နှလုံးသား နဲ့ ဦးနှောက် . . . အချစ် နဲ့ ဘဝ . . .

မမေလးMarch 8, 20141min30424

ခုခေတ် ဆယ်ကျော်သက်တွေရော . . . နှစ်ဆယ်ကျော်သက်တွေရော အဖြစ်များ အတွေ့များနေတာလေး ဆွေးနွေးကြည့်ကြရအောင်နော် . . .

အချစ်ဆိုတာ ခေါင်းစဉ်တပ်ပြီး . . .  Love = Sex ဖြစ်ဖြစ်သွားတတ်ကြတယ် . . .
ချစ်တယ် ချစ်တယ် ပြောပြီး . . . လိုချင်တာကို စိတ်ဆိုးစိတ်ကောက် နည်းမျိုးစုံနဲ့ မရရအောင်တောင်းဆိုကြတဲ့ . . .

အချစ်ကြီးတဲ့ မိန်းကလေးတွေက ချစ်သူနဲ့ ဝေးမှာကြောက်လို့ . . . လိုက်လျောလိုက်ကြတယ် . . .

အခန့်မသင့်လို့ ကွဲကြကွာကြတော့ . . . သိပ်ချစ်ပါတယ်ဆိုတဲ့ အချစ်တွေက ဘယ်ချောင်ကပ်နေမှန်းတောင်မသိဘူး . . .

အချစ်ဆိုတာ ချစ်နေတုန်းတော့ မိုးမမြင်လေမမြင်ပေါ့ . . .

ရေရှည်ကို စဉ်းစားစေချင်တယ် . . . ကိုယ့်ကိုကိုယ်ရော ကိုယ်ချ စ်တဲ့သူကိုရော တန်ဖိုးထားစေချင်တယ် . . .

sex ကိုတောင်းဆိုတယ်ဆိုမှတော့ ကိုယ့်ကိုတန်ဖိုးမထားလို့လို့မှတ်ပြီး ရဲရဲကြီးမေ့ပစ်လိုက်ပါ . . .

နောက်မှာ ကိုယ့်ကိုတန်ဖိုးထားမြတ်နိုးမယ့်သူတွေအများကြီးစောင့်နေတယ် . . . တွေဝေနေစရာမလိုဘူး . . . ကြောက်နေစရာမလိုဘူး . . .

အချစ်ကအရာတိုင်းအတွက် အရေးမပါဘူးဆိုတာ သူတို့လေးတွေကို သိစေချင်လို့ပါ . . .

နှလုံးသားနဲ့ ဦးနှောက် အလေးမခိုးကြေး  တစ်ဝက်စီပေါ့နော့် . . .

24 comments

  • ရာမည

    March 8, 2014 at 3:06 pm

    ကျွန်တော်တို့ ဘက်တော်သား ကွန်ဆာဗေးတစ် မမလေးကို ကြိုဆိုပါတယ်ခင်ဗျာ ။

    ရောက်လာတာအချိန်ကောင်းပါပဲ
    LT ကိုဆွေးနွေးနေကြပါတယ်

  • TNA

    March 8, 2014 at 4:43 pm

    sex ဆိုတာ အချစ်မဟုတ်သလို အချစ်ဟာလဲ sex မဟုတ်ဘူးလို့ခံယူပါတယ်။ အချစ်ဆိုတာ ဘဝတလျှောက်လုံး အေးအတူပူအမျှ သာတူညီမျှ ခံစားစံစားနိုင်တာကို အချစ်လို့ခံယူပါတယ်။ LT ကတော့ sex နဲ့လဲမဆိုင် အချစ်နဲ့လဲမဆိုင်တဲ့ အပိုင်းလို့ထင်ပါတယ်။ တာဝန်အပြည့်မယူချင်သေးတဲ့သူ၊ တာဝန်ဆို တာဘာလဲသိချင်တဲ့သူ၊ အဲယူရမဲ့တာဝန်ကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်ချင်သူများအတွက်လို့ထင်ပါတယ်။ တကယ်ချစ်ရင် တာဝန်ဆိုတာလဲယူရဲရမယ်။ အေးအတူပူအမျှလောကဒဏ်ကိုခံနိုင်ရမယ်။ အချစ်ပါတဲ့ sex ဆိုတာကတော့ သွေးမတော်သားမစပ်လူနှစ်ယောက် တယောက်တာဝန်တယောက်ယူနိုင်အောင်၊ ယူချင်စိတ်ပေါက်အောင်၊ တာဝန်ဆိုတာကိုကျေကျေနပ်နပ်လက်ခံနိုင်အောင်ဖြည့်ဆီးပေးတဲ့ ကြားခံလိုအပ်ချက်လို့ထင်ပါတယ်။ နောက် အပြင်မှာရှာတဲ့ sex ဆိုတာကတော့ ကိုယ့်ဝါသနာနဲ့ကိုယ်မို့ ဝေဖန်စရာမရှိပါဘူး။

