အိုပြည့်ရှင်

ကာရံMarch 8, 20141min1403

သခင့်အနားခစားဝင်ဖို့ ရင်မှာထာဝရပိုင်ချင်သူ

မာယာတစ်ခန်းတစ်နားနဲ့ နှလုံးသားကိုပန်းလိုခြွေဖို့

ဘဝကိုဖန်ဆင်းလေသူ

မုသားကိုရေလိုသုံး အမုန်းကိုအဖော်ပြု

သစ္စာတရားကို အနှစ်သာရမဲ့စွာပြောသည့် သခင်ကိုမှ

ရင်ထဲကမြတ်နိုးစွာ ချစ်မိလေသူ

အချစ်ကိုကျိန်စာမိခဲ့သူဘဝ

နှလုံးသားတစ်ခုပျက်သုံးသွားပါစေ

ပေးဆပ်ချစ်ရသူမို့ အမိန့်တွေကြားမှာ

ခစားခဲ့ရသူ

သခင်ရယ် ကြင်နာမှုဆိုတာ

ရင်မှာဖြစ်တည်ရင်လေ

ချစ်ကြီးသူဘဝမို့ စာနာလှည့်ပါ

အိုပြည့်ရှင်

      ကာရံ ၈.၃.၂၀၁၄

3 comments

  • အရိပ်စစ်

    March 9, 2014 at 10:07 pm

    သခင်ရယ်…

  • ကာရံ

    March 10, 2014 at 7:46 pm

    အခုလို ကဗျာလေးကိုခံစားပေးလို့ သူငယ်အပေါင်းကျေးဇူးပါ

Leave a Reply