၂၀၁၄ ဂဇက်မဟာ သင်္ကြန်စာ

ေမာင္ရိုးMarch 9, 20141min29475

​~~~~~ ဇေယျတုသဗ္ဗမင်္ဂလံ ~~~~

 

အရပ်​ ၅​ပေ ၁ဝ လက်​မ ၊အ​လေးချိန်​ ​ပေါင်​၂၀ဝ ခန်​့ရှိ၍

ဂုဏ္ဘန် ၁၀၀ဝ ရုပ်​သွင်​​ဆောင်​​လေ​သော အယာတိုလာခိုင်​​မေနီ အမည်​ရှိသည်​့

ဘာနုရာဇာဂဇက်​ရွာသဂျီးမင်​းသည်​ ခရစ်​နှစ်​ ၂၀၁၄ ခု ဧပြီလ ၁၄ရက်​ မြန်​တျန်​့စံ​တော်​ချိန်​

၁ဝ နာရီ ၊ ၁၈ မိနစ် ၊ ၃၉ စက်​ကန်​့ အခါသမယ၌်​ မိုးပြာရောင် အဝတ်​တန်​ဆာတို့ကိုဆင်​မြန်​းပြီးလျှင်​

ပြာတီးပြာယာ အမူယာဖြင်​့ ၊ ကို​ဘေးနွားကြီးကိုစီးလျှက်​ ၊

လက်​တစ်​ဖက်​က​ဒေါင်​းဥ ၊ လက်​တစ်​ဖက်​က ကျွဲ​ကောသီးတို့ကို ပိုက်​ကာ ​၊ လော့အိန်​ဂျလိမြို့၏

​တောင်​ဘက်​တံခါးမှထွက်​ပြီးလျှင်​ ၊ မြန်​းဂဇက်​ရွာအ​နောက်​​ပေါက်​မှ၊​

ကုတ်​​ချောင်​း​ချောင်​းအမူအယာဖြင်​့ဝင်​​လေသည်​ ။

 

ဤသို့ဝင်​သည်​ရှိလတ်​​သော်​ … သဂျားအမည်​ရ​မောင်​မာဃမှ ၊ လွှလွှဖြူဝင်​း ခရုသင်​းကိုစွဲလျှက် ၊

အားကုန်​ထုတ်​ပြီးမှုတ်​​လေလျှင်​ ၊ ​လေလည်​ချင်​​နေသည်​့အခိုက်​ ၊ကြုံကြိုက်​၍သွားသည်​​နှင်​့အညီ ၊ ​အထက်​မှ​လေမထွက်​ ၊​အောက်​မှ ​လေသက်​​လေသဖြင်​့ ၊

ဘူး ဘူး ​ဘော်​​ဘော်​ ​၊ ​​အော်​မည်​သံဟီး​၍ ၊ အနီးမှဝန်​းရံသူအ​ပေါင်​းလည်​း ၊ နှာ​ခေါင်​း ကန်​းကြ​လေသည်​ တမုံ့ ။

 

အညာတပိုင်စား ပရမေပေါင် နတ်သား၏နောင်တော်ဖြစ်သော ၊

မဟာကြောင်ခေါင်းပြတ်သည်ကား ၊ မြေတွင်ထားပါက ညှီနံ့ပြင်း ၊ ရေတွင်ပစ်ပါကလည်း ညစ်ပတ်မည်စိုးရ ၊ တိုင်ထိတ်ချိတ်ပါကလည်း ငှက်ကိုက်မည်စိုးမိ ၊

ထိုထိုသော အကြောင်းများကြောင့် ၊ ဂဇက်ရွာနတ်သမီးများမှ ၊ အလှည့်ကျ ကိုင်ဆောင်ထားရလေသည်တွင် —

ပဒုမ ဒေဝီနတ်သမီးမှာအလှည့်စေ့ပြီဖြစ်၍ ရွှင်လန်းစွာဖြင့် ကမ်းလေသည် ။

 

အလှည့်ကျလေသော ၊ ဘရန်းဒက်ကေဇီ နတ်သမီးမှာ ၊ဖြူ ပြာ နီဝါ ရောင်စုံဆင်မြန်ပြီးလျှင် ၊ မသာယာသောမျက်နှာဖြင့် ၊ လှမ်းလင့်သည့်ခဏ ၊ လက်ပေါ်ချော်ကျ မြေသို့ခလေသဖြင့် ၊ သန့်စေခြင်းအလို့ငှါ ၊ မြန်မာပြည်တွင်းထုတ် ၊ ဂျန်ဘိုခြင်ဆေး စပရေးဖြင့်ဖြန်းလေသော်……

