=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

ခင်ဗျားတို့လည်း သိပြီးကြရောပေါ့ …..။

နိုင်ငံတကာ သတင်းမီဒီယာများရဲ့ ရှေ့မျက်နှာစာပေါ်မှာ

အခုလောလောဆယ် ခေတ်စား ရေပန်းအစားဆုံး ဖြစ်နေတဲ့ သတင်းတစ်ပုဒ် ရှိပါတယ်။

ဒီသတင်းကတော့ဖြင့် …..

သို့လော …. သို့လော … သဘောဆောင်ထားတဲ့ မလေးရှား လေယာဉ် ပျောက်ဆုံးမှုကြီးပါပဲ။

 

ဒီလေယာဉ်က (၂) နာရီပဲ ကြာမြင့်တဲ့ ခရီးစဉ်အတွင်းမှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။

ပျောက်တယ် ဆိုပေမယ့် … ပျောက်တာလား .. ပျက်တာလား .. ပြန်ပေးဆွဲခံရလေသလား .. ဆိုတာကို ခုထိ သေချာ မသိကြသေးပါဘူး …။

လေယာဉ် ဖြတ်သန်းရာ ပင်လယ်ပြင်အတွင်းမှာ ဆီကွက်ကြီးနဲ့ အခြား အစအနလေးတွေတော့ တွေ့တယ် …။

ဒါပေမယ့် ဒါဟာလည်း လေယာဉ်ပျက်ကျသွားတယ် ဆိုတဲ့ လုံလောက်တဲ့ ကောက်ချက်ကို ဆွဲချလို့ မရပြန်ပါဘူးတဲ့။

 

ပြီးတော့ လေယာဉ်ပေါ်ပါ ခရီးသည်များကြား ပက်ပို့စ် ခိုးယူထားတဲ့ ခရီးသည် ၂ ယောက်ဆိုလားပဲ ပါတယ် ဆိုလားပဲ။

ဒီတော့ ပြန်ပေးဆွဲမှုများလားလို့ မေးခွန်းထုတ်ကြပြန်ပါတယ်။ (ဟုတ်လားတော့ မသိဘူး။)

ပျောက်ဆုံးနေတဲ့ လေယာဉ်ဆီက လုံးဝ အဆက်အသွယ်လည်း မရဘူးလို့လည်း ဆိုထားပါတယ် ….။

ဒါပေမယ်လို့လည်း အဲ့ဒီလေယာဉ်ပေါ် ပါသွားတဲ့ တရုတ်ခရီးသည်ရဲ့ ဖုန်းကို သူ့မိသားစု က ဆက်ကြည့်တော့ ဖုန်းဝင်တယ်တဲ့။ ဒါပေမယ့် ပြန်ခြင်းတော့ မခတ်ခဲ့ပါဘူးတဲ့။

ဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါဘူး။

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

ထားပါတော့ ……။

ဒီလေယာဉ် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး လမ်းသွားလမ်းလာ တစ်ယောက်ကို ဗြူး ကြည့်ပါတယ်။

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

သတင်းဒေါက် ။     ။ အကို … အကို .. ခဏလောက် ….

လမ်းသွားလမ်းလာ ။     ။ ဘာတုန်းကွ၊ ငါ့မှာ အကြွေမပါဘူး။

သတင်းဒေါက် ။     ။ တိန်၊ ဟုတ်ဝူးလေ .. အကိုရဲ့ .. တစ်ခုလောက် မေးကြည့်ချင်လို့ဘာ … ဟိုဘက်က အမလည်း ခဏလေးပါနော် …. (မျက်နှာအား အသာကုန်ဖြီးထားလျက်)

လမ်းသွားလမ်းလာ ။     ။ ဟာ … ငါတို့ အရေးကြီးတယ်။ နောက်မှမေး။ လာ .. သွားမယ် .. ချစ် …။

