ထူးထူးခြားခြား ခန္ဓာကိုယ် သွယ်လျစေမည့် နည်းလမ်းများ

  • မနက်စာ ခပ်ချိုချို မုန့်တွေကို စားသုံးပါ။

 

မနက်စာ ခပ်ချိုချို မုန့်တွေကို စားသုံးပါ။

ဝိတ်ချနေတဲ့လူတွေရဲ့ စားသောက်မှုကို လေ့လာကြည့်တဲ့အခါ အဲ့ဒီလူတွေဟာ ဒီထက်ပိုပြီး ဝိတ်တက်မလာအောင် သူတို့ရဲ့ မနက်စာအဖြစ် အချိုပါတဲ့ အစားအစာတွေကို များများ စားသောက်တတ်ကြပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတော့ကာ … အဲ့ဒီနေ့ အဲ့ဒီရက်ရဲ့ ကျန်ရှိနေတဲ့ အချိန်ပိုင်း (နေ့ခင်း၊ ညနေ၊ ည) တွေမှာ အချိုတွေ စားခြင်းကို ထိန်းချုပ်ဖို့ အတွက်ပဲ ဖြစ်ပါသတဲ့။

  • စားစရာတွေကို ဖြတ်တောက်ပြီး စားပါ။

 

စားစရာတွေကို ဖြတ်တောက်ပြီး စားပါ။

ဟုတ်ပါတယ်။ အစာ စားတဲ့အခါ ရှိရင်းစွဲ အစာတွေကို သေးသေးလေးတွေ ဖြတ်တောက်ပြီး စားသောက်ခြင်းကို ဆိုလိုပါတယ်။
ဒီလို ဖြတ်တောက် စားသောက်ခြင်းဟာ ဆိုရင် မိမိရဲ့ ဦးနှောက်ကို “ဟာ … ငါ့ပန်းကန်ထဲ အများကြီးပဲ” လို့ ထင်အောင် လှည့်စားနိုင်ပါတယ်။
ဒီလို သေးသေးလေး ဖြတ်တောက် စားသောက်ခြင်းဟာဆိုရင် နည်းနည်းစားပြီး ဗိုက်ပြည့်သွားပြီလို့ ထင်စေတတ်ပါတယ်။

  • မနက်ပိုင်းမှာ လေ့ကျင့်ခန်း လုပ်ပါ။

 

မနက်ပိုင်းမှာ လေ့ကျင့်ခန်း လုပ်ပါ။

နေ့တစ်နေ့တာရဲ့ ဘယ်အချိန်မှာ လေ့ကျင့်ခန်း လုပ်ခြင်းဟာ အကောင်းဆုံးလဲဆိုတဲ့ ကိစ္စဟာ သိပ်တော့ အရေးမပါလှပါဘူး။
ဒါပေမယ့်လို့လည်း … ကလိုရိုက်တွေကို ပိုပြီး လောင်ကျွမ်းစေချင်တယ် ဆိုရင်တော့ဖြင့် … ဟုတ်ကဲ့ .. မနက်ပိုင်းမှာ လေ့ကျင့်ခန်း လုပ်ပါ။
လေ့လာ တွေ့ရှိမှုအရ မနက်ပိုင်းမှာ လေ့ကျင့်ခန်း လုပ်သူတွေဟာ ကျန်သော အချိန်တွေမှာ လေ့ကျင့်ခန်း လုပ်သူတွေထက် ပိုပြီး အလုပ်လုပ်နိုင်စွမ်း ရှိကြတယ် ဆိုတာပါပဲ။

  • ရေ နွေးနွေးလေး သောက်ပေးပါ။

 

ရေ နွေးနွေးလေး သောက်ပေးပါ။

မောပန်းနေတဲ့ အချိန်မျိုးမှာ ရေအေးအေးလေး တစ်ခွက်ဟာ သင့်ကို လန်းဆန်းမှု ပေးနိုင်ပါလိမ့်မယ်။
အကယ်၍များ သင်ဟာ ဝိတ်ချနေတဲ့ လူတစ်ယောက် ဆိုရင်တော့ဖြင့် ရေအေးအေးလေး အစား၊ ရေနွေးနွေးကို ပြောင်းလဲ သောက်သုံးသင့်ပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရဆိုရင် အစာ မစားမီ ရေနွေးတစ်ခွက် သောက်သုံးပေးခြင်းဟာ နည်းနည်းနဲ့ မြန်မြန် ဗိုက်ပြည့်စေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့်မို့ အစာ မစားမီ ရေနွေးတစ်ခွက် သောက်ပေးခြင်းဟာ အစားကို လျှော့ချရာရောက်လို့မို့ ဝိတ်ချနေသူတွေ အနေနဲ့ ကျင့်သုံးပေးသင့်လှပါတယ်။