မဟာကြောင်ခေါင်းတော်ပြတ်လည်း ၊ လျှာထွက်၍ ခံရလေသည် ၊။

 

မဟာသင်္ကြန်သည်ကား ၊ တနင်္လာသားသမီးများ တာစား၍ စနေဂြိုလ်အားကောင်းသောကြောင့်

တနင်္လာနံများ (ကျောက်ချဉ် ၊ ကွန်ဒုံး ၊ တည်းခိုခန်း စသည်ဖြင့်… )ဈေးကောင်းအံ့ ။

အိမ်ခြံမြေဈေးကစားခြင်းများလျော့ပါး၍ လယ်ယာမြေကောင်းများဈေးကောင်းအံ့။

ဂဇက်ရွာအတွင်း ထွန်တုံးတိုက်ပွဲများ ဖြစ်ပွားအံ့ ။

လယ် ယာမြေပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်းများ ဖြစ်ထွန်းအံ့ ။

လယ်ထွန်မင်္ဂလာပြိုင်ပွဲများ ကျင်းပ အံ့ ။

စကားစစ်ထိုးပွဲများ အငြင်းအခုံ သတ်ပုတ်ပွဲများ မြင်ရအံ့ ။

 

ပါပဂြိုလ်သည် ငြင်းခုန်ခြင်းအနုပညာ၌တည်သဖြင့် …… ရွာသူားများ လက်ညောင်းအံ့ ။ မျက်စိမှုန်အံ့ ။

သွေးတိုးနှလုံးရောဂါရှိသူများ ရောဂါတိုးအံ့ ။ အင်တာနက် သုံးစွဲစားရိတ် မြင့်တက်အံ့ ။ ဒေါသအခံရှိသူများ မျက်နှာနီအံ့ ။ ဟာသဓတ်ခံရှိသူများ ဗိုက်ကြောနာအံ့ (ရီ ရလွန်း၍) ။

ဤကားးးးး ဂဇက်မဟာသင်္ကြန်စာ၏ အလိုတည်းးးးးး 🙂

 

ဗုဒ္ဒဟူးဂြိုလ် သည် ကန်ရာသီ၌အားကောင်းသဖြင့် ……

ဂဇက်ရွာအတွင်း မင်္ဂလာပွဲများ ဆင်နွဲရအံ့ ။ ချစ်သူရီးစား အတွဲများ ရွှင်လန်းအံ့ ။ ရွာသူားများ လက်ဆောင်လက်ဖွဲ ့ ထွက်အံ့ ။

လော့အင်ပွိုင့်ပြုတ်၍ ပို့စ်တင်ပွိုင့် နှစ်ဆတိုးအံ့ ။ ရွာသဂျီး အမှုအခင်းများအံ့ ။ ခရီးယာယီများအံ့ ။

လုလင်ပျိုများ ချစ်ခရီးလမ်း ကြမ်းတမ်းအံ့ ။

လုံမပျိုများ ဩဇာထက်အံ့ ။

ဤ ကားးးး ဂဇက်ရွာသဂျီးမင်း၏ အလိုတည်း းးး 🙂

 

 

 

ရွာသူားများ အထူးစည်းလုံးအံ့ ။ ရွာအတွင်း လူသစ်တိုးအံ့ ။ ကွန်မန့်ပွိုင်များ (၅)ဆ တိုးအံ့ ။

ဟိုတယ်လုပ်ငန်းရှင်များချမ်းသာအံ့ ။ ကွန်ဆာဗေးတစ် သမီးရှင်များ

ငှက်ကြီးတောင်ဓါး ဆောင်ထားအံ့ ။ လစ်ဗြဲ သမီးရှင်များ ကျောက်ချဉ်ဆောင်အံ့ ။

ဂဇက်ရွာ၏အဓိပတိကားးး သဂျိုင်ခီးးး ၊

သဂျီးခိုင်၏ အဓိပတိကားးး သဂျော်ဂဒီးးးး ။

ဖတ်ရွေး၏အဓိပတိကားးး ဦးကြီးမိုက် ၊

ဦးမိုက်၏ အဓိပတိကားးး မဒမ်မိုက်စ် ။

တောတို့၏အဓိပတိကားးး တောင် တန်းးး…၊ တောင်တန်းတို့၏အဓိပတိကားးး ကျောက်တုံးးး ၊

ကျောက်တုံး ၏အဓိပတိကားးးး အန်တီ နှင်းး ။

ဂဇက်ရွာအား ကြီးသုံးကြီး စောင့်၏ (ကြောင်ကြီး ၊……ကြီး ၊ ……ကြီး ) :mrgreen: ။ မြန်မာ့ဆိုင်းဝိုင်းအား ဗုံစောင့်၏ ၊ ဗုံ အား ဒညင်းဝက်စောင့်၏။

ပျိုကညာအား ကျောက်ချဉ်စောင့်၏ ။ ဇရာအို အား ဓါးသွေးကျောက်စောင့်၏ ။

ဤ ကားးးး ဝေဒကဝိ မောင်ဆာမိ၏ အဟောတည်းးးး ။

 

 

 

ဧတံ နတ္တိတံ အဝေယံ ဟောတု (ဤသို့ဤပုံပြီးဆုံးခြင်းသည် ကောင်းစွာမသွေ ဖြစ်ကြလေသတည်းးး 🙂 )

 

ဗေဒစိန္တာမယ မဟာကစ္စန ဆာမိ

 

 

 

 

 

 

 

75 comments

  • မမချွိ

    March 9, 2014 at 4:50 pm

    အမယ်မင်းးးးးးး
    ဗျန်မာ့ကြောင်ခေါင်း ကို သများ ကိုင်ကလှည့် ဟုတ်လားးး
    အာကြောင့် နှစ် စ ကတည်းက အမှုအခင်း နဲ့ စသကိုးးးး
    မဖြစ်ပါဘူးးး
    ဒီထက်သန့်အောင် အရက်ပြန်အိုးထဲ စိမ်ထားမှ။
    :kwi:

    ရေးတတ်လိုက်တဲ့ ဆာဆာ…!!

  • ဘရန်းဒက် ကေဇီ

    March 9, 2014 at 4:54 pm

    ဒီ နာမည် ကြိုက်လို့ ခုပဲ ပြောင်းလိုက်ပြီ။
    ဟိဟိ။ :mrgreenn:

    ကြောင်ခေါင်းသုပ် နည်းလေး စားဖိုမှူးတွေကို မေးလိုက်ဦးမယ်။
    ကိုယ့် လက်ထဲရောက်တုန်းးးး :mrgreenn:

    • surmi

      March 11, 2014 at 1:57 pm

      နာမည်ပြောင်း ကင်မွန်းတပ် လုပ်ငန်းနာမည်ရွေး ခြင်းများ အမြန်ဆောင်ရွက်ပေးနေပြီ
      🙂

  • ရဲစည်

    March 9, 2014 at 5:21 pm

    ကြီး ၃ကြီး စောင့်မယ်ဆိုတော့ ရွာပျက်ဖို့ နီးလာပီပေါ့

    :mrgreen:

    • surmi

      March 11, 2014 at 1:59 pm

      အဟမ်းးးးး
      ပရိပ်သပ်ရဲ့ သုံးသပ်ချကါပါခင်ဗျ :P:

  • TNA

    March 9, 2014 at 5:56 pm

    ရီလိုက်ရတာ။ ဆမူဆာရောင်းတဲ့ကုလားလေးကကော ဘယ်နားမှမပါဘူးတဲ့လားကွယ်။ ဗိုက်ကိုနာကော ညက်ရည်ကော နှာရည်ကောထွက် :mrgreen:

    • surmi

      March 11, 2014 at 2:09 pm

      ဗုဒ္ဓေါ !!!!¡¡¡¡¡¡
      ဆမူဆာ တော့ မရောင်းပရစေနဲ့ဂျီးတော်ရယ်
      သက်သက်သာသာ ဂျလေဘီဘဲရောင်းပရဇီ :mrgreen:

  • ကထူးဆန်း

    March 9, 2014 at 6:28 pm

    မဟာကစွနဆာမိသည်​ကား ဂွဇွတ်​စည်​​အောင်​​ရေးသူဟု အစွပ်​စွဲခံရလတန်​့။

    • surmi

      March 11, 2014 at 2:26 pm

      ဗေဒင်ဆြာလေ ဦးလေးထူးဆန်းရဲ့
      ယကြာကောင်းရှိတယ် ဟေးဟေး

  • alinsett (gazette)

    March 9, 2014 at 7:55 pm

    ကွန်မန့်ပွိုင်များ (၅)ဆ တိုးအံ့ ။

    တဲ ့…

    လောလောဆယ် တစ်ကျပ်တော့ တိုးထားတယ်.. ။
    ဒါမယ့်..အနော့်ကို… နေ့စဉ်ကြေး..30 စီ.. ထည့်မပေးတာ.. တော်တော်ကြာပြီ.. သဂျီး လူဇိုး..
    ဒီကဖြင့်..နေ့တိုင်း.. ဝင်ပြီး.. မွှေနှောက်နေတာကို… ။
    :kwi:

    ပိုစ့်တစ်ပုဒ် တင်… 200 ပေးတော့မှပဲ..ကိုယ်က.. ဘာပိုစ့်မှ..မတင်နိုင်….
    ဖြစ်ပုံ…
    😆

    ————————

    မြန်မာ့ဆိုင်းဝိုင်းအား ဗုံစောင့်၏ ၊ ဗုံ အား ဒညင်းဝက်စောင့်၏။ …

    ဂယ်စောင့်ရမှာလားငင်….

    ဒါဆို..ဒေါ်ဖွားမေကို..ဘူစောင့်မလဲ…
    ဦးဆာ စောင့်မလား…

    😆

    • အဘရဟူဒီ

      March 9, 2014 at 8:37 pm

      ဒညင်းဝက်အား … ဒေါ်ဖွားမေ ဗိုလ်ချုပ်ဈေး အတွင်းခေါ်ကာ တူနှင့်ထုလျက် အုန်းနို့ ဆမ်း လေ၏၏၏၏၏

      ငိငိ

      • alinsett (gazette)

        March 9, 2014 at 8:46 pm

        ဒေါ်ဖွားမေ…က ဘိုဂျုပ်ဇေး.. မသွားတတ်ပါဘူး ။ သီရိမင်္ဂလာဇေးပဲ..သွားတာ.. ။

        :kwi:

        နောက် တင်မယ့် ဇာတ်လမ်း ( အခုရေးလက်စမှာ.. ) အဘရဟူဒီကြီးလည်း..
        ppပြင်ပြင် သရုပ်ဆောင်ထားချက်….

        အဟိ

        😆

  • snow smile

    March 9, 2014 at 8:48 pm

    အော့ ဂ လို လား
    လူ ကြည့် တော့ ရုပ် တည် ဂျီး နဲ့

    • surmi

      March 11, 2014 at 2:37 pm

      ဟဲဟဲ
      အခုတော့ အစ်မသိပြီ ဟုတ် ?
      🙂

  • Paing Lay

    March 9, 2014 at 9:05 pm

    သဂျီး နှင့် San Hla Gyi တို့၏ ကလောင်စွမ်းများကို တရုတ်သိုင်းကားဇာတ်လမ်းတွဲ မျှော်ကြည့်သကဲ့သို့ ရှုစားပါဦးမည်။ :mrgreen:

    • surmi

      March 11, 2014 at 2:39 pm

      မကြာမီ
      လာမည်
      မျှော် :mrgreen:

  • padonmar

    March 9, 2014 at 9:55 pm

    ဟယ်တော့ …ကြောင်ခေါင်းပြတ် ကျုပ်လက်ကလွတ်ပြီ၊ဝမ်းသာပါအိ၊
    ရေမွှေးလေးများ ဖြန်းအုံးမှပါပဲ၊
    ဘရန်းဒက်ကေဇီရေ၊
    ကိုရှုံးရဲ့ ယောကျင်္ားလေးသုံး ရေမွှေးနဲ့တော့ မှားမပေးနဲ့နော်။

    • surmi

      March 11, 2014 at 2:42 pm

      သတိထားနော်အစ်မ
      ကာပေါ်လစ်ဆီလည်း မှားဖြန်းမိနေမှဖြင့် 🙂

  • Foreign Resident

    March 10, 2014 at 6:52 am

    Bravo ပါ ကို ဆာမိ ။
    ရေးတတ်ပါပေ့ကွယ် ။

    • surmi

      March 11, 2014 at 2:48 pm

      ဟဲဟဲ
      ဆေးမသောက်ရသေးလို့ ဖေါက်သွားတပါ :hee:

  • ခိခိ.. ​ရေးတတ်​လိုက်​တာ…ရယ်​ရတာ အူကိုတက်​​ရော..
    ဒညင်​းဝက်​​တော့ အူမြူး​နေ​တော့မယ်​..

