ချောင်းကြည့်ရတဲ့ အရသာ Insect Macros :P

ムラカミMarch 11, 20143min934

ဘာရယ်မဟုတ် … လက်ကျန် များကို ကျန်ဖြတ် ဖြတ်ခြင်း သက်သက်သာ…

 

IMG_0713
၁ . နဂါးပျံ

 

Macro တွေ ရိုက်ဖြစ်လို့ ပြောရရင် ..ပုဇင်းရင်ကွဲ တွေကိုလည်း အင်မတိ အင်မတန် စိတ်ဝင်စား သဗျ…

ဒင်းတို့လေးတွေက လျောက် ပျံနေရင်သာ မငြိမ်မနေ ရှိရမယ် .. နားပဟေ့ .. ဆိုရင်တော့ …အလွန် ငြိမ်ငြိမ်သက်သက် ရှိတာကလား…

အနားတိုးဖို့လည်း အန္တရာယ် မရှိတဲ့ အကောင်တွေ ဖြစ်တာကြောင့်လည်း စိတ်ဝင်စားတာပေါ့ဗျာ…

ဟိုအူးလေးတွေလို မြွေစိမ်းမြီးခြောက်တော့ ခေါင်းချည်း ကွက်ပီး ဖိုးကပ်စ်ပြတ်အောင် မရိုက်ရဲပါဖူး ….

(ကျော် ့ နာမည်လည်း အားလုံး အသိသားနဲ့…ဟိ..)

 

 

IMG_0665
၂ . some strings stretched

 

 

ပင့်ကူ ကတော့ တဘာသာ ဗျ…. ဒင်းက ျပြန်တော့ …သူ့ချည်း သက်သက် မဟုတ် ..သူ့ အိမ် ကိုယ်တိုင်ကပါ subject ကောင်း တခု ဖြစ်ပြန်တော့တာကိုး..။

ပင့်ကူနဲ့ ပင့်ကူ အိမ် ကို ရိုက်ရင် ကျောဖက်ကရော ..ဝမ်းဖက်ကပါ (dorsal & ventral) စမ်းကြည့်ဖို့ လိုတယ်လို့ ဆြာ့ ဆြာများက ဩဝါဒချွေတာ မှတ်ဖူးသဗျ….။

စမ်းလည်း စမ်းဖြစ်ပါရဲ့ ..(အကောင် သိပ်မထွားရင်)  .. မစမ်းဖြစ်တဲ့အချက်ကတော့ …ဆောင်းတွင်းမနက်စောစော မယ်… ရေစက်ကလေးတွေသီးနေတဲ့

ပင့်ကူအိမ်ကို ရိုက်ဖို့ပါပဲ …(ည-အအိပ်နည်းတာရဲ့ ဆင်ခြေပါ..)

မည်သို့ပင် ဆိုစေကာမူ ပင့်ကူ macro မှာတော့ .. သတိပြုစရာအချက်က F number ပါခည… သိပ်ပြီး ကျယ်လွန်းတဲ့ F-number နဲ့ ရိုက်မိတဲ့အခါ

ပင့်ကူက focus ပြတ်ပေမယ့် ပင့်ကူအိမ် အမျှင်တန်း တချို့ blur out ဖြစ်ပြီးပျောက်ရှ သွားတတ်လို့ပါပဲ….။

အဲ…. တဖက်မှာလည်း .. အပေါက်ကျယ်တဲ့အခါ … background blur က ပိုမို ပြတ်ပြတ်ထင်ထင် ရှိပြီး bokeh ခေါ်တဲ့ အဝိုင်းလိုက် အလင်းပြောက် ဝါးတားတား နောက်ခံ

အားကောင်း စေပြန်ပါတယ်….. ချိန်ပေါ့ဗျာ …..

အချုပ်ပြောရရင် ကျော် ကတော့ ပင့်ကူတွေ့ပဟေ့ ဆိုရင် …ကျောဖက် <and> ဝမ်းဖက် အပေါက်ကျယ်<and> အပေါက်ကျဉ်း ၄မျိုးလောက် စမ်းမိကြောင်းရယ်ပါ..

 

 

 

 

IMG_0661
၃ . သတိ အဆိပ်ရှိသည်

 

ဒီ သတ္တဝါတွေထဲမယ် … ပျား ကတော့ ကျနော့်အတွက် သိပ် စွဲဆောင်မှု မရှိဘူးရယ်…

(ပန်း နဲ့ မတွဲမိ သေးသမျှ ပြောပါတယ်)

ရိုက်တာ ကတော့ ရှင်းပါတယ်ဗျာ … ခေါင်းမှာပါတဲ့ မျက်စိ (compound eyes) နဲ့ ဖင်ဘက်က ဆူးချွန် ၂ခုစလုံး အမိအရယူချင်ရင်တော့

F-Number ခပ်များများ သုံး (အပေါက် ကျဉ်းပြီး ရိုက်ပေါ့)

Shutter speed ကျမှာ ဖြစ်လို့ Flash သုံးဖို့ လိုလား မေးရင်တော့ သတိ္တိရှိ လုပ်ပေါ့ဗျာ …. (ကျနော်တော့ လုပ်ဖူး)

ဟုတ်ရယ်လေ… ကျန်တဲ့အကောင်က လွန်ရောကျွံရော ပျံပြေးရုံ …ဒင်းတို့က(တချို့) originally bad tempered… u know?

 

 

ဒီအောက်က ၃ပုံကတော့ တကောင်တည်း ပါပဲ …တပုံမှ မပစ်ရက်တဲ့အကြောင်း နည်းနည်း ဆက် အာချောင်ပါရဇီ

IMG_1096
၄. မြောင်းတူးမြေပုံ

 

Macro photography ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ထဲမှာ ဒါလည်း တခု ပါတယ်ဗျ… တခြားမဟုတ်ဖူး …သည်လိပ်ပြာရဲ့ အနောက်ဖက် နီကျင်ကျင် က..တကယ်ဆို

အလုပ်သမားတွေ မြောင်းတူးပြီး ပုံထားတဲ့ မြေနီတွေဗျ…လုံးဝ blur out ဖြစ်သွားတာ ကိုက အိနေအောင် လိုက်ဖက်မှုရှိတဲ့ background color ကိုပေးပါတယ်…

ဒါများ ဝေးဝေးကနေ Zoom ဆွဲရိုက် …ဖိုတိုရှော့ထဲရောက်မှ ဓားသိုင်းက ပြီး BG ကို Blur လုပ်ပလိုက်ပေါ့ …ပြောရင် ရနိုင်ပါတယ်… taste တော့မတူဘူးပေါ့…

ဒါက tele သဘောတရားတွေ ပါဝင်နေတာမို့ … တော်သေးပြီ(အဲ့သည့်အကြောင်း ကမှော် ရေးဖူးပါသည်… စိတ်ဝင်စားရင် ပြန်ရှာကြပါကုန်…)

focal plane အကြောင်း နားလည်ဖို့ က ဒီနေရာမှာ စကားပြောပါတယ်… (ပန်းပွင့်ရဲ့ အုံက အဖြူရောင် အမျှင်တွေ blur နေပေမယ့်) ပွင့်လွှာတွေနဲ့ လိပ်ပြာ …

focus ပြတ်နေတာကြည့်ရင် .. ကျော် အင်မထုထားဘူးဆိုတာ မြင်သာပါလိမ့်မယ်…

Focal plane ဆိုလို့ပါ…. စမ်းကြည့်ဖို့ အလွယ်ဆုံးနည်းက macro lens တလုံး ဝယ်…အလင်းရောင်ကောင်းကောင်းမယ်.. သတင်းစာ တစောင် ယူပြီး

သတင်းစာရဲ့ (normal font size) လောက်ရှိတဲ့ စာပိုဒ် တပိုဒ်မယ်… မိမိနှစ်သက်ရာ စာကြောင်းကိုသာ focus ဖြတ်ပီး ကျန် စာကြောင်းတွေ ဝါးအောင် စမ်း

ရိုက်ကြည့်ရင် သိနိုင်ပါသည်။ (ပါဝါတိုးတာ ..မှုန်တာ ကန်းတာ ..တာဝန်မယူပါ)

(တခါက ခူယား တကောင်ကို အဲ့နည်းနဲ့ ရိုက်တင်ဖူးပါသေးသည်။ စကားချပ်)

 

 

IMG_1097
၅. စည်းကမ်းရှိပါ

 

ဒါ့ပုံတို့ရဲ့ အခြေခံအကျဆုံးသော စည်းမျဉ်းစည်းကမ်း တခုအရ ပါ… ဟုတ်ကဲ့ Rule of Thirds လို့ခေါ်ပါတယ်… အလျားလိုက် မရိုက်ဘဲ ဒေါင်လိုက်ရိုက်တာကလည်း …

secondary subject ဖြစ်တဲ့ ..ပန်းပွင့်ရဲ့ ပင်စည် ဖြစ်တည်မှုကို အသားပေးချင်လို့ပါ……။

အဲ့လို ရိုက်ရင်း နဲ့ အောက်ကပုံကို ဆက်ရိုက်ဖြစ်ပါတယ်… ဘာကြောင့်တုန်း ဆိုတော့ … ဒီပုံမှာ မြင်ရတဲ့ အဝါရောင် background ကြောင့်ပါ…။

 

 

IMG_1104
၆. တပွင့် ဆို တပွင့် ..(တပွင့်ပီးမှ တပွင့်..)

 

ဟုတ်တယ်… တကယ်က လမ်းဘေးနားက(ခြံထဲက) အလေ့ကျပေါက်တဲ့ ပန်းခင်း လေးထဲမှာဗျ…အပေါ်ပုံက အဝါ ဆိုတာ နောက်ကပန်းပွင့် တပွင့် ဝါးထွက်သွားတာ..

ဆိုတော့.. အတွေးတခုရတယ်..ရှေ့တဆင့်တက်ဖို့ နောက် နည်းနည်း ထပ်ဆုတ်လိုက်သည်ပေါ့ ….

ရှေ့မှာလည်း ပန်းပွင့်တချို့ရှိမယ်.. နောက်မှာလည်း ရှိမယ်… အလယ်ခေါင်မှာက ကျနော်ပြချင်တဲ့ main subject …

အဲ… သည်လိုနဲ့ သူနားနေတဲ့ အပွင့် ရယ် ရှေ့နောက် ၂ပွင့်ရယ် ကို ဖရိမ်ချ ရွေးချယ်လိုက်တယ်…

အဲ့သည်မှာ တခု စိုးရိမ်ဖို့ရှိတာက ပုံကို အတည့်ရိုက်လိုက်ရင် (ဒါမှမဟုတ် ဒေါင်လိုက်ရိုက်လိုက်ရင်) ရိုးတံ ငေါငေါ ၃ချောင်း က ကျနော့ပုံကို ၃ခြမ်း ခြမ်းပါလိမ့်မယ်…

သည်တော့ diagonal ဆွဲဖို့ စဉ်းစားမိတယ်ပေါ့ ….ညာဖက်ယိုုင်နေတဲ့ diagonal အစား ဘာလို့ ဘယ်ဘက်မယိုင်တာလဲ မေးရင်

ဖြေစရာ ရှိတာကတော့ … ညနေခင်း နေရောင်ကြောင့် ..ကျနော် fog ရနေပါတယ်ခည..(၃ပုံလုံးမှာ)  ဆိုတော့ ဟိုဘက်ကိုယိုင်ရိုက်ရင်

ရသပျက်ဖို့ရှိပါတယ်..။ အဲ့သည်လိုနဲ့ပဲ … ဒီလို ရိုက်ဖြစ်သွားတယ် ဆိုပါတော့ဗျာ…

 

 

တကယ်တော့ ..မက်ခရို ရိုက်ရတာ အင်မတန် စိတ်ချမ်းသာ ဖို့ကောင်းတယ်ဗျ..

လိုကေးရှုင်း လိုက်တင် ..မော်ဒယ်ဖိုး…ပစ္စည်းပစ္စယ အင်မတန် ဝန်ကျဉ်းတာကလား ..

နောက်ပီး ပြန်တို့ ရတာ လည်း အင်မတန် သက်သာရဲ့ … ကျနော် မက်ခရို တပုံ တို့ ..အလွန်ဆုံးကြာ ၁ဝမိနစ်ပေါ့…

အသေအချာ ချိန်ရိုက်ထားတဲ့ လူပုံ ဆို အနည်းလေး ၄-၅ နာရီ ကြာတတ်တာကိုး..(ဟော့တီ ရှော့တီ လေးတွေ ၂ကုန်း ၁ကော့ လေးတွေဆို သာဆိုးသေး)

အဲ့အကြောင်းတွေ ကြုံမှ သံခမောက်ဆောင်းပီး ပြောပါ့မယ်ဗျာ…

ခုတော့ နှပ်တော့မယ်ဗျ

 

တရက်ပျော်ချင် အရက်သောက်…

တလပျော်ချင် မိန်းမယူ …

တသက်လုံး ပျော်ချင်ရင် သစ်ပင်စိုက် … ဆိုလား …

ဘယ်လိုပဲ ပျော်ပျော်ပါဗျာ …. အဲ့အပျော်တွေ မသေမချင်း မှတ်မှတ်ရရ ဖြစ်နေဖို့ကတော့ …ကိုယ့်ဘက်က သေချာနေဖို့တော့ လိုပါတယ်ခည…

အိုဘယ့် Macro Photography…

 

 

P.S.

 

ဒါ နောက် series အတွက်အမြည်းပါ….

IMG_0932
၇- အမြည်း

 

တော်သေးဘီ

ခင်တဲ့

ဂီ

 

 

 

 

4 comments

  • kyeemite

    March 11, 2014 at 11:04 am

    Macro တွေ ရိုက်ဖြစ်လို့ ပြောရရင် ..ပုဇင်းရင်ကွဲ တွေကိုလည်း အင်မတိ အင်မတန် စိတ်ဝင်စား သဗျ…
    ဒင်းတို့လေးတွေက လျောက် ပျံနေရင်သာ မငြိမ်မနေ ရှိရမယ် .. နားပဟေ့ .. ဆိုရင်တော့ …အလွန် ငြိမ်ငြိမ်သက်သက် ရှိတာကလား…

    ကိုရင်ဂီရဲ့..ခုရိုက်ထားတာက ရိုးရိုးပုဇင်းမဟုတ်လားဟ…
    ပုဇင်းရင်ကွဲက နားညီးအောင်..ရင်ကွဲအောင်အော်တဲ့ကောင်တွေလေ… 🙁

    • sorrow

      March 11, 2014 at 12:38 pm

      ဦးဦးမိုက်ပြောတဲ့ ရင်ကွဲအောင်အော်တဲ့ ပုဇင်းက လုံးလုံးလေးရယ်.. အဲ့ကောင်က ကြော်စားလို့ရတယ်… ကြက်သွန်ဖြူနဲ့ ဂျင်းနဲ့ … ပြင်ဦးလွင် သီပေါဘက်မှာအလွန်ပေါတာကလား … ပုဇင်းပေါက်စနလေးတွေများဆို
      အလွန်ချိုသဗျ …. ဘီဘီသမားတွေအကြိုက်ရယ်…

  • ဘရန်းဒက် ကေဇီ

    March 11, 2014 at 3:05 pm

    ငယ်စဉ်က ချောင်းတာ ဝါသပါသူများ အသက်ကြီးသော် ဓာတ်ပုံဆရာဖြစ်၏။
    😀

    မနာလိုလို့ကိုပြောသွားတယ်အေ။ :mrgreenn:

Leave a Reply