ဘဘဂျီးတို့ ဖတ်ဖို့. . .ကျနော့်မှတ်စုများ…

alinsettMarch 9, 20142min24123

လမ်းလျှောက်နိုင်သူ ဘယ်လောက်များများ လမ်းဖောက်ခွင့် . . .

လမ်းလျှောက်ခွင့်မပြုပဲ ပိတ်ထားတဲ့လမ်းတွေ များနေရင် ဘယ်ခရီးမှ မရောက်နိုင်ဘူး။

 

ခေတ်မီဖွံ ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးကို စကားလုံးတွေ မိုးလားကဲလားပလူပျံနေရုံ . . .

စာသားလှလှတွေ အုံနဲ့ကျင်းနဲ့သုံးပြနေရုံနဲ့ …..တည်ဆောက်လို့မရဘူး ။

 

 

 

ဒီ့ထက်ဆိုးတဲ့ဘဝတွေ...အများကြီး
ဒီ့ထက်ဆိုးတဲ့ဘဝတွေ…အများကြီး

 

 

 

အဲဒီလို စာအုပ်တွေ မလိုချင်ဘူး..။

 

ယူနီဖောင်းကြီးတွေ ဝတ်ပြီး.. စာအုပ်တွေ  အတင်းလာထိုးရောင်းရင်..မဝယ်ချင်ဘူး..။

ရန်ပုံငွေ အဖြစ် ရောင်းတယ်ပဲ..ဆိုဆို… သူတို ့အဖွဲ ့အစည်းတွေရဲ ့  အပိုငွေ ရှာမှုပဲ..ပြောပြော..

တခြားနည်းနဲ ့ ငွေ ရှာစေချင်တယ်… ။

ကိုယ်မကြိုက်တဲ ့ စာအုပ် ခပ်ညံ့ညံ့တွေကိ်ု…မတန်တဆဈေးတင်ပြီး မဝယ်ရင်ပဲ.. ဖမ်းချုပ်တော့မလိုလို…

အိုက်တင်ကြီးတွေနဲ ့… လူအင်အားပြ ယူနီဖောင်းအင်အားပြပြီး အတင်းလာ…ထိုးမရောင်းနဲ ့… ။

          အဲဒီလိုစာအုပ်မျိုးတွေ ..မဝယ်ချင်ဘူး ..။

မဖတ်ချင်ဘူး..။

ဟိုဟာကြီး ရပြီဆို…။

ကျွန်တော်တို ့ကြိုက်တဲ ့ စာအုပ်ကို… ကြိုက်တဲ ့နေရာမှာ..သွားပြီး… လွတ်လပ်စွာ ရွေးချယ် ဝယ်ယူခွင့် ရပါရစေ… ။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

ကုန်ဈေးနှုန်းနဲ ့ ဝင်ငွေ.. မျှတမှု ရှိစေချင်တယ်…

ဥပမာ….

လမ်းဘေးမှာ.. ရှမ်းခေါက်ဆွဲတစ်ပွဲ စားချင်ရင် 800 ကျပ်တဲ ့…။

အခြေခံ အလုပ်သမားတစ်ယောက် တစ်နေ့ ဝင်ငွေ… 2000 / 3000 ပဲ…ရတဲ ့ လက်ရှိအနေအထားမှာ….

အဲဒီ တစ်ပွဲ 800 ဆိုတာ..များလွန်းတယ်.. ။

တခြားကုန်ဈေးနှုန်းတွေလည်း… ဝင်ငွေနဲ ့ မမျှတဘူး..။

ကြက်သားဈေး..ဝက်သားဈေး… ဆန်ဈေး…ဆီဈေး… ဘတ်စ်ကားခ… ဖုန်းခေါ်ဆိုခ… အစစအရာရာ…မြင့်မားနေတော့…

