ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

Shwe EiMarch 11, 20141min25334

” ဇွန်ပန်းရုံအနီး
လှည်းဘီး နွံထဲကျွံနေသည်
ကူရွေ့တွန်းပေးကြပါ
လေးလွန်းရွေ့ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”

မူလတန်း ခလေးတွေသင်ရတဲ့ ကဗျာလို့ဘဲ အကျမ်းဖျဉ်းမှတ်မိပါတယ်။ ဦးဇင်း မိန့်လိုက်တဲ့ ဩဝါဒတွေထဲက တစ်ခုပါ။

ဒါဇင်ပလပ်စ်ရဲ့ အကြိမ်၂ဝမြောက် အလှူမှာ ထူးထူးခြားခြား တရားနာခဲ့ရပါတယ်။

ဦးဇင်းက အဟောအပြောကောင်းသလောက် ခေတ်အမြင်ရှိတဲ့သူပါ။

စာသင်ရတဲ့ ရည်ရွယ်ချက်က စာတတ်ဖို့ထက် ပညာဉာဏ်နဲ့ပတ်သတ်တဲ့ အသိအမြင်ရစေချင်တာပါတဲ့။

စာတွေသင်လိုက်လို့ အလွတ်ကျက်ပြီး အတန်းအောင်သွားရုံနဲ့ စာတတ်သွားပြီလို့ ပြောလို့မရကြောင်း သို့သော်လည်း ပညာသင်ခြင်းအားဖြင့် ဗဟုသုတရှာမှီးတဲ့ဘက်ကို စိတ်ပါဝင်စားသွားရင် အတော်လေးအကျိုးရှိကြောင်း ဒီနေ့ခတ်မြန်မာပြည်မှာ ပညာဉာဏ်နည်းကျသူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေရတယ်လို့ ထင်မြင်ကြောင်း စသည်ဖြင့် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြပါတယ်။

အစိုးရထောက်ပံ့မှုမရသေးတဲ့ ဘက ကျောင်းတကျောင်းလဲ ဖြစ်သလို….မူလတန်းအဆင့်ကနေ ဆက်တက်ဖို့ အခက်အခဲရှိနေသေးတဲ့ အခြေအနေပါ။

ပညာရေးပဒေသာပင် စိုက်ထူနိုင်ဖို့လဲ ကြိုးစားနေကြရတယ်လို့ပြောပါတယ်။

အလှူတွေထဲမှာ ပညာအလှူဟာ တန်ဖိုးအရှိဆုံးဖြစ်သလို လှူဒါန်းကြသော ဒါဇင်ပလပ်စ် အဖွဲ့ဝင်များဟာလဲ တိုင်းပြည်တိုးတက်ရေးမှာ တတပ်တအား ကူရွေ့တွန်းပေးနေကြသူတွေဖြစ်တယ်လို့ မိန့်လိုက်ပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်ရန်အတွက် လိပ်စာအပြည့်အစုံဖော်ပြပေးလို်က်ပါတယ်။

အလယ်ကျောင်း ပရိယတ္တိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ကမာကဆစ်ရပ်ကွက်
ဒလမြို့နယ်
ဖုန်း…၀၁ ၂၆၉၅၄၆ ဝ၉ ၅၁၁ ၉၉၀၂

ကျွန်မတို့ သွားလှူတုန်းကတော့ အထုပ်အပိုးတွေလဲ ပါတာမို့ ဒလ ဆိပ်ကမ်းကနေ ကားတစ်စီးအကြိုလွှတ်ပြီးစောင့်နေပေးပါတယ်။