  • Ma Ma

    March 8, 2014 at 5:23 pm

    ပြတ်သားတဲ့ အတွေးအခေါ်
    ရှင်းလင်းတဲ့ ရေးသားချက်…. ကြိုက်တယ်။ 🙂

  • kai

    March 8, 2014 at 5:41 pm

    ၁၅၀ဝကိလေသာပါဆိုမှတော့.. ထပ်ရှုပ်ချင်သေးတယ်..။
    ဘာဖြစ်ချင်နေတာလည်းမသိ..

    ဆိုတော့..
    နတ်သမီးဖြစ်ရင်တောင်.. ရှောင်မရ.. တည့်တည့်တိုးရတဲ့ကိစ္စ… ရယ်လို့..။ :mrgreen:

    • အဘရဟူဒီ

      March 8, 2014 at 5:57 pm

      ဒါချို ….နတ်ပြည်ကို ကျောက်ချဉ် နဲ့ ဗီအာဂရာ …အိပ်စပို့ လုပ်ရင် မီလ ျံ ဘစ်ဇနက် …

      😛

  • alinsett (gazette)

    March 8, 2014 at 5:44 pm

    သားကတော့ အာ့တွေနားမလည်တေးပါဘူး
    ခေးပဲရှိတေးဒါ. . .

    🙂

    • မမလေး

      March 10, 2014 at 1:30 pm

      ခလေးခလေးနဲ့ . . . တွေ့လိုက်သလိုပဲနော် ဟိုနေ့က 😉

  • ကပ္ပိယ သာဒင်​

    March 9, 2014 at 12:50 am

    လုပ်စမ်းပါဗျာ
    ဒီလိုတွေလဲရေးကြပါဦး
    ထောက်ခံပါတယ်

  • မမချွိ

    March 9, 2014 at 4:35 pm

    ပြောပါတယ်။
    လက်ကိုင်ရတာလောက်ကို အမြတ်ပါပဲလို့ ယူဆတဲ့
    ရင်းရင်းနှီးနှီး စကားပြောမိရင်ကို လွယ်ကူတဲ့ မိန်းမမျိုးအဖြစ်သတ်မှတ်တဲ့
    ကွန် အထီး များပြားသောတိုင်းပြည်မို့ ဒီ ကိစ္စမျိုးမှာ မယုံသင့်ပါဖူးဆို။
    ကျုပ်ပြောတာကို နာကြသေးသတော့။

    :mrgreen:

    • Foreign Resident

      March 10, 2014 at 8:17 am

      မမချွိ says:
      ” လက်ကိုင်ရတာလောက်ကို အမြတ် ပါပဲလို့ ယူဆတဲ့ ”

      အဘ က ၊ လက်ကိုင်ယုံလောက်လေးနှင့်တော့ အမြတ်လို့ မယူဆပါဘူး ။
      ဘုရားစူး ၊ သူတော်ကောင်းကြီးပါ ။ ဟီ ဟိ ။

      အဲဒီ ကိစ္စ မျိုး ကြုံခဲ့ဘူးတာ တစ်ခု ပြောဦးမယ် ။ ဟီ ဟိ ။
      အဘ ငယ်ရွယ် မိုက်လုံးကြီးခဲ့စဉ်ကပေါ့ ၊
      ( အခု မှုတ်ဘူးနော် ၊ အခုက အဘ လိမ္မာ တွားဘီ )