ဝင်ငွေနည်းတဲ ့ အလုပ်သမားတွေရဲ ့  မိသားစု လူနေမှု ဘဝ…ကျပ်တည်းလွန်းတယ်… ။

             ပညာသင်စရိတ်မြင့်မားလွန်းတာ…( ပေးရတာနဲ ့ မတန်တဲ ့ အသုံးမကျသော ပညာရေးသာ ရလိုက်တာ… )

ဆေးကုသ စရိတ် ကြီးမားတာ…. ကုန်ကုန်ပြောရရင်..သေစရိတ်ကအစ…မြင့်မားနေတာတွေကြောင့်…

လူမွဲတွေ…မွဲသည်ထက် မွဲနေပြီ….. ။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

 

လမ်းကြောကို မျှမျှတတ ရှင်းလင်းပေးစေချင်တယ်…

 

ဟိုနေ့က…လူနာတင်ယာဉ်တစ်စီး…အချက်ပေးသံတညံညံနဲ ့… ကားတန်းရှည်ကြားမှာ..ပိတ်မိနေတယ် ။

မိပွိုင့်မိနေလို ့… ။

မီးပွိုင့်က..ပြည်သူ ့အကျိုးဆောင်တဲ ့နိုင်ငံ့ဝန်ထမ်းကြီး.. အဲဒီ လူနာတင်ယာဉ်ရဲ ့အချက်ပေးသံကို…. မကြားပဲမနေပါဘူး… ။

ဒါပေမယ့်.. သူတို ့အတွက်.. အဲဒါက အရေးမကြီးသလိုပါပဲလား… ။

အချိန်အတော်ကြာကြာ… မီးနီနေဆဲပဲ… ။

တိုက်ချင်တိုက် ရိုက်ချင်ရိုက်တော့ဆိုပြီး.. ကန့်လန့်ဖြတ်လာနေတဲ ့ ကားတွေကြား..ခေါင်းအတင်းထိုးခံပြီး..ဖြတ်သွားရတဲ ့…

လူနာတင်ယာဉ်ကို..ကြည့်ပြီး… ကျွန်တော် ရင်မောမိတယ် ။

 

ရှေ ့တော်ပြေး ဆိုင်ကယ်ကြီးတွေ နဲ ့… အချက်ပြမီးတွေ…စုံဖွင့်ပြီး..လာတဲ ့ ကားတန်းရှည်..

ကားအကောင်းစားကြီးတွေလာမှ… လမ်းကြောကို ရှင်းပေးတာလား…ဟင်… ။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

တန်ဖိုးနည်းအိမ်ရာဆိုတာ.. သိ်န်း ရာကျော်လား…

 

သိန်း ရာကျော်နေတဲ ့ တန်ဖိုးနည်းအိမ်ရာ ဆိုတာကြီး… တစ်ခါလောက် ပိုင်ဆိုင်ချင်သူတွေများပါတယ်..။

ဒါပေမယ့်… တစ်လလုံးအလုပ်လုပ်မှ.. တစ်သိန်းလောက်ရတဲ့ ဝန်ထမ်းတစ်ယောက်…ဘယ်တော့မှ  ရနိုင်မှာ မဟုတ်ဘူး.. ။

တစ်လ တစ်သိန်းတောင်မှ မရတဲ ့..အောက်ခြေလူတန်းစား အလုပ်သမားမိသားစုတွေဘဝက… မတွေးရက်စရာပဲ… ။

ကျူးကျော်..ဆိုတဲ ့ရပ်ကွက်တွေမှာ… အိမ်ငှား တစ်လ…20000 / 30000 ပေးပြီး…ကျပ်ကျပ်တည်းတည်း…နေရတယ်.. ။