IMG_20140302_102907

မနိုရဲ့သမီးလေး မွေးနေ့အလှူ နဲ့ ဒညင်းဝက်ရဲ့ ဆုရနာရီ

IMG_20140302_094457

ဒါဇင်ပလပ်စ်မှ လှူဒါန်းငွေ ၃၃၂၀၀ဝကျပ်နဲ့ စာရေးကိရိယာ ၁၀၀၀၀ဝကျပ်ဖိုး

IMG_20140302_104434

ဆန်းဒေးစကူးလ်မှာ ယဉ်ကျေးမှု ဗုဒ္ဓဘာသာနဲ့ ဂရမ်မာ သင်တန်း

IMG_20140302_105042

၁) မိမိကိုယ်ကို တန်ဖိုးထားပါ

၂) သူတပါး ပါးစပ်ဖျား လမ်းမဆုံးပါစေနှင့်

၃) အသုံးနဲ့အဖြုန်းကို နားလည်ပါ

မှတ်မိသမျှအားလုံးချရေးခြင်းဖြစ်သည် 🙂

လေးစားစွာဖြင့်
ရွှေအိ

34 comments

  • surmi

    March 11, 2014 at 2:16 pm

    သာဓုပါဗျာ သာဓု သာဓု
    တစ်နေ့သောအခါမှာတော့ လိုက်ပါ ကုသိုလ်ပြုချင်ပါသေးတယ်ဗျို့

  • ဦးကျောက်ခဲ

    March 11, 2014 at 2:23 pm

    သာဓု… သာဓု… သာဓုပါခင်ဗျား… ဒါဇင်ပလပ်စ် အဓွန့်ရှည်ပါစေ…
    စကားမစပ် အောက်ဆုံးပုံမှာ “ထေရဝါဒ ဗုဒ္ဓစင်တာကျောင်းတော်” တဲ့…
    ဂွဇက်သဂျီး တုန်ဆင်းလာဦးမယ်… ဟီ ဟိ
    😀

  • snow smile

    March 11, 2014 at 2:23 pm

    ဝမ်း သာ ပါ တယ်
    ဆက် သွယ် ပါ မယ်

  • ဘရန်းဒက် ကေဇီ

    March 11, 2014 at 3:04 pm

    ၁) မိမိကိုယ်ကို တန်ဖိုးထားပါ
    ထားပါ့။ နာမည်ကိုသာကြည့်တော့။ သာဓု

    ၂) သူတပါး ပါးစပ်ဖျား လမ်းမဆုံးပါစေနှင့်
    သူများ ပါးစပ်ဖျားတော့ လမ်းမဆုံးးဘူးးး ခါတလေ ကိုယ့် အတွေးနဲ့ကိုယ်ပဲ ကမ်းမမြင်လမ်းမမြင်။ သာဓု

    ၃) အသုံးနဲ့အဖြုန်းကို နားလည်ပါ
    နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ်ကသုံးလိုက်တာတိုင်း ဖြုန်းတာဖြစ်ဖြစ်နေတယ်။ သာဓု

    • Shwe Ei

      March 11, 2014 at 3:10 pm

      မဖြုန်းချင်ရင် များများလှူပါ အန်တီကေဇီ….သာဓု 😀

  • မဟာရာဇာ အံစာတုံး

    March 11, 2014 at 3:22 pm

    ပြိုင်တူတွန်းလို့
    ရွေ့လာကြတာ
    မိုင်တိုင် ၂ဝ တောင် ရောက်ခဲ့ပါပြီကော …
    အလှူအတွက် သာဒု .. သာဒု .. သာဒု .. ပါဗျို့ ….

    စကားမစပ် …
    တွန်းတော့မယ် ဆိုရင်တော့
    ဟိုအကိုကြီးကို နောက်ဆုံးက ထားနော် …
    သူက နည်းတာကြီး မဟုတ်ဘူးရယ် .. :mrgreenn:

  • kai

    March 11, 2014 at 3:30 pm

    အစိုးရလုပ်ရမယ့်အလုပ်.. လူတွေဝိုင်းလှူလုပ်ပေးနေရာတာ… တော်တော်ကမောက်ကမနိုင်ပါတယ်..။
    ဆိုတော့..
    အခု..စုဖေါင်ဒေးရှင်းထောင်ပြန်ပြီတဲ့..
    အဲဒီမှာအလှူခံရမယ်ထင်တယ်..။ :mrgreen:

  • အဘရဟူဒီ

    March 11, 2014 at 3:41 pm

    ဖုန်းဂျီးအင်အား ငါးသိန်းကျော် ဘားမန်းပြည်ပညာရေးအတွက်
    အားထားရတဲ့ အင်အားစု ဖြစ်လာအောင် ဘလား ဘလား ဘလား
    မလုပ်တော့ဖူးလား သဂျီးရဲ့

    ဘာခုမှပေါက်တဲ့ စုပဒေသဗင် ဒုံးးး.

