​မျောက်​လက်​​ရောက်​ အုန်​းသီးက​လေးများ

naywoon niMarch 11, 20141min21516

မှတ်​​လောက်​သား​လောက်​ စကားတစ်​ခုပါ ​မျောက်​လက်​အုန်​းသီးရသလိုဆိုတာ ။ ​မျောက်​ဆိုတာက ငြိမ်​ငြိမ်​​နေတတ်​တဲ့ သတ္တဝါ မဟုတ်​ ။ လက်​ထဲ​ရောက်​လာတဲ့ အုန်​းသီးလည်​း ခွဲမစားတတ်​ လွင်​့ပစ်​ရမှာလည်​း ဝန်​​လေး ဟိုဘက်​လှည်​့ကြည်​့ ဒီဘက်​လှည်​့ကြည်​့ အချိန်​​တွေသာကုန်​လာတယ်​ ။ အကျိုးဖြစ်​ထွန်​းမှုက မရှိ ။ အုန်​းသီးပိုက်​ထားရ​ပေမယ်​လို့ ခွဲမစားတတ်​​တော့လည်​း ​ဖောင်​စီးရင်​ ​ရေငတ်​ငတ်​​နေသလိုမျိုး ။ တည်​့တည်​့​ပြောမယ်​ဗျာ ​ဝေ့လည်​​ချောင်​ပတ်​​ပြော​နေရတာ အားမရဘူး ပွင်​့လင်​းမြင်​သာ​ခေတ်​မှာ နမိတ်​ပုံ​တွေ သ​င်္ကေတ​တွေနဲ့ အုံးမစား​ရ​အောင်​……။ ခု ကျုပ်​တို့လက်​ထဲမှာလည်​း အုန်​းသီးတစ်​လုံးစီနဲ့ဗျ ။ ဟုတ်​တယ်​​လေ လက်​ထဲ ဟမ်​းဖုန်​းတစ်​လုံးစီ ကိုင်​ထားကြ​ပေမဲ့ ဘာများတွင်​တွင်​ကျယ်​ကျယ်​ လုပ်​နိုင်​ကြလို့လဲ ။ ​သေချာစဉ်​းစားကြည်​့ကြစမ်း​ပါ့ ။ ဖုန်​းနဲ့ အကျိုးဖြစ်​ထွန်​း​အောင်​ ဘာ​တွေ လုပ်​နိုင်​​နေပီလဲ ။ အဲ့ ဖုန်​းနဲ့ အားမရ​တော့ သူများ အင်​တာနက်​ဆို​တော့ လိုက်​တပ်​ ။ အဲ့လိုလူမျိုးကျ အုန်​းသီး နှစ်​လုံး လက်​ထဲ​ရောက်​​နေတာ ။ ကိုယ်​့ကိုကိုယ်​ သိပ်​ဟုတ်​လှပြီ​ပေါ့ ။ ထင်​မ​နေနဲ့ ဖုန်​းမှာတင်​ထားတဲ့ ​ဆော့ဝဲလ်​ ဘယ်​​လောက်​ကျွမ်​းကျင်​​အောင်​သုံးတတ်​​အောင်​​လေ့လာပြီးပြီလဲ။ စဉ်​းစားလိုက်​ဦး ။ ​ဖေ့စ်​ဘုတ်​သုံးနိုင်​တာ သတင်​းအတိုအထွာ ​လောက်​ဖတ်​နိုင်​တာ​လောက်​နဲ့​ကျေနပ်​​နေမှာလား ။ ဖုန်​းတစ်​လုံးမှာ အင်​တာနက်​ ချိတ်​လိုက်​တာ အဲ့ဒိ​လောက်​ပဲ ရလိုက်​တာဆိုရင်​ ကုန်​ကျမဲ့ ​ငွေ​ကြေးနဲ့ အချိန်​​တွေအတွက်​မတန်​ဘူး​နော်​ ။ ​သေချာစဉ်​းစားကြည်​့ကြဦး ။ ဟုတ်​လား ။ ဗိုက်​ဗာ သူများတတ်​လို့လိုက်​တပ်​ ။ အင်​တာနက်​ချိတ်​ပီးမှ​တော့ ဗိုက်​ဗာမှမရှိရင်​ ရှက်​စရာကြီး ဟုတ်​ပါပီ ။ အဲ့ဒါကြီး တပ်​ပီးပါပြီတဲ့ ဘယ်​​နေရာသွားသုံးမလဲ ။ အကျိုးရှိ​အောင်​ အသုံးချတဲ့သူနဲတယ်​​နော်​ ။ ကိုယ်​လဲဒီလိုပဲ ။ အရင်​က အင်​တာနက်​သုံးချင်​ရင်​ ဆိုင်​သွားသုံး ဂျီ​တော့ နဲ့​မေးလ်​​လောက်​ ကိုယ်​စိတ်​ဝင်​စားတဲ့ ဝက်​ဆိုဒ်​ သုံး​လေးခု​လောက်​ဖွင်​့ကြည်​့ ။ စာအုပ်​​တွေဘာ​တွေ ​တွေ့ ​ဒေါင်​းလုပ်​ဆွဲ မင်​မိုရီ စတစ်​နဲ့ သိမ်​း ဒါ​လောက်​ပဲ ။ ​ဖေ့စ်​ဘုတ်​ဆိုလို ဆယ်​ခါသွားထိုင်​ ဖွင်​့ကြည်​့ဖြစ်​ရင်​ အလွန်​ဆုံး သုံး​လေးကြိမ်​ ဒီထက်​မပိုဘူး ။ အင်​တာနက်​ဆိုင်​မှာထိုင်​တတ်​​တော့ ​တွေ့ရာ ဝက်​ဆိုဒ်​ ​တွေ့သမျှ လင်​့ခ်​ အကုန်​ဝင်​ကြည်​့ဖူးတာပဲ ။ ယဟူး တွစ်​တာ လာမ​ပြောနဲ့ အကုန်​ ဝင်​ထားတယ်​ ။ ဘ​လော့စ​ပေါ့ ကိုယ်​ပိုင်​ ရှိတယ်​ ။ ning.com ​တောင်​ ​ငွေသွင်​းဖို့ ခက်​လို့ အဖျက်​ခံလိုက်​ရတာ ။ မာတီပလိုင်​းက​တော့ သူ့ဖာသူ ပျက်​သွားတယ်​လို့ဆိုတယ်​ ။ ဒီ​လောက်​ပဲ ။ ကဲ ခု ဖုန်​းနဲ့သုံး​တော့ ဘာကွာလဲ ။ အက်​ပလီ​ကေးရှင်​းနဲ့ ​ဖေ့စ်​ဘုတ်​ပဲ​ရောက်​​နေတယ်​။ ဟိုတုန်​းက ကိုယ်​ကပဲ ​ဖေ့စ်​ဘုတ်​ထဲ နှံ့စပ်​​အောင်​မသွားလို့လား ဘာလား​တော့မသိဘူး ။ ​ဖေ့စ်​ဘုတ်​က ​ကြောက်​စရာ ခု​လောက်​မ​ကောင်​းဘူး ။ ခု​တော့ အင်​တာနက်​​ပေါ်က လင်​့မှန်​သ၍ ​ဖေ့စ်​လုတ်​ထဲ ​ရောက်​​နေ​တော့တာပဲ ။ ဟိုတစ်​ချိန်​က ပ​ရောက်​စီ ​ကျော်​ခွပြီးဖွင်​့မှ ​ရောက်​တဲ့ ဟာ​တွေက ​ဖေ့စ်​ဘုတ်​ထဲ ဝင်​လိုက်​တာနဲ့ အပြိုင်​းအရိုင်​း ။ ​အော်​ ​မျောက်​လက်​ထဲ ​ရောက်​လာတဲ့ အုန်​းသီး ​တွေ အပုတ်​​တော့ မခံဘူး ဆိုတဲ့သ​ဘောနဲ့ ကိုယ်​နဲ့ တန်​ရာ တန်​ရာ သုံးကြ​လေသတည်​း ​ပေါ့ ။ ဒီလိုနဲ့ စက်​ပစ္စည်​း​တွေ​တော့ရှိပါရဲ့ နည်​းပညာ မရှိ ။ မသိ ။ သိ​အောင်​လည်​းမကျိုးစား ။ ​မျောက်​လက်​ထဲက အုန်​းသီး​လေး​တွေမှာ ​ဖေ့စ်​ဘုတ်​ထဲ ဟိုဟာ ဒီဟာ ဝင်​အကြည်​့ခံရ ။ ဗိုက်​ဗာက အ​ရေးမပါ တာ မက်​​ဆေ့ ပို့​ပေးလိုက်​ရ ဖုန်​းလိုင်​း​ပေါ်က ထမင်​းစားပြီးပီလား မင်​းဘယ်​​ရောက်​​မေတာလဲ ​မေး​ပေးလိုက်​ရ ။ နုတ်​ စု ​တွေမှာလဲ ​ဘောလုံးပွဲ ​ပေါက်​​ကြေးတို့ နှစ်​လုံး သုံးလုံး ဂဏန်​တို့ မှတ်​​ပေးလိုက်​ရ ။ အင်​တာနက်​​လေး ခမြာလည်​း ​ဘောပွဲရလာဒ်​ တို့ ထွက်​သွားတဲ့ ဂဏန်​တို့ သတင်​း​ပေးလိုက်​ရနဲ့ သနားစရာ ​ကောင်​းလိုက်​ပုံများ​ပြောပါတယ်​ ။