      အဘ က အရင်က လက္ခဏာ စိတ်ဝင်စားပြီး ဟောပေးတတ်တယ်လေ ။
      အဲဒါကို တစ်ချို့ သာမီးလေးတွေက လက်ကို ညာကိုင်ပါတယ် ဆိုပြီး ၊
      ပြောတတ်ကြတယ်လေ ( တကယ်က သူတို့ နောက်ရှာတာပါ ) ။

      အဲဒါ ၊ အဘ လည်း ” ဒင်းကများ ငါ့ကို ” ဆိုတဲ့ စိတ်အခံ နှင့် ၊
      ” နင့် လက် နှင့် ငါ့ လက် ဘယ်သူ့လက် ပိုနု သဒုံး ၊ ယှဉ်များဘဲ ကြည့်ပါအုံး ။
      နင့် လက်ကြမ်းကြီးကိုများ ငါက ညာကိုင်ရမယ် ရှိသေး ၊
      လက်ကြမ်းကြီး နှင့် လာနွဲ့ မနေနှင့် ” ဆိုပြီး ၊ ခပ်မာမာ ပြောထည့်လိုက်တာ ။

      ( သူတို့မှာ နဂို သိမ်ငယ်စိတ် အခံလဲ ရှိတယ် ထင်ပါ့ )
      တစ်အိအိ နှင့် ဝမ်းနည်းပက်လက် ကြိတ်ငိုနေလို့ ၊ အဲဒီနေ့က ၊
      မုန့်ဘိုး တော်တော် ပေးလိုက်ရပါရောလား ။ ဒုက္ခ ၊ ဒုက္ခ ။

      အ ဟီ ဟိ ။ ဒါပေမယ့် ၊
      ငိုနေတဲ့ သာမီးလေးတွေကို ချော့ရတာလဲ Feel တစ်မျိုးပါဘဲ ။
      မဆိုးဘူး ။ ဟီ ဟိ ။

      • ဘရန်းဒက် ကေဇီ

        March 10, 2014 at 11:09 am

        ဟီးဟီးးးး :mrgreenn:
        သဘောပြောတာပါ အဘရယ်။
        ကျနော် ကထူးဆန်းပို့(စ)မှာ ပြောတာကို ဟောင်ကောင်က လေဘာဒယ် ကြီးက နာ သတဲ့။
        😀
        သများတို့ နိုင်ငံကြီးက ဘာမဆို ဒီကိစ္စကို ရှေ့တန်းတင်/လမ်းဆုံး စဉ်းစားကြတာလေ။

        အမျိုးသား နဲ့ အမျိုးသမီး ၂ ယောက်တွဲ တွေ့ရင်ကို ဟိုဟာ ဒီဟာပဲ …
        လစ်ဗျဲ (စီဒီ တူ ဦးဆာ) တွေရဲ့အတွေးအခေါ်က ကွန်နိုင်ငံထဲ ချမပြတာ အကောင်းဆုံးပဲ။
        မတော် လူငယ်တွေကို အဆိပ်သင့် အတွေးအခေါ်တွေပေးပါတယ် ဆိုပြီး အဆိပ်သောက်ခိုင်းနေမှဖြင့်။ :mrgreenn:
        အိုဘယ် ကွန်ဆာ ဘေးတစ်/အလယ်တစ်/ရှေ့တစ်/နောက်တစ်။ :mrgreenn:

        နိုင်ငံတကာ မှီအောင်လိုက်ဟေ့ဆိုရင် အတွေးအမြင်က မလိုက်ပဲ မဟုတ်တာတွေ အရင် လိုက်မှာကိုးးး
        ဟိဟိ။
        😀

        • ဦးကျောက်ခဲ

          March 10, 2014 at 12:56 pm

          ဒါကတော့ ဂလိုရှိပါတယ် ဘရန်းဒက် ကေဇီ ချွိမမ ရယ်…
          လမ်းတွေ့လို့ ပြုံးပြမိရင်တောင် ဒီကောင်တော့ ငါ့ကို ကြိုက်နေပြီအထင်တော်ရောက်ပြီး ပါးရိုက်မယ်ရွယ်တတ်တဲ့ မြန်မာ မဟာဣတ္ထိယဝါဒီမမများက … အဲသလို လက်ပွန်းတတီးနေတော့ ကိုကိုကွန်များက အထင်တော်လွဲတာပေါ့ ။
          ဖတ်ဖူးတယ် မဟုတ်လား ၊ “ဏ (ကြီး) ကိုပယ်မှ န (ငယ်) ကို ရမယ်” လို့ စကားထာဖွဲ့တာကို အတိတ်စိမ်းကောက်တာမှားလို့ လက်ရောက်မှုဖြစ်သွားတဲ့ ပုံပြင်… အာဟိ
          အဲသည့်တော့… “စင်းစင်းပြောလား… စင်းစင်းပြောပါလား…” (ဟေမာနေဝင်းရဲ့ ရှင်းရှင်းပြောပါလား သီချင်းကို ဂန္ဓာလရာဇ်လေသံဖြင့်…)
          😀