    • Shwe Ei

      March 11, 2014 at 3:57 pm

      နေပါစေအေ…တော်ကြာ..ဘွဲ့ရပညာတတ်များသာ ဘုန်းကြီး ဝတ်ရမည် ဆိုတဲ့ ဥပဒေထုတ်ပြန်ခိုင်းနေအုံးမယ်…ခွိ

  • padonmar

    March 11, 2014 at 8:57 pm

    (၁)မိမိကိုယ်ကို တန်ဖိုးထားပါတယ်။
    ကားလမ်းပေါ်လျှောက်ရင် ယာဉ်ကြောဆန့်ကျင်ဖက်ကပဲလျှောက်တယ်၊နောက်က ကားဝင်အောင်းသွားမှာစိုးလို့။(ဒါတောင် ဓာတ်တိုင်ပိရင်တော့ မလွတ်သေးဘူး)
    (၂)သူများပါးစပ်မှာ လမ်းမဆုံးစေရပါဘူး။ကိုယ့်ပါးစပ်မှာပဲ လမ်းဆုံးနေပါတယ်။
    ကိုယ့်ကိုကိုယ် ယထာဝါရီ တထာကာရီ၊Do as say ယထာကာရီ တထာဝါရီ Say as do လို့ gtalk ကနေ ကြွေးကြော်ထားမိတော့
    မျဉ်းကျားမှာ ကားရပ်မပေးမိရင်လည်း ကျောမလုံဘူး၊မျဉ်းကျားမဟုတ်တဲ့နေရာကနေလည်း လမ်းကူးမိရင် စိတ်မလုံဘူး။
    ဟိုတခါ ခြောက်မျက်နှာတို့စုံတွဲကို ခွစ်ကတွေ့သလို အာတီဒုံ ပြောသလိုမလုပ်ပါဘူးလို့ ကိုယ်မသိတဲ့ ရွာသူားတွေက အော်လာရင်ဆိုပြီး ဆိပ်ကွယ်ရာ ရှာမရဖြစ်နေတယ်။
    အဲဒါ ကိုယ့်ပါးစပ်မှာ ကိုယ်လမ်းဆုံးနေတာပေါ့။
    (၃)ကိုယ်ဖြုန်းရင် အသုံး၊သူများသုံးရင် အဖြုန်းချည်း ထင်နေမိတာ ဘယ်လိုလုပ်ရမလဲ ချွေအိရေ။
    ပညာရေးနဲ့ မိဘမဲ့ကလေးတွေတွက် သူတလူငါတမင်း လှူနေကြရတဲ့အစား ဦးဆောင်ပေးမယ့် ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းများပေါ်လာရင် အဲဒီမှာပဲ စုလှူချင်ပါတယ်။
    အဲဒါဆို ယိုပေါက်တွေ နည်းသွားမယ်လို့ ယုံကြည်ပါတယ်။

    • kai

      March 12, 2014 at 4:24 am

      ပညာရေးနဲ့ မိဘမဲ့ကလေးတွေတွက် သူတလူငါတမင်း လှူနေကြရတဲ့အစား ဦးဆောင်ပေးမယ့် ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းများပေါ်လာရင် အဲဒီမှာပဲ စုလှူချင်ပါတယ်။
      အဲဒါဆို ယိုပေါက်တွေ နည်းသွားမယ်လို့ ယုံကြည်ပါတယ်။

      လူထုအများပိုင်တဲ့ သစ်ပင်တွေကို ပုဂ္ဂလိကပိုင်အဖြစ်သတ်မှတ်ခုတ်လှဲပြီး.. ဘီလီယံချီချမ်းသာနေတဲ့.. ခရိုနီတွေဆီက.. ရရမယ့်အခွန်ငွေတွေနဲ့. အစိုးရက.. အသိအတတ်ပညာရှင်တွေပေါင်းပြီး စနစ်တကျလုပ်ကြရမယ့်.. တိုင်းပြည်ရဲ့အလုပ်ကြီးကို.. . လူထုထဲက.. သာမန်လူတန်းစားက.. အတင်းဝင်ဖြည့်နေကြတာ.. မြင်ရတော့… စိတ်မကောင်းဘူး..
      မှန်ကန်သင့်လျှော်တယ်လို့လည်းမထင်မိဘူး..။

