မျက်လုံးထဲ အသည်းနှလုံး ထည့်ကြမလား?

အမေရိကန် နိုင်ငံ၊ နယူးယောက် က Kristina Kovalevskaya အမည်ရတဲ့ အမျိုးသမီးဟာ Park Avenue Laser Vision မှ ဒေါက်တာ Emil Chynn ထံမှာ အရွယ်အစား အားဖြင့် 3.5mm ရှိတဲ့ ပလက်တီနမ် အသည်းနှလုံးပြားလေးကို သူမရဲ့ မျက်လုံးအတွင်း ထည့်သွင်းခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူမဟာ နယူးယောက်ရဲ့ အမျိုးသမီးထုကြားမှာ မျက်လုံးအတွင်း ကျောက်မျက်ရတနာ ထည့်သွင်းတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လို့ လာခဲ့ပါတယ်။ သူမ အနေနဲ့ ယခု ထည့်သွင်းထားတဲ့ အသည်းနှလုံးပုံ အစား အခြားသော ပုံစံတွေကိုလည်း ပြောင်းလဲ ထည့်သွင်းသွားချင်ပါတယ်လို့ ပြောခဲ့ပါသေးတယ်။

ဒီမျက်လုံးအတွင်း ထည့်သွင်းတဲ့ ကျောက်မျက်ရတနာ တွေဟာဆိုရင် FDA နဲ့ American Academy of Ophthalmology ကနေ စစ်ဆေးထားတဲ့ ကျောက်မျက်တွေ မဟုတ်ကြပါဘူး။ ဒါကြောင့် ရောဂါတွေအတွက်တော့ အာမခံချက် မရှိပါဘူး။ ဒေါက်တာ Emil Chynn ရဲ့ စကားအရ ဒီလို မျက်လုံးအတွင်း ကျောက်မျက်ထည့်သွင်းတဲ့ အခါမှာ အနည်းငယ် သွေးထွက်နိုင်ပါတယ်။ ရောဂါလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမယ့်လို့လည်း သူတို့အနေနဲ့ ရောဂါတွေအတွက် ကာကွယ်ဆေးတွေကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

ပြီးတော့လည်း မျက်လုံးအတွင်း ထည့်သွင်းထားတဲ့ ကျောက်မျက်ရတနာတွေကို ပုံစံပြောင်းလဲ ထည့်သွင်းချင်ပါကလည်း ဒေါ်လာ ၁၀၀ဝ ပေးလို့ အချိန်မရွေး ပြန်ပြီး လဲလှယ်နိုင်ကြောင်းလည်း သိရပါတယ်။

Website : Park Avenue Laser Vision
Read Full Story @ DailyMail
Watch Video : http://www.youtube.com/watch?v=VH3EpgOt-z8

11 comments

  • ရှာရှာ​ဖွေ​ဖွေ​တွေကွယ်​.. နာ​တော့ မျက်​လုံးထဲ​တော့မထည်​့ဘူး.. တိုတိုသာ ဝယ်​​ပေးမယ်​ဆို ဆွဲကြိုးတို့.. လက်​စွပ်​တို့ပဲ ဝယ်​​ပေး​နော်​.. :mrgreen:

      • surmi

        March 11, 2014 at 1:04 pm

        မွန်မွန်က အဓိက အရေးပါတာကို ပြောတာပဲ

        ဂွတ်ထ 🙂

    • Ko chogyi

      March 12, 2014 at 12:30 pm

      မျက်လုံးထဲ အံစာတုံးမထည့်ဘူးလား

      • မဟာရာဇာ အံစာတုံး

        March 13, 2014 at 9:28 am

        ဟုတ်တယ် .. ဟုတ်တယ် ..
        အဲ့ဒါ .. ဟုတ်တယ် ..
        ကိုကို ကို ညက်လုံးထဲ ထည့်ထားလိုက်လေ ..

        ဟိုဟာတွေလည်း ဝယ်ပေးမှာပေါ့ကွယ် ..
        အချိန်တန်ရင် …

  • kyeemite

    March 11, 2014 at 10:56 am

    မျက်လုံးထဲတော့ ဖုန်ဝင်တာတောင်မခံနိုင်…အသီးယားစရာကြီးပါကွာ
    အံစရာရေ..ငွေသာရှာပေတော့..အပေါ်မှာတောင်းနေပြီ..ခိခိ 😀

  • ဘရန်းဒက် ကေဇီ

    March 11, 2014 at 11:43 am

    သများ မျက်လုံး မှုန်လို့မှ မှန်ထည့်ချင်တာကို အသည်းယားလို့ မထည့်တာ။
    ဒီလို က ကိုယ့်ကို ထူးမလှသွားပါဘူးးး
    မခံစားတတ်ဘူးးးး
    😀

  • Crystalline

    March 11, 2014 at 12:57 pm

    မျက်မှန်တပ်တာရှုပ်လွန်းလို့… မျက်ကပ်မှန်တော့တပ်ချင်သား..ဒါပေမယ့်..မျက်လုံးကိုက အနီးမှုန်အဝေး ဆလင်ဒါဖြစ်တာရော… ကိုယ့်မျက်စိထဲ ဘာမှလဲမထည့်ချင်ဘူးရယ်.. :))

  • ခင် ခ

    March 11, 2014 at 11:45 pm

    အသည်းနှလုံးထဲ မျက်လုံးထည့်တဲ့ နည်းလေးကော မရှိဘူးလားဟင်

  • TNA

    March 13, 2014 at 5:48 pm

    အပိုတွေရယ်ဘာအေ။ ငါ့ဖြင့်ရှုပ်လွန်းလို့ နားပေါက်တောင်မဖောက်။ ဒီအတိုင်းလဲလှပါတယ်အေရယ်။

Leave a Reply