သူဌေးသမီးနှင့် အင်တာဗျူး

moonpoemMarch 9, 20141min13310

ကျွန်မက ဟိုနားဒီနား ရှောပင်းထွက်မယ်ဆိုရင်တောင်မကြီးစန်းတို ့လင်းလင်းတို ့ကို ခေါ်ပြီး အလှပြင်ခို်င်းတာ။နာမည်ကြီး မင်းသမီးတွေ မော်ဒယ်လ်တွေတောင်မှ ရှုတင်ရှိမှ မာမီတွေကို အလှပြင်ခိုင်းတာ တော်ရုံတန်ရုံ သူတို ့ဟာ သူတို ့လိမ်းကြတာရယ်။

ဪ..အဝတ်အစားနဲ ့ပတ်သတ်ပြီးရင်လည်း လတ်လတ်တို ့၊ ပြည်စိုးအောင်တို ့က ကျွန်မအတွက်ဆို
အမြဲတမ်း ချုပ်ပေးချင်နေကြတာ။သူတို ့က ဘာပဲပြောပြော ကျွန်မ အစ်မနဲ ့နိုင်ငံခြားမှာ ဒီဇိုင်နာဘွဲ ့ အတွက် ကျောင်းသွားတက်တုန်းက ခင်ခဲ့ကြတာ။ဒီတော့ သူတို ့က သူငယ်ချင်းရဲ ့ညီမလေးတစ်ယောက်အနေနဲ ့ကျွန်မဆိုရင် လုပ်ပေးချင်နေကြတဲ့ သဘောပါ။

ဖိနပ်ဆိုရင်လည်း Lily တို ့Shoe Gallery တို ့Charles&Keith မြန်မာဘက်က သူတွေဆိုတာ ကျွန်မမို ့စီးမယ်ဟေ့ ဆိုရင် အရန်သင့်ပဲ အိမ်ကို ပို ့ပြီးသား။ဘော်ဒီဂတ်အနေနဲ ့ကတော့ အမျိုးသမီး ၂ယောက်နဲ ့အမျိုးသားတစ်ယောက် ပေါင်း၃ယောက်ထားထားတယ်။အမျိုးသားကတော့ ကျွန်မ လုံခြုံရေးအတွက်၊အမျိုးသမီး၂ယောက်ကတော့ ကျွန်မ လက်သည်းနီပျက်သွားတာက အစ ကျွန်မ မျက်နှာနားခြင်တစ်ကောင်ဝဲနေတာက အဆုံး ဂရုသိပ်စိုက်ကြတဲ့ သူတွေပါ။

ဖေဖေနဲ ့မေမေက သီဟသုဓမ္မသိင်္ဂ ီနဲ ့သီရိသုဓမ္မသိင်္ဂ ီဆိုတော့လည်း ဘဝမှာ ဆင်းရဲတာတို ့အဆင်မပြေဘူးဆိုတာတွေကို သိပ်တောင် မကြားဘူးတော့ ကျွန်မအနေနဲ ့ငိုတာတို ့မျက်ရည်ကျတာတို့ ဆိုတာတွေဟာ ကိုရီးယားဇာတ်လမ်းကြည့်မှပဲ ရှိတတ်တော့တယ်လေ။

ကဲ..ကျွန်မအကြောင်း ရှင်သိချင်တာ လုံလောက်ပြီလား။တခြားဘာသိချင်သေးလဲ။ဒီ့ထက်ပိုပြီး အင်တာဗျူးချင်ရင်တော့ နောက်ရက်မှ ထပ်လာခဲ့လိုက်တော့။ ကျွန်မ နားချင်နေပြီ။ ကျွန်မအနေနဲ ့ရှင်သိပ်ကို ဗျူးချင်ပါတယ်ဆိုလို ့အရင်တစ်လကတည်းက ခွင့်တောင်းထားလို ့သာ အားနာနာနဲ ့လက်ခံလိုက်ရတာ ကျွန်မက သိပ်ပြီး အပြင်က သူစိမ်းတွေနဲ ့လက်ခံစကားပြောချင်တာ မဟုတ်ဘူး။

ဟုတ်ကဲ့… ကျွန်တော့်ကို အခုလို စကားလက်ခံပြောပေးတာ ကျေးဇူးတင်ပါတယ်။ ပြောပြီးနောက်
ကျွန်တော် ရီကော်ဒါကို ပိတ်ပြီး အခန်းအပြင်ဘက် ထွက်ခဲ့လိုက်သည်။ကျွန်တော့်ကို မျှော်လင့်တကြီး
စောင့်နေသော သူများကို ကျွန်တော်က အိုကေဟု ပြောလိုက်သည်။သူတို ့ဝမ်းသာသွားကြပြီး
ကျွန်တော့်နား ကပ်လာကြသည်။