      ဒါမျိုးကဘယ်တော့မှပြီးစီးသွားမယ့်အလုပ်မဟုတ်သလို.. ငွေကြေးပုံမှန်ထောက်ပံ့မှုနဲ့.. နှစ်ရာချီသွားရမယ့်အလုပ်..။
      ကလေးတွေဘဝနောင်ရေး..တိုင်းပြည်အနာဂတ်ဖြစ်တာမို့.. မလုပ်မကိုင်တတ်ရင်..အန္တရာယ်များလှတယ်ထင်မိတယ်..။ ဘာသာရေးပါဝင်ပါတ်သက်နေရင်.. ပိုလို့သာဆိုးတော့တာပါပဲ..။

      ကြယ်ငါးကို ပင်လယ်ထဲပြန်ပစ်ပေးရမှာ.. တကောင်းချင်းဖြစ်ဖြစ်မြောက်မြောက်ပစ်ပေးတာတောင်မဟုတ်ပဲ..လူတယောက်က ရောက်လာပြီး… ခြေထောက်ကလေးနဲ့.. ပင်လယ်ဖက်နည်းနည်းတွန်းပေးလိုက်..။ ကလေးတယောက်က.. လက်ကလေးနဲ့မနိုင်တနိုင်မပြီး.. တပေစာလောက်..ရွေ့ပေးလိုက်ဖြစ်နေသလိုပဲလို့..ခံစားမိတယ်..။
      ကြယ်ငါး…နာပါတယ်..။
      ဒါပေမယ့်..မတတ်နိုင်… :kwi:
      =

      The Starfish Story: one step towards changing the world
      Once upon a time, there was an old man who used to go to the ocean to do his writing. He had a habit of walking on the beach every morning before he began his work. Early one morning, he was walking along the shore after a big storm had passed and found the vast beach littered with starfish as far as the eye could see, stretching in both directions.

      Off in the distance, the old man noticed a small boy approaching. As the boy walked, he paused every so often and as he grew closer, the man could see that he was occasionally bending down to pick up an object and throw it into the sea. The boy came closer still and the man called out, ”Good morning! May I ask what it is that you are doing?”

      The young boy paused, looked up, and replied “Throwing starfish into the ocean. The tide has washed them up onto the beach and they can’t return to the sea by themselves,” the youth replied. “When the sun gets high, they will die, unless I throw them back into the water.”

      The old man replied, “But there must be tens of thousands of starfish on this beach. I’m afraid you won’t really be able to make much of a difference.”

      The boy bent down, picked up yet another starfish and threw it as far as he could into the ocean. Then he turned, smiled and said, “It made a difference to that one!”

      adapted from The Star Thrower, by Loren Eiseley (1907 – 1977)

      • Ma Ma

        March 12, 2014 at 6:38 pm

        သဂျီးမန့်တာကိုဖတ်ပြီး ဖေ့စ်ဘုတ်မှာတွေ့တဲ့ ထမင်းခွံကျွေးနေတဲ့ ကာတွန်းပုံကို သွားမြင်ယောင်မိတယ်။ တွေ့ကြလိမ့်မယ်ထင်ပါတယ်။ 🙁

  • ခင် ခ

    March 11, 2014 at 11:04 pm

    နရတဂဇက်ရဲ့ဆုလက်ဆောင်ရ နာရီလေးတွေကို ပြန်ပြီးတော့ လှုတာမျိုးတွေ့ တွေ့ နေရတယ်။ သာဓုပါကွယ်။
    ကျွန်တော်သာ အဲလိုမျိုး ဂဇက်ရဲ့ ဆုလက်ဆောင်နာရီသာရခဲ့ကြည့် ဘယ်သူမှမပေးဘူး အိမ်မှာကိုချိတ်ထားလိုက်မိမှာပါဗျာ။
    ဪ ဒါလည်းအတွေးပါဘဲ။

    • Shwe Ei

      March 12, 2014 at 9:24 am

      အန်ကယ်ခ ရေ ဂဇက်ရဲ့ဆုလက်ဆောင် ဆိုတာထက် မိဘမဲ့ခလေးတွေရဲ့ စာသင်ခန်းမှာ ချိတ်ဆွဲလို့ရတဲ့ တိုင်ကပ်နာရီတစ်လုံးအဖြစ်မြင်ကြည့်ရင် အသုံးဝင်တဲ့နေရာမှာ အသုံးချမိတဲ့ ပီတိကိုခံစားရမှာဘာ 🙂

  • Shwe Ei

    March 12, 2014 at 9:21 am

    သများတော့ ဘလောက်ဘဲလှူလှူ လှူသလောက်အကျိုးရှိလာမှာဘဲလို့ယုံကြည်တယ်….

