ဒါဒို့လယ် .. ဒါဒို့လယ် … ဒို့ ….ပိုင်တဲ့ လယ်

ရာမညMarch 7, 20141min56939

^^^ ဒါဒို့လယ် .. ဒါဒို့လယ် … ဒို့ … ပိုင်တဲ့လယ် ^^^

 

စိတ်မပူပါနဲ့ဖေဖေ

သစ်တပင်ကောင်းရင်

ငှက်တစ်သောင်းခိုနိုင်ပါတယ်

လယ် တစ်ကွက်ကောင်းရင်လည်း

ကြွက်တစ်သောင်းစားနိုင်ပါတယ်

စိုက်တတ် ပျိုးတတ်

လယ်ထွန်တတ်ဖို့ အဓိကပါ အဖေ ……

 

စိတ်မပူပါနဲ့ဖေဖေ

ယောက်ကျားတိုင်းလယ်ထွန်တတ်ပေမယ့်

မြေညက်အောင် ပြင်တတ်တာမဟုတ်ဘူး

ဘယ်သူ ထွန်တာအကောင်းဆုံးဆိုတာ

ပြိုင်ပွဲတွေကျင်းပပြီး

သမီးရွေးမှာပေါ့

တသက်စာခိုင်းစားဖို့တွေးထား

အများထဲကတစ်ယောက်

ခေါင်းခေါက်ရွေးမှာပေါ့ အဖေ ………

 

စိတ်မပူပါနဲ့ဖေဖေ

ဒီခေတ်မှာ တစ်လက်ကိုင်ဆိုတာ

ဘေးထိုင်သွားပါပေါ့

တစ်ယောက်မကောင်းရင်တစ်ယောက်ပြောင်းမယ်

လယ် ကောင်းဖို့ အထွက်တိုးဖို့

လယ် ထွန်သူ ဘယ်လိုစွမ်းသလဲ

ရမ်းသမ်းပြီးစိတ်မှန်းနဲ့

ရွေးတဲ့ခေတ်မဟုတ်ပါ

men may come and men may go

but I go on forever

လယ် ထဲက ဝဲလ်ကမ်းပါအဖေ …………

 

စိတ်မပူပါနဲ့ဖေဖေ

အဖေတို့ရှေးခေတ်က

အမေ့လယ်ကို အဖေထွန်တော့

မြေမပြင် လွင်ပြင်ရိုင်းမှာ

ခါးကိုင်းအောင်ကြိုးစား

နဖူးကချွေး ခြေပေါ်ကျ

ပင်ပန်းလှပါတယ်အဖေ

အဖေတစ်ယောက်ပဲထွန်တဲ့လယ်

ဘယ်မှာများ အထွက်တိုးသလဲ

ကံ ကောင်းလို့မှမျိုးစပါးကျန်တာ

အကြံကောင်းရင်တစ်ချက်

လယ် ကောင်းရင်တစ်သက်ဖြစ်လို့

အထွက်ကောင်းဖို့အတွက်

အထောင်းညက်ဖို့ လိုတယ်အဖေ ………

 

စိတ်မပူပါနဲ့ဖေဖေ

လယ် ခြင်းတူပေမယ့်

ထွန်တဲ့သူ ငစနူဖြစ်နေရင်

ပျိုးမသန် မျိုးမမှန်တတ်လို့

စမ်းသပ်ပြီးထွန်ခိုင်းရတာပေါ့

တနေ့တော့တွေ့မှာပါ

လယ် ထွန်စပယ်ရှယ်လစ်

သမီး ရွေးပစ်လိုက်မယ်

အော် ……………

ဒါလား ………

စိတ်အေးအေး ထားပါအဖေရဲ့

အမေ မသုံးဖြစ်ခဲ့တဲ့

ကျောက်ချဉ် တစ်ပိဿာ

သမီးဆောင်ထားပြီ အဖေ …………။ :mrgreen:

 

 

 

ကြိုးစားပါဦးမည်

ရာမည

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

39 comments

  • Mr. MarGa

    March 7, 2014 at 11:43 am

    တစ်သီးစားတင်မက
    နှစ်သီး သုံးသီး တင်ပါလို့
    သီးထပ် သီးညှပ်ပါ စိုက်မယ်အဖေ
    မြစ်ရေတင် စီမံကိန်းကြီး ရှိတယ်လေ :mrgreen:

    • ရာမည

      March 7, 2014 at 12:58 pm

      အညာမှာ စပါးမကောင်းဘူးဆရာ
      မြေနုကျွန်းတွေမှာ မြေပဲစိုက်ပါလားခင်ဗျ 🙂

  • မမချွိ

    March 7, 2014 at 11:44 am

    မောတယ်။
    မပြောတော့ဘူးးး :mrgreenn:
    ကိုယ့်သဘောကိုယ်ဆောင်ကြတော့။
    ကိုယ်လုပ်ချင်ကိုယ်လုပ်၊ ကိုယ်ဖြစ်ကိုယ်ခံပဲ။ :mrgreenn:

    လောကကြီးမှာ လည်သူစားစတမ်းပဲ။

    မိန်းမတွေ/ မိန်းကလေးတွေကို…………………………….
    လည်တာကို ကြိုက်တယ်။
    ပါးနပ်တာကို သဘောကျတယ်။
    ဉာဏ်ကောင်းတာကို ချစ်တယ်။
    သံသယများတတ်တာကိုလည်း လက်ခံတယ်။
    ထက်ထက်မြက်မြက်လည်း ဖြစ်စေချင်တယ်။

    ဒါမဲ့ ………
    အ တဲ့ ကောင်မလေးတွေထက်……………
    လည်ချင်ယောင်ဆောင်တဲ့ …
    ကိုယ့်ကိုယ်ကို လည်လှပြီထင်တဲ့ ကလေးမလေးတွေ ကိုတော့ သနားတယ်။

    အ တဲ့သူက တစ်ခုထက်ပိုပြီး ဘာမှ အစမ်းမထွင်တတ်ဘူးးး
    ကိုယ့်ကိုယ်ကိုလည်လှပြီထင်တဲ့ ကလေးမတွေက အကုန် ကစားချင်တတ်တယ်။

    ပို့(စ) နဲ့ ဆိုင်တာမဆိုင်တာမသိ၊ စိတ်ထဲ ပေါ်လာတာပြောတာ။

    • ရာမည

      March 7, 2014 at 12:56 pm

      ဆိုင်ပါတယ် အစ်မကြီးခင်ဗျား
      သဘူတော
      ဟောတု ဟီးဟီး

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 7, 2014 at 12:18 pm

    ကျောက်ချဉ် တစ်ပိဿ
    ကြားဘူးဒါဂဒေါ့ နတ်ရေကန်ဆိုလား
    အဲ့သည်ကန်ထဲဂို……….ဒဲ့
    အဘွားကြီးတစ်ယောက်ဂို………ဒဲ့
    ပစ်ချလိုက်ရင်…………ဒဲ့
    အပျိုဂလေးပျံဖြစ်သွားးရောဒဲ့
    ကြားဘူးဒါဘါအေ
    မာမီဒို့ဂဒေါ့ ကန်ထဲကျောက်ချဉ်လေးဖျော်ထည့်ပြီး
    တစ်နေ့နာရီဝက်လောက်ဝင်စိမ်နေလိုက်ဒါဘဲ :mrgreen:

    • ရာမည

      March 7, 2014 at 12:55 pm

      ဆရာပု
      အချိုးအဆလေး ပြောခဲ့ပါဦးခင်ဗျာ
      ပရဟိတ ပေါ့ခင်ဗျာ 🙂

  • ဦးကျောက်ခဲ

    March 7, 2014 at 12:25 pm

    စိတ်မပူပါနဲ့ ဒယ်ဒီပါပါးချစ်ဖေဖေ…
    ထွန်တဲ့သူ လယ်သူရင်းငှါးချင်းတူပေမည့်
    ဟောသည့်ငနဲ မောင်ကျောက်ခဲက
    အားကောင်းမောင်းသန် ဗလငါးတန်မို့
    ထွန်ရေးလည်းညက် သီးနှံအထွက်တိုး
    မျိုးရင်းပွါးနဲ့အပ်မယ် ချစ်ဖေဖေ
    😀 ဟီ ဟိ ဘာတွေ မန့်မိတယ် မသိဘူး…

