“ဟေ့….ငပေတိုး ထစမ်းးးးးး”

“ဗျာ….ဗျာ….” “ဗျာမနေနဲ့ ထစမ်း” ငပေတိုး အိပ်မှုန်စုံမွားနဲ့ထကြည့်ပြီး “အဘ ဘာလဲဗျ” “ ဘာလဲ လုပ်မနေနဲ့၊ မင်းကို တစ္ဆေ အုပ်ချုပ်ရေးရုံးက ဆင့်ခေါ်ထားတယ် မနေ့ညက လုပ်အားပေး ပျက်ကွက် မှုတဲ့ကွ” “ခေါ်တော့လည်း သွားလိုက်တာပေါ့ဗျာ စိတ်ပူမနေပါနဲ့” “စိတ်ပူလို့ ပြောတာမဟုတ်ဘူးကွ ငါအဲဒီကောင်တွေနဲ့ မဆက်ဆံချင်တာ ချေးခံတွင်းပေါက်လောက်ထိုင်ရတာလေးကို ဂုဏ်လုပ်ပြီး သောက်ကြီးသောက်ကျယ်တွေ ပြောလွန်းလို့ အဲဒါကြောင့် ဝတ္တရားအရပဲ လုပ်ပေးလိုက် ပြဿနာမဖြစ်စေနဲ့လို့ မင်းကိုငါမှာလိုက်တာ” “ကျွန်တော်လည်း လုပ်ပေးမလို့ပဲ  ဒါပေမယ့် အဓိပာယ် မရှိတဲ့ အလုပ်ဆိုတော့ ကျွန်တော်စိတ်ပျက်ပြီးပြန်လာတာ” ရုက္ခစိုးကြီးက စိတ်ညစ်သွားပြီး…..

