” မကောင်းကျောင်းပို့ ဆိုစကားမို့”

ခင္ခMarch 12, 20143min15919

” မကောင်းကျောင်းပို့ ဆိုစကားမို့”

 

” အဘ အဘကုတင်က ခုနှစ်ဆွေးရှစ်ဆွေးကကုတင်ကြီး ဟောင်းလည်းဟောင်းနေပြီ ခေတ်ပေါ်သံကုတင်နဲ့ လဲလိုက်ပါလား မြေးဒီလကုန် လစာရရင်ဝယ်ပေးမယ်လေ တစ်ခုတော့ရှိတယ် အဘ အခုကုတင်ကြီးသာ ဘယ်သွားပစ်ရမလဲ အဘစဉ်းစားထား”

” ဒါများငါ့ မြေးရယ် ပူတတ်ရန်ကော် ဒို့ကိုးကွယ်နေတဲ့ဘုန်းတော်ကြီးကျောင်း ပို့လိုက်တာပေါ့”

……………………………………………………………………..

” ဘုရားကျောင်းဆောင်တစ်ခု ