အဖြူအစိမ်းဝတ် ဘဝလေးသို ့

moonpoemMarch 8, 20141min1388

တစ် နှစ် သုံး…ဟေး ရေတွေ စိုသွားပြီကွ။ဟားဟား မင်းဘာတတ်နိုင်သေးလဲဟေ ရေတွေ မစိုချင်ဘူးဆို။ရှက်ပါတယ်ဟေ့။ ဆူဆူညံညံ အသံတွေကြားလိုက်ရရျ် အိမ်ရှေ ့ကို တစ်ချက်လှမ်းအကြည့် အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူလေးများ ကို ကြိုလာသော ဖယ်ရီကားမှ အသံတွေဖြစ်နေသည်ကို တွေ ့လိုက်ရသည်။ ကျောင်းသားလေး ဆင်းသွားသည့်တိုင် လမ်းပိတ်နေသေးရျ် ကားက အိမ်ရှေ ့မှ ထွက်လို ့မရသေး။ ကျောအင်းသား ကျောင်းသူလေးများ အချင်းချင်း စကြ နောက်ကြနှင့် ကြည့်ရတာ ဒီနေ ့စာမေးပွဲကြီး ဖြေပြီးသောနေ ့ ဖြစ်ဟန်တူသည်။

သူတို ့ပျော်နေကြတာကို ကြည့်ပြီး ကိုယ့်ကိုလည်း အပျော်လေးတွေ ကူးစက်လာသလို ခံစားရသည်။ပြီးတော့အတိတ်က ကိုယ်ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ဘူးသော သင်္ကြန်မဟုတ်ပေမယ့် အတန်းတင်စာမေးပွဲကြီးပြီးသည့်နေ ့သော်လည်းကောင်း၊ ခုံစီသည့်နေတွင်သော်လည်းကောင်း သူငယ်ချင်းအချင်းချင်းရေပက်ကြသည့် အဖြူအစိမ်းဝတ် ဘဝက ကျောင်းသင်္ကြန်အကြောင်းကို မြင်ယောင်နေမိသည်။

ကျွန်မသည် ၆တန်းနှစ်အထိ ကျွန်မတို ့နယ်မြို ့က အ.လ.က ကျောင်းလေးတွင် တက်ရောက်ခဲ့ပြီး
ရတန်းမှသည် ၁ဝတန်းကတော့ မန္တလေးမှ အမှတ်(၈) အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့ပါသည်။
ကျောင်းနှစ်ကျောင်းစလုံးကတော့ ကျွန်မအတွက် မေ့မရနိုင်သော ဘဝဧ။် အစိတ်အပိုင်း တစ်ခုတွင်
ပါဝင်ခဲ့ကြသည်ချည်းသာ။အမှန်အတိုင်း ဝန်ခံရလျှင်တော့ ကလေးဘဝက သာမန်ပျော်ရွှင်မှုတွေထက် တစ်ခုခုကို ခံစားတတ်လာသော အလယ်တန်းနှင့် အထက်တန်းကျောင်းသူဘဝကို ကုန်ဆုံးခဲ့သောအမှတ်(၈)ကျောင်းက ဘဝကို ပိုပြီိးမှတ်မှတ်ရရ ရှိနေသည်။

အမှတ်(၈)ကျောင်းသည် မိန်းကလေးသီးသန် ့ကျောင်းဖြစ်ပါသည်။ သည့်အတွက် ကျွန်မတို ့တွေသည်
အတန်းထဲတွင် ကဲချင်တိုင်းကဲခွင့် ကချင်တိုင်းကခွင့် လုပ်ချင်တာလုပ်ခွင့်ရှိသဖြင့်ယောက်ျားလေး
မိန်းကလေးရောယက်ကျောင်းများထက်လွတ်လပ်မှုတွေ ပိုရှိနေသည်လို ့တော့ ဟုတ်ဟုတ်မဟုတ်ဟုတ် ကလေးအတွေး တွေးမိသည်။ဥပမာ အားဖြင့် ငယ်ကျိုးငယ်နာဖော်ချင်း မဟုတ်သော်လည်း ကျောင်းကထိန်များအတွက် အတန်းထဲတွင် ပူဖောင်းများအလှဆင် ချိတ်နေသူတစ်ယောက်ဧ။် လုံချည်ကို
မရမက ဆွဲချွတ်ကြခြင်းမျိုး၊ ကျွန်မလို အူကြောင်ကြောင်တစ်ဦးမှ ဆရာမ မလာခင် တစ်ကိုယ်တော်
သီချင်းဆိုဖျော်ဖြေရင်း ကွေးနေအောင်ကလိုသူများအတွက် အမှတ်၈ကျောင်းသည် လွတ်လပ်ခွင့်
အပြည့်အဝရှိကြသည်သာ။ဒီလိုအခွင့်အရေးမျိုးသည် ယောက်ျားလေး မိန်းကလေး ရောယက်ကျောင်းများတွင် မရနိုင်သည့် အခွင့်အရေးတွေ မဟုတ်ပါလား။(မကြာခင် အဆဲခံရတေ့ာမည်ကို ကြိုသိပါသည်။)