    ဦးကျော်သူရဲ့ နာရေးကူညီမှုဖောင်ဒေးရှင်းဆို လက်ရှိအနေအထားထက်ပိုဆိုးတဲ့ ခေတ်မှာကထဲက နည်းအမျိုးမျိုးနဲ့ ရှင်သန်အောင် လုပ်လာခဲ့တာ…..

    ကိုယ်တွေလုပ်နိုင်တာ သူ့ခြေဖျားတောင်မှီသေးတာမဟုတ်….

    ဆိုတော့…တတ်နိုင်သလောက်အလုပ်ကို လုပ်နိုင်သလောက်အချိန်ထိလုပ်သွားမီ….ဘာဖစ်ရမယ် ညာဖစ်ရမယ်လို့တော့ မကြွေးကြော်ချင်ဝူး….ဖစ်မလာရင် စိတ်ဓါတ်ပိုကျမှာစိုးလို့….သာဓု 🙂

  • kyeemite

    March 12, 2014 at 10:13 am

    သာဓု… သာဓု… သာဓုပါခင်ဗျား… ဒါဇင်ပလပ်စ် အဓွန့်ရှည်ပါစေ…
    ———————————————————————
    ကလေးတယောက်က.. လက်ကလေးနဲ့မနိုင်တနိုင်မပြီး.. တပေစာလောက်..ရွေ့ပေးလိုက်ဖြစ်နေသလိုပဲလို့..ခံစားမိတယ်..။
    ကြယ်ငါး…နာပါတယ်..။
    ဒါပေမယ့်..မတတ်နိုင်… :kwi:

    လက်ရှိအခြေအနေမှာတော့ အဲ့လိုတစ်ပေလောက် ရွှေ့ ရွှေ့ပေးမဲ့သူတွေကိုပဲ အားကိုးရမှာပဲ…
    “It made a difference to that one!”………….Bravo!!!!!!!!!!!!

  • kai

    March 12, 2014 at 11:27 am

    လာမယ့် ဘဏ္ဍာရေးနှစ်မှာ အမှတ်(၂) အခြေခံပညာ ဦးစီးဌာနအောက်ရှိ ဥပဓိရုပ် မကောင်းတဲ့ ကျောင်း (၈၃)ကျောင်းကို ပြင်ဆင်သွားမယ့် သတင်း

    February 20, 2014

    လာမယ့် ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတစ်ဝန်းလုံးရှိ ဥပဓိရုပ်မကောင်းတဲ့ ကျောင်း(၈၃)ကျောင်းကို ပြင်ဆင်ရန် လျာထားချက်မှာ ပညာရေးဝန်ကြီးဌာနနဲ့ သဘောတူညီမှုရရှိတယ်လို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမြဦးက ဖေဖော်ဝါရီလ (၂၀)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ဒေါက်တာမြဦးဟာ (၂၀၁၄/၂၀၁၅)ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ နောက်ဆက်တွဲ(က)ပါ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနဲ့ စပ်လျဉ်းကော်မတီများမှ ပြင်ဆင်ချက် အဆိုတင်သွင်းရာမှာ ပြောကြားခြင်းဖြစ်ပါတယ်။ လျာထားချက်များအတွက် ရန်ပုံငွေ အတည်ပြုချက် ရရှိပါက တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ အိတ်ဖွင့်တင်ဒါ ခေါ်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအပြင် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အန္တရာယ်ရှိကျောင်းများ ပြင်ဆင်ရန်အတွက်လည်း ကျပ်သိန်းပေါင်း တစ်သိန်းသုံးသောင်းကျော် သုံးစွဲရန် လျာထားတယ်လို့ သတင်းရရှိပါတယ်။

    • ဘရန်းဒက် ကေဇီ

      March 12, 2014 at 11:49 am

      နိုင်ငံအဝှမ်းးး ဥပဓိရုပ်မကောင်းတာက ၈၃ ကျောင်းပဲ ရှိတာလားမသိ 🙄

      ဒါမှမဟုတ် ခုတစ်ခေါက်မှာ ၈၃ ကျောင်းတည်း ပြင်မယ် ပြောတာလားး 🙄

      😀

      • Shwe Ei

        March 12, 2014 at 12:04 pm

        အွန်း နိုင်ငံ အဝှမ်းနဲ့ယှဉ်ရင် ၈၃ကျောင်းက အတော်နည်းတယ်….ဒါပေမဲ့ ဥပဓိရုပ်မကောင်းရုံဘဲဆိုတော့ ပြသနာမရှိ