သတင်းဒေါက် ။     ။ ခဏ .. ခဏလေးပါ ခင်ညာ …။ တစ်ခုလောက်ပဲ မေးပါရစေ …။

လမ်းသွားလမ်းလာ ။     ။ ခွီးထဲမှပဲ မအားပါဘူးဆိုကွာ …။ ငါ တွယ်ထည့်လိုက်ရ …။

သတင်းဒေါက် ။     ။ (ဒေါသထွက်နေသော လမ်းသွားလမ်းလာ အား ကြည့်လျက် တစ်ချက်တွေသွားပြီးနောက်) ဒီလိုပါ အကိုနဲ့အမ၊ ကျနော်က ကဘာကျော် ၀က်စိုက်ကြီး မျန်မာ့ဂွဇက်ရဲ့ သတင်းဒေါက် တစ်ယောက်ပါ။ အဟမ်းး ဟမ်းး

လမ်းသွားလမ်းလာ ။     ။ (အံ့အားသင့်သွားသော မျက်နှာထားဖြင့် သတင်းဒေါက်အား ပြူးပြူးကြီး ကြည့်လျက်) ဟေ …… ဟုတ်လားကွ။ အစောကြီးတည်းက ပြောတာ မဟုတ်ဘူး။ ဒီလိုဆို ဖြေပေးရမှာပေါ့။ မေး .. မေး …။

သတင်းဒေါက် ။     ။ (အကြံအောင်သွားသော မျက်နှာထားဖြင့်) ဟမ်း .. ဒါဆိုလည်း မေးမယ်နော် အကို။

လမ်းသွားလမ်းလာ ။     ။ (ရုတ်တရက် သတိရသွားဟန်ဖြင့်) ဟေ့ .. ဟေ့ … မေးမယ်ဆိုလည်း ရိုးရိုးမေးခွန်းပဲ မေးနော်။ ငါနဲ့ ငါ့ချစ်နဲ့ကို LT နေကြတာလား။ ဘာလား။ လာမမေးနဲ့။ တစ်ခါတည်း ကြွေးပစ်လိုက်မယ်။ ဟွန်းးး

သတင်းဒေါက် ။     ။ (မျက်နှာကြီး စပ်ဖြီးဖြီးနှင့်) ဟာဂျာ .. အကိုကလည်း .. အကိုနဲ့ဘေးက အမနဲ့ LT နေလား။ နေဘူးလား။ မေးပါဘူးဗျ။ ဟီးးဟီးး

လမ်းသွားလမ်းလာ ။     ။ ပြီးတာပဲ။ ဒါဆိုလည်း မေး ….။

သတင်းဒေါက် ။     ။ အော် .. ဒီလိုပါ အကို။ ကျနော် မေးချင်တာကလေ .. ခုတစ်လော .. ကမ္ဘာပေါ်မှာပေါ့နော် .. အဲ့ဒါ …… လေ .. အဲ့ဒါ ….

လမ်းသွားလာလာ ။     ။ ဟက်ကောင် … ရှင်းရှင်းလင်းလင်း မေး။ လာမရစ်နဲ့။ ငါနဲ့ ငါ့ချစ် LT မနေပေမယ့် မင်းသိချင်တဲ့ LT အကြောင်းကိုဒေါ့ ပေါပြလိုက်မယ်။ မသေမချင်း မှတ်ထား … L နဲ့ T နဲ့ပေါင်းရင် LT ဖြစ်တယ်။ ဖိုနဲ့မနဲ့ ပေါင်းရင် ဟိုဒင်းဟိုဟာ ဖြစ်တယ်။ ကြိုက်ရင် ယူမယ်။ မကြိုက်ရင် မယူဘူး။ “အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်စုပ်ထိုး” အဲ့ဒါမျိုးတွေ လာမပြောနဲ့ .. Long Long Ago ဖြစ်နေပြီ။

ငါကတော့ ပြတ်ပြတ်ပဲ။ ဖြောက်ခနဲ ပြလိုက်တာနဲ့ ငေါက်ခနဲ ထတယ်။ ဒါပဲ။ (မင်း မေးမှာ ငါသိပါတယ် .. ဟူသော မျက်နှာထားဖြင့်၊ ဘေးက သူ့ချစ် ကလည်း သူ့ချစ်ကို ပြောတာကို ထောက်ခံနေသော မျက်နှာထားဖြင့်)

သတင်းဒေါက် ။     ။ ဟိုလေ .. ဟို။ အဲ့ဒါ ဟုတ်ဘူး အကိုရဲ့ …. ဟီးးး။ ကျနော် မေးမှာကလေ …

