ခုခေတ် ဆယ်ကျော်သက်တွေရော . . . နှစ်ဆယ်ကျော်သက်တွေရော အဖြစ်များ အတွေ့များနေတာလေး ဆွေးနွေးကြည့်ကြရအောင်နော် . . .

အချစ်ဆိုတာ ခေါင်းစဉ်တပ်ပြီး . . .  Love = Sex ဖြစ်ဖြစ်သွားတတ်ကြတယ် . . .
ချစ်တယ် ချစ်တယ် ပြောပြီး . . . လိုချင်တာကို စိတ်ဆိုးစိတ်ကောက် နည်းမျိုးစုံနဲ့ မရရအောင်တောင်းဆိုကြတဲ့ . . .

အချစ်ကြီးတဲ့ မိန်းကလေးတွေက ချစ်သူနဲ့ ဝေးမှာကြောက်လို့ . . . လိုက်လျောလိုက်ကြတယ် . . .

အခန့်မသင့်လို့ ကွဲကြကွာကြတော့ . . . သိပ်ချစ်ပါတယ်ဆိုတဲ့ အချစ်တွေက ဘယ်ချောင်ကပ်နေမှန်းတောင်မသိဘူး . . .

အချစ်ဆိုတာ ချစ်နေတုန်းတော့ မိုးမမြင်လေမမြင်ပေါ့ . . .

ရေရှည်ကို စဉ်းစားစေချင်တယ် . . . ကိုယ့်ကိုကိုယ်ရော ကိုယ်ချ စ်တဲ့သူကိုရော တန်ဖိုးထားစေချင်တယ် . . .

sex ကိုတောင်းဆိုတယ်ဆိုမှတော့ ကိုယ့်ကိုတန်ဖိုးမထားလို့လို့မှတ်ပြီး ရဲရဲကြီးမေ့ပစ်လိုက်ပါ . . .

နောက်မှာ ကိုယ့်ကိုတန်ဖိုးထားမြတ်နိုးမယ့်သူတွေအများကြီးစောင့်နေတယ် . . . တွေဝေနေစရာမလိုဘူး . . . ကြောက်နေစရာမလိုဘူး . . .

အချစ်ကအရာတိုင်းအတွက် အရေးမပါဘူးဆိုတာ သူတို့လေးတွေကို သိစေချင်လို့ပါ . . .

နှလုံးသားနဲ့ ဦးနှောက် အလေးမခိုးကြေး  တစ်ဝက်စီပေါ့နော့် . . .

About မမလေး

has written 129 post in this Website..