        သို့သော် အန္တရာယ်ရှိကျောင်းလို့ ပြောရင်တော့ အတော်လေးမှ အတော်လေးများလိမ့်မယ် 😛

  • Ko chogyi

    March 12, 2014 at 12:27 pm

    ကိုယ်လည်းကိုယ့်အပူနဲ့ကိုယ်မို့ မလိုက်နိုင်ဖြစ်သွားတယ်။
    ဒီလလည်းမလိုက်နိုင်ပြန်ဘူး။
    ဒီတစ်ခါတော့ အပူမဟုတ်ပါဘူး အလှူရှိလို့ပါ။

  • alinsett (gazette)

    March 12, 2014 at 1:17 pm

    ဆုရနာရီကို လှူတယ်ဆိုတာလေ
    ဆုကို တန်ဖို့မထား. . .ဆိုတဲ့ စိတ်ခံစားမှု တစ်ရွေးသားမှ မဝင်မိပါဘူးရယ်

    ရတဲ့ဆုကို မြတ်နိုးလွန်း လို ့
    အိမ်မှာ ချိတ်ထားတာထက် ပို အသုံးဝင်မယ့်နေရာ
    လိုအပ်တဲ့နေရာ မှာ လိုအပ်ချက်တစ်ခု ဖြည့်လိုက်တာပါ။

    တကယ်တော့ အလင်းဆက် ဆိုတဲ့ နာမည်နဲ့ က ဆု တစ်ခု
    အဲဒီ အလင်းဆက် နာမည်နဲ ့ ရ ရနေတာကို နာမည်ကြောင့်ရတာလား
    ခင်မင်စွဲတွေကြောင့်ရတာလား ဆိုတာတွေးမိလို ့
    နောက်နာမည်တစ်ခုနဲ့ ကဗျာရေးခဲ့ပါသေးတယ်

    အဲဒါကတော့ ကျနော့်အမေရဲ့ ငယ်နာမည်ဖြစ်တဲ့ အတာလွင် ဆိုတာနဲ့ရေးတာပါ ။

    ဘယ်လိုဖြစ်တယ်မသိ အဲဒီ အတာလွင်နာမည်နဲ့ရေးတဲ့ကဗျာလည်း
    အကြိုက်များ လို ့ဆုရခဲ့ပြန်ပါတယ် ။

    ဒါနဲ့ ဆု နှစ်ခုမှာ အမေ့နာမည်နဲ့ရတဲ့ဆုလေးကို
    အမေ့ဆီ အပ်ပြီး ကန်တော့လိုက်ပါတယ် ။
    အလင်းဆက် နာမည်နဲ့ကိုတော့
    အိမ်မှာလည်း အလှကြည့် ပီတိဖြစ်တာထက် ပို အသုံးဝင်မယ့်နေရာမှာ
    လှူတာ ပိုကောင်းမယ်ဆို တဲ့ အတွေးနဲ ့ လှူလိုက်တာပါ။

    သာဓု သာဓု သာဓု . . . .

    • kai

      March 12, 2014 at 1:36 pm

      အမျှ..အမျှ..အမျှ..လုပ်ပါကိုရင်ရယ်..။
      သာဓုက.. အမျှဝေ( ရှိတဲ့/ရထားတဲ့ ကုသိုလ်ကိုပေးဝေ) လိုက်တဲ့အခါ.. လက်ခံရယူလိုသူက.. သာဓု (ကောင်းလေစွ.. ) လို့ ပြောပြီး.. ရှိတဲ့ကုသိုလ်ကို ဆင့်ပွားလက်ခံရယူတာပါ…
      အင်း..
      ကိုယ့်ဖာကိုယ်.. သာဓုလည်းဖြစ်ပါတယ်..။ မပေးချင်နေပေါ့..။ နာရီလိုဂိုကနေ.. လုယူပါမယ်..။
      သာဓု… :mrgreen:

      • alinsett (gazette)

        March 12, 2014 at 2:37 pm

        သိတယ် သိတယ် သဂျီးရေ
        အမျှဝေပြီး လှူလိုက်တဲ့နာရီပဲ။
        ဒါမယ့် သာဓု ခေါ်မယ့်သူ နည်းနေသလားလို ့။

        မကောင်းလို ့ကျောင်းပို့တဲ့သဘောကြီးတို့
        တန်ဖိုးမထားလို ့စွှန့်တဲ့သဘောတို့ ထင်နေကြလားမသိ။

        အာ့ကြောင့် ဘယ်သူ သာဓုခေါ်ခေါ် မခေါ်ခေါ်
        ကွကိုယ် ခေါ်တာ

        🙂

        ထပ်ခေါ်လိုက်ဦးမယ်
        သာဓု သာဓု သာဓု . . .