    • ရာမည

      March 7, 2014 at 12:53 pm

      ယုံပါတယ်ခင်ဗျ
      ကြိုသိလို့ အားကိုးပါရစေ
      ဗလငါးတန် တဲ့ ဟီဟိ

    • TNA

      March 7, 2014 at 2:25 pm

      ဗလငါးတန်ဆိုတော့ ငါးယောက်လားဟင် ကျောက်စ် :mrgreen:

      • ဦးကျောက်ခဲ

        March 7, 2014 at 2:45 pm

        တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်
        နေလာနှင်းပျောက်ရင်သောကရောက်ရမည့် ကျောက်စ် ပါ ခီညာ
        😀

  • kai

    March 7, 2014 at 12:35 pm

    ပျိုပျိုမေတွေ..သတိတော့ထားသုံးကြပေါ့ကွယ်..။
    ဘဝတသက်တာ.. လက်တွဲဖို့.. ယောကျာ်းတွေလက်ထပ်ယူမှာက..အပျိုအစစ်မဟုတ်..။
    အရည်အချင်းရှိတဲ့.. မိန်းမကိုသာဖြစ်ပါကြောင်း..။ :kwi:

    Does Alum Powder Tighten Your Vagina?
    Answer
    An alum powder mixed with water can temporarily tighten the walls of the vagina for about 30 minutes. However, habitual use of this product can cause yeast infections as well as cause irritation for both you and your partner. If you are concerned about the lack of tightness in your vaginal area, talk to your physician to see what options are available to help you.
    Reference:
    http://www.home-remedies-for-you.com

    • ရာမည

      March 7, 2014 at 12:49 pm

      ဆရာပုရေ
      သူကြီးမင်း နည်းပေးလမ်းပြလုပ်နေပါပြီခင်ဗျာ
      ကျွန်တော်ဖြေပေးရန်မလိုတော့ဘူးခင်ဗျ ဟီဟိ

      • kai

        March 7, 2014 at 1:02 pm

        ဟဲ့.. စာသေချာဖတ်ဦး..။
        မိနစ်သုံးဆယ်လောက်ပဲကျုံ့သွားတတ်ပြီး. စွဲသုံးရင်ကျားရော/မရောမှာ.. အင်ဖက်ရှင်ရှိတာမို့.. မသုံးသင့်ကြောင်းရေးထားတာ..

        သုံးရင်လည်း ကျောက်ချဉ်ရည်ထဲ.. ဒီအတိုင်းစိမ်ထိုင်နေရတာမဟုတ်.။
        ကျောက်ချဉ်အမှုန့်ကို.. ရေစပ်စပ်ဖျော်..။ လက်ညိုးမှာလူးပြီး.. အထဲထည့်..တပါတ်လှည့်၂ပါတ်လှည့်နဲ့…ဆေးလူးသလိုလူးရတာ..။
        ယူတုမှာ လုပ်နည်းရှိပါသဗျ..။ :mrgreen:

        • ရာမည

          March 7, 2014 at 1:17 pm

          အာဟ အာဟ
          ယခုလို သေသေချာချာတိတိကျကျ အချိန်နဲ့တပြေးညီ ရှင်းပြပေးတာ
          ကျေးဇူးပါခင်ဗျာ ဟီဟိ

          (မှတ်ထားကြနော် လက်ညှိုးနဲ့ လူးပြီးတပတ်လှည့် တဲ့ ) :mrgreen:

    • ရာမည

      March 7, 2014 at 1:56 pm

      ဟုတ်ဝူး
      ကျောက်ချဉ်အကြောင်း သိကောင်းစရာ 🙂

  • Myo Thant

    March 7, 2014 at 1:34 pm

    အို ဘာတွေလဲကွယ် ၊
    ငဒို့ကတော့ ဘာဘာ ဘာမှ မသိပါဘူးကွယ် ၊
    ရှိတဲ့လယ်လည်း တပ်ပိုင်မြေဖြစ်သွားပြီထင်ပါရဲ့
    🙂

    • ရာမည

      March 7, 2014 at 1:58 pm

      တပ်ကသိမ်းသွားပြီဆို စိတ်လျော့လိုက်ပါတော့ခင်ဗျာ
      ငါးမွေးမြူရေးကန် ဖြစ်သွားပါပြီ
      ကိန် ကိန် 🙂