“ဒီမှာ ငပေတိုး ရောမလိုရောက်ရင် ရောမလိုကျင့်ရတယ်ကွ” “ကျွန်တော်သိပါတယ် သူ့ကျောင်းကိုရောက်ရင် သူ့စာအံရမယ်ဆိုတာ” “ချီးပဲ လျှာရှည်နေပြန်ပြီ။ ရှေ့လျှောက် တစ္ဆေလိုပဲနေပါကွာ။ ဒီသြကာသလောကကြီးမှာ ဘဝတွေ အများကြီးရှိတယ်။ ဘယ်ဘဝမှာပဲနေရနေရ ဥပဒေကန့်သတ်ချက်ကိုတော့ လေးစားလိုက်နာရတယ်။ အမှန်အတိုင်းဝန်ခံရရင် ငါလည်း ရုက္ခစိုးအစဉ်အလာကို ငါမကြိုက်ဘူး။ အထူးသဖြင့် ရုက္ခစိုး နတ်မြောက်တန်ဆာတွေထဲမှာ အကျီလက်ရှည် ထူထူထဲထဲ မပါတဲ့ကိစ္စ ကိုရိုးကားယား နိုင်တဲ့ နတ်သားပုံစံကွာ ဘာပဲပြောပြော ခေတ်ကာလအခြေအနေနဲ့ လိုက်လျော ညီထွေ မှုရှိသင့်ပြီ မနှစ်က ဆောင်းတွင်းဆိုတအားအေးတာ ရုက္ခစိုးနတ်ဝတ်တန်ဆာက အအေးဒဏ်ကို အသေခံစားရတာကွ ခြင်ကိုက်ဖြုတ်ကိုက် ဒဏ်ကလည်း ခံရတယ်။ တီဗီထဲမှာ အိန္ဒြာကျော်ဇင် သွားတိုက်ဆေးကြော်ငြာထဲက ရုက္ခစိုးဝတ်စုံလောက်ဆို မဆိုးဘူးလို့ ငါတွက်မိတယ်။ အဲဒီကိစ္စ နတ်သဘက်အစည်းအဝေးမှာ တင်ပြတော့လည်း ဖောက်ထွက်ရင် ဒါဥပဒေမလေးစားတာ ၊အကြမ်းဖက်တာ၊ ဆူပုတာတို့ ခေါင်းစဉ်တပ်ပြီး အရေးယူခံရတယ် ဒါကိုပြုပြင်ချင်ရင် နည်းလမ်းမှန်နဲ့ ချဉ်းကပ်ရတယ်။ နတ်ကြီးတွေရဲ့ နတ်ဝတ်တန်ဆာက ထူထဲပြီး အထပ်ထပ် လုပ်ထားတော့ အအေးဒဏ်ခံရမယ်ဆိုတာ သူတို့မသိဘူး အပူဒဏ်ကို သိတယ် နတ်တွေ ချွေးပြန်ရင်သေပြီ။ အဲ့ဒါကြောင့် နတ်ဝတ်အထည်ချုပ်စက်ရုံတွေကို ပိတ်စပါးပါးနဲ့ချူပ်ဖို့ အကြံပေးရမယ်။ ဥပမာ မာတင်စနဲ့ပေါ့ကွာ ဇာပေါက်ဆိုလည်း အကုန်အကျများတယ်လေ။ ဒီခေတ် ပြည်သူ့ဘဏ္ဍာနဲ့ အလှူအတန်းတွေ လုပ်ပြီး နတ်ကြီးကြီးဖြစ်လာတဲ့ ကောင်တွေများတော့ အရင်လို ပိုးထည် ရွှေခြည်တွေ မတတ်နိုင်တော့ဘူး။ ဂျင်းသားအပျော့က နေ ဆယ်လူလာ စပြောင်း အခု အဲဒါလည်း မကိုက်လို့ မာတင်စနဲ့ ပြောင်းချုပ်နေရတယ်။ ဒါဟာ ရုက္ခစိုး အအေးပတ်နေတဲ့ ဒုက္ခကို နတ်ကြီးတွေသိလာအောင် တွန်းအားပေး အကြံပြုခြင်းပဲ။ သူတို့ အအေးဒဏ်ခံစားရရင် သြော်ကိုယ်တွင်း အကျီမပါတဲ့ ရုက္ခစိုးမင်းတွေ ဒုက္ခပေါ့လို့  ကိုယ်ချင်းစာတတ်လာလိမ့်မယ်။ အဲဒီတော့မှ အခြေအနေအမှန်ကိုတင်ပြလိုက် ကွက်တိပဲ။ အခုမင်းက တက်ကြွတဲ့ ကြက်ဖလို အတောင်လေး တဖတ်ဖတ်ခတ်ပြီး လှည့်ပြန်လာတော့ ရုံးရောက်ဂါတ်ရောက်ရောမလား။ ဒါကြောင့် ဥပဒေကို လေးစားရမှာနံပါတ်တစ် ကိုယ့်ဆန္ဒအမှန်ကို ဖော်ထုတ်ဖို့က နံပါတ်နှစ်၊ ဖြစ်လာအောင် နည်းမှန်လမ်းမှန် ချဉ်းကပ်ရမှာက နံပါတ်သုံးကွ ရှင်းပြီလား။ စကားမစပ် မနေ့ညက သုဝဏ္ဍကွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်၊ မင်းလုပ်အားပေးသွားတော့ ပျင်းတာနဲ့ အုပ်ချုပ်ရေးမှူးအိမ်က တီဗွီကိုလှမ်းကြည့်ပြီး အပျင်းဖြေတာ တော်တော်သံဝေဂ ရသွားတယ်” “ ဟုတ်လား ကျွန်တော်တောင် မကြည့်လိုက်ရတာ နာတာပဲဖြစ်မယ်” “ အာ….မြန်မာနဲ့ အင်ဒိုအုပ်စုပွဲ တက်ကန်တာ မြန်မာဝမ်းဇီးနဲ့ ရှုံးတယ်ကွာ ဗီယက်နမ် ဒိုင်ကလည်း ခပ်ညစ်ညစ်ကွ ထိုင်းနဲ့ အင်ဒိုကန်တုန်းကလည်း ဒီကောင်ပဲဒိုင်လုပ်တာ၊ အဲဒီတုန်းက ထိုင်းအသင်း လေးဂိုးရတဲ့အထိ ဒီကောင်တစ်ဖတ်သက်ရှုံးသွားတယ် ၊ ဒါရုက္ခစိုးအမြင်ပြောတာ ဖီဖာအမြင်နဲ့တူချင်မှတူမယ်။