        • မမလေး

          March 10, 2014 at 1:36 pm

          မောင်နှမနှစ်ယောက် ပုခုံးဖက်သွားရင်တောင် . . . ဟယ် အသစ်လားမသိဘူးတို့ ဘာတို့ . . . လွယ်ပါဘူး . . .

  • အ ခုရက် က တော့ ဒီ အကြောင်းက ဆွေး နွေး လို့ အ တော် ကောင်း နေ ကြ တယ်။
    ခေတ်သစ် နဲ့ ခေတ် ဟောင်း အား ပြိုင် ပွဲပေါ့။
    က ဲ LT အ စ ဘယ် က ဆို တာေ လး များ ဗ ဟု သု တ အဖြစ် ကြာ း ချင် ပါ တယ်။

  • ဟုတ်တယ်..ဟုတ်တယ်.. အနော်က တစ်လစ် (တစ် + လစ်) ဆိုပေမယ့် ဒီနေရာမှာတော့ ရဲရဲကြီး တစ် တယ်.. အဲ့လိုသာ လာတောင်းဆိုလို့ကတော့ ငါ့ကို တန်ဖိုးမထားရကောင်းလား ဆိုပြီး တစ်ခါတည်း လမ်းခွဲပစ်လိုက်မယ်.. 🙂

    • မမလေး

      March 10, 2014 at 1:37 pm

      လုံမလေး . . . ရိုက်လိုက်ပါဦး . . . 🙂

      အဲ့လိ်ုမျိ ုးကို ဖြစ်နေရမှာ . . .

  • Mr. MarGa

    March 10, 2014 at 10:38 am

    LT အစ အနောက်ကပေါ့ဗျာ… ဟီဟိ
    ပြောရရင် တန်ဖိုးထားပုံချင်း၊ တွေးခေါ်ယူဆပုံချင်း ကွာပါတယ်ဗျာ
    အချစ်က ဘဝမဟုတ်ဘူး နှလုံးသားက ဦးနှောက်လောက် မှန်မှန်ကန်ကန် မတွေးနိုင်ဘူး
    အဲလိုသိရင် ပွဲက ပြီးနေပြီ……
    ဟီးးး အနော်ဘာမှမတိ

    • ကထူးဆန်း

      March 10, 2014 at 12:49 pm

      အဲဒါဆို အလေးခိုးပြီးသွားပြီလေ.. ခွိ.

  • ဦးကြောင်ကြီး

    March 10, 2014 at 11:36 am

    မမလေးဂေါင်ဇူးကို ခြစ်တယ်..

  • မီ မီ

    March 10, 2014 at 11:48 am

    ဘယ်သူကိုမှ မယုံစားတာအကောင်းဆုံးပါရှင်

  • ဦးကြောင်ကြီး

    March 10, 2014 at 12:23 pm

    မီမီနဲ့ မမလေးဂေါင်ဇူးကို အရမ်းခြစ်သီ..။

  • မမလေး

    March 10, 2014 at 1:32 pm

    ဘာနဲ့လဲ . . . ဂျစ်နဲ့လား 😛

  • မမလေး

    March 10, 2014 at 1:46 pm

    ၃ second အတွင်းမှာ ကြိုက်ပြီး ၃ မိနစ်မှာရည်းစားဖြစ်သွားတယ်တို့ ဘာတို့လာတော့မယ်ထင်တယ် . . .

  • ၃ second အတွင်းမှာ ကြိုက်ပြီး ၃ မိနစ်မှာရည်းစားဖြစ်သွား ပြီးေ တာ့ ၃ ရက် အတွင်း မှာ

    ဒန် ဒန့် ဒန်

Leave a Reply