    • surmi

      March 11, 2014 at 2:50 pm

      ဒညင်းဝက်တော့ အကြော်တဲမှာသရဲလုပ်ရတော့မယ် 🙂

  • Mr. MarGa

    March 10, 2014 at 9:06 am

    ဟီဟိ
    ပြာကညိုအား ကျောက်ချဉ်စောင့်ကာ ဇရာအိုအား ဓားသွေးကျောက် စောင့်လေသည်… :mrgreenn:

    • surmi

      March 11, 2014 at 2:52 pm

      မောင်မာဃအား
      ဆု ယူရန် စောင့်၏ :mrgreen:

      • Mr. MarGa

        March 11, 2014 at 3:03 pm

        ဟိုက်ရှ်! ဒီစကားက သန်လျက်သွားလို အဓိပ္ပာယ်နှစ်မျိုးထွက်သဟ… :mrgreenn:

        • surmi

          March 11, 2014 at 3:09 pm

          ကျွနုပ်အား နိမိတ်ဖတ်ခ ဆက်သပါလေ့ာ :kwi:

  • ခင် ခ

    March 10, 2014 at 9:33 am

    ဆရာကဝိ ဦးဆာမိ သင်္ကြန်စာက စုံပလုံစိပါလား၊
    အင်းးးးးးးးးး ဂဇက်ကြီးလည်း အတာကူးတော့မှာကိုး။

    • surmi

      March 11, 2014 at 2:56 pm

      ဦးခင်ခအား ရေကန်တော့ရန် စောင့်နေပါ၏ :kwi:

  • Ma Ma

    March 10, 2014 at 10:41 am

    ဒီလိုပိုစ့်တွေပျောက်နေလို့ ရွာလူမစည်ဖြစ်နေတာ…. 🙂
    ရွာသဂျီးမို့ ဗျောစည်တီးပြီး ဝင်လာမလားအောက်မေ့တယ်………. :kwi:

    • surmi

      March 11, 2014 at 2:59 pm

      ဟဲဟဲ အန်တီမမ ရဲ့
      သဂျီးအကြောင်းသိသားနဲ့ :kwi:

  • kyeemite

    March 10, 2014 at 10:42 am

    ဂျန်ဘိုခြင်ဆေး စပရေးဖြင့်ဖြန်းလေသော်……
    မဟာကြောင်ခေါင်းတော်ပြတ်လည်း ၊ လျှာထွက်၍ ခံရလေသည် ၊။ ခိခိ
    ဂျန်ဘိုကြော်ငြာ “ဂဇက်မဟာ သင်္ကြန်စာ” တွင် ပါလာ၍ ၂၀၁၄တွင် ဂျန်ဘို ရောင်းအားကောင်းလတံ့….ဟီဟိ
    ဖတ်ရွေး၏အဓိပတိကားးး ဦးကြီးမိုက် ၊
    စပွန်ဆာတို့၏ အဓိပတိကား အဘဖေါ၊
    အလှူရှင်တို့၏ အဓိပတိကား ကိုပေါက်၊
    အရက်သမားတို့၏အဓိပတိကား ယွဲစီ၊
    ယွဲစီ ကို အာဂစောင့်၏
    အာဂကို နွယ်ပင်စောင့်သတည်း…ဟီးဟီးဟီး 😀

    • surmi

      March 11, 2014 at 3:00 pm

      အဟမ်းးးးး
      ကြော်ငြာခပေးဘာာာာာ 🙂

  • ဦးကြောင်ကြီး

    March 10, 2014 at 12:20 pm

    ကြောင်ကြီးအိ အဓိပတိဂါး ကြေးမုံဂျီး..
    ကြေးမုံဂျီးအိ ရန်သူဂါး ခွစ်စတယ်လှိုင်း..
    ခွစ်စတယ်လှိုင်းအိ အဓိပတိဂါး ကေအန်ယူ ကေအန်အယ်လ်အေ လွတ်မြောက်ရေး တပ်မဒေါ် ဗိုလ်ချုပ်ကြီး ထိန်မောင်ဖြစ်အိ..။

    • surmi

      March 11, 2014 at 3:02 pm

      လျောက်ပြောပြန်ဘီ
      မမှတ်သေးဘူးလား :kwi:

  • ဦးကျောက်ခဲ

    March 10, 2014 at 1:49 pm

    ၂၀၁၄ ဂဇက်မဟာ သင်္ကြန်မှာ တနင်္လာသားသမီးများ တာစားတယ်ဆိုတော့…
    နာမည်ပျောင်းဦးမှပါပဲ… ဘယ့်နဲ့ဗျာ ကျောက်ခဲပါဆိုမှ…
    ကျောက်တုံး… ကျောက်ပျဉ်… ကျောက်ချဉ်… တဲ့
    နောင်ဆိုရင် သည့်ထက်ဆိုးတော့မယ်…
    :kwi:

    • surmi

      March 11, 2014 at 3:06 pm

      အဟမ်းးးး
      တနင်္လာသား တာစားရုံတင်မက
      စနေ နံပါအားကောင်း၏ ဆိုတော့ 🙂
      အနေအစားဆင်ခြင်လော့ ငါ့အရှင် :mrgreen:

  • မမလေး

    March 10, 2014 at 2:05 pm

    ကျောက်မဲမဟုတ်တာ တော်သေးတာပေါ့နော့် 😛

    • ဦးကျောက်ခဲ

      March 10, 2014 at 3:45 pm

      အားဟင့်… ကျောက်စ် မဲမှန်း ရပ်ကျော်သိ ရွာကျော်သိ…
      ဖျား ဖျား ကျောက်နောက်ဆက်တွဲတွေ မလာပါစေနဲ့…
      😀

  • Novy

    March 10, 2014 at 3:20 pm

    ဤ နှစ်အတာစားသူတို့ အညံ့များပြေပျောက်စေရန် ဘွားတော်နိုမှ ယတရာပေးအံ့

    ကုလားလေးဆာမိဆီမှ ဗယာကြော်ဝယ်ပြီးသကာလ
    လက်တဘက်မှဗယာကြော်အားကိုင်
    ကျန်တစ်ဘက်မှ ငါပိထောင်းကာ
    ပါစပ်မှနေပြီး ဂေဇက်အကောင့်ဟောင်းရောင်းဝယ်သည်ဟု
    သက်စေ့ရွတ်ကျပါလေကုန်

    ဤကားဘွားတော်နိုအလိုတည်း……………….

    • surmi

      March 11, 2014 at 3:13 pm

      ဘွားတော်အား
      ယတြာခ တင်မက ကြော်ငြာခပါဆက်သမည်ဖြစ်ကြောင်း :mrgreen:

  • မဟာရာဇာ အံစာတုံး

    March 10, 2014 at 4:13 pm

    ဂွဇက် ဆားဘုလင်း ဥဆာမိ တစ်ယောက်လည်း
    တောင်ငူမှ အပျံတွင်
    ဘိုးတော်ဆာမိ ဟူသော ဘွဲ့ဖြင့် ဗေဒင်ဆြာ ဖြစ်သွားလတံ့။

    • surmi

      March 11, 2014 at 3:27 pm

      ဗေဒင်ဆြာ ဆိုတာ လုပ်စားလို့ကောင်းသကွဲ့
      ယတြာ ယူဦးမလား 🙂

      • မဟာရာဇာ အံစာတုံး

        March 11, 2014 at 4:58 pm

        ယတြာက
        ယူမှ ရတော့မယ် ဘိုးဘိုးဆာ ရေ …
        လောလောဆယ် … အခြေအနေ က သိပ်မကောင်းသလိုပဲဗျ .. :mrgreenn:

    • kyeemite

      March 11, 2014 at 9:21 am

      သိတယ်လေ..ကိုပေါက်ရဲ့ ဒါကြောင့် ကျုပ်ကွန်မန့်မှာ ကိုပေါက်နာမည်ထည့်လိုက်တာ 😀

    • surmi

      March 11, 2014 at 3:42 pm

      အာကို့ဂျီးကိုပေါက်ခင်ဗျ
      ပုံနားဂို ခွေးလွှတ်ပါခင်ည
      အချိန်မှီ အမြန်ရေးတင်လိုက်လို့ပါခင်ည
      လာရင် လက်ဘက်ရည်တိုက်ပါ့မယ်ခင်ည 🙂 .

  • kai

    March 10, 2014 at 4:50 pm

    အရပ်ကား၆ပေ..။ အလေးချိန်ကား ၁၅ဝ ..
    အမှန်ပြင်ပေးတာ…
    ခုတလော..အေကိုက်နေသလားမသိဘူး.. ပိန်ပိန်လိုက်လာတာ… :kwi:

    မှတ်တမ်းဝင်ကြီး ၃ကြီးကတော့.. ကြောင်ကြီး၊ စံလှကြီးနဲ့.. ကြေးမုံကြီးဖြစ်ပါသတဲ့..။
    သူတို့အာဏာသိမ်းရင်.. အကြွေးစာရင်းနဲ့တကွ.. ဆင်းပေးရန်အသင့်…။

    ဆိုတော့.. စတစ်ကီပေးလိုက်တယ်..။ ကြိုက်လို့..။ :mrgreen:

    • surmi

      March 11, 2014 at 3:45 pm

      ကွန်မန့်ပွိုင် ၅ ဆတိုးမယ်ဟောထားတယ်နော်
      ပုံနားကို နာမည်ပျက်အောင်မလုပ်နဲ့ :kwi:

  • naywoon ni

    March 11, 2014 at 12:55 am

    ပုံနား​လေး ဆာမိ က​ဒေါ့ သင်​းကျန်​စာ​ဒွေဘာ​ဒွေ​တောင်​ထုတ်​​နေပီ အရပ်​ထဲ​ရောင်​းဖို့ ဘူ့ ကိုစားလှယ်​​ပေးထားလဲ ပုံနား​လေး ဆာမိ

    • surmi

      March 11, 2014 at 3:48 pm

      မန်း တွင် သဂျား
      ရန်ဂုန်တွင် အံဇာ
      နေပူဒေါ်တွင် အဘနီ 🙂

  • Swal Taw Ywet

    March 11, 2014 at 12:58 am

    “ အင်တာနက် သုံးစွဲစားရိတ် မြင့်တက်အံ့ ။”
    သဟာဖြင့်အမှန်ပေဘဲဗျို့။
    လိုင်းကောင်းမယ့်အချိန်လေးရွေးရတော့ကာ ည ၁၂နာရီကျော်မှ အွန်လိုင်းတက်ရလို့ အိပ်ရေးပျက်ရတာလေးတော့ကျန်ခဲ့သေး။
    ဘယာကြော်ပါကိုကိုဆာရေ့။
    ( ငရုတ်သီးကြော်လေးလဲထည့်ပေးဦးနော်။)
    With respect,
    Swal Taw Ywet.

    • surmi

      March 11, 2014 at 3:52 pm

      ဟုတ်ပါ့ ဗျာ
      ကျနော်လည်း လိုင်းမကောင်းလို့မရောက်တာကြာပေါ့
      အပြင်ကပဲပတ်နေတာ

      ကဲကဲ ငြရုပ်သီးစိမ်းလေးပါဘသုံးဆောင်လိုက်ဦး 🙂

  • ဗုံဗုံ

    March 11, 2014 at 9:15 am

    သင်္ကြန်စာမှာ အဖျားခတ်ပါလိုက်သေးဒယ်..

    ဒညင်းဝက်စောင့်ရင်းနဲ့ သေလေသော်
    အကြော်တဲစောင့်နတ် ဖြစ်လေ၏ :mrgreen:

    • alinsett (gazette)

      March 11, 2014 at 1:14 pm

      အကြော်တဲလောက် စောင့်ရလည်းဆိုးဘာဘူး

      :kwi:

      • surmi

        March 11, 2014 at 2:34 pm

        ဦးသိန်းစိန်ခေတ် ဈေးမဆစ်နဲ့
        ရတာယူထား ဈေးမများဘူး 🙂

  • အာဂ

    March 11, 2014 at 3:13 pm

    ရရက်သားသမီး အစုံလေးရေးပေးပါဦး မဟာအတုလပုဏ္ဏား တီကျွတ်တော်ကြီး မဟာမဟာအတုလချီပျံပုဏ္ဏား တော်ဂျီး ဆြာ ဆြာမိ ခင်ဂျာ..။

    • surmi

      March 11, 2014 at 3:35 pm

      ပုံနားနော် ခေါင်းယားဒလယ်
      ရ ရက်သားသမီးနော် အားဂျီးကောင်းဒလယ်
      ပုံနား ကြောက်ကြောက် :mrgreen: :kwi:

  • Wow

    March 12, 2014 at 11:58 am

    ဆာဆာက အနော့်ကို ဒယ်ဒီကြောင် လောက်မချစ်ဝူး… ဒယ်ဒီကြောင်ဆို ဘာရေးရေး အနော့်ကို တဖွဖွ (ချောက်ချတာ) :mrgreen:
    တော်ဘီ… စိတ်ဆိုးဒယ် :boss:

    • ဘရန်းဒက် ကေဇီ

      March 12, 2014 at 12:06 pm

      ညင်းညင်း
      နိ ဒက်ဒီ ဆီမှာ ဘာ သားသားလေးမှ မရှိ။
      နာ့ ဆာဆာ ဆီမှာ သားမက်မှန်လေးရှိ။

      ဘယ်ဒူ့ကို ရွေးချယ်လိုက်ပြီတုန်း ခုတော့ သိပြီလားးးး
      :boss:

      😀

      • Wow

        March 12, 2014 at 4:38 pm

        ဝါးးးးး ဆာဆာ မတရားဝူး…. ဘရန်းဒက်ညက်နှာပဲကျိဒယ်… :mrgreen:

        • surmi

          March 13, 2014 at 12:16 pm

          မငိုပါနဲ့ဂျီးဝါးရယ်
          နောင်နှစ်သင်္ကြန်ရောက်ရင် သူ့လက်ထဲကကြောင်ခေါင်းကြီး
          ပြန်တောင်းပေးပါမယ် 🙂

        • Wow

          March 13, 2014 at 3:50 pm

          ကြောင်သားစားချင်ရင် ကြောင်ညက်နှာ မကျိနဲ့ဒဲ့ ခုတစ်လော ဒယ်ဒီကြောင်ဂို ရှောင်နေမှ… :mrgreen:

  • အာဂ

    March 13, 2014 at 5:10 pm

    ကို surmi ,Wow ,အာဂ ,Swal Taw Ywet ,naywoon ni ,မဟာရာဇာ အံစာတုံး,Ma Ma ဒီလူတွေကို သိပ်ချစ်ကြတယ်နဲ့တူတယ်နော်..။ အားလုံး အနီရောင်တွေပဲ..။ (အဲ့ဒါကြောင့် သိပ်မဝင်ချင်တာ….)

    • Wow

      March 17, 2014 at 10:36 am

      ဂဂ ရေ ခြစ်ဒေါနတွေနဲ့ အားပေးဂျတာညား စိတ်ထဲမထားပါနဲ့ကွီ….
      တူရို့စောင်မလို့ ဗိုလ်ကေဇီတောင် ဆုရသွားဘီ….
      ဒါလေးညား.. ခွင့်ပြုဒယ် ခွင့်လွတ်ဒယ်… :kwi:

  • ရာမည

    March 13, 2014 at 6:22 pm

    ဘုန်းကြီးကျောင်းကို နာရီစောင့်၏ 😛

    • alinsett (gazette)

      March 13, 2014 at 7:03 pm

      နာရီကို
      နာနာနှင့်ရီလိုက်ရသော လှူသူတို့စောင့်အိ

      :kwi:

  • San Hla Gyi

    March 13, 2014 at 9:11 pm

    သင်္ကြန်စာလေး ဖတ်ပြီး ပြုံးမိပါကြောင်း။ ကြောင်နတ်သားက ဘာလို့ ခေါင်းပြတ်သွားရတာလည်း။

    • surmi

      March 14, 2014 at 1:15 pm

      ကိုစံလှကြီးရေ
      ပြုံးပျော်စေဖို့သက်သက်ရေးတာဖြစ်လို့
      ပြုံးမိသွားတယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ
      မဆုံဖြစ်တာကြာပြီနော
      ရွာထဲလဲ မကြာမကြာလာပါဦးဗျို့
      ပြောသာပြောရတယ် ကျနော်က မရောက်တာ 🙂

    • surmi

      April 10, 2014 at 10:12 am

      @ ကိုကြီးဘလက်
      ဝင်ရောက်ရယ်မော ပြီး အားပေးသွားတာ ကျေးကျေးဗျို့ 🙂

      @မိုးမင်းသား
      လာမယ်ကြာမယ် ယဉ်ရထားတွေ
      မနိုင်ဝန်ထမ်းကာ ထွက်ခွါ ……

      ဟဲဟဲ လာပါလိမ့်မယ်နော

  • မိုး မင်းသား

    March 14, 2014 at 5:52 pm

    ဦဆာရေ.၂၀၁၄သင်္ကြန်စာဆိုလို ့ဝင်ဖတ်သွားတာ

    ကြာသပတေးသားတွေထားထက်ထက်နဲ ့ညားမယ်ဆိုတာလည်း

    မပါပါလား စိတ်ညစ်သွားတယ်ဗျာ

  • Char Too Lan

    March 17, 2014 at 11:45 am

    အော်… အာနာသိန်းပွဲတွေဘာတွေချိတေးဒယ်ပေါ့
    ပျော့စမ်းဘာ ဆွမ်းကြီးလောင်းရအောင် ခိခိ :mrgreen:
    သဂျီားမင်းကိုင်စင်းလာဒဲ့ လက်နက်တွေကိုစိတ်ဝင်ဇားသကွဲ့ :mrgreen:

    • surmi

      April 10, 2014 at 10:17 am

      @ချာတူး
      သဂျီးမင်း လက်နက်တွေကြောင် ့
      ဒီသင်္ကြန်မှာ ပေါထေးလောထေးဖြစ်နေမှာမြင်ယောင်သေးး :mrgreen:

Leave a Reply