စာသင်ချိန်တွင်လည်း စည်းကမ်းကြီးသော ဆရာမများအချိန်၌ ကိုယ်လည်း စည်းကမ်းကြီးလိုက်သလို၊
စတတ် နောက်တတ်သော ဆရာမများအချိန်၌ ကိုယ်လည်း ပေါတောတော လုပ်လိုက်သလို၊ စာမေးတတ်သော ဆရာမများအချိန်၌ မျက်နှာငယ်လေးဖြင့် ထမင်းရရက်မစားရသလို လုပ်နေတတ်ကြသည်က ကိုယ်တစ်ယောက်တည်း မဟုတ် တစ်တန်းလုံးနီးပါး။ သူငယ်ချင်းအချင်းချင်း
စကြနောက်ကြရင်းဖြင့် ရန်ဖြစ်ကြသည့်အခါတွင်လည်း ကြားက တစ်ယောက်က သူ က
နင်နဲ ့ပြန်ခေါ်ချင်လို ့တဲ့ အဲဒါ ခေါ်မယ်ဆိုရင် လက်ညိုးနဲ ့လက်ခလယ်နဲ့အကွေးကို နှိပ်လိုက်၊
မခေါ်ချင်ဘူးဆိုရင် အဲဒီအကွေးကို ဖြတ်လိုက်စသဖြင့် စေ့စပ်ညှိနှိုင်းပေးကြသည်ချည်းသာ။ ကျွန်မတစ်သက်တွင်တော့ ထိုအကွေးလေးကို လာပြသည့် သူငယ်ချင်းတိုင်းကို ပြန်ပြီး နှိပ်မိသည်ချည်းလေ။

ရတန်းနှစ်မှသည် ၁ဝတန်းနှစ်အထိ အတန်းတင် စာမေးပွဲနီးလာတိုင်း အော်တိုစာအုပ်လေးများကို အသီးသီးရေးခိုင်းကြသည်။ခုံစီသောနေ ့နှင့် စာမေးပွဲကြီး ဖြေပြီး သည့် နေ ့တိုင်း ရေပက်ကြသည်။
ဒါသည် ထမင်းစား ရေသောက်သည့် ဓလေ့ပမာ နှစ်တိုင်းလုပ်နေသဖြင့် ဘာမှ မထူးဆန်း။
သို ့သော်၁ဝတန်းနှစ်တွင်တော့ စာမေးပွဲကြီးဖြေခါနီး ရေးခိုင်းသော အော်တိုစာအုပ်လေးသည်လည်းကောင်း၊ ပက်နေသော ရေဘူးထဲမှ ရေအချို ့သည်လည်းကောင်း
ဘဝဧ။် အဖြူအစိမ်းဝတ် ကျောင်းသူဘဝကန် ့လန်ကာကို ပိတ်တော့မည် ့နောက်ဆုံးနေ ့ရက်များ
ဖြစ်ကြောင်းကို တစွန်းတစ ခံစားမိချိန်တွင် မျက်ရည်တွေ လည်လာမိသည်။