​နေဝန်​းနီ
(မှတ်​ချက်​။ ကိုယ်​့ အ​ကြောင်​းကိုယ်​ ​ပြောခြင်​း ဖြစ်​ပါတယ်​ တိုက်​ဆိုင်​မှု ရှိလျှင်​ ​စောင်​း​မြောင်​း​ပြောဆို​နေတယ်​လို့မမှတ်​ယူကြပါနဲ့ ဒဲ့​ပြော​နေတာ လို့သ​ဘောထားလိုက်​ပါ။ 🙂

16 comments

  • ဦးကျောက်ခဲ

    March 11, 2014 at 8:55 am

    ဆြာနီရဲ့… ဟန်းဖုန်းပေါ်ကာစ ရုံးကထုတ်ပေးတော့ ခလောက်လို့ ခေါ်ကြတယ်…
    အခုတော့ ပိုက်ဆံစားတဲ့စက် ဖွတ်တက်သလိုပဲ… တဲ့
    “ဟဲလို… ဟဲလို… ကြားလား… ကြောင်လား…” နဲ့ ရှိသမျှလေးတွေကုန်ရော…
    အဲ့ကြားထဲ အခိုးခံရ/ကျပျောက်ရင် ကိုယ့်စီးကရက်လေးတွေပါ ရေစုန်မျော…
    ဒါပေသည့် မပြတ်နိုင်သေးတာမို့ စကားပြောဖို့ကလွဲရင်… ဘာမှမသုံး…
    🙂

  • kyeemite

    March 11, 2014 at 9:19 am

    ဟန်းဖုန်းကတော့ ခုတစ်မျိုးထူးပြန်တယ်…ဖုန်းနံပါတ်တစ်ခုခေါ်လိုက်ရင်
    “တူ” ဆိုတဲ့ ခေါ်သံမကြားရသေးပဲနဲ့ “လူကြီးမင်းခေါ်ဆိုသောဖုန်းသည်သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်း မပြုသည့်အတွက်….”
    ဆိုတာကြီးတန်းဝင်ဝင်လာတယ်…စိတ်လေပါတယ်…ဆြာနီရေ 🙂

  • မဟာရာဇာ အံစာတုံး

    March 11, 2014 at 9:46 am

    ကိုယ်ဒွေလည်း မတုံးဒတ်ဘူး
    ကလိဘဲ ကလိတတ်တာ
    အဲ့လို မတတ်ဘဲ လျှောက်ကလိလို့
    ပျက်ခဲ့ပေါင်းလည်း များခဲ့ဘီ ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 11, 2014 at 10:25 am

    အကောင်းအဆိုးတော့တွဲနေတာပါဘဲ
    သုံးစတုန်းကတော့ မင်းမရှိရင်အသက်မရှင်ဂျင်ဘူးအဂျစ်ရယ် ဆိုရပေမယ့်
    ကြာလာဒေါ့ ဝေးလေကောင်းလေဘဲ ဖြစ်သွားပြန်ရော
    ဒါပေမယ့် လိုအပ်တဲ့အခါကြတော့လည်း ရည်းဇားစိစိမစိစိကွယ် ငါဂဂျစ်မှာဘဲ
    ဖြစ်ဗျန်ရော