ကျူးကျော်ဆိုပြီး.. ပြောင်းခိုင်းရင်…ခွေးပြေးဝက်ပြေး ပြေးကြရတယ်.. ။

တစ်လတစ်သိန်းလောက် ရတဲ ့…ဝန်ထမ်းတစ်ယောက် ရဲ့လစာနဲ ့ သူ ့နေ့စဉ်လူနေမှုဘဝ…

သွားလာ နေထိုင်… စားသောက်စရိတ်ကုန်ကျငွေကို…တွက်ချက် တိုင်းတာကြည့်ပါဦး… ။

အပိုစုဆောင်းနိုင်ပါ့မလား…. ။

တန်ဖိုးနည်းအိမ်ရာ သိန်းရာကျော် ဝယ်နိုင်ပါ့မလား… ။

သိန်းရာကျော်ကိုမဆိုထားနဲ့ …. မြေတစ်ကွက်…ငါးသိန်း ဆိုရင်တောင်… မဝယ်နိုင်ပဲ…

အနှစ်နှစ် အလလ စုဆောင်းရဦးမယ့်သူတွေ… ရိုက်သတ်လို ့ မကုန်နိုင်ဘူး… ။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

နေ့စဉ်အစားအသောက်တွေကို.. စိတ်ချလက်ချ စားခွင့်ရပါရစေ… ။

 

အခြေခံလူတန်းစား အောက်ခြေက လူစားတွေရဲ ့ဘဝမှာ…

နေ့စဉ် စားသောက်နေရသမျှ တော်တော်များများက… စိတ်ချလက်ချ စားလို ့မရတဲ ့ အစားအစာတွေ… ။

ဆိုးကျိုးတစ်ခုခု ဖြစ်စေမယ့်… အစားသောက်တွေကိုပဲ… ရင်တထိတ်ထိတ်နဲ  ့..စားနေကြရတယ်.. ။

စိတ်ချလက်ချ..စားလို ့ရမယ့်…အာမခံချက် ရှိတဲ့ အစားအသောက်တွေကို… ရွေးယူဖို ့..မလွယ်သလို…တွေ ့ခဲ ့ရင်တောင်…

ဈေးက  အဆမတန် ကြီးနေတာ.. ။

ဒီတော့… ဈေးသက်သာတာကို…ရှာရင်း… လွယ်လင့်တကူ တွေ ့ရသမျှကိုပဲ…. ဝယ်ခြမ်းစားသောက်ရတာ.. ။

ဆိုးဆေးတွေ….

ရောဂါမျိုးစုံဖြစ်စေတဲ ့… အရာတွေ…

အစာအိမ်ကို ဒုက္ခပေးမယ့်..အရာတွေ ..ပါလို ့ပါနေမှန်းမသိ..တချို ့က..သိသိကြီးနဲ ့..).. စားနေရတာ…

ကျန်းမာရေးအတွက်… စိတ်ချလက်ချယုံကြည်လို ့ရမယ့်… စစ်ဆေးချက် အတည်ပြုချက်တွေ ရယ်လို ့.. စနစ်တကျမရှိတဲ့…. အစားအစာတွေကိုပဲ…

အန္တရယ် ရှိမှန်း သိသိနဲ ့..စားနေကြရတာ… ။ (တချို ့ဆို.. ဘေးဒုက္ခ ဖြစ်စေပါလားဆိုတဲ ့… အသိတောင်…ဗဟုသုတ မရှိ… ။ )

ရင်နာလွန်းလို ့ပါ… ။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

ခေတ်မီဖွံ့ဖြိုးတိုးတက်သော . . .

နိုင်ငံတော်သစ်ဆီသို ့ . . . .ဆိုတဲ့…စကားနဲ့ ညီစေချင်တယ် ။

 

ကျောင်းဆိုလည်း ကျောင်းပီသသော ကျောင်းတွေ ဖြစ်စေချင်တယ်။

ပညာရေးဆိုလည်း ထိရောက်ပြီး အသုံးကျသော ပညာရေးဖြစ်စေချင်တယ်။

စာကြည့်တိုက်ဆိုလည်း တကယ့်စာကြည့်တိုက်တွေ ဖြစ်စေချင်တယ် ။

ဆိုင်းဘုတ်ကြီးနဲ့ ဂျာနယ်လေးငါးစောင်လောက် ရှိရုံနဲ့ စာကြည့်တိုက်အမည်တက်ပြီး အရေအတွက်တွေ ပြထားရင် ဘာမှ အဓိပ္ပါယ်မရှိဘူး။

