတ်.. မာယာ ..

ဇွဲ.. လုံ့လ နဲ့ …ဇောစိတ် အကြောင်း (မားသားယီးကတော့ အဲ့တာ မကောင်းတဲ့ ဈာန်တွေ ဝင်စားတာတဲ့ …. အဟွတ်)

ပြောဖို့ ကို မလိုတော့ဘူးထင်ပါ့….

ကျနော်တို့ နဲ့ သူရို့နဲ့ အလုပ်တခု လုပ်ရင် ဘာကွာသလဲ ဆိုတာ ခဲ့သည့်မှာ အထူကြီး သိခဲ့ရတယ်ဗျာ…

ခုလည်း ငါးပြန်မွေးနေလို့ … သင်ခန်းစာ (အကုသိုလ်)တွေ တပုံကြီး ရနေကြောင်းရယ်… စကားချပ်)

ထားပါတော့ဗျာ…. သူ့စာအုပ်အကြောင်း ..နဲ့ အကုသိုလ်အကြောင်း။
ကျနော် ရိုက်ခဲ့သမျှက moths လား butterflies လားဆိုတာကတော့ …..။

.
.
.

 

IMG_0724
IMG_0705

IMG_0699

IMG_0692

IMG_0687

IMG_0663

IMG_0651

 

 

P.S ဆယ်ပြားစေ့ လောက် ရှိတဲ့ အကောင်လေးတွေနဲ့ … ချစ်လှစွာသော ပုစဉ်းရင်ကွဲများ ကို ဖြတ်တောက်နေတုန်းမို့ ချန်ထားခဲ့ပါသေးသည်…

တော်သေးဘီ

ခင်တဲ့

 

 

 

14 comments

  • kyeemite

    March 7, 2014 at 11:49 am

    ဒါဆို ကိုရင်ဂီ ခုရိုက်ခဲ့တာ လိပ်ပြာချည်းပေါ့….Moth ကတော့ ကျုပ်တို့ခေါ်ခေါ်နေတဲ့ ဆင်လိပ်ပြာပဲ(အတောင်ဖျားမှာ မွေခေါင်းပုံနဲ့တော်တော်လှ)…ခုမှသိပါရဲ့ အဲ့ကောင်ပိုးဖလံဆိုတာ… 🙄

    • အဘရဟူဒီ

      March 7, 2014 at 1:34 pm

      ၆-ရ က မော့ပ် ထင်တယ် ခည

  • ဦးကျောက်ခဲ

    March 7, 2014 at 11:54 am

    အဲသည့်အကောင်တွေကို စားမရလို့ စိတ်မဝင်စား…
    ဒါပေသည့် ပန်းသခင်ရဲ့ အောင်သွယ်တော်တွေဆိုလားပဲ…
    😀

  • မမချွိ

    March 7, 2014 at 12:04 pm

    ခုမှ သိတယ်။
    ဂလိုကိုးးးး
    အဲလို ဓာတ်ပုံတွေနဲ့ ဝေဝေဆာစာ ဒေါက်ကူ မန်ထရီ လိုဟာ ဖတ်ရလို့ကတော့ အချိန်ဘယ်လောက်ကုန်ကုန်ပဲ။
    ဒါနဲ့ အစားအသောက်ကို အဲလို စာတမ်းပြုစုရင်ရော ဓာတ်ပုံလိုက်ရိုက်ပေးမားးးဟင်င်င်င်င်င်င် :mrgreenn:

    • အဘရဟူဒီ

      March 7, 2014 at 1:37 pm

      အစားအသောက်က ပါဝင်အင်တီဂရန့် အချိုးအစားတို့
      ကယ်လိုရီပမာဏတို့ သိရရင်ပါရင် ပိုကောင်းပါတယ်ဗျာ

      ရိုက်ပါသဗျ. ကျော် tabletop ဆိုင်ပုံတေတောင်တင်ဖူးသေးဆာရယ်
      အဲ့ဒါက အင်မတန်ရိုက်လို့ကောင်းတဲ့အရာလေဗျာ
      ရိုက်လိုက် ဝိုက်လိုက်နဲ့
      ဟီဟိ

  • Mr. MarGa

    March 7, 2014 at 12:28 pm

    မြင်တာတော့ လိပ်ပြာချည်းပဲထင့်… :mrgreenn:

  • TNA

    March 7, 2014 at 2:20 pm

    လိပ်ပြာလေးတွေလှတယ်။ ဒါပေမဲ့ ချစ်ဖို့မကောင်းဘူး။ သူ့ဟာသူနေလို့။ ကြောင်တွေခွေးတွေပဲချစ်တယ်တော့။ တခါတော့ အင်းကျီအဝါဝတ်ထားတာ လိပ်ပြာက တချိန်လုံးကျောပေါ်ကနေလိုက်နေတာတော့ မှတ်မှတ်ယယပဲ

  • မဟာရာဇာ အံစာတုံး

    March 7, 2014 at 4:10 pm

    ကျုပ် မျက်စိထဲတော့
    အကုန်လုံး လိပ်ပြာတွေချည်း ထင်တာပဲ …
    ဒါပေမယ့်လို့လည်း
    အရောင်ခပ်မွဲမွဲ နံပါတ်ခြောက် ကတော့ဖြင့် ဟိုအကောင် ဖြစ်မယ်လို့ ထင်တာပဲ …

  • Ma Ma

    March 7, 2014 at 6:31 pm

    အဲဒီလို လိပ်ပြာပုံတစ်ပုံရဖို့ ဘယ်လောက်တောင် စိတ်ရှည်ရမလဲ။
    ဘယ်လောက်လက်မြန်ရမလဲ။
    ဘယ်လောက်ကျွမ်းကျင်ရမလဲ စဉ်းစားမိတယ်။ 🙂

  • မမလေး

    March 8, 2014 at 1:52 pm

    လိပ်ပြာဆိုအရမ်းကြိုက်တယ် . . .

    တရုတ်သိုင်းကားထဲကလို . . .

    လိပ်ပြာလေးတွေအများကြီးကြားမှာ ဓါတ်ပုံရိုက်ရရင်ကောင်းမှာနော် . . .

  • Crystalline

    March 8, 2014 at 2:12 pm

    ပုံလေးတွေမိုက်သော်လည်းပဲ.. ထောင့်စွန်းက မျက်နှာပြောင်ပြောင် သတ်တဝါဖျက်နေတယ်.. :loll:

    • အဘရဟူဒီ

      March 8, 2014 at 5:20 pm

      ဟီဟိ..

  • sorrow

    March 11, 2014 at 3:03 pm

    တားတားလေ တောင်တော်ရွှေပုပါးမှာ အလုပ်လုပ်တုန်းက အဲ့က ရေထွက်လေးတခုမှာ လိပ်ပြာငွေရောင်လေးတွေ ရာချီ ရေသောက်ဆင်းတာ မြင်ဖူးသဗျာ နံပါတ်ခြောက်က အကောင်လိုမျိုးရယ်…

Leave a Reply