  • kyeemite

    March 7, 2014 at 2:56 pm

    အော်..အော် အမေပေးတဲ့လယ်တစ်ကွက်အကြောင်းပြောနေကြသကိုးဗျ… :loll:
    ဒေါက်တာသဂျီးပြောသလို“ မိနစ်သုံးဆယ်လောက်ပဲကျုံ့သွားတတ်ပြီး. စွဲသုံးရင်ကျားရော/မရောမှာ.. အင်ဖက်ရှင်ရှိတာမို့.. မသုံးသင့်ကြောင်းရေးထားတာ..”
    လယ်ကွက်ကျယ်နေရင် ထွန်တုံး ကြီးကြီးနဲ့ထွန်ပေါ့ဟဲ့…. :loll:
    ထွန်တုံးကြီးနည်းလည်း ဒေါက်တာသဂျီးကိုသာမေးကြ…
    အမေဒိက မှာက ထွန်တုံးကြီး တွေချည့်ပဲ ..
    😀 ဟီ ဟိ ဘာတွေ မန့်မိတယ် မသိဘူး…(ခွက်ဒစ်တူ ကျောက်စ်) 😛

    • ရာမည

      March 7, 2014 at 3:46 pm

      အာဟ အာဟ
      ဒေါက်တာ သူကြီးခင်ဗျာ
      ဦးလေး ဦးကြိုက်မီးပြောတာလေး ဆက်ပါဦးခင်ဗျာ
      ကြားဖူးတာကတော့ အပိုးအထပ် တဲ့

      ဘာတွေမန့်မိတယ်မသိဘူး ဟီဟိ
      (ခွက်ဒစ်တူ ဆရာကျောက်) 🙂

  • မမချွိ

    March 7, 2014 at 3:32 pm

    မဟုတ်ဖူးဗျ။
    ကိုယ့်လယ် နဲ့ကိုယ် ဘယ်သူထွန်ထွန် လက်ခံတာ ကျုပ်တို့ အပူမဟုတ်တော့ဘူးဗျ။
    ပြောလို့လည်း မရတာမို့ မပြောတာကောင်းတယ်။
    and……..
    အဲဒီလိုပဲ “လက်မထပ်ခင် အတူနေသင့်တယ်” (LT) လို့လည်း ဒီ ပတ်ဝန်းကျင်မှာ ပြောမကောင်းဘူးးး။
    အလုံးစုံ နားလည်သဘောမပေါက်ရင် ပြောသူကိုပဲ ဒေါသထွက်ကြမှာဆိုတော့လေ။

    စကားကိုပဲ နားထောင်နားထောင်၊
    စာပဲဖတ်ဖတ် ဘာစွဲညာစွဲ ကင်းကင်းလေး
    Open Heart လေးနဲ့ နားထောင်တာတို့ ဖတ်တာတို့လုပ်တာသာ အကောင်းဆုံးပေါ့နော့။

    (အဲလေ) အဲလိုတွေချည်းသာဆို တဂျီး ကြိုက်တဲ့ ငြင်းခုန်ခြင်းအနုပညာဆိုတာဘယ်ပေါ်လာပါ့မလဲ။
    ဟေးဟေးဟေးးးး :mrgreenn:

    အဲတော့ ကျုပ် ဘာမှ မပြောခဲ့ဖူးလို့ပဲ သဘောထားပေးပါ။
    (ပြောချင်တာလည်း ပြောပြီး ပြီ ဆိုတော့လေ :mrgreenn: )

    ဒီလိုလေဗျာ။
    စိတ်တော့မဆိုးကြနဲ့။
    ယောင်္ကျား ဆိုတာမျိုးကတော့ ဒီလယ် ဘလဘွာကျဲမှာစိုးလို့ တွေ့ကရာထွန်တုံးနဲ့ မထွန်ပါနဲ့လို့သာ လယ်ပိုင်ရှင်တွေကို ပြောတာကိုးးးး
    ကိုယ့်ထွန်တုံးလေးနဲ့ ထွန်ရမယ် ဆိုရင်တော့ ၂ သီး ၃ သီး စားချင်တဲ့ သူက များတာပေါ့။ :mrgreenn:

    လုပ်ချင်ရာ မလုပ်ကြပါနဲ့၊ ဖြစ်ချင်တိုင်း မဖြစ်ကြပါနဲ့ ၊ (မှတ်ချက်.. ငါနဲ့က လွဲရင်) ဆိုတဲ့ သကောင့်သား များသမို့ ပြောတာပါ။

    မိန်းကလေးတွေကို ဆင်ခြင်ရင်လည်း အရှင်း ဆင်ခြင်စေချင်တာပါပဲ။ လက်ထပ်ပြီးမှ လယ်ထွန်ကြပါ။

    ဟီ ဟိ ဘာတွေ မန့်မိတယ် မသိဘူး…(ခွက်ဒစ်တူ ကျောက်စ) :mrgreenn:

    လွန်တာရှိ ဝန်ဒါမိ!!
    :mrgreen:

    • ရာမည

      March 7, 2014 at 4:07 pm

      အာဟိ
      🙂

      လယ်တကွက်ပေမို့
      ဝေခက်နေ သူတို့မှာ
      နှစ်ကွက်သာပါလျှင်တော့
      ငဲ့ကွက်စရာမလို
      တစ်ကွက်ကို အပိုင်သိမ်းပါလို့
      တစ်ကွက်ကို မြေစမ်းမယ်ကွဲ့
      အိုဘယ့် လယ်သမား ……

      ပျိုးခင်းကိုဝင်
      ဟိုအပင်ဒီပင်ယိမ်းပါလို့
      လေယူရာ သူ့မို့ တိမ်းရက်တယ်
      ထွန်ယက်သူ ကိုစိမ်းကားနှယ်
      နေကွယ်ရင်ထွန်တုံးပိုက်လို့
      ကျုံး လိုက်ပေါ့ တအား ……။

      ဟီဟိ ဘာတွေမန့်မိတယ်မသိပါဘူး

      (ခွက်ဒစ်တူ ဆရာကျောက်) :mrgreen:

  • မဟာရာဇာ အံစာတုံး

    March 7, 2014 at 4:53 pm

    ဟ .. လူကြီးရ ..
    ဘယ့်နှယ် ..
    ကျောက်ချဉ်နဲ့ လယ် နဲ့ ဘာဆိုင်လို့ဒုန်း … :mrgreenn:

    • ရာမည

      March 8, 2014 at 8:47 am

      မွန်းမံသင်တန်းပေးမယ် လေ ဆရာအံစာ
      တက်မား 🙂

    • ရာမည

      March 8, 2014 at 8:49 am

      ကျေးဇူးပါ အန်တီလေးခင်ဗျာ
      🙂

  • mgpoe zar

    March 8, 2014 at 8:53 am

    ကျောက်ချဉ်သုံးရင် အပျိုလောက်နီးနီးပြန်ဖြစ်တယ်တဲ့ဗျ။

    • ရာမည

      March 8, 2014 at 9:32 am

      ကျွန်တော်မပြောဘူးနော် 🙂
      ကိုပိုးဇာပြောတာ ဟီဟိ

  • ရွှေတိုက်စိုး

    March 8, 2014 at 8:54 am

    အကုန်လုံးကောင်းလာလိုက်တာ..
    ဟိုးအောက်ဆုံးက ကျောက်ချဉ်ကျမှ သိတော့တယ်အေ…
    ကျုပ်ကသမီးမွေးထားတော့.. တော့ကဗျာဖတ်ပြီး သမီးရှင် ဖင်ကျိမ်းရပါပေါ့လား…တော့. ကိုရင်ရာမည ရယ်….
    အသာလုပ်ပါဟယ်…

    ဒါနဲ.တော်မသိတဲ့အချက်ကို ကျုပ်ပြောရအုံးမယ် ကျောက်ချဉ်သုံးတာ ရေရှည်မကောင်းဘူးတော့.. ခိခိခိ

    • ရာမည

      March 8, 2014 at 9:39 am

      ကိုရွှေတိုက်စိုးခင်ဗျာ
      ခရီးသည်ကြီး နဲ့ ကိုထူးဆန်း ပို့ကို အရင်ဖတ်ကြည့်ပါခင်ဗျာ 🙂