 

Internet သုံးရတာလည်း သူရတို့ ပေးရတဲ့ ငွေအတိုင်းအတာနဲ့ ထိုက်တန်တဲ့ တကယ်အသုံးဝင်သော ဝန်ဆောင်မှုမျိုး ရချင်တယ် ။

တစ်မိနစ်လေးကျပ် / သို့မဟုတ် တစ်နာရီကို သုံး လေး ရာ ပေးပြီး အဝိုင်းလေး လည်နေတာကို ထိုင်ကြည့်နေရလောက်အောင်

သူရတို့ မချမ်းသာလို့ပါ ။

 

ဆေးရုံဆိုလည်း တကယ် အသုံးကျသော အားကိုးရသောဆေးရုံမျိုးမှာ ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှုရချင်တယ် ။

ဆေးရုံမှာ အပြောနဲ့အလုပ် မညီလို့ ခံရတဲ့လူနာတွေလည်း များလှပြီ ။

ပိုက်ဆံမတတ်နိုင်လို့ ပစ်ထားခံရပြီး မသေသင့်ပဲသေသွားရတဲ့ လူနာတွေလည်း များလှပြီ ။

 

လူနေမှုဘဝ အဆင့်အတန်းတွေ မြင့်မားလာဖို ့. . .

ဆင်းရဲမွဲတေမှုတွေ ပပျောက်ဖို့ နည်းပါးဖို့. . . .

ခေတ်မီဖွံ့ဖြိုးတိုးတက်သော . . .ဆိုတဲ့စကားနဲ့ အညီ တကယ့်တိုးတက်မှုဖြစ်စေဖို့ဆိုတာ. . .

တိုင်းသူပြည်သားတွေရဲ့ အသိ ဘယ်လောက်ကောင်းကောင်း . . .လုပ်အားနဲ့ အကြံဉာဏ် ဘယ်လောက် ပေးနိုင်နေပါစေ. . . .

လုပ်ခွင့် မပေးရင် . . .

အခွင့်အလမ်းတွေမရှိရင်. . .

လျှောက်ရမယ့် လမ်းတွေမရှိရင် အဲဒီ နိုင်ငံတော်သစ်ဆီ သွားလို့မရ. . .

 

လမ်းလျှောက်နိုင်သူ ဘယ်လောက်များများ လမ်းဖောက်ခွင့် . . .

လမ်းလျှောက်ခွင့်မပြုပဲ ပိတ်ထားတဲ့လမ်းတွေ များနေရင် …

ဘယ်ခရီးမှ မရောက်နိုင်ဘူး။

 

ခေတ်မီဖွံ ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးကို

စကားလုံးတွေ မိုးလားကဲလားပလူပျံနေရုံ . . .

စာသားလှလှတွေ အုံနဲ့ကျင်းနဲ့သုံးပြနေရုံနဲ့ တည်ဆောက်လို့မရဘူး ။

 

လက်တွေ့ကျကျ အခြေခံကစပြီး ထောင့်ပေါင်းစုံကနေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မှ. . .

စီမံခန့်ခွဲမှုကောင်းကောင်းတွေကို စိတ်နေသဘောထားမျှတမှန်ကန်စွာနဲ့ လုပ်ဆောင်နိုင်မှ . . .

ရမှာ. . .

