သစ်သစ်သစ်-သစ်ခွ

ムラカミMarch 13, 20145min11911

 

1-2-3-4-5-6-6-6

 

IMG_0974
1

၁။  ဘာရယ်မဟုတ်… သစ်ကိုင်း နောက်ခံ ထားကြည့်တာပါ… တခိုင်လုံး focus မိဖို့ အတွက် Aperture ကျဉ်း လိုက်ရတော့ …

ပင်စည်ပါ ပေါ်နေတာ မို့ .. စိတ်လှုပ်ရှားစရာတော့ သိပ်မကောင်း။

 

 

 

IMG_0949
2

 

၂။ ဒါက နည်းနည်း Aperture ထပ်ကျယ်ကြည့်ပြီး ခြားနားတဲ့ Angle ကနေ ချောင်းခဲ့တာ … သိပ်တော့ ထူးထူးဆန်းဆန်းမဟုတ်ပါ..။(ကျနော် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်)

IMG_0938
3

၃။ sunlight ကို လိုချင်လို့ ရိုက်ထားတဲ့ angle ပါ … နည်းနည်း aperture ထပ်ကျယ်လို့ရသေးငဲ့ ထင့်..။

 

IMG_0935
4

၄။ ပြင်သစ်လို  Silhouette လို့ ခေါ်တဲ့ ရိုက်နည်းကားဗျ…။ အလင်းကို မျက်နှာမူ  subject ကို figure လောက်ပဲပေါ်အောင် ..contrast မြင့်မြင့်နဲ့ ရိုက်ခဲ့တာ …

(အပင် ရေလာဖြန်းသွားသူကို ကျေးဇူးတင်မိသေးငဲ့)

 

IMG_0933
5

 

 

၅။ တောင်စောင်းတခု က သစ်ခွ ခင်း ဖြစ်လို့ လေအတော် ကြမ်းသဗျ… တပွင့်ချင်း ရိုက်ဖို့ဆို အတော် စိတ်ရှည် ရတာရယ်…။ တခါတခါ အဖော်တယောက် ရယ် ထီးတလက်ရယ်တော့

လိုချင်မိသား … ဆောင်းပေးဖို့မဟုတ်ပါဘူး..။ လေ-ကာ ပေးဖို့ရယ်ပါ..

 

IMG_0932
6

 

၆။ တခါတလေ မယ် …Macro မှာလည်း reflector သုံးချင် သေးသဗျ… (ဒါကတော့ macro မခေါ်နိုင်ပေမယ့်လေ..)

ဒါပေသိ …သိပ်ပြီး ဆင်ရိုက်တဲ့ အနေအထားမျိုး မဖြစ်စေချင်လို့ …ဂလောက်နဲ့ ကျေနပ်ထားရတာ…။

 

IMG_0929
7

 

၇။ ဘာသစ်ခွလည်းတော့ မသိဘူးဗျ… မနက်ခင်း ဆိုတော့ ရေလာဖြန်းတဲ့လူနဲ့ ကျော် နဲ့ မျက်လုံးချင်းစကားပြောပြီး ..သူကဖြန်းလိုက် ကိုယ်က ဗြန်းလိုက် ..အဲ့လေ.. ဒချိ လိုက် ပေါ့.။

 

IMG_0927
8

 

၈။ ထိုနည်းတူစွာပါ…. သစ်ခွ ပင်များ ..အကြောတင်းချက် …သွသူ အစာကြော ရေကြော ရှိပါလျက် နေရောင်ရချင်ယုံ သက်သက် သူများအပင်ပေါ်တက်တယ်…. ပါရာဆိုက် မဟုတ်တာကိုပဲ

ကျေးဇူးတင်ရမလိုလို … အုန်းဆံဖတ် အုံကိုတော့ မည်သို့ အသီးယား သည်မဆိုနိုင် ဓားနှင့်ချိုင်ချင်မိငဲ့..။

 

IMG_0923
9

 

၉။ အနှီ အပွင့်တွေကိုပဲ …ကောင်းကင်ဘက် ..ပြန် BG ယူထားတာပါ…။ သိပ်မထူးဆန်း

 

IMG_0921
10

၁၀။ ဒါကတော့ နည်းနည်း F stop ပြန် ကျယ်ပြီး ရိုက်ထားတာပါ…။ Bokeh နဲ့ … နောက်ပိုင်းက အပွင့်တွေ blur နေတာ သက်သေပေါ့..။

 

IMG_0906
11

 

၁၁။ ထိပ်ပိုင်း မပြတ်ချင်သော်ငြားလည်း ..ထိပ်ပိုင်း ပြတ်သွားခဲ့ရတဲ့ပုံခည …။ လေတိုက်နေတော့ …၃-၄-၅ ကွက် ရိုက်ပြီး အမိအရဆုံး ပုံကို ယူလိုက်တာပါ…။

ဒီနေရာမှာ တခုလေး ပြောဖို့ရှိတာက view finder ကိစ္စ ခည…။ အချို့သော body တွေမှာ view finder က ပြပေးတာက တကယ်တမ်း ရိုက်ယူတဲ့ ဘောင် …ထက် 98%- 97%

စသည်ဖြင့်သာ ပါတတ်ပါသတဲ့ …။ ဆိုတော့ ….ချောင်းကွက်မှာ အနည်းငယ် လောက် ခေါင်းပြတ်ခြေပြတ် ဖြစ်စေဦး တကယ် ပုံထွက်လာရင်တော့ အမိအရပါတတ်တာမျိုးကိုဆိုလိုတာပါ

အဲ့သည့် frame တခုလုံးရဲ့ 2% or 3% မှာ ပါကောင်းပါရဲ့လေ ဆိုတာကို ယုံစားမိလို့ .. ပျက်ရတဲ့ပုံပါခည..

 

IMG_0905
12

 

၁၂။ နူးညံ့အိစက်တဲ့ ပွင့်ချပ်တွေ ရှေ့ထား ..ထိုးထိုးထောင်ထောင်နဲ့ ရင့်ရော်ကြမ်းကြုတ်တဲ့ … အခက်တွေ အုံတွေကို နောက်ထားပြီး တချက် ကလစ်ကြည့်ယုံ။

 

IMG_0901
13

 

၁၃။ တခါတရံတော့ တြိဂံ ပုံ အချိုးက အလုပ်ဖြစ်သဗျ….. Primary light source ရယ်… ကင်မလာရယ် ..ဆပ္ပဂျက် ရယ် ကို … လိုင်းဆွဲကြည့်လို့ …တြိဂံ ပုံ ဖြစ်နေတာကို ပြောပါတယ်…။

 

 

IMG_0898
14

 

၁၄။ ဒါက ကျနော် အတော်နှစ်သက်တဲ့ ပုံ ဖြစ်ပါတယ်..။ ထုံးစံအတိုင်း low angle တခုပေါ့.။

 

IMG_0895
15

 

၁၅။ Aperture ပိုကျယ် ပစ်ခဲ့သင့်တာ … စိတ်မရှည်တာရဲ့ .. ရလာဒ် တခုပါပဲ..။

IMG_0892
16

 

 

၁၆။ ဘာမှ အထွေအထူး ပြောစရာမရှိ.. မြင်သလို ရိုက်ဖြစ်ခဲ့တဲ့ပုံ တပုံပါဗျာ..။

 

 

တော်သေးဘီ

 

11 comments

  • Ma Ei

    March 13, 2014 at 11:55 am

    ဘာတွေက ဘယ်လိုပါ ဆိုတာ သိဘူး
    ပန်းကလေးတွေ လှနေတာဘဲသိတယ်…
    🙂

  • sorrow

    March 13, 2014 at 12:01 pm

    သစ်ခွတွေရိုက်ရတာ အရမ်း challenge ဖြစ်တာပဲလို့ ဆြာလေး ပြောဖူးသလားလို့ … 100 % ထောက်ခံပါတယ်ဗျ ..တယ်မလွယ်မယ့်ပုံ

  • surmi

    March 13, 2014 at 12:31 pm

    တချို့ပုံထဲကဟာတွေ အပြင်မှာကြည့်ရင် ဘာမှထူးမယ်မထင်
    သို့သော်
    ဓတ်ဆြာ လက်ထဲရောက်ကာမှ
    ကြည့်မဝ ။ ငေးမဝ ။
    အိုဘယ့် ဓတ်ပုံပညာ 🙂

  • snow smile

    March 13, 2014 at 12:41 pm

    ပန်း လေး တွေ က ပို လှ နေ သ လို

  • kai

    March 13, 2014 at 1:21 pm

    ပြီးခဲ့လ သတင်းစာမှာသစ်ခွသမားနဲ့ အင်တာဗျူးပါတယ်လေ..။
    အဲဒီသူကတော့.. သစ်ခွကို အမဲရောင်ခံရိုက်ထားတယ်..။
    မေးကြည့်တော့.. အဲလိုပဲလို့ဆိုတာပဲ..။

  • အဘရဟူဒီ

    March 13, 2014 at 1:55 pm

    ဆိုင်ယမ်မိစ့် နဲ့ ရှင်ငပိုးရီးရန်း အေရင်သီယာတွေချည်း စုရိုက်ချင်သေးရဲ့ဗျာ

    ဘားမန်းပြည် ဝယ် ဖြစ်သင့်သလောက်ဖြစ်မလာလို့ အသီးယားဇာကောင်းတဲ့ထဲ.
    ပန်းပင် နဲ့ အလှမွေးငါးလောက လည်းပါသဗျာ.

  • kyeemite

    March 13, 2014 at 4:18 pm

    ဘဘကတော့ ဘာမှမီပြောတတ်ပါဝူးကွယ်..ညက်မှန်ချွတ်ကျိတော့ ဝါးတားတားဖစ်နေတာပဲ 😀

  • TNA

    March 13, 2014 at 5:20 pm

    လှလိုက်တာအေ။ ကလောဖက်မယ်နေတုန်းကတော့ တောထဲဝင်လိုက်ရင် အိုက်လိုသစ်ခွတွေ အပင်ပေါ်မယ် ပွလို့။ ခုတော့ ရှိတော့ဘူးအေရယ် 😥

  • မိုး မင်းသား

    March 13, 2014 at 5:51 pm

    ဘယ်သူတွေဘာပြောပြောကျွန်တော်ကတော ့ယောကျင်္ားတန်မဲ ့

    သစ်ခွလေးကိုတော ့ချစ်တယ်ဗျာ

    ကျွန်တော် ့ကောင်မလေးနာမည်ကသစ်ခွတဲ ့

  • ဘရန်းဒက် ကေဇီ

    March 14, 2014 at 11:14 am

    စာတွေမဖတ်ဘူးးး
    မမှီလို့။
    ပုံတွေကိုပဲ ကြည့်သွားတယ်။

    😀

Leave a Reply