      ဒီလိုပါပဲဗျာ သမီးရှင်တွေကျိန်းကြမှာပါ
      မိုးပေါ်ထောင်ပစ်နေတာပါ မစိုးရိမ်ကြပါနဲ့

  • Crystalline

    March 8, 2014 at 2:07 pm

    မြန်မာတွေ ဥပမာ ခိုင်းနှိုင်းတာတော်ပုံများ.. သများဖြင့် ဘယ်လိုမှယှဉ်တွဲခိုင်းနှိုင်းလို့မရ :((

    • ရာမည

      March 9, 2014 at 8:31 am

      http://myanmargazette.net/178397
      အထက်က လင့် နဲ့ ဆရာမဝင့်ပြုံးမြင့်ရဲ့
      ကနာစီးမိဂီနဲ့ ငါးစိမ်းသည်ဗားရှင်း ကိုတွဲဖတ်ပါခင်ဗျာ ။
      ပြီးရင် ခရီးသည်ကြီးရေးတဲ့
      မဟာသံဝါသနေ့ ရိုက်စားကောက်ထည့် နှင့် သူကြီးသို့ပေးစာ ကိုဆက်ဖတ်ပါ ။
      ပြီးရင် ကိုထူးဆန်းရဲ့ ကိုယ့်အတွေးနဲ့က်ုယ် ကိုဖတ်ပါ
      ဒါဆို သဘောပေါက်လာမှာပါခင်ဗျာ
      သဘောပေါက်သူများကတော့ ခွိခွိ ခွိခွိ ကျိတ်ရယ်ကြပါတယ် တဲ့ 🙂

  • ဝင့်ပြုံးမြင့်

    March 9, 2014 at 3:47 am

    အဟုတ်ပါ့ ခွစ်ရယ်။ ဘယ်လိုမှ ယှဉ်တွဲခိုင်းနှိုင်းလို့မရ။

    အူးလေးရေ … အူးလေးရာမည
    သမီးထင်တာကတော့ လယ်သမားနဲ့ ခိုင်းနွား ဥပမာ ဆိုရင် နီးစပ်နိုင်ကောင်းပါရဲ့။ လယ်သမားဟာ သူ့လယ်ကို ထွန်ဖို့အတွက် ခိုင်းနွားကောင်းကောင်းရှာရမယ်။ တန်ကြေးကလည်း ကြီးတော့ အမှားအယွင်းကလည်း မခံနိုင်ဘူး။ တော်ကြာ ဂျိ ု ကျိ ုး နားရွက်ပဲ့ ဖြစ်နေရင် ဘယ်လိုလုပ်မတုန်း။ ဒါကြောင့် သေချာစစ်ဆေးဖို့လိုတယ်။ တစ်ပွဲတိုးမလုပ်နိုင်ဘူး။ ခိုင်းနွားကြီးကို ချော့တစ်လှည့် ကြိမ်းတစ်လှည့်နဲ့ သေချာခိုင်းစားနိုင်မှ လယ်သမားရဲ့ ဘဝအနေအထားကလည်း ပြေလည်မှာကိုး။ အဲလို ဥပမာလေးဆိုရင် ခွစ် ဘယ်လိုသဘောရလဲ။

    • ရာမည

      March 9, 2014 at 9:02 am

      ဂစ် ဂစ် ဂစ် 🙂
      နွားလုံးလုံး ဖြစ်ခိုင်းနေပါလား

      ဆရာမပြုံး အန်တီပြုံး အစ်မကြီးပြုံး ကြီးတော်ပြူံး အဖွားလေးပြုံး … ! ဟင် မှတ်ပြီလား :mrgreen:
      သားသားကို အူးလေးခေါ်လို့ပြန်ခေါ်တာ 🙂

      သားသားပြောတာ အရပ်စကားလမ်းဘေးစကားပါကွယ် အန်တီလည်း ပေါက်ပါရဲ့နဲ့
      အန်တီ စကားလှလှနဲ့ မန့်သွားတာလေး သဘောကျပါတယ်ဗျာ
      ဆရာတင်ပါတယ် 🙂