 

 

ပျော်နေရတာပဲ... ။ ပျော်စရာလား.. စိတ်ပျက်စရာလားတောင် မဝေခွဲတတ်တော့တဲ့ဘဝတွေ...
ပျော်နေရတာပဲ ။ ပျော်စရာလား.. စိတ်ပျက်စရာလားတောင် မဝေခွဲတတ်တော့တဲ့ဘဝတွေ…

 

 

 

*********************

 

အသံတွေကို နားထောင်စေချင်တယ်။ နားထောင်ပြီး အသိအမှတ်ပြုပေးပါ ။

 

သူရတို့ရော သူတို့ သူတို့ပါ. . . .ခံစားနေရတာတွေကို ပြောပြချင်နေတယ် ။

ကျေးဇူးပြုပြီး နားထောင်ပေးပါ

နားထောင်ပေးရမယ်ဆိုတဲ့ တာဝန်ယူမှု တာဝန်ခံမှုျလး ပြုကြပါ။

အသံတွေ ထွက်ခွင့်ပြုပါ ။

စကားတွေ ပြောခွင့်ပြုပါ ။

 

ဟိုစကားတော့ မပြောနဲ့ . . . ဒီစကားတော့မပြောနဲ့ . . .ဆိုတဲ့ အာဏာတွေ မပြပဲ ပြောခွင့်ပြုပါ ။

 

ပြောကြလို ့ကြားရသမျှထဲက ပြုပြင်ပြောင်းလဲပေးသင့်တာဆိုရင် ပြုပြင်ပြောင်းလဲပေးပါ ။

 

အသံတွေကတော့ ရှိနေပါတယ် ။ မထွက်ရဲတဲ့အသံတွေရော. . .ဖြစ်ချင်ရာဖြစ်ဆိုပြီး စွန့်စွန့်စားစားထွက်ပြနေတဲ့

အသံတွေရော . . .ရှိနေတာမို ့ နားထောင်ပြီး အသိအမှတ်ပြုပေးပါ ။

 

ချစ်သော နားနဲ့ နားထောင်ပေးပါ ။

ကြည်လင်သန့်စင်သော စိတ်နဲ့ နားထောင်ပေးပါ။

သမမျှတသော တရားအသိနဲ့ ဂုဏ်သိက္ခာရှိရှိ နားထောင်ပါ ။

 

နားထောင်သူရဲ့ ဂုဏ်သိက္ခာနဲ့ တရားမျှတစွာ ဆုံးဖြတ်တတ်မှုတွေကို လေးစားသောအားဖြင့်. . . .

နူးညံ့သိမ်မွေ ့ပြီး ယဉ်ကျေးသာယာသောအသံတွေ ဖြစ်လာပါလိမ့်မယ် ။

 

အသံတွေကို နားထောင်ဖို့အတွက် . . .

ပြောခွင့်တော့ ပေးပါ ။

 

*************************

 

အလင်းဆက် (Gazette)

 

25 / 2 / 2014 / 13 : 10 pm

 

မရမ်းကုန်း

 

 

 

 

 

23 comments

  • moe ga byar

    March 9, 2014 at 9:03 pm

    မကြောက်ဘူးလားဟင်

    • alinsett (gazette)

      March 10, 2014 at 7:16 am

      မကြောက်ဘူးလားဆိုတော့ စာရေးရတာ မကြောက်ပါဘူး။
      ဒါပေမယ့်
      မိုးဂဗျာရဲ့ နာမည်နဲ့ မန်ဘာဝင်တုန်းက ပေးထားတဲ့ mail လိပ်စာကိုတော့ လန့်သွားတယ်။

      ဘယ်လိုက ဘယ်လို အဲဒီ mail ကို ထည့်ထားတာလဲ

      ကဲ ပြော
      ခင်ဗျားဘယ်သူလဲ

  • mgpoe zar

    March 9, 2014 at 10:30 pm

    မင်းပဲ သမဒ လုပ်ဒေါ့ကွာ.. ဖြတ်ဖောက်ချုပ်တွေအရေးလဲ မမေ့နဲ့
    မင်းလောက်ခံစားချက်နီးနီးပဲဟ… ဟတ်ဟတ်.. :mrgreen:

  • padonmar

    March 10, 2014 at 1:07 am

    အလက်ဆင်းရေ
    မတ်တပ်ရပ်ပြီး လက်ခုပ်တီးပေးပါတယ်။
    (ခရက်ဒစ်တူ-ကိုပေါက်)
    အခုက ပြောခွင့်တော့နည်းနည်းရလာပေမယ့်
    ဟောရင်းပြောရင်းသာ ပျံတော်မူရမည်
    ဆန်ဖြူဖြူ တခွက်မျှ ရမည်မထင်
    ဆိုတဲ့ ကိန်းမျိုးဆိုက်နေပြီ။

    • alinsett (gazette)

      March 10, 2014 at 7:12 am

      အာ့ကြောင့်ပြောတာပေါ့။

      တောင်းသာ တောင်းတယ်
      ဟိုကလည်း ပေးတယ်သာဆိုတယ်

      ရပြီသာ ဆိုတယ်
      ဘာမှလည်း ထူးမလာဘူး။
      အမည်ခံပြီး နာမည်ကြီး ထမင်းငတ် ဖြစ်နေသလိုပဲ လို ့။

      😆

  • Ma Ma

    March 10, 2014 at 7:07 am

    ပြောခွင့်ရလို့ ပြောတဲ့အသံတွေထဲမှာ ဒီအသံကို ထောက်ခံတယ်။ 🙂
    လွတ်လပ်ရေးရပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှမ်းသလိုမျိုး……..
    ပြောခွင့်ရပြီဆိုတာနဲ့ ဘာမှမစဉ်းစားပဲ ငါ့စကားနွားရ ပြောကြတာတွေကို စိတ်ညစ်လွန်းလို့။ 🙁

    • alinsett (gazette)

      March 10, 2014 at 7:10 am

      ဟုဆ်ပါ့ဗျာ

      ပြောသူကလည်း သဘောထားမျှမျှတတနဲ့ပြော
      နားထောင်သူကလည်း စိတ်နေသဘောထားမှန်ကန်စွာ နားးထောင်
      အဲသလို အစွန်းလွတ်အောင် ပြော နားထောင်ကြတာမျိုးပဲ ဖြစ်စေချင်တယ်

      ထောက်ခံတဲ့အတွက် ကျေးဇူးပါ တီမမ

      🙂

  • ဘရန်းဒက် ကေဇီ

    March 10, 2014 at 8:09 am

    နာ့ မောင်က ပြည်သူ့ အသံကို ခရိုနီ တွေဆီကနေ နားထောင်တယ် ဆိုတဲ့ ဦးသေးစိမ် ထက်ကို အများကြီးသာတယ်။ :mrgreenn:
    ရွေးကောက်ပွဲဝင်ရင် မမဂျီး တစ်မဲ ရပြီလို့သာမှတ်။
    😀

    ဒီ ပို့(စ) ကို သဘောကျသည်။
    ပြည်သူ့ အသံကို မကြားတာထက် မကြားချင်ယောင်ဆောင်တာ ပိုဆိုးလှပေသည်။
    😥

    • alinsett (gazette)

      March 10, 2014 at 11:34 am

      ပြည်သူ့အသံကို ကြားပါတယ်
      ဘယ်တုန်းက ဘယ်လို ဘယ်လောက် လုပ်ပေးခဲ့ လုပ်နေ လုပ်ပေးဦးမယ်ဆိုတဲ့ အပြောတွေ စဂလုံးလှလှတွေနဲ့ နေလာခဲ့ရတာ
      မွန်းကျပ်လှပြီ မမဂျီးရယ်