  • ဖုန်း လေး နဲ့ ဟို စမ်း ဒီစမ်း လုပ် တာ ဘဲ ဗျ

    ဒါ ပေ မယ့် အဝိုင်း လေး လ ည် နေ တာ နဲ့ ဘဲ လှည့် ပြန် ခဲ့ ရ တာ များ တယ် လေ

  • naywoon ni

    March 11, 2014 at 12:43 pm

    ကျုပ်​တို့အရပ်​က​တော့ စိဖုန်​း တဲ့ ဖွတ်​ဖုံးတဲ့ ဗျ ​ခေါ်ကြတာ အဲ့ဖွတ်​ဖုန်​းဆိုတာ​လေး အ​ကြောင်​း အချိန်​ရမှ​ရေးဦးမယ်​

  • Mr. MarGa

    March 11, 2014 at 12:46 pm

    မရှိမကောင်း ရှိမှကောင်း ဆိုတဲ့အထဲ ထည့်ရတော့မပေါ့ အဘနီရာ :mrgreen:

  • alinsett (gazette)

    March 11, 2014 at 12:55 pm

    ကျနော်တော့ ဖုန်း အင်တာနက်ထည့်ပြီးကတည်းက
    ဂဇက် ရွာထဲ အားရင် အားသလို ဝင်မိတာပဲ

    ကျန်တာတော့ ဖေ့ဘုတ်နဲ့ ဗိုင်ဘာကလွဲရင် မသုံးတတ်။
    🙂

    ရပ်ကွက်ထဲမှာ ရှိသေးတယ်
    သူများ ဖုန်းထဲ အင်တာနက်လျှောက်ရင် ခေတ်မမှီဘူး အထင် ခံရမှာ စိုးပြီး . .လိုက်လျှောက် . . .

    ရတော့ ဘာမှ မသုံးတတ်။
    အင်တာနက်ဆိုတာဘာညာဘာညာတွေ ရှာဖွေလို့ရတယ်ဆိုတာလောက်ပဲ သိတဲ့သူတွေနဲ့

    အင်တာနက် သုံးတယ် လို့တောင် မပြော
    အင်တာနက်ကစားတယ်ဆိုပဲ။

    အင်တာနက်ဆိုတာ အပျင်းပြေကစားတဲ့အရာကြီး ဖြစ်လို ့

    အဟိ

  • surmi

    March 11, 2014 at 1:14 pm

    ဖုန်း+ အင်တာမဲ = အိမ်တွင်းသူခိုးးးး :mrgreen:

  • Paing Lay

    March 11, 2014 at 8:00 pm

    အနော် ဖုန်းစကိုင်တုန်းကတော့ စိန Java နဲ့တိုးတယ်ဂျ သို့ပေသိ ဘက်ထရီဘယ်လောက်သွင်းသွင်း ကြာကြာမသုံးရတော့ ဘက်ထရီကလည်း ဖြုတ်မရတပ်မရနဲ့ ပစ်လိုက်ရတာ ဦးဦးဖျားဖျားပဲဂျ 😀
    Android နဲ့မှပဲ အနည်းငယ်အဆင်ပြေသလိုရှိတော့တယ်ဂျ

    အနော် အင်တာနက်သုံးတတ်ခါစက ဦးနီပြောသလိုပဲ ဟိုစာမျက်နှာဖွင့် ဒီစာမျက်နှာဖွင့်နဲ့ပဲ အချိန်ကုန်ခဲ့တာများတယ်ဗျ။ ပြီးမှ အကောင့်တွေ ဘာတွေဖွင့်လာသည်ပေါ့ဂျာ :mrgreen:

  • Mလုလင်

    March 12, 2014 at 2:47 am

    ဆရာ နေဝန်းနီ (ဖားထားရတာ . . 🙂 ) အဲ့ဒါတော့ ထောက်ခံတယ်ဗျာ . . . . . . . မတွေ့ရတာ ကြာတဲ့ ဘော်ဒါတွေ စားပွဲ ဆိုလို့ သွားမိပါတယ် . . . သူတို့ တွေက ဖုန်း တွေကိုယ်စီ နဲ့ ဘာလုပ်နေကြမှန်းမသိ . . ကိုယ့်ဖုန်းက အစုတ် (သိတဲ့ သူတွေ သိပါတယ်) စကားကလဲ . .ကိုယ်ကအတင်းလိုက်ပြောရတယ် . . . . . . . တော်တော် စိတ်လေ သွားဖူးတယ် . . . .။

  • Shwe Ei

    March 12, 2014 at 11:50 am

    မြန်မာပြည်မှာ လူအများစု ဖုန်းကိုင်နိုင်တဲ့ခေတ်ကိုရောက်တာ
    နှစ်ပေါင်းဘလောက်မှမရှိသေးပါဝူးခီညော်…..

    မျောက်အုန်းသီးရသလိုဖစ်နေတယ်ဆိုရင်တောင် အိုက်မျောက်တေက အုန်းသီးကို ကို်င်ခွင့်ရတာကျေးဇူးတင်နေမှာဘာ

    ဆရာနီ့အလိုအရ ၁၅သိန်းတန်ခေတ်ထဲက ဖုန်းကိုင်နိုင်သူတွေ ဖုန်းပြင်မစားတတ်သေးရင် သေသင့်တယ်လို့ ပြောရမလိုဖစ်နေဘီ…ခွိ

  • ဘရန်းဒက် ကေဇီ

    March 12, 2014 at 11:54 am

    အို။
    သများတို့လက်ထဲကိုတော့ အုန်းသီး ၂ လုံး ၃ လုံးလောက်ကို ရောက်လာစေချင်တာ။

    :mrgreen:

  • padonmar

    March 12, 2014 at 8:56 pm

    ဘာဘဲပြောပြော အဲဒီ အုန်းသီးလေးကို မပစ်နိုင်သေးဘူး အဘနီ။
    အပျင်းပြေတယ်။အလုပ်ကြီးသမားဟန်ဆောင်လို့ရတယ်။

  • TNA

    March 13, 2014 at 5:55 pm

    ဖုန်းထဲမှာဘာမှမထည့်ထား။ ဗိုင်ဘာတောင်သူများထည့်ပေးထားလို့။ ကိုယ့်ဟာကိုယ်တော့ ဖုန်းအဝင်အထွက်ကလွဲလို့ဘာမှမလုပ်တတ်။ စောင့်ရတဲ့နေရလောက်ပဲ အင်တာနက်ခဏဖွင့်ကြည့်တယ်။ အဝိုင်းအဝိုင်းတိုးတာများလို့ ခဏပဲပြန်ပိတ်လိုက်ကော။ အခုတော့ နေရာတကာမှာ တချိန်လုံးပွတ်နေကြ တော့တာပဲ။ ဘာတွေပွတ်နေလဲတော့မသိဘူး။ နောက်ဆုံး အတွဲတွေချိန်းတွေ့တာတောင် ဖုန်းပဲပွတ်နေကြတယ်။ တခြားပြုဖွယ် ကိတ်စနေတွေတောင်မေ့နေသလိုပဲ။ အာဟိ

  • naywoon ni

    March 14, 2014 at 3:53 am

    ကျွန်​​တော်​ ဖုန်​းမဲမ​ပေါက်​ခင်​တုန်​းကလည်​း Mလုင်​လို ခံရဖူးတယ်​ဗျ ဒါ​ကြောင်​့ မီးစိမ်​း​ပေးပါတယ်​ TNA ​ပြောသလိုပဲ ကျွန်​​တော်​လည်​း အားရင်​ပွတ်​ပါတယ်​ ( ဖုန်​းကို​ပြောတာပါ) အင်​တာနက်​နဲ့ ချိတ်​ပီး​ဆော့ရတဲ့ ဂိမ်​း​တွေ တစ်​​လှေကြီးထည်​့ထားပါတယ်​ ကိုယ်​တိုင်​လည်​ APP chearch နဲ့ ဂိမ်​းရှာ ​ဒေါင်​းလုပ်​ဆွဲပါတယ်​ အင်​တာနက်​လိုင်​း​ကြောင်​တဲ့ အချိန်​ ဂိမ်​းပွတ်​ပါတယ်​ ​မျောက်​များ အုန်​းသီးကိုလှည်​့ပတ်​ပွတ်​ကြည်​့​နေသလိုမျိုး​ပေါ့ဗျာ တစ်​ခါတစ်​ခါ ဘာကိုမှ စိတ်​မဝင်​စား​တော့ပါဘူး ပွတ်​ဖို့ပဲ ​ခေါင်​းထဲရှိသလို ဖြစ်​​နေပါတယ်​ ဉာဏ်​ကြီးရှင်​များ အာရုံ လွဲ​ပေးလိုက်​တာက​တော့ ခု​ခေတ်​စကားနဲ့​ပြောရရင်​ ၉ ​တောင်​​ကျော်​လိမ်​့မယ်​နဲ့တူရဲ ့

Leave a Reply