      အောင်မလေး အရပ်ကတို့ရယ်
      ဦးထူးဆန်းနဲ့ ကိုခရီးသည်ကြီးအမွှေကောင်းတာ
      သားသားတို့ မဟာပုရိသတွေ နွာတွေဖြစ်ကုန်ပြီဗျ
      လာရှင်းကြပါဦးခင်ဗျား :mrgreen:

      • ကထူးဆန်း

        March 9, 2014 at 11:39 am

        သည်းခံ တကာ …သည်းခံ .. :mrgreen:
        အောက်က ဆြာ ကလည်း စွပ်စွဲ လိုက်ပါတယ် .. သူဂျီး ဂေဇက် ပရိုမိုးရှင်းတွက်တဲ့ ..
        :mrgreen:
        ခုခွိ ခုခွိ ..

  • San Hla Gyi

    March 9, 2014 at 9:25 am

    ကွန်မန့်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ တကယ်တော့ အပေါ်က ညွှန်းထားတဲ့ ပို့စ်တွေ အားလုံးဟာ သဂျီးဇုတ် ခေါ် သဂျီးခိုင်ရဲ့ မန်းဂေဇက် စပယ်ရှယ် ပရိုမိုးရှင်းအတွက် ရေးတင်ထားတဲ့ ပို့စ်များ ဖြစ်ပါတယ်။ ဝင်ရောက် ငြင်းခုန်သူတွေ များလာပြီး လူဝင် များစေရေး အတွက်ပါ။ သူက အမှန်တော့ အက်ဆီးဒင့်လို ဖြစ်ပြီး လူတွေ အုံနေရင် သိပ်ကြိုက်ပါတယ်။ သူ့ကို ဝေဖန်တဲ့ အက်ဆီးဒင့် ဆိုရင်တော့ သိပ်မကြိုက်ပါ။ မြင်တဲ့အတိုင်းပဲ ကွန်မန့်တွေ များလာတာ တွေ့ရပါတယ်။ ဒီလို များစေဖို့ အတွက်လည်း သူကိုယ်တိုင် ပေါက်ပန်းလေးဆယ်တွေ ဝင်ပြောပြီး ဆွပေးထားရတာ ဖြစ်ပါတယ်။
    အားလုံးအတွက် အင်ဖောင်မေးရှင်းကတော့ ရှေ့လထဲမှာ မန်းဂေဇက်အတွက် သဂျီးခိုင်ကိုယ်တိုင် သရုပ်ဆောင်ပြီး ကြော်ငြာ ရိုက်ဖို့တောင် စီစဉ်ထားပါတယ်။ ဇတ်ညွှန်းတောင် ရေးထားပြီးပါပြီ။ ဇတ်ညွှန်းလေးကတော့ ဒီလိုပါ။ မန်းဂေဇက်လို့ ဆိုင်းဘုတ်တပ်ထားတဲ့ လယ်ကွက်လေးထဲကို ရှေ့ဆုံးကနေ သဂျီးခိုင်က ပိုးကောင်ကြီးပုံစံ ဝတ်ပြီး ခုန်ဆွ ခုန်ဆွနဲ့ ဝင်လာပါမယ်။ အားလုံး မျက်စိထဲမှာ မြင်ယောင်ကြည့်ပါ။ နောက်ကနေ သူ့ဘော်ဘော် လစ်ဘရယ်ဒီမိုလို့ အော်တတ်တဲ့ လေး ငါးယောက်ကလည်း အဲဒီလို ပိုးကောင်တွေပုံစံနဲ့ ခုန်ဆွ ခုန်ဆွ ဝင်လာပါမယ်။ အဲဒီအချိန် နောက်ခံ တီးလုံးလေးကတော့ “ပိုးကောင် ပိုးကောင် အားလုံးစားတဲ့ ပိုးကောင် မားခိုင်တို့ဟာ အရွက်ရော အရိုးရော ကိုက်မယ့်ပိုး” ဖြစ်ပါတယ်။ အဲဒီသီချင်းကို သဂျီးခိုင်နဲ့ သူ့ဘော်ဘော်များက လယ်ကွက်ထဲမှာ ဆိုပြီး ပိုးကောင်ဒန့်စ်ကတဲ့ အခန်းပါ။ အဲဒီမှာ သူတို့ကို ပိုးသတ်ဆေးဖျန်းပြီး နှိမ်နှင်းမယ့် လယ်သမားကြီး နေရာက သရုပ်ဆောင်မယ့် သရုပ်ဆောင် လိုနေပါတယ်။ သရုပ်ဆောင်လိုသူများ စာရင်းပေးနိုင်ပါပြီ။
    အပေါ်က ပို့စ်များအတွက် အတည် ဆွေးနွေးလိုသူများကို ပြောရရင်တော့ အတွေးအခေါ်မှာ အရေးအလွန်ကြီးတဲ့ ကီးဖြစ်တဲ့ အချက် ရှိပါတယ်။ ဒီ အတွေးအခေါ်မှာလည်း အဲဒီ ကီးရှိတယ်လို့ ထင်ပါတယ်။ အဲဒါကို ဘယ်သူမှ ဇောင်းပေးပြီး ပြောတာ မတွေ့ပါဘူး။ အမှန်တော့ ခရီးသည်ကြီးနဲ့ တချို့လူတွေ ပြောပါတယ်။ ဒါပေမယ့် ဘယ်သူမှ အလေးပေးပြီး ပြောမသွားလို့ အဲဒါက မပေါ်လွင်သလို ဖြစ်နေပါတယ်။
    တကယ်လို့ နောက်တလလောက်နေမှ ဆွေးနွေးချင်ရင်တော့ ပြောပါ။ ကျနော် တကယ် ရေးပေးနိုင်ပါတယ်။ အခုတော့ ကျနော် မအားသေးပါ ခင်ဗျာ။ နောက်တခုက သဂျီး အသံပေးတိုင်း ထကြည့်ရင် ပင်ပန်းပါတယ်။ အမှန်တော့ လူဖတ်အောင်ရေးမယ့် စာရေးသူ ဆိုတာ မူတခုကို ကိုင်ပြီး အဲဒီအတိုင်း ရေးရပါတယ်။ သူဖြူရင် ငါမည်းမယ်ဆိုပြီး ငြင်းနေလို့ မရပါဘူး။
    အမှန်တော့ သဂျီးဇုတ်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားပြီး သူမေ့လောက်ရှိမှ ဆောင့်ဆွဲ သူလည်း ပိုးလိုးပက်လက်လဲ အဲဒီလို လုပ်တာ ပိုကောင်းပါတယ် ခင်ဗျာ။

    • ရာမည

      March 9, 2014 at 10:08 am

      ကြော်ငြာဝင်ပေးတာကျေးဇူးတင်ပါတယ်ဦးစံလှကြီးခင်ဗျာ
      ဦးစံလှကြီးရေးမည့် ပို့စ်ကို ဖတ်ချင်လှပါပြီ
      ရှေ့ဆုံးကစာရင်းပေးပါတယ်ခင်ဗျာ 🙂

      • San Hla Gyi

        March 9, 2014 at 10:44 pm

        အင်း ခင်ဗျားပြောမှပဲ ကျုပ် စိတ်ပြောင်းသွားပြီ။ ကျုပ် ရေးလက်စ ဝတ္ထုကို ခဏရပ်ပြီး အဲဒါ အရင်ရေးကြည့်လိုက်မယ်။ သိပ်တော့မြန်မှာ မဟုတ်ဘူး ထင်တယ်။ အစီအစဉ် မရှိပဲ ကြားဖောက် ရေးရတာရယ် ကျနော်က ရေးရင်လည်း တတ်နိုင်သမျှ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ဖတ်တဲ့လူက ဖတ်ပြီးတာနဲ့ ဘဝင်ကျသွားတာမျိုးပဲ လိုချင်တယ်။

  • အင်း လယ် ကွက် ထွန် ဘို့ လူ ရွေး တာ ဟုတ် တယ်
    တစ် ယောက် စိ တ် တိုင်း မ ကျ ပယ် လို က်
    နောက် တစ် ယောက် ပယ် လိုက် နဲ့
    သေ ချာ မ ရွေး ပဲ ပယ် နေ ရင်း က
    နောက်ဆုံး တော့ က က စ ာရင်း ဝင် သွား မှာ မြင် ယောင် မိ သေး ဗျာ

Leave a Reply