ကျွန်တော့်အနေနဲ ့ပြောချင်တာကတော့ ဒီက အန်ကယ်တို ့အန်တီတို ့သမီးအနေနဲ ့နောက်တစ်ပတ်
လောက်နေရင် ဆေးရုံကဆင်းလို ့ရပါပြီး။အရင်လတွေတုန်းကလို စိတ်ဖောက်တာ တအားကြမ်းလို ့သံကြိုးခတ်စရာ အကြောင်းတော့ မရှိတော့ပါဘူး။အခုကတော့ သာမန်ပါပဲ အဲ..ဘဝင်မြင့်ပြီး လေကြီးနေတာလေးပဲ ရှိတော့တာကလွဲရင်ကျန်တာတော့အဆင်ပြေပါတယ်။

ဒီမှာတော့ စိတ်ကျန်းမာရေး စစ်တမ်းအနေနဲ ့ခုနက သူပြောတာတွေကို ကျွန်တော် ရီကော့ဒ်လုပ်ထားပါတယ်။ဒါကိုတော့ ဆေးရုံမှာ စစ်တမ်းအနေနဲ ့သိမ်းထားပါမယ်။

စိတ်ကျန်းမာရေး ချို ့တဲ့နေရှာသော ကောင်မလေးဧ။် မိသားစုတွေကတော့ ပြန်သွားကြပြီ။ကျွန်တော့်မှာသာ အတွေးများ ကျန်ရစ်ခဲ့သည်။ လူတွေသည် တစ်ခုမဟုတ် တစ်ခု တချို ့က ကားခရေဇီ၊ တချို ့က ဖုန်းခရေဇီ၊ တချို ့က အဝတ်အစား ခရေဇီနှင့် အမျိုးမျိုးရူးသွပ်နေကြသည်သာ….။

စာရေးလို ့တော့ ပြီးသွားပြီ ဖြစ်သဖြင့် ကျွန်မ ဖောင်တိန်ကို ချလိုက်သည်။အပြင်ဘက် ဘဝတွင် ထပ်တွေးကြည့်လိုက်တော့လည်း ကျွန်မသည်လည်း တစ်နေ ့လျှင် စာမရေးရ မနေနိုင်သော
စာရူးပေရူးတစ်ယောက်ပဲ မဟုတ်ပါလား။

10 comments

  • snow smile

    March 9, 2014 at 1:15 pm

    မ ရူး ဘဲ နဲ့ အဲ့ လို ဖြစ် နေ တဲ့ သူ တွေ
    တ ကယ် ရှိ တယ်

    • မမချွိ

      March 9, 2014 at 4:30 pm

      ကြီးကြီး မာစတာတွေရဲ့ သားသမီးတွေ ဘဝကို ပြောတာလားးးး
      သူတို့မရူးဖူးလေ။
      ဒီလို အရာတွေက သူတို့အတွက်လည်းဖြစ်နေနိုင်တယ်လေ။

      :hint:

  • ရဲစည်

    March 9, 2014 at 1:56 pm

    သများကိုများ စောင်းရေးတာလားဟင်

    :harr:

  • Paing Lay

    March 9, 2014 at 3:18 pm

    ရှုးပါစေ နာရှုးသွပ်သွားပါစေ ဂရုမစိုက်နိုင်ဘူး ဆက်လက်ချစ်နေဦးမယ်။ ပြောပါစေ လူတွေ ဝိုင်းပြောကြပါစေ ဒီထက်ပိုပြီး ဆက်လက်ချစ်နေဦးမယ်။ :mrgreen:

  • ကျ နော် က တော့ သူ များ ကို ဒွတ် ခ မ ပေး ဘဲ ရူး နေ သူ မှန် သ မျှှ ကို ခွင့် လွှတ် တယ်
    ထောက်ခံ လား ခွိေွိ

  • TNA

    March 9, 2014 at 5:45 pm

    ဗိုလ်ချုပ်သမီးတွေ ခရိုနီသမီးတွေစောင်းပြောထားတယ်မှတ်တာ။ တကယ်တော့ စောင်းမလိုနဲ့ တည့်တည့်ပြောထားတာကိုး :mrgreen:

  • moonpoem

    March 9, 2014 at 8:07 pm

    ကျွန်မရူးမိတုန်း ရေးမိတာလေးကို မျှဝေခံစားပေးကြတာ ကျေးဇူးပါပဲရှင့်။

  • alinsett (gazette)

    March 9, 2014 at 8:25 pm

    အိမ်းးးး
    နာတိုဒေါ်တီလည်း…
    စာမဖတ်ရ…မနေနိုင်သော.. စာပေါပေပေါလေးပါဒဂါးးးး

    😆

  • kyeemite

    March 10, 2014 at 1:29 pm

    ဘာပြောပြော စာတစ်ပုဒ်အဖြစ်ရေးထုတ်ရတာတော့ မလွယ်ဘူးနော…ချီကျူးပါတယ်

  • အာဂ

    March 11, 2014 at 4:51 pm

    အရင်က ကဗျာရူးရူးခဲ့ဖူးတယ်။ ဂိမ်းရူူးရူးတယ်။ အခု ဘာကိုရူးရမှန်းမသိအောင်ရူးချင်နေမိတယ်။

Leave a Reply