        • weiwei

          March 12, 2014 at 3:31 pm

          သာဓု အားဖြည့်ပေးလိုက်ပါတယ် ..
          သာဓု .. သာဓု … သာဓု …

        • Ma Ma

          March 13, 2014 at 6:04 am

          သာဓု သာဓု သာဓု… 🙂

    • Ma Ei

      March 13, 2014 at 1:37 pm

      အသုံးဝင်မယ့်နေရာမှာ လှူတာ ပိုကောင်းမယ်ဆို တဲ့ အတွေးနဲ ့ လှူလိုက်တဲ့ အလှူ…
      သာဓု ခေါ်မယ့်သူ နည်းနေသလားလို ့ ဆိုတာမို့ အင်အားဖြည့်ပါတယ် အလင်းဆက်ရေ…
      သာဓု သာဓု သာဓု . . . .
      သာဓု သာဓု သာဓု . . . .
      သာဓု သာဓု သာဓု . . . .

      • alinsett (gazette)

        March 13, 2014 at 2:24 pm

        သာဓုခေါ်သံကြားရတာ
        ကြည်နူးရပါတယ်ခင်ဗျာ

        🙂

  • Char Too Lan

    March 12, 2014 at 2:28 pm

    Very Happy 😀
    သာဓု သာဓု သာဓု . . . .

  • ရဲစည်

    March 12, 2014 at 6:29 pm

    အကြိမ် ၂ဝ ပျမ်းမျှတကြိမ်ကို ၄သိန်းနှုန်း ကြားထဲမှာ ၁ကြိမ်က ရွာအလှူတစ်ခုဖြစ်သေးတယ်။

    အစိုးရ လုပ်တာ မလုပ်တာ အပထား
    ကိုယ်တတ်နိူင်ရင် ကိုယ်လုပ်ပေါ့။
    မြန်မာပြည်သူ/ပြည်သားများဟာ ပြောတိုင်းမဖြစ်တာ
    ဖြစ်တိုင်း မပြောတာ ခေါက်ရိုးကျိုးနေတော့ ဘာဆိုဘာမှ သိပ်မထူးတော့

    စကားမစပ် သာဓု သာဓု သာဓု

  • TNA

    March 12, 2014 at 7:34 pm

    သာဓုပါ။ ဒါဇင်ပလပ်စ် အဓွန့်ရှည်ပါစေ

  • padonmar

    March 12, 2014 at 8:44 pm

    အလင်းဆက်ရေ၊တခြားကိစ္စတွေ ပွားနေမိလို့ ကျော်သွားတာပါ။
    သာဓု အကြီးကြီးခေါ်ပါတယ်။
    ကျောင်းနဲ့ကလေးတွေအတွက် တကယ့်ကို အသုံးကျ အဖိုးတန်တဲ့ အလှူဖြစ်မှာပါ။
    ဇွဲသန်သန် လျှောက်နေတဲ့ ဒါဇင်ပလပ်စ်တွေကိုလည်း သာဓုပါ။
    ဒီအလုပ်မကောင်းဘူးပြောတာမဟုတ်ပါဘူး။
    ဒီလို တနိုင်တပိုင်စုလှူကြတဲ့ အဖွဲ့တွေ အများကြီးပါပဲ။
    ပရဟိတစိတ်ဝင်စားလို့ ကိုယ်နိုင်တဲ့ ဝန် ကိုယ်ထမ်းနေကြတာပါ။
    ဒါ့အပြင် သူများတွေကို စိတ်မချလို့လည်း ကိုယ်ထိလက်ရောက် လှူနေကြတာပေါ့။
    ကိုကျော်သူတို့ နာရေးကူညီမှုအသင်းလို ယုံကြည်စိတ်ချရတဲ့ အသင်းအဖွဲ့ ဦးဆောင်မှုများရှိရင် နာရေးကိစ္စတွက် လှူချင်တဲ့အခါ သူတို့ကို လှူလိုက်ရုံပဲ၊
    ကိုယ် အကူအညီလိုလို့ တောင်းရင်လည်း အခမဲ့ ကူညီတယ်လေ။
    အဲသလိုပဲ မိဘမဲ့+ဆင်းရဲနွမ်းပါးကလေးတွေ အတွက် တကယ့်ကို စေတနာပါပါ စည်းစနစ်ရှိရှိ ကိုယ်ကျိုးလုံးဝမဖက် လုပ်ဆောင်မယ့် အဖွဲ့အစည်း ဦးဆောင်သူပေါ်လာစေချင်ပါတယ်။(အစိုးရကိုတော့ မမျှော်လင့်ပါဘူး)

