အခြေတစ်ခုခိုင်မြဲဖို့ ခွန်အားတွေနဲ့

ထုစစ်ဖူးခဲ့တယ် လောကဓံကတော့

အငို အပြုံးရယ် ဆန်နေတုန်းလား

အတုံ့အလှည့်ဆိုတာ အားငယ်သူအဖို့တော့

အရုံးပေးမိဖူးသော စိတ်ဓါတ်ခွန်အားလေလား

မာနကိုရွက်လွှင့်ဖူးခဲ့ လောဘကိုလှော်တက်သဖွယ်

ဦးနှောက်နှင့် ဆန်တက်သောလမ်း

အတ္တခရီးကြမ်းတစ်ကွေ့မှာ ရှုံးနိမ့်ဖူးခဲ့တယ်

သောကတွေကတော့ ဗလပွပေါ့

လွမ်းသစ်ပင် ငြိုးကာနွမ်း

အကျည်းတန်ဌက် အော်သံတစ်ချို့

တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်အနားမှာ

ခတ္တနားခိုနေကြတယ် ဒီညကြယ်တစ်ပွင့်မှ မလာဖူးလေ

အရာရာ ဖြစ်ပျက်သဘောမို့

အနှစ်မဲ့ ညအခါ ဘ၀တစ်ကွေ့မှာ

ရေးမိခဲ့သော အလင်္ကာ

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..