      အာ့ကြောင့် နည်းနည်း ထအော်ကြည့်တာ

      🙂

  • အ​ခြေခံလူတန်​းစားဆိုတာ.ဖိနှိပ်​ခံလူတန်​းစားပါပဲ..
    ဆင်​းရဲ​လေ.. ​သေဖို့ပိုနီး​လေပဲ.. ငါတို့နိုင်​ငံမှာ ဆင်​းရဲ​ပေမယ်​့ စိတ်​ချမ်​းသာတယ်​ဆိုတာ မရှိဘူး.. ဆင်​းရဲတာက တစ်​မျိုး.. ​မြေနိမ်​့ရာလှံစိုက်​ပြီး ဖိနှိပ်​ကြလို့. စိတ်​ဆင်​းရဲရတာက တစ်​မျိုး .. ဒါ​တွေ​ပြောရင်​ ​ဒေါ​တွေပွတယ်​ကွယ်​..

    • alinsett (gazette)

      March 10, 2014 at 11:37 am

      ဒါပဲလေ
      အခြေခံအောက်အဆင့်က လူတန်းစားတွေ ဟာ
      မနေသင့်တဲ့အခြေအနေမျိုးနဲ့နေရတယ်
      မစားသင့်တဲ့အစားအစာတွေနဲ့ အသက်ရှင်ရတယ်
      မသေသင့်တဲ့ရောဂါလေးတွေနဲ့လည်း သေရတယ်
      ဆက်တွေးရင် ရင်နာစရာတွေ မကုန်ပါဘူး။

      😥

  • ရဲစည်

    March 10, 2014 at 9:38 am

    မျိုးဆက်၂ဆက်လောက်ကို ဘရိန်းဝက်ရှ် လုပ်ရမှာ တော်တော်တော့ မလွယ်

    မလွယ်ဆို အထက်မှသည် အောက်သို့ အဆင့်ဆင့် ညံ့ဖျင်းသေးသိမ်တဲ့ စိတ်ဓာတ်တွေနဲ့ ခံယူချက်တွေကို ပြုပြင်ပြောင်းလဲရေး
    ပြုပြင်ပြောင်းလဲရေး

    ကွိ ကွိ

    :mrgreen:

    • alinsett (gazette)

      March 10, 2014 at 10:00 am

      ကျနော်တော့
      အခုသိ အခုပြင်ရင်ပေါ့လေ
      အဆင်ပြေမယ်ထင်တာပဲ
      ပြင်ဆိုတာက အက်တီကျုပေါ့နော်
      စိတ်နေသဘောထားတွေကိုပေါ့နော်
      သိပ်မဟုတ်တဲ့လူတိုင်းပေါ့နော်
      ပြိုင်တူပြင်လျှင် ရွေ ့နိုင်ပါသည်ပေါ့နော်
      ပြင်ရကောင်းမှန်းမသိတာရယ်
      ပြင်စရာမလိုဘူးကွဆိုတာတွေရယ်. . .
      ငါ့တစ်ယောက်တည်း ပြင်လို့ဘာထူးမလဲဆိုတာတွေရယ်
      ဒါတွေ ဒါတွေကလည်း ရှိသေးတယ်ဆိုတော့ကာ
      လွယ်မယောင်နဲ့ခက်
      တိမ်မယောင်နဲ့ နက်နေတာပေါ့နော်

      ပြုပြင်ပြောင်းလဲရေး
      ဘယ်ဆီမှာများလဲ. . .

      🙂

  • kyeemite

    March 10, 2014 at 11:50 am

    အသံတွေကြားနေရတယ်…အသံတွေကြားနေရတယ်…အသံတွေကြားနေရတယ်…
    ဒီခေတ်မှာ ပြောချင်တာ ပြောခွင့်ရပေမဲ့ အစိုးရကလည်း အရင်လို လုပ်ချင်ရာလုပ်နေတာပါပဲ
    အလင်းဆက်ပြောတဲ့ ခံစားမှုစကားတွေ တစ်ပြည်လုံး ဝိုင်းပြောနေတာ ဆူညံနေပေမဲ့
    အစိုးရက နားမပါဘူးကွ… 👿