    • alinsett (gazette)

      March 13, 2014 at 7:22 am

      ကျေးဇူးပါ တီတီရေ။

      ကျနော့် ဆု ရနာရီ ( ဆုရနာရီဆိုတာထက် အချိန်ကြည့်လို့ရတဲ့နာရီ ) လှူလိုက်တာ
      အတော်လေး ဂယက်ထသွားတယ်။
      ဂယက်နဲ့မှ တည့်တည့်တိုးသွားတယ်ပေါ့။

      မနေ့က မိတ်ဆွေတစ်ယောက်က
      ကျနော့်နာရီလှူခြင်းကိစ္စ ဒီလိုတွေ အပြောခံရတယ်ဆိုတာသိနေပြီး
      ကျနော် စိတ်နည်းနည်း ကသိကအောက်ဖြစ်လိုက်ရတာကိုကြည့်ပြီး လာပြောသေးတယ်။

      သူရ မင်းအလှူက ကုသိုလ်မရတော့ဘူး တဲ့။

      သူ့ကိုလည်း ပြန်ပြောရသေးတယ် ။

      ကုသိုလ်ရ ရ မရရ . . .
      အဲဒီက ကလေးတွေ လူကြီးတွေ အချိန်ကြည့်လို့ရရင် ပြီးတာပဲ လို့။

      ဒါ ကောင်းတဲ့အလုပ်တစ်ခုလုပ်လိုက်တာ
      ကောင်းကျိုးရပါစေဖို့ က အဒိကမဟုတ်ဘူး။
      ကောင်းတာတစ်ခု လုပ်ဖြစ်ဖို့က အဒိက လေ ။
      ကောင်းတာလုပ်တာကို
      ဘယ်သူ ဘာပြောပြော အကျိုးကောင်းရရ မရရ
      အခု အသုံးဝင်ရင် ပြီးတာပဲ လို့ ။

      ——–

      ဘာပဲဖြစ်ဖြစ် ဒီ ဆုရ နာရီလေးကို အဲဒီကို ပို့ထားခွင့်ရတာလေးကို
      ကျနော် ကျေနပ်ပါတယ် ။

      တကူးတက သွားးလှူပေးတဲ့ ဒါဇင်ပလပ်စ်အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်ပါတယ် ။

      နောက်များမှာလည်း ဆုတွေရရင် လှူခွင့်ကြုံကြိုက်ချင်ပါသေးတယ် ။

    • Shwe Ei

      March 13, 2014 at 2:15 pm

      အစိုးရကိုတော့ မမျှော်လင့်ပါဝူး အန်တီဒုံ

      ကောင်းတာလုပ်တဲ့လူမှန်သမျှ မျက်စိဒေါက်ထောက်ကြည့်ခံနေရတဲ့ ခေတ်ကြီးမှာ….အမေစုတို့လို့ ဦးကျော်သူတို့ လို လူတွေက ရှားပါးကြယ်ပွင့်တွေပါ။

      နိုင်ငံတဲ့ချီတဲ့ ပညာရေးထောက်ပံ့မှုကို အစိုးရမဟုတ်တဲ့ စေတနာ့ဝန်ထမ်းပြည်သူတွေက လုပ်ဖို့ဆိုတာ အပြောမလွယ်သလောက် အလုပ်လဲလွယ်မှာ မဟုတ်လို့…ဖြစ်လာခဲ့ရင် သိပ်ကောင်းမှာဘဲဆိုတဲ့ အတွေးနဲ့တင် ရပ်ထားလိုက်ပါဘီ 🙂

Leave a Reply