ငါ့အထင် ထိုင်းနဲ့ဗီယက်နမ် ပေါင်းပြီးလုပ်စားတာကွ၊ ထိုင်းကလည်း မျက်စိမှိတ်ပြီး ကန်ရင်တောင်နိုင်တဲ့ ကမ္ဘောဒီးယား အသင်းကို 0-0 လုပ်ပြီး လျှော့ကစားသွားတယ်။ သူတို့ရည်ရွယ်ချက်က အိမ်ရှင်မြန်မာကို အုပ်စုပွဲမှာဖြုတ်ချထားပြီး ပထမ၊ဒုတိယကို  ထိုင်းနဲ့ ဗီယက်နမ်ပဲ လုမယ်ဆိုတဲ့ ရည်ရွယ်ချက်ထင်တယ်။ ဒါရုက္ခစိုးအမြင်နော် အမှန်တကယ်ဖြစ်သင့်တာက တစ်ဖက်အုပ်စုမှာ ဗီယက်နမ်လို အသင်းမျိုး အုပ်စုပွဲ ပြိုင်ပွဲဝင်နေတဲ့အချိန် ဒီဘက်အုပ်စုပွဲအတွက် စဉ်းစားရမှာ။ ဗီယက်နမ်ပွဲမှာ မြန်မာဒိုင်ထည့်ရင် သူတို့လက်ခံမလား အစဉ်အလာရှိတဲ့ ထိုင်းပွဲမှာမြန်မာဒိုင် သုံးရင်ကော လက်ခံမလား ပါးရိုက်ကြေးတောင်လောင်းလိုက်ချင်သေး ကန့်ကွက်သမှ ကျွမ်းတောင်ပြန်နေဦးမှာ။ အခုရလဒ်က အိမ်ရှင်မြန်မာက ဗိုလ်လုပွဲတောင်မတက်နိုင်ဘူး ။ ဒါရိုးရိုးသားသား ရှုံးတာမဟုတ်ဘူး။ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အလိမ်အညာတွေ နှိပ်စက်ကလူပြုမှုကြောင့် မြန်မာပရိတ်သတ်တေါရဲ့ စည်းကမ်းနဲ့ ကျင့်ဝတ်ကို စစ်ဆေးချင်ရင် ထိုင်းနဲ့မြန်မာပွဲကိုကြည့်လေ ဒိုင်ရဲ့ နည်းမှန်လမ်းမှန် ဆုံးဖြတ်ချက်ကြောင့်  အဝါကတ်တွေပလူပျံနေတာ ဘာများပြောမိသလဲ ပရိတ်သတ်ရှေ့ အောင်ပွဲခံပတော့ရောင် ဘာများတုံ့ပြန်မိသလဲ အား လုံး မြန်မာ…..မြန်မာ….မြန်မာ…..ဆိုတဲ့ သန့်ရှင်းတဲ့စိတ်နဲ့ အမျိုးသားရေး သိက္ခာကို ညာသံပေးခဲ့တာပဲရှိတယ်။ မဆဲဘူး ခဲနဲ့ မပေါက်ဘူး ထိုင်ခုံတွေ ရိုက်မချိုးဘူး။ အခု ဆူပူသောင်းကျန်းတာက မြန်မာ့ဂုဏ်သိက္ခာကို အလိမ်အညာတွေ မတရားမှုတွေနဲ့ အစော်ကားခံလိုက်ရလို့ ပေါက်ကွဲတာ။ ငတ်နေပါတယ်ဆိုမှ နှစ်ထောင်တန် လက်မှတ်ကို မှောင်ခိုဈေးနဲ့ နှစ်သောင်းပေးဝယ်ပြီး မျိုးချစ်စိတ်ပြတာ၊ ဒီလိုဖြစ်တော့ ပရိတ်သတ်စည်းကမ်းမရှိဘူးလို့ အပြစ်တင်ချင်နေသေး၊ ငါတောင် ရုက္ခစိုးမို့ လူသာဖြစ်ရင် ဒီလိုပွဲမျိုး ထိပ်ဆုံးကတောင် ပါချင်သေးသဟေ့” “အဘလည်းဘောလုံးပွဲကြိုက်တာပဲနော်”

“ဘောလုံးပွဲကိုကြိုက်လို့မဟုတ်ဘူး။ အမျိုးသားရေး ဂုဏ်သိက္ခာပြတဲ့ပွဲကို ကြိုက်တာ ဘောလုံးပွဲဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာမြှင့်တင်ပွဲ…..ပြုတ်ကျတဲ့ပွဲကွ၊ အခု တော့ ဘုတ်ကနဲ ပြုတ်ကျသွားပြီ၊ ရိုးရိုးကျတာမဟုတ်ဘူး ဒေါ်လာသန်းပေါင်းများစွာ ပေးပြီး ပြုတ်ကျသွားတာ သိပ်နှမြော်ဖို့ကောင်းတယ်။ ထားလိုက်တော့ ဒီထက်သိချင်ရင် ဂျာနယ်ဝယ်ဖတ်။ အခု ဆီးဂိမ်အိမ်ရှင်အဖြစ်နဲ့ ရလာတဲ့ ရလဒ်ကြောင့် သူ့အပြစ် ငါ့အပြစ်  သူ့ကို အရေးယူး ငါ့ကို အရေးယူ လုပ်ကြလဲ အပိုပဲ။ အရှုံးထဲကနေ အရှုပ်ပဲ ထပ်ဖြစ်တာပဲရှိမယ်။ ငါတို့က အရှုံးထဲက နေ အမြတ်ထုတ်ရမယ်။ ဒါဟာ သမိုင်းသင်ခန်းစာအဖြစ် ထားရှိရမယ်။ ဒီပွဲမျိုး နောင် အနှစ် တစ်ရာမှ တစ်လှည့်ပြန်ပြီး တာဝန်ယူရလည်း နောင်မျိုးဆက်သစ်တွေ အမှားမလုပ်မိအောင် သမိုင်းချန်ပေးရမယ်။ နောက်တစ်ခုက အမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင်လုပ်ချင်တယ်ဆိုရင် တစ်မျိုးသားလုံးရဲ့ အနှစ်သက်ဆုံးဖြစ်တဲ့ ဘောလုံး အားကစားကိုလည်း ဗားရှင်းမြှင့်ပေးရမယ်။ မျိုးဆက်သစ်တွေ ရွေးချယ်တဲ့ စနစ်ကို ပြောင်းသုံးရမယ်။ လက်သင့်ရာ မျက်နှာကြီးရာ ငယ်ရာတွေ လက်ပူတိုက် ဦးစားပေးမယ့် အစား တစ်နိုင်ငံလုံမှာရှိတဲ့ ရွက်ပုန်းသီး ကစားသမားတွေကို မြေလှန်ရှာပြီးစနစ်တကျ မြေတောင်မြှောက်ပေးရမယ်။ ကွင်းဆင်းစုဆောင်း ရှာဖွေနည်းကို ကျင့်သုံး မျိုးဆက်သစ်တွေကို စုဆောင်း လေ့ကျင့်ရေး အသုံးစရိတ်မြှင့်တင်ပေးရမယ်။ ဒါဟာ တကယ့် နည်းမှန်လမ်းမှန် ချဉ်းကပ်နည်းပဲ” ရုက္ခစိုးကြီးက စကားစခဏဖြတ်ပြီးးးးးး

