ကြမ်းခဲ့သည်

Maung Tar TeeMarch 8, 20141min19913

ဘိလပ်မြေ မှုန့် တွေ ဖွေးဖွေးထလို့
အုတ်ပုံ တွေ ကြား ဘဝ ကို..
စလုံးရေ စခဲ့ရတယ်..

နေပူ မိုးရွာ..
ဒါတွေက အလုပ်နားဖို့ အကြောင်းအရင်းမဟုတ်..
ဝမ်းရေးက တဂွီဂွီ အချက်ပြနေသ၍ပေါ့..

အဲယားကွန်းခန်းထဲ ကွန်ပြူ တာရှေ့
ကော်ဖီတစ်ခွက်နဲ့ အလုပ်လုပ်ရတဲ့ ဇိမ်..
ဘယ်သိပါမလဲ..
ရတဲ့ ၁၅ မိနစ်မှာ ကွမ်းစား ဆေးလိပ်သောက်..
ဇိမ်ကျ ခဲ့ရသကိုး..

နေစောင်း ခဲ့ပြီ..

အိမ်ပြန်ချိန် ရောက်တော့…
ဆင်းကဒ်မပါတဲ့.. ဟန်းဆက်အပေါစားလေးနဲ့.
လင်းလင်း သီချင်းကို ဖွင့်လို့….။
အိပ်ကပ်ထဲ က နေ့တွက်ခ ကို
ဂရုတစိုက်စိုက်နဲ့ မှော်ဘီကား
ခေါင်မိုးပေါ်မှာ ခပ်ပျော်ပျော် ပဲ အိမ်ပြန်ခဲ့တယ်..

ညဘက် ဘုံဆိုင်ထိုင်ချင်ထိုင်..
ဒေါင်မှာ ထိုင်ချင်ထို်င်..
မနက် လမ်းစရိတ်တော့ ကျန်အောင် ချန်ရင်း…
အပန်းဖြေခဲ့တယ်…

လက်ဖဝါးကြမ်းကြမ်း..
ခြေဖဝါးကြမ်းကြမ်း..
ဘဝကြမ်းကြမ်း..
အိမ်မက် အနုအရွတွေ နဲ့ လူသား..
ကောင်းကင်ကို မေ့ပြီး.. အနာဂတ်ကို ကြိတ်မှိတ်မေ့ပြီး..
ညကိုပါ မေ့လိုက်တယ်…
တစ်ချက်တော့တွေးလိုက်တယ်..
ပြီး… ချက်ချင်း ပြန်မေ့လိုက်တယ်…
ညရယ် ဘဝရယ်
ခြေလက်ကြမ်းကြမ်းတွေရယ်…
အနာဂတ်ကြမ်းကြမ်းတွေရယ်…

 

13 comments

  • မမချွိ

    March 9, 2014 at 4:40 pm

    ကြိုဆိုပါတယ်။
    နောက်ခါ တင်ရင် ကက်တဂိုရီကို ရွေးတင်ပါနော့။
    ခုက ကော်ပီ/ပေ့ ဆို ရှေ့မှာ မမြင်ရဘူးးး

    အဆက်လေး ရေ (ခရက်ဒစ်တူ တိုက်တိုက်) ပြင်ပေးဦးဟ။

    😀

    • alinsett (gazette)

      March 9, 2014 at 8:32 pm

      အဆက်ကလေးရေ..ဆိုရင်..တွန် ့တွန် ့သွားတယ်…အေ…
      ပုခုံးပြောပါတယ်.. ။
      :kwi:

    • Maung Tar Tee

      March 11, 2014 at 10:00 am

      ဟုတ်ကဲ့ ကျေးဇူးတင်တယ်ဗျ..နောက်လည်းပြောပြပါဦးနော်..

  • alinsett (gazette)

    March 9, 2014 at 8:36 pm

    လင်းလင်းအစား တခြားလူရဲ ့သီးချင်းကို.. ဖွင့်လို ့..ဆိုရင်..
    ဒီကဗျာကို..ပိုချစ်မှာ…

    :kwi:

    • Maung Tar Tee

      March 11, 2014 at 10:01 am

      နောက်ဆို ကိုအံကြီး သီချင်းလေး ထည့်ပါ့မယ်ခင်ဗျ..

  • အရိပ်စစ်

    March 9, 2014 at 10:42 pm

    အသစ်ခယေးမှန်း သိပါဝူးကွဲ့…
    မင်္ဂလာပါ
    ကြိုဆိုပါတယ်တယ်ချင့်…

  • kyeemite

    March 10, 2014 at 1:40 pm

    ဝဲလကမ်းပါ ကဗျာဆရာမောင်တာတီးရေ..

  • ခင် ခ

    March 10, 2014 at 2:12 pm

    လက်သွေး
    ဆက်ရေး
    ဖတ်ပေး
    ကြိုဆိုတယ်လေး။

  • Mr. MarGa

    March 10, 2014 at 3:26 pm

    စိတ်ထားလှလှ
    ဘဝ ကြမ်းကြမ်း…
    …..

    ….
    ….

  • Maung Tar Tee

    March 11, 2014 at 10:03 am

    ဟုတ်ကဲ့ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
    နောက်လည်း အမှားရှိရင်ပြောပြကြပါဦးနော်

  • မဟာရာဇာ အံစာတုံး

    March 11, 2014 at 10:13 am

    မိုက်တယ်ဗျာ ..
    မလိမ်မာဘူးးး
    ဒဂယ် .. ဒဂယ် …
    ဟောဒီနားလေးကို သိပ်သိပ် ခိုက်တယ် …

    လက်ဖဝါးကြမ်းကြမ်း..
    ခြေဖဝါးကြမ်းကြမ်း..
    ဘဝကြမ်းကြမ်း..
    အိမ်မက် အနုအရွတွေ နဲ့ လူသား..

Leave a Reply