လမ်းသွားလမ်းလာ ။     ။ ဟက်ကောင်။ ဒီ့ထက် ရှင်းရှင်း ဖြေရရင်တော့။ မင်းညီမ ကို ငါ့နဲ့ သုံးလလောက် လာအိပ်ခိုင်းကြည့်လိုက်ပါလား။ သုံးလ လောက်ဆို ငါလည်း ရိုးသွားလောက်ပြီလေ .. ဟီဟိ … (သူ့ဘေးမှ ချစ်ချစ်က .. အော် .. အကိုကလည်း အဲ့လိုဂျီး ပြောဘာနဲ့ သူညားကို အားနာစရာဂျီး … ဟု ပြောလေသည်)

သတင်းဒေါက် ။     ။ (အမလေးး အိပ်ခိုင်းစရာလားလို့ .. ဟုတ်ပါဘူးဆို ဇွတ်) ဟုတ်ဘူး အကိုရဲ့။ ဒီလို.. ဒီလို …

လမ်းသွားလမ်းလာ ။     ။ ဘာတုန်းကွ။ ဒါဖြင့် မင်း မေးမှာ …  CJ ကြီး ကထူးဆန်း ဆိုတဲ့ လူကြီးတစ်ယောက် ဟော်တယ်တွေမှာ စီဂျေ အလုပ်ကောင်းလွန်းလို့ သူ့လေဒီကြီးနဲ့ ပြဿနာတွေ တက်ကြတဲ့ အကြောင်းကို မေးမလို့လား …

သတင်းဒေါက် ။     ။ (ခေါင်းကို တဖျင်းဖျင်း ကုပ်လျက်) ဟုတ်ဘူး အကိုရဲ့။ ဒီလို.. ဒီလို …

လမ်းသွားလမ်းလာ ။     ။ ဘာတုန်းကွ။ ကြီးမိုက်ဆိုတဲ့ လူကြီးတစ်ယောက် သူ့ရဲ့ ငယ်ချစ်လေးနဲ့ ချိန်းတွေ့တုန်း စိတ်မထိန်းနိုင်ဘဲ ရှလူး ရှလူး လုပ်လိုက်မိတာ သူ့လေဒီ သိသွားပြီး အိမ်ပေါ်က ဆင်းသွားလိုက်ရတယ် ဆိုတဲ့ အကြောင်းလား ….

သတင်းဒေါက် ။     ။ အာ … ဟုတ်ဘူး အကိုရဲ့။ ဒီလို.. ဒီလို …

လမ်းသွားလမ်းလာ ။     ။ ဘာတုန်းကွ။ ရဲကိုကိုရဲ့ လမ်းညွှန်မှုနဲ့ မိုက်ကယ်ဂျော်ဒဂီအောင်ဘု ဆိုတဲ့ လူကြီးတစ်ယောက် ကျောက်ချဉ်အစိမ်ကောင်းသွားတာ အော်ရီဂျင်နယ်ထက် တစ်ဝက်တိတိ သေးသွားလို့ ရဲကိုကို ဆီမှာ ပြန်ပြီး အလျော်တောင်းနေတယ် ဆိုတဲ့ အကြောင်းလား …

သတင်းဒေါက် ။     ။ (လွန်စွာ ညစ်သွားဟန်ဖြင့်) ဟုတ်ဘူးလေ အကိုရဲ့။ ဒီလို.. ဒီလို …

လမ်းသွားလမ်းလာ ။     ။ ဘာတုန်းကွ။ မဟာသင်္ကြန်စာကို ဖတ်ပြီး ဆားဘုလင်း ဘ၀ကနေ ဗေဒင်ဆယာ လုပ်စားတော့မယ် ဆိုတဲ့ ဆာမိ ဆိုတဲ့ လူကြီး အကြောင်းကိုလား …

သတင်းဒေါက် ။     ။ ဟုတ်ဘာဘူးဆို … မေးမှာကို ဆုံးအောင်လည်း နားထောင်ဘူး …

လမ်းသွားလမ်းလာ ။     ။ ဒါဖြင့်ယင် … မင်းတို့ သဂျီးမင်းတစ်ယောက် အခု လှုပ်သွားတဲ့ ငလျင်ထဲမှာ ပါသွားတဲ့ အကြောင်းကို မေးမလို့လား …

သတင်းဒေါက် ။     ။ ဟုတ် .. ပါ .. ၀ူး .. ဆို ….. ဟင့် ..