( အစာ မစားခင် ရေနွေးသောက်ပေးခြင်းဟာ အစာကြေပြီး နေလို့ထိုင်လို့ ကောင်းစေတယ်လို့ ကြားဖူးပါတယ်။ )
– ဘာသာပြန်သူ

  • များများ စားပါ။

 

များများ စားပါ။

ဝိတ်ချနေတဲ့လူတစ်ယောက်ကို များများစာပါလို့ ဆိုလာလေတော့ ဟ .. ဘာတုန်းဟ .. ဆိုပြီး ဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့်လို့လည်း ဒီလို များများ စားသောက်ပေးခြင်းဟာဆိုရင် တစ်ခါတစ်ရံမှာ ဝိတ်ကျစေပါသတဲ့။
တစ်နေ့ကို ၅ ကြိမ်၊ ၆ ကြိမ်ခန့် စားသောက်ပေးခြင်းဟာ သင့်ရဲ့ metabolism ကို မြှင့်တက်စေပါသတဲ့။
ဒီလို (အသားဓါတ် နည်းနည်း၊ ဖိုင်ဘာဓါတ်၊ စတဲ့ အဟာရဓါတ်တွေ ပါဝင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တွေကို အကြိမ်ရေ များများ စားသောက်ပေးခြင်းဟာဆိုရင် ကလိုရိုက် မပါဘဲနဲ့ လူကို ခွန်အား ပြည့်ဝနေစေတတ်ပါတယ်။

=======================

အထက်ပါ အချက်များသည်
+ ရမ်းဖြီးကျွန်းပြန် ဘာသာပျံ ဆြာကြီး အံချာဒုံး + ၏ ဘာသာပျံချက်များ ဖြစ်လေသည်။

ရမ်းဖြီးကျွန်းပြန် ဆိုဒေါ့ တိဒဲ့အတိုင်းဘဲ ရမ်းဖြီးထားရတာဂိုး ….။
သေချာ တိဂျင်ရင်ဒေါ့ အောက်က လင့်ခ်သို့ သွားကြည့်ဂျဘာလို့ တိုက်တွန်းဂျင်ဘာဒယ်။

Credit => http://learni.st/learnings/239135-5-weird-weight-loss-tricks-that-work?board_id=31818
=======================

18 comments

  • Crystalline

    March 7, 2014 at 3:17 pm

    အဲဒါမျိုးတွေ့ရင်အမြဲဖတ်ဖြစ်ပါတယ်.. မလုပ်ဖြစ်တာသာရှိတယ်.. … :mrgreenn:

    • မမချွိ

      March 7, 2014 at 3:35 pm

      တူတူပဲ :mrgreenn:

      • မဟာရာဇာ အံစာတုံး

        March 7, 2014 at 4:15 pm

        သိပ်သိပ်ကိုပဲ
        အတိုင်အဖောက် ညီနေတဲ့ အပိုကြီး အတွဲဘာဂလား …
        အေးလေ ..
        ဒါဂျောင့်လည်း ခုထိ အပိုကြီးတွေ ဖြစ်နေတာ နေမှာ …
        စွံဂျင်ယင် ဝိတ်လေး ဘာလေး လျှော့ဂျအုံး … :mrgreenn:

      • TNA

        March 8, 2014 at 4:36 pm

        ဆိမ်းဆိမ်း။ ခြောက်ညက်နှာရယ် လေ့ကျင့်ခန်းလဲမလုပ် အစားလဲအဝစားရင်း ပိန်နည်းလေးမစပါ။ ဒါလေးလဲမှတ်သွားပါတယ်။ လေ့ကျင့်ခန်းကတော့ ပြောရင်းစိတ်တောင်နာမိသေး။ သူ့ကြောင့်ငါပိုဝလာတာရယ်။ လိုက်လုပ်ကြည့်လိုက်ပါအုံးမယ်

  • Ma Ma

    March 7, 2014 at 4:12 pm

    မဟာရာဇာရေးသမျှပိုစ့်တွေထဲမှာ ဒီပိုစ့်အကြိုက်ဆုံးပဲ။ 🙂
    များသောအားဖြင့်ဝိတ်ချဖို့ဆိုရင် အစာ မစားနဲ့။ အစာလျှော့စားပါချည်းပဲ။
    တခြား အချက်အလက်တွေထက် များများစားပါ ဆိုတဲ့အချက်ကိုတော့ ကျိန်းသေလိုက်နာဖြစ်မှာပါ။ 😀

    • မဟာရာဇာ အံစာတုံး

      March 7, 2014 at 4:17 pm

      ကိုယ်လိုဂျင်တာလေးပဲ
      ဆွဲယူမတွားနဲ့အုံးလေ …
      ဟွန်းးးး :mrgreenn:

  • kai

    March 7, 2014 at 4:35 pm

    ဘာသာပြန်သိပ်တော်နေတယ်..
    ပြန်ခိုင်းလိုက်မှနဲ့တူတယ်..။ ဒီလပလေးဘွိုင်းထဲကစာတွေ..။
    နောက်တာမဟုတ်..တကယ်ပြောတာ…။
    ခေါင်းစဉ်က.. SLEEPERS AWAKE – In today’s 24/7 world, sleep is the last refuge of the human တဲ့..။
    ကောင်းချက်….။ :mrgreen:

    • မဟာရာဇာ အံစာတုံး

      March 7, 2014 at 4:50 pm

      ပျံပေးမယ် .. ပျံပေးမယ် ..
      လင့်ခ်ပေး …
      ပီးယင် .. ပို့စ် တင်ပေးမယ် … :mrgreenn:

  • alinsett (gazette)

    March 7, 2014 at 5:39 pm

    နီလည်း အိုက် နည်းတွေ သုံးပြီး ဝိတ်ချဦး
    နာလည်း ဝိတ်ချဦးမှပါ. . .
    🙂

  • snow smile

    March 7, 2014 at 6:49 pm

    ကိုယ့် ကို ကိုယ် တောင် ပြန် မ ကြည့် ရဲ တာ ကြာ ပေါ့
    စိတ် ညစ် စ ရာ
    ဖြစ် ပျက်
    ဖြစ် ပျက်

  • မဟာရာဇာ အံစာတုံး

    March 8, 2014 at 1:07 am

    @ အလင်းဆက်
    နင်နဲ့ ငါကတော့ ဝိတ်ချရင်
    အရိုးပဲ ကျန်လိမ့်မယ် ….

    @ မွန်
    များများ ဆိုတာက
    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်တွေကို ပြောတာ
    အဲ့ဒါတွေ များများ စားပေး …
    သွေးလည်း သန့်စေတယ်လို့ ကြားဖူးတယ် ..

    @ စနိုးစမိုင်း

    ကိုယ့်ကိုယ်ကို ပြန်မကြည့်ရဲဘူးဆိုတော့
    ဝ လို့လား၊ ပိန်လို့လားဗျ ..

  • padonmar

    March 8, 2014 at 1:16 am

    လိုက်နာမယ်။လိုက်နာမယ်။
    အဲဒါထက်
    ကယ်လိုရီ လောင်ကျွမ်းတာဖြစ်ရမယ်။
    ကလိုရိုက်မဟုတ်နိုင်၊
    ပုံ သတ်ပုံအဖွဲ့ မားမာမိုးမွန်မတ် ကိုယ်စား

  • ရွှေတိုက်စိုး

    March 8, 2014 at 8:49 am

    ကိုကိုအံ သများလဲ ချတာပဲအေ.. ချချင်တာမှ စက်စက်ကိုယိုလို..
    ချလေ တက်လေ ချလေတက်လေပဲအေ… ရေကိုမရောဘူးချတာမှ..
    အောက်ဆုံးကအချက်ကိုလိုက်နာမယ်.. စားမယ် စားပြီးရင်းစားမယ်.. ခဏ ခဏစားမယ်.. ထပ်စားအုုံးမယ်..

  • မမလေး

    March 8, 2014 at 1:42 pm

    ဝိတ်ချလိုက်တာ ၅ ပေါင်တက်လာတယ် . . . ဘယ်လိုလုပ်ရမလဲ 🙂

  • ရဲစည်

    March 8, 2014 at 8:31 pm

    ဝိတ်ချနည်းတော့မသိဘူး ဝိတ်မတက်အောင် ထိန်းနည်းတော့ သိတယ်။

    အရက်များများသောက်ပါ
    :harr:

  • moonpoem

    March 9, 2014 at 10:13 am

    များများစားလည်း ဝိတ်မတတ်ဘူး။ မနက်ပိုင်းလည်း အချိုမုန် ့စားရမယ် ဆိုတော့ကာ….ဒီနေ ့က စပြီး ကိုအံစာတုံး ညွှန်တဲ့အတိုင်း ဝိတ်ချဖို ့စီစဉ်လိုက်တော့မယ် 😛

  • Foreign Resident

    March 10, 2014 at 8:57 am

    မှန်တာပြောရရင် ။
    အဘ က ကိုယ်တိုင်သာ ဆရာဝန် မဟုတ်တယ် ၊
    မိဘ ညီအကိုမောင်နှမ ဇနီးမယား ဆရာဝန်တွေရဲ့ ၊
    နေ့တဓူဝ ဝိုင်းဝန်း ထိန်းကျောင်းမှု ခံနေရတဲ့ အဘ တောင် ၊
    မသိရသေးတဲ့ အကျိုးရှိတဲ့ အချက်တွေဘဲ ။

    ပြီးတော့ ၊ လိုက်နာရမှာ လွယ်တယ် ။
    လုပ်ကြည့်လိုက်ဦးမယ် ။ ကျေးကျေး ၊ အံဇာ ။

Leave a Reply