၁ဝတန်းစာမေးပွဲဆိုသည်မှာ ဘဝဧ။် တစ်ဆစ်ချိုး စာမေးပွဲဖြစ်သည့် အတွက် ဒီစာမေးပွဲဖြေပြီးလျှင်
အရင်နှစ်တွေကလို ကျွန်မတို ့သူငယ်ချင်းတွေ ပြန်ဆုံကြမှာ မဟုတ်တော့။ ရောက်သွားသည့်တက္ကသိုလ်တွေပေါ် မူတည်ပြီး ဘဝတွေ အသီးသီး ဖြစ်ကြတော့မည်။ ဒီလိုအတွေးတွေ
ဝင်မိချိန်တွင် အမှတ်(၈) Aခန်းထဲတွင် အတန်းသားအားလုံးမှ လက်ခံထားသော ပေါတောတော
မွန်းပိုအမ်ဧ။် လက်ထဲတွင် ပက်နေသော ရေဘူးထဲမှ ထွက်ကျလာသော ရေတို ့သည်လည်းကောင်း
အပက်ခံနေရသောကြောင့် ဖြတ်ခနဲ စင်လာသော ရေစက်ရေပေါက် အချို ့သည်လည်းကောင်း မျက်နှာပေါ်တွင် မျက်ရည်တချို ့နှင့်အတူ စီးမျောလာလေသည်။အော်တိုစာအုပ်လေးသည်လည်း
စိုနေသော ရေတစ်ချို ့ကြောင့်မင်တွေစွန်းနေသည်မှာ ဒီနေ ့ဒီအချိန်ထိတိုင်။

အခုတော့လည်း တကယ့်ကို ဘဝအသီးသီး။ အချို ့က ဆရာဝန်အဖြစ်၊ အချို ့က အင်ဂျင်နီယာအဖြစ်၊
အချို ့က ဆရာမ အဖြစ်၊အချို ့ကကုမ္ပဏီ အရာရှိမမများအဖြစ်၊ အချို ့က အစိုးရ အလုပ်များလုပ်ကိုင်ကြလျက်၊ အချို ့ကနိုင်ငံခြား ပညာသင်သွားကြ၊ နိုင်ငံခြားအလုပ်ထွက်လုပ်ကြနှင့်
ကျောင်းသူဘဝကလို အားလုံးကို ပြန်လည်ဆုံစည်းဖို ့ရာ မလွယ်ကူတော့။

အမှတ်(၈)ကျောင်းကြီးကတော့ သူမွေးထုတ်ပေးလိုက်သော ကျောင်းသူလေးများ နိုင်ငံကြီးကို တစ်ဖက်တစ်လမ်းမှ တောက်ပြောင်အောင်ကြိုးစားနေတာကို ကြည့်ရင်း ဆရာမများနှင့်အတူ
သူလည်း ခန် ့ခန့်ထည်ထည် ပြုံးပြီး ကျေနပ်အားရနေမှာပါလေ။

အိမ်ရှေ ့တွင် လမ်းပိတ်နေသောကြောင့် စောင့်နေရသော ကျောင်းဖယ်ရီကားလေးကတော့ ထွက်သွားလေပြီ။ ကျွန်မဧ။် အတွေးတွေကတော့ အခုချိန်ထိ ကျောင်းဖယ်ရီကားလေးပေါ်မှာ ကိုယ့်ကိုယ်တိုင်စီးနေသလို မြင်ယောင်နေမိဆဲ…..။

8 comments

  • snow smile

    March 8, 2014 at 4:23 pm

    အ ထက် တန်း ကျောင်း သား ဘဝ က
    သူ ငယ် ချင်း တွေ
    ကို ပို ချစ် မိတယ်
    လွမ်း စ ရာ တွေ ပို များ တယ်

  • TNA

    March 8, 2014 at 4:49 pm

    ငယ်ငယ်က ကျောင်းအပြောင်းအရွှေ့များလွန်းလို့ အဖြူအစိမ်းဘဝလဲ မှတ်မှတ်ယယ ရှားပါးသလို တက်ကသိုလ်ရောက်တော့လဲ အရေးအခင်းပေါင်းများစွာကြားထဲမှာ တောင်ပြေးမြောက်ပြေးနဲ့မို့ တကယ်တန်းတွေးမိရင် ကျောင်းသားဘဝက ဘာမှန်းမသိခဲ့တာ ဒီပိုစ့်ကလေးဖတ်မိမှသတိထားမိသတော့ 😥 :byee:

  • Paing Lay

    March 8, 2014 at 8:23 pm

    ဒီပို့စ်ကိုမြင်မှ ဆရာဦးဘုန်း(ဓာတု) ရဲ့ ကြိမ်ခွေ အတွေး ရသဆောင်းပါးကို ပြေးမြင်ယောင်မိသလို ကိုယ့်ကိုယ်ကို 10နှစ်ကျော်လောက်ပြန်ငယ်သွားသလို ခံစားရပါတယ်ဗျာ :kwi:

  • moonpoem

    March 9, 2014 at 10:08 am

    အဖြူအစိမ်းဝတ်ဘဝမှာတင်ပဲ ပျော်ရွှင်ဖွယ် ဖြတ်သန်းခဲ့ဘူးသူ၊သာမန်ဖြတ်သန်းခဲ့ဘူးသူ၊အဖြူအစိမ်းဘဝကို ဘာမှန်းတောင် မသိလိုက်ရသူတွေ ဘဝအဖုံဖုံ အစုံစုံ ရှိကြတာကို ရေးတုန်းက မတွေးမိဘဲ ကွန်မန် ့တွေ ဖတ်မိမှပဲ တွေးမိတော့တယ်။

  • ကျနော် ကိုယ် တိုင် လည်း ကျောင်း သား ငယ် ဘဝ တွေကို သ တိ ရ ပါ တယ်။
    ကျ နော် နောက် ဆုံး နေ ခဲ့ တဲ့ ကျောင်းကေ တာ့ ကဗျာလမင်း တို့ နဲ့ ဆိုရင် ကျောင်း မောင် နှမ ဖြစ် တဲ့
    စိန် ပီ တာ (ခ) အမှတ် 9 အ ထ က ပေ့ါ.
    ကျ နော် ကျောင်း သား ဘဝ ကို ငယ် ငယ် တုန်း က ခေါင်း လောင်း သံ ဆု ိပြီး ကျနော် ရေး ခဲ့ သေး တယ်။
    ဒါ ပေ မယ့် ငါး ပိုင်း အပြီး မှာ ဆက် မ ရေး ဖြစ် တော့ ဘူး။
    သူ ငယ် ချင်း တွေ ကို အရမ် း သ တိ ရ လာ လွန်း လို့။
    နောက် သူ ငယ် ချင်း တွေ အ ကြောင်း ရေး လိုက် ရင် အခု အ ချိန် မှာ ဘ ဝ အ မျုးိ မျုးိ တွေ နဲ့ ရပ် တည် နေ ကြ မှာ
    ကို သွား ပြီး တွေး လို်က် မိ လို့ ပါ။

    စိတ် တွေ ကို နောက် ပြန် ပြေး အောင် လုပ် တဲ့ မွန်းပို အမ် လေး ရေ

  • kyeemite

    March 10, 2014 at 2:05 pm

    လွှမ်းမိုးရဲ့ “ဆရာမ” သီချင်းလေးခေါင်းထဲရောက်လာတယ်…
    ကျုပ်လည်းအလယ်တန်းနဲ့ အထက်တန်းက မန္တလေးမှာပဲ..အထက(၁၈) နန်းတွင်းမှာပါ..
    သူငယ်ချင်းတွေရော..ဆရာဆရာမတွေပါ သတိရသွားပါ၏..လွမ်းသွားပါ၏…

  • ခင် ခ

    March 10, 2014 at 2:40 pm

    ၉ တန်း ကျောင်းစာမေးပွဲကြီးပြီးတဲ့နေ့ ရန်ကုန်မြို့မ အထက်တန်းကျောင်းရဲ့ လှေကားအဆင်း ခေါင်းပေါ် ကနေ ရေဖလားနဲ့ ရေလောင်းခံလိုက်ရတော့ နောက်ကိုပြစ်ပြီး ပုခုံးပေါ်တင်ထားတဲ့ လွယ်အိတ်လေးနဲ့ လွယ်အိတ်ထဲက စာအုပ်အချို့စိုသွားတာတွေ့ပြီး ငိုချင်သွားတဲ့ အဖြစ်လေးကို သတိရ သွားတယ်။ ရေဝိုင်းလောင်းတဲ့ ကျောင်းသူတစ်သိုက်လည်း ငိုချင်သွားတဲ့ ကျုပ်ကို ကြည့်ပြီး ပြေးကြသွား ကြလေတယ်လေ။ ဪ ဒီပိုစ့်လေးဖတ်ပြီး အမှတ်ရစရာတွေ တွေးဖြစ်သွားတယ်လို့…………..။

Leave a Reply