လမ်းသွားလမ်းလာ ။     ။ ဟက်ကောင်၊ မင်းဟာက ငါပြောလိုက်တိုင်း မဟုတ်ဘူးကြီးပဲ ဘူးခံနေတယ်။ ငါ ဆဲထည့်လိုက်ရ။ မင်းတို့ဆီမှာလို မော့တွေ ရှိတာ မဟုတ်ဘူးနော်။ ပယ်ပယ်နယ်နယ် ဆဲပလိုက်မှာ .. ဟွန်း။

သတင်းဒေါက် ။     ။ ဆဲဒေါ့ မဆဲပါနဲ့ …. အကိုရယ် … ကျနော် မေးမယ်ဆိုတာကလေ .. ဟို .. ဟို ..  မလေးရှား လေယာဉ် ပျောက်သွားတဲ့ ကိစ္စကို မေးမှာ ….။ အဲ့ဒါ အကိုရဲ့ အမြင်လေး သိချင်လို့ပါ။ ဟီးးးးး

လမ်းသွားလမ်းလာ ။     ။ (မျက်မှောင်ကျုံ့လျက်) မလေးရှား လေယာဉ် ပျောက်သွားတယ် ဟုတ်လား။

သတင်းဒေါက် ။     ။ ဟုတ်တယ်လေ။ အကို။ ၂ နာရီ ခရီးစဉ်အတွင်းမှာ ပျောက်သွားတာ ခည။ အဲ့ဒါ အကို့ ထင်မြင်ချက်လေး ….

လမ်းသွားလမ်းလာ ။     ။ ဟက်ကောင်။ မလေးရှား လေယာဉ် ပျက်တာတွေ ပျောက်တာတွေ ငါ မသိဘူး။ အေး .. ဒါပေမယ့် .. ငါ့ ထင်မြင်ချက် ပြောရရင်တော့ …. ကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူးကွ။

ငါ့ညီ … ဟက်ကောင် .. မင်းသိဒလား။ ငါ ကောင်းတယ်လို့ ပြောတာက သူ့ဟာသူ ဘာဖြစ်ဖြစ် အဲ့ဒါ ငါ့လေယာဉ်လည်း မဟုတ်သလို။ အဲ့ဒီလေယာဉ်ပေါ် ငါ့အမျိုးတွေလည်း မပါဘူးကွ။ ဒီတော့ကွာ .. ဒီလေယာဉ် ပျောက်ဆုံးမှုအပေါ်မှာ ငါ့ဖီးလင်းက အပြင်ရောက်နေဒပေါ့။ အဲ့လို .. ဟုတ်လား …။ အဟမ်းးး ….

ငါ့ညီ … ဟက်ကောင် .. မင်းသိဒလား။ မကောင်းဘူး ဆိုတာက .. ဒီလေယာဉ်ကြီးကိုသာ ငါ့ကို ပေးမယ့်လေယာဉ်ဆိုရင် လမ်းမှာတင် ပျောက်သွားတယ်ဆိုတော့ နှညော စရာကြီး ဖြစ်မှာကွ။ အဲ့ဒါဂျောင့် အနာဂါတ်ကို ကြိုတွေးပြီး မကောင်းဘူးလို့ ပြောတာ .. အဟမ်းး နားလည်ဒလား ငါ့ညီ .. ဟက်ကောင် ….။ (ပရော်ဖက်ဆာကြီး၏ မျက်နှာထားမျိုးဖြင့် သတင်းဒေါက်အား ကြည့်ကာ ပြောနေခြင်း ဖြစ်လေသည်။)

သတင်းဒေါက် ။     ။ (လွန်စွာ ၀မ်းသာသွားဟန်ဖြင့်) အမလေး .. ကျေးဇူးတင်လိုက်တာ .. အကိုရယ် .. သာဒု .. သာဒု .. ပါရှန်. .. အဲ .. ခညာ …

ယင်းနောက် လမ်းသွားလမ်းလာ လည်း သူ့ချစ်ချစ်အား လက်ကို ဆွဲလျက် ထွက်ခွာသွားလေတော့အိ။

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

ကဘာကျော် သတင်းဒေါက်ကြီး အံချာဒုံး

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။