    • alinsett (gazette)

      March 10, 2014 at 12:19 pm

      ဘဇပ်မပါတဲ့ပြည်သူတွေနဲ့မှ အံကိုက်ဖြစ်မှာပေါ့နော်

      🙂

  • Thakhin CJ

    March 10, 2014 at 11:59 am

    ဘဘဂျီးတို့ ဖတ်ဖို့ ဆိုလို့
    အသေးစိတ် ဖတ်သွားပါတယ်
    ချစ်သောနားနဲ့ လည်း နားထောင်သွားပါတယ်
    ပြောပါ
    လွတ်လွတ်လပ်လပ် ပြောပါ
    ပြောချင်ရာကို ရဲရဲ ကြီး ပြောစမ်းပါ
    အခုလည်း ပြောခွင့်ရနေတာပဲလေ နော့်
    ဘဘဂျီးတို့က ချစ်သော နားနဲ့ နားထောင်ပေးနေပါတယ်။
    ဆက်ပြောပါ။
    :mrgreen:

    • alinsett (gazette)

      March 10, 2014 at 12:18 pm

      ဟုတ်ကဲ့ ဘဘကြီး
      အဲ. . . .
      🙂

      ချစ်သောနားနဲ့ နားထောင်ပေးတဲ့အတွက် ကျေးဇူးပါ။
      ပြောခွင့်ရနေတဲ့အတွက်လည်း ကျေနပ်မိပါတယ်လို ့

      🙂

  • alinsett (gazette)

    March 10, 2014 at 12:25 pm

    ဒီပိုစ့်ကို အကြောင်းပြုပြီး ဝင်လာသလားမှတ်ရတဲ့ မန်ဘာအသစ်တွေတောင် ရှိလာပါပေါ့။

    ဘာပဲဖြစ်ဖြစ် မန်ဘာအုန်းသီးလေး ကျွေးထားပါရစေဦး

    🙂

  • ကထူးဆန်း

    March 10, 2014 at 12:38 pm

    စာဖတ်သူ ငါ့ဘဘကြီး အေးအေးဆေးဆေး စာဖတ် နေနိုင်အောင်လုပ်ဖို့က ပို အရေးကြီးသေးတယ် ။
    ဟိုရှို့
    ဒီတို့
    နဲ့ လမ်းလွှဲထားဖို့တွေ
    လုပ်နေတယ် ။။
    ပြောချင်သလောက်ပြော
    အော်ချင်သလောက်အော်..
    ဒါမှ မဟုတ်
    တိတ်တိတ်နေချင်နေ ။ ကြိုက်သလိုနေ ။
    ဒါဗျဲ ။
    အဘ
    :mrgreen:

    • alinsett (gazette)

      March 10, 2014 at 5:23 pm

      ရှေ့လျှောက်တော့
      တိတ်တစ်လှည့် အော်တစ်လှည့်နေမယ်
      အဟိ

      🙂

  • ဦးကြောင်ကြီး

    March 10, 2014 at 12:50 pm

    လိမ်ပြင်ညာပေး ခေတ်စားနေဒဲ့ ခေတ်ကြီးမှာ ဆရာကြီး ရတနာဝင်းထိန်ရဲ့ စာအုပ်တွေ ဆိုင်ပေါ်ရောက်စေဂျင်သကွာ…

    • alinsett (gazette)

      March 10, 2014 at 5:26 pm

      ဥကြောင် ဆိုင်ဖွင့်ပြီး တင်ရောင်းပါ့လား
      ရောင်းကောင်းမှာပါ

      အက်ဒလိုစာအုပ်တွေ
      ပန်းဆိုးတန်းစာအုပ်ဟောင်းတန်းမှာ တိုးတိုးတိတ်တိတ် ကြိတ်ရောင်းကြိတ်ဝယ် အဆင်ပြေနေကြတာတွေ ့တာပဲ။

      🙂

Leave a Reply