“ငပေတိုးးးး”

“ဗျာ” “မင်းအခု လုပ်အားပေးမသွားတာ သုဝဏ္ဍကွင်းက ဆူပူတဲ့ ပရိတ်သတ်တွေရဲ့ လုပ်ရပ်နဲ့ အတူတူပဲကွ။ စိတ်ဆန္ဒက ဖြူစင်ပြီး လုံ့လပြုမှုက မှားယွင်းနေတယ်။ ပရိတ်သတ်မှာ အပြစ်ရှိသလိုမျိုး မင်းမှာအပြစ်ရှိတယ်လို့ တစ္ဆေအုပ်ချုပ်ရေးမှူးတွေက ယူဆကြမှာပဲကွ။ မင်းဆန္ဒ နဲ့ဘဝ တစ်ထပ်တည်းကျချင်ရင် စိတ်ရှည်သည်းခံပါ။ အခွင့်အရေးဆိုတာ တိုက်ယူရတဲ့ အချိန်နဲ့ စောင့်ယူရတဲ့ အချိန်ဆိုတာ ရှိတယ်။ အဲဒါကို ပညာဥာဏ်နဲ့သုံးပြီး အသုံးချရတယ်။ ငပိန်းလို ဇွတ်လုပ်နေရင် အကြမ်းဖက်တယ်လို့ အမည်တပ်ခံရတယ် အရေးယူခံရတယ်။  ”

“ပြင်သစ်အမျိုးသားရေးဝါဒီ ချားမောရက်စ်ကပြောတယ် ဒီမိုကရေစီဆိုတာ အများစုလွှမ်းမိုးနိုင်တဲ့စနစ် ဖြစ်တယ်တဲ့၊ ပလေတိုကတော့  ဒီမိုကရေစီဆိုတာ အရှုးများအတွက် အကောင်အထည်ဖော်ပေးနေရတဲ့ စနစ် လို့ပြောတယ်။ ဒီစကားနှစ်ခုရဲ့ ရည်ရွယ်ချက်က တရားဥပဒေကွ၊ တရားဥပဒေကို မလေးစားရင် လူမိုက် အများစုဖြစ်သွားနိုင်သလို အရှုးများအတွက်ဆိုတာလဲ ဖြစ်သွားနိုင်တယ်။ ငါပြောတာ မင်းသဘောပေါက်ပြီလား?”

“ပေါက်ပါပြီ အဘ” “ အေး ပေါက်ရင်သွား ရုံးမှာ မင်းပြဿနာ ကို ပြေလည်အောင် ဖြေရှင်းခဲ့” “ဟာ….အဘ ရုံးက ညမှဖွင့်တာလေ” “ဟေ့ကောင် လျှာမရှည်နဲ့ အခုက အရေးပေါ်ကိစ္စမို့ ကွင်းပိုင်ကြီး အမိန့်နဲ့  (၂၄) နာရီ ရုံးဖွင့်တယ်” “တိန်!!!!!!!”  :hee:

“တစ္ဆေကျင့်ဝတ်ကို သိလား ငပေတိုး”

“သိပါတယ်” “သိရင် ရွတ်ပြပါ” ငပေတိုး စဉ်းစားနေတယ် သူ့ရဲ့ တစ္ဆေဘဝ ဒါပထမဆုံးအကြိမ် အင်တာဗျူးခံရတယ်လို့ပဲ မှတ်ယူပြီး “တစ္ဆေကျင့်ဝတ်မှာ အခန်း ၃ခန်းရှိပြီး အခန်း ၁ကို ပုဒ်မ ဆယ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။ အခန်း ၂ကို ပုဒ်မ အခုနှစ်ဆယ်နဲ့ ဖွဲ့စည်းထားပြီး  အခန်း ၃ကို ပြင်ဆင်ခွင့် ဥပဒေ နဲ့ ဖြည်စွက်ခွင့် ဥပဒေဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်” “ကျွန်တော် အခန်း၂ကို ရွတ်မပြခင် တစ်ခု တောင်းဆိုချင်ပါတယ်” “ ပြောပါ” “ တစ္ဆေဆိုတာ တစ္ဆေကျင့်ဝတ်ကို အလွတ်ရနေမှ တစ္ဆေပီသပါတယ်၊ ဒီစကားမှန်ပါသလားခင်ဗျား” “ သိပ်မှန်တာပေါ့ တစ္ဆေကျင့်ဝတ်ကို အလွတ်မရရင် တစ်သက်တစ်ကျွန်းပဲ” “ဟုတ်ကဲ့ပါ ဒါဆို ကျွန်တော်စစ်မေးနေတဲ့ လူကြီးမင်းများ ကျင့်ဝတ်ကို အလွတ်ရမယ်ထင်ပါတယ်။ ကျွန်တော်တို့ တစ္ဆေငယ်လေးတွေ လေးစားကြည်ညိုရတဲ့ တစ္ဆေကြီးများဖြစ်မှာပါ” “ အောင်မာ သိပ်ရတာပေါ့ကွ  ရလို့ မင်းကိုစစ်ဆေးနေတာ” “ ဒါဆို အခု ကျွန်တော် ရွတ်ပြသွားတဲ့ အခန်း၁ အားလုံးမှန်ရဲ့လားဗျ” “မှန်တယ်လေ ဘာဖြစ်လို့လဲ” “ မှားနေလို့ပါ ကျွန်တော် ပုဒ်မ ၅ခုလောက်ပဲ အတိအကျ မှတ်မိပြီး ကျန်တာ ဖြီးဖြန်း ရွတ်ရလို့ပါ” “ဟေ……….. :harr:  ” “ကျင့်ဝတ်စာအုပ်ကို လှန်စမ်း” “ ကျမ်းစာအုပ်ထဲက ပိဋကတ်ပြတိုက်ထဲမှာ” “ဟာ..သွားယူစမ်း” “ ပြတိုက်သော့က အနှစ်တစ်ထောင်ကျော်လောက်ကတာည်းက ပျောက်နေတာ ဖွင့်မရဘူး” “ ဒါဆိုဘယ်လိုလုပ်မလဲ” တစ္ဆေရုံး ကြီးတစ်ခုလုံး အုတ်အော်သောင်တင်းဖြစ်သွားပြီး…..

“ဒုံးးးးးးဒုံးးးးးး”

“အားလုံးနားထောင် စစ်ဆေးနာကြားခြင်းကို ယမန်ကြီး နှစ်ပတ် ရွှေ့ဆိုင်းလိုက်တယ် ရုံးဆင်းပြီ” တီးတိုးဝေဖန်သံများဖြင့် တစ်ယောက်တစ်ပေါက်ဆူညံလာတော့မှ ငပေတိုးထကြည့်မိသည်။ လာရောက်ကြားနာကြတဲ့ တစ္ဆေပရိတ်သတ်တွေမနည်းပါလား ဆိုတာ သတိပြုမိသွားတယ်။ ရုံးကပြန်ထွက်လာတော့ အထင်ကြီးလေးစားတဲ့ အကြည့်တွေကြောင့် ငပေတိုး အားတက်သွားတယ်။

လုပ်အားပေးပျက်ကွက်တဲ့ ကိစ္စက ဘာမှ မပြောပလောက်ဘူးဆိုပေမယ့် ရုံးတင်စစ်ဆေးတဲ့ ပြဿနာက ကွင်းပိုင်ကြီးရဲ့ ရွှေနားတော်သို့ ပေါက်ကြားသွားလေတယ်။

“တစ္ဆေကြီးများးးးးးးးး”

“ဖျားးးးးးးးး”

“ငါကိုယ်တော်ကြားတဲ့ သတင်းက အမှန်ပဲလား” “မှန်ပါ ဘုန်းတော်ကြောင့်  ရွှေနားတော်ပေါက်ရောက်ရကြောင်းပါဘုရား” “အိမ်းးးးငါကိုယ်တော် တုန်လှုပ်မိတယ် မောင်မင်းများရဲ့” “ ဒီလိုသာဆို ပရလောကကြီးက စည်းမဲ့ကမ်းမဲ့ ဖြစ်မကုန်ဘူလား” “ဖြစ်နိုင်ကြောင်းပါဖျား။ သို့ပါသောကြောင့် အုပ်ချုပ်မှုပိုင်း အကွပ်အညှပ် တင်းအောင် ကွင်းပိုင်မင်းကြီးကိုယ်တိုင် ကျင့်ဝတ်ကို ခေါ်ယူစစ်ဆေးသင့်ကြောင်းပါ” “ ကောင်းပြီး ဒါထက်မောင်မင်းတို့ ကိုယ်တိုင် စစ်ဆေးရင်ကော ရနိုင်သေးလား”  “မှန်ပါ သက်တော်ရှည်ကြီးများ ဖြစ်၍ မှတ်ဥာဏ်များ နည်းပါးလို့ မေ့ကုန်ကြပြီဖျားးးးးးးး” “ဟမ်…..မောင်မင်းတို့က စပြီး မေ့ရသလား ငါကိုယ်တော်က အစီအမံ အကွပ်အညှပ် တွေများလို့ အဲဒါတွေ မေ့တယ်ဆိုခွင့်လွှတ်နိုင်သေး” “ မှန်ပါ့ ကျွန်တော်မျိုးကြီး မသေသေးသင့်ပါဘူးခင်ဗျ။” “ခက်တာပဲ ဒီပြဿနာကို ဘယ်လို လုပ်ကြမလဲ၊ တစ္ဆေ ကျင့်ဝတ်စည်းကမ်းဆိုတာ ပရလောက တစ်ခုလုံးရဲ့ အသက်ဝိညာဉ်ပဲ ဒါကို ဖော်ဆောင်ရမယ်။ အကြံဥာဏ်ပေးကြစမ်း” “ မှန်ပါ အဟောင်းကို ပြန်လည် တူးဖော်ခြင်းထက် အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်းပါဖျား” “ အိမ်း အဲဒီအကြံလျော်ကန်တယ် ဘယ်လိုစီမံကြမလဲ” “ကျွန်တော်မျိုးလျှောက်တင်ပါတယ်”

အသံက ညီလာခံနောက်ဆုံးမှ ထွက်လာသော ကြောင့် အားလုံး လှည့်ကြည့်လိုက်တယ်။ ကွင်းပိုင်ကြီးက….

“ဟဲ့…..ဘယ်သူလဲ ရှေ့တော်ဝင်ပြီး ခစားစမ်း” ငပေတိုးက ဦးညွတ်ဝတ်တွားပြီး“ မောင်မင်းက ဘယ်သူတုန်း” “ မှန်ပါ တစ္ဆေတို့ရဲ့ သခင် ဘဝရှင် ကွင်းပိုင်ကြီးရဲ့ အာဏာစက်အောက် ပြားပြားဝပ်ခစား အခွန် အထမ်းမပျက် လုပ်အားပေးတစ်ရက်သာလျှင် ပျက်ကွက်ပြီး အရှင့်ရဲ့ ရွှေလက်ကို နေထွက်တိုင်း ရှိခိုးနေတဲ့ ငပေတိုးပါခင်ဗျား” “အိမ်းးးးးးငပေတိုး တစ္ဆေက ဘာများ လျှောက်တင်ချင်သတုန်း” “မှန်ပါ့ တစ္ဆေကျင့်ဝတ်ကို နည်းလမ်းတကျ ခက်မသုံးဖြာ လျှောက်တင်ချင်တယ်ခင်ဗျား”  “ကောင်းပြီ မောင်မင်း….ဟဲ့ စာရေးတော်ကြီး” “မှန်ပါ” “ သူပြောသမျှ လိုက်ရေးမှတ်ကြစမ်း” “အသင့်ရှိကြောင်းပါ” “ကိုင်းးးးးးပြောစမ်း ငပေတိုး” “ မှန်ပါ တစ္ဆေတို့ရဲ့ သခင် တစ်ရာ့တစ်ပါးသော ကွင်းပိုင်တို့ရဲ့ အရှင် ဘဝရှင်ကွင်းပိုင်မင်းကြီး၏ မေတ္တာကရုဏာတော်တို့ကို ပရလောကသားအပေါင်း ကျိုးနွံစွာ ရစေခြင်းငှာ ဤသို့ ဥပဒေ ပြုသင့်ပါသည် ခင်ဗျား”

“အခန်း ၁- အပိုဒ် ၁  လောကအလိုအရ တစ္ဆေသည် အကုသိုလ် အမွေခံ စံရာဘဝ ဖြစ်ကြောင်းသိရမည်။

                       အပိုဒ် ၂ လောကအလိုအရ တစ္ဆေဘဝသည် အငွေ့သာရှိ၍ အတွေ့ဟူသော ခံစားမှုကို ရှောင်ရမည်။

                       အပိုဒ် ၃ အကုသိုလ်အမှု ပြုမိသူများ ဖြစ်ရကား အကုသိုလ်တရားပွားများစေသော ခြောက်လှန့်ခြင်း အတိတ်နိမိတ် အိပ်မက်ဆိုးများပေးခြင်း ဖမ်းစားပူးကပ် အထပ်အမြူ အပူကို ဖြစ်စေသာ အမှုအား ရှောင်ရှားခြင်း၊

                        အပိုဒ် ၄ ကုသိုလ်ပြုရာအရပ်ရှိလျှင် ပရလောကသားအားလုံး မြင်အောင် ကွင်းပိုင်မီဒီယာမှ အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာပေးခြင်း၊ ပို့ဆောင်ခြင်း

                         အပိုဒ် ၅ တစ္ဆေဘဝသည် ဘဝရှင် မင်းတရားကြီး ၏ အချုပ်အခြာ အာဏာစက်အောက်မှာ လွတ်လပ်စွာရှိနေပြီး  တန်းတူအခွင့်အရေး ရှိနေခြင်း

                          အပိုဒ် ၆ တစ္ဆေအချင်းချင်း အနိုင်အထက်ပြုကျင့်မှု ပြင်းထန်စွာ အရေးယူခြင်း

                          အပိုဒ် ၇ အနေအထိုင် အစားအသောက် မျှဝေ ထောက်ရှုပြီး လုယက်မှုကင်းကော အချင်းမများစေခြင်း

                          အပိုဒ် ၈ ဘဝခြားနေသော အခြားတစ်ပါးသော လောကကို ရှောင်ရှားခြင်း အနှောင့် အယှက်မပြုခြင်း  စတဲ့ ဥပဒေအခန်း များဟာ တစ္ဆေလောကရဲ့ အခြေခံ မူဝါဒလို့ အရဲစွန့်ပြီး လျှောက်တင် အပ်ပါတယ်ခင်ဗျား”

“အိမ်းးးးးကြားရသလောက် လျော်ကန်ပေတာပဲ ဆက်ပြီး လျှောက်တင်စမ်း” “မှန်ပါ အခန်း ၂ကတော့ အရှင်မင်းကြီးရဲ့ ရုံးသုံး ဥပေဒေများပဲဖြစ်ပါတယ်” ပြီးနောက် အခန်း ၃ အထိ စိတ်ရှည်လက်ရှည်ဖြင့် Ghost Right များကို တစ်ခုမကျန်  စနစ်တကျ အန်ထုတ်ပြက လျှောက်တင်လိုက်ပါတယ်။

“ဟေးးးးးးးးးးးဟေးးးးးးးးးးးးတော်လိုက်တဲ့ ငပေတိုး စီရင်ချက်ချမယ် နာခံစေ”

“မောင်မင်း တစ္ဆေကြီးများးးးးးးးးးး” “ဖျားးးးးးးးးး”

“ငပေတိုးရဲ့ လျှောက်တင်ချက်များကို ငါကိုယ်တော် နှစ်ခြိုက်တော်မူတယ် ဘယ်သူများကန့်ကွက်ချင်သူ ရှိသေးလဲ”

“ဘုန်းတော်ကြောင့် မကန့်ကွက်ရဲပါဖျား” “အိမ်းးးးးးးးနာခံစေ ဒီနေ့ ငပေတိုး လျှောက်တင်ချက်အားလုံး တစ္ဆေကျင့်ဝတ်စည်းကမ်းအဖြစ်သတ်မှတ်စေ။ ဥပဒေပြုလိုက ဤအချင်းအရာကို ငပေတိုးဖြတ်ထုံးဟု ခေါ်တွင်စေ၊ဥပဒေပြုသူ၏ ဥပဒေအစဉ်အား အမြဲမဖောက် မပျက်ထောက်ကွက် ဟူက မဖြစ်စေရန် ဥပဒေပြုသူအား ကွပ်မျက်၍ ငပေတိုး ဖြတ်ထုံး ဗိမာန်စိုက်တည်စေ” ငပေတိုး လန့်ပြီး ထပြေးမယ်လုပ်တော့ သက်တော်ရှည် ဝန်မင်းများက နှင့် တစ္ဆေများက ဝိုင်းဝန်းဖမ်းဆီးလိုက်သည်။

“ဘာ….ဘာလုပ်တာလဲ လွတ်ပါဗျ” ကွင်းပိုင်ကြီးက တစ္ဆေလေး ငပေတိုး  ဒါဟာ ပရလောကရဲ့ ဂုဏ်ထူးဆောင် အလုပ်မို့ ကျေကျေနပ်နပ်ကြီး ကွပ်မျက်ခံလိုက်ပါ” “မဖြစ်နိုင်ပါဘူး မင်းကြီးရယ် ကယ်တင်တော်မူပါ” “ ငပေတိုး တစ္ဆေစိတ်ဟာ မျောက်စိတ်လိုပဲ မတည်ငြိမ်ဘူး မောင်မင်းထုတ်ပြန်တဲ့ ကျင့်ဝတ်ကို မောင်မင်းဖောက်ပြန်ရင် အသုံးမတည့်တော့ဘူး  ဒါကြောင့် အမြဲ အသုံး တည့်အောင် ဘယ်တော့မှလည်း မဖောက်ပြန်နိုင်အောင် ဥပဒေပြုတဲ့ ပုဂ္ဂိုလ်ကို အပြတ်ရှင်းရတယ်။ ဒါမှ နောင်လာနောက်သားတွေကို မဖောက်မပြန် အမှန်အတိုင်း အုပ်ချုပ်နိုင်မယ်။ ကိုင်းးးး အမိန့်တော်အတိုင်း စီရင်ကြပေတော့” ထိုအခါ ပေတိုးမှ ဝမ်းနည်း ပက်လက်ဖြင့်…..

:cry:  “ အရှင် ရုက္ခစိုးကြီးရေ ကျွန်တော့်ကို ကယ်တင်ပါလို့ မပူဆာတော့ပါဘူး။ အရှင်ရုက္ခစိုးကြီး ပြောခဲ့တဲ့စကားအတိုင်း မြေဝယ်မကျ လုပ်ဆောင်ခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်က ဒီညီလာခံကြီးကို သေချာလေ့လာပြီးမှ  ဘာလုပ်ရမယ်ဆိုတာ ကို ပြင်ဆင်ရမှာပါ ခုတော့ စိတ်မရှည်ဘဲ ဇွတ်တိုးလုပ်မိုလို့ တစ္ဆေဘဝကို စွန့်လွှတ်ရတော့မယ်ဗျ။ တစ္ဆေလောကရဲ့ ဂုဏ်ထူးဆောင် တဲ့ သေမှ ဒီဂုဏ်ထူးကြီးက ဘာလုပ်ရမှာလဲ အီးးးးးဟီးးးးးဟီးးးးးးးးးး ”   :cry:

တစ္ဆေတရားရုံးကနေ ရပန်ကြီးတစ်ပတ်ရတယ်ပြောပြီး လနဲ့ ချီပျောက်ဆုံးနေတဲ့ ငပေတိုးကို ရုက္ခစိုးကြီး မျှော်ရတာ တစ်နွေကုန်လို့ တစ်မိုးတောက်ရောက်ခဲ့ပါပကောလားးးးးးးးးး။တစ္ဆေရုံးကိုသွားမေးရအောင်ကလည်း နတ်သိက္ခာကျဦးမယ်။ ကွင်းပိုင်ကြီးဆီ တိုက်ရိုက်သွားဖို့ကလည်း ဝင်ရထွက်ရ ခက်ပါဘိနဲ့။ ရုက္ခစိုးကြီး နှုတ်မှလည်း…..

“သနားစရာလည်း ကောင်း ချစ်စရာလည်းကောင်းတဲ့ တစ္ဆေလေးပဲ”ထိုသို့ တွေးနေစဉ်……….

“ဗျို့……..ရုက္ခစိုးကြီး”

“ဟေ……ဘာလဲကွ” “ ကျွန်တော့်မှာ နေစရာမရှိလို့ ဒီမှာ ခဏလောက်နေခွင့်ပေးပါခင်ဗျ” “ လာပြန်ပြီတစ်ကောင်၊ အေးအေး ခဏပဲရမယ်နော် ဒီနေရာမှာ မင်းထက်စီနီယာတစ္ဆေတစ်ကောင်ရှိတယ်နော်” တစ္ဆေလေးက ဝမ်းသာသွားပြီး ဗိမာန်ထဲဝင်က မီးလှုံလိုက်သည်။

“ဟေ့……ဒူးနေရာဒူးတော်နေရာတော်စမ်း။ ဒါမင်းတို့နေရမယ့် နေရာလား”  “ချမ်းလွန်းလို့ပါဗျာ” နောက်လာတဲ့ တစ္ဆေလည်း ငပေတိုးထက်ကဲဆိုသလိုပဲ စိတ်ပျက်သွားပြီး “ ငါ့နှယ်ကွာ မင်းတို့ တစ္ဆေတွေ သောက်ချိုးမပြေပါဘူး ဒါထက် မင်းနာမည်က ဘယ်သူတုန်း”

“ငပေတိုးပါခင်ဗျား” “ဟေ!!!!!!!!!!!!!!!!”  :harr:

ဤတွင်ပြီးပါပြီး ခီညားးးးးးးးးးးးးးးးးး :mrgreen:

အားလုံးကို လေးစားတဲ့

ပိုင်လေး

About Paing Lay

Paing Lay has written 20 post in this Website..

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် စီပွားရှာနေရသော်လည်း ရင်ထဲက အနုပညာ ပိုးမသေသောသူ။ တစ်နည်းပြောရလျှင် အနုပညာ လောကတွင် ကျင်လည် လိုသူ။