” ဇွန်ပန်းရုံအနီး
လှည်းဘီး နွံထဲကျွံနေသည်
ကူရွေ့တွန်းပေးကြပါ
လေးလွန်းရွေ့ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”

မူလတန်း ခလေးတွေသင်ရတဲ့ ကဗျာလို့ဘဲ အကျမ်းဖျဉ်းမှတ်မိပါတယ်။ ဦးဇင်း မိန့်လိုက်တဲ့ သြ၀ါဒတွေထဲက တစ်ခုပါ။

ဒါဇင်ပလပ်စ်ရဲ့ အကြိမ်၂၀မြောက် အလှူမှာ ထူးထူးခြားခြား တရားနာခဲ့ရပါတယ်။

ဦးဇင်းက အဟောအပြောကောင်းသလောက် ခေတ်အမြင်ရှိတဲ့သူပါ။

စာသင်ရတဲ့ ရည်ရွယ်ချက်က စာတတ်ဖို့ထက် ပညာဥာဏ်နဲ့ပတ်သတ်တဲ့ အသိအမြင်ရစေချင်တာပါတဲ့။

စာတွေသင်လိုက်လို့ အလွတ်ကျက်ပြီး အတန်းအောင်သွားရုံနဲ့ စာတတ်သွားပြီလို့ ပြောလို့မရကြောင်း သို့သော်လည်း ပညာသင်ခြင်းအားဖြင့် ဗဟုသုတရှာမှီးတဲ့ဘက်ကို စိတ်ပါဝင်စားသွားရင် အတော်လေးအကျိုးရှိကြောင်း ဒီနေ့ခတ်မြန်မာပြည်မှာ ပညာဥာဏ်နည်းကျသူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေရတယ်လို့ ထင်မြင်ကြောင်း စသည်ဖြင့် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြပါတယ်။

အစိုးရထောက်ပံ့မှုမရသေးတဲ့ ဘက ကျောင်းတကျောင်းလဲ ဖြစ်သလို….မူလတန်းအဆင့်ကနေ ဆက်တက်ဖို့ အခက်အခဲရှိနေသေးတဲ့ အခြေအနေပါ။

ပညာရေးပဒေသာပင် စိုက်ထူနိုင်ဖို့လဲ ကြိုးစားနေကြရတယ်လို့ပြောပါတယ်။

အလှူတွေထဲမှာ ပညာအလှူဟာ တန်ဖိုးအရှိဆုံးဖြစ်သလို လှူဒါန်းကြသော ဒါဇင်ပလပ်စ် အဖွဲ့ဝင်များဟာလဲ တိုင်းပြည်တိုးတက်ရေးမှာ တတပ်တအား ကူရွေ့တွန်းပေးနေကြသူတွေဖြစ်တယ်လို့ မိန့်လိုက်ပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်ရန်အတွက် လိပ်စာအပြည့်အစုံဖော်ပြပေးလိုက်ပါတယ်။

အလယ်ကျောင်း ပရိယတ္တိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ကမာကဆစ်ရပ်ကွက်
ဒလမြို့နယ်
ဖုန်း…၀၁ ၂၆၉၅၄၆ ၀၉ ၅၁၁ ၉၉၀၂

ကျွန်မတို့ သွားလှူတုန်းကတော့ အထုပ်အပိုးတွေလဲ ပါတာမို့ ဒလ ဆိပ်ကမ်းကနေ ကားတစ်စီးအကြိုလွှတ်ပြီးစောင့်နေပေးပါတယ်။

IMG_20140302_102907

မနိုရဲ့သမီးလေး မွေးနေ့အလှူ နဲ့ ဒညင်းဝက်ရဲ့ ဆုရနာရီ

IMG_20140302_094457

ဒါဇင်ပလပ်စ်မှ လှူဒါန်းငွေ ၃၃၂၀၀၀ကျပ်နဲ့ စာရေးကိရိယာ ၁၀၀၀၀၀ကျပ်ဖိုး

IMG_20140302_104434

ဆန်းဒေးစကူးလ်မှာ ယဉ်ကျေးမှု ဗုဒ္ဓဘာသာနဲ့ ဂရမ်မာ သင်တန်း

IMG_20140302_105042

၁) မိမိကိုယ်ကို တန်ဖိုးထားပါ

၂) သူတပါး ပါးစပ်ဖျား လမ်းမဆုံးပါစေနှင့်

၃) အသုံးနဲ့အဖြုန်းကို နားလည်ပါ

မှတ်မိသမျှအားလုံးချရေးခြင်းဖြစ်သည် :)

လေးစားစွာဖြင့်
ရွှေအိ

About Shwe Ei

Shwe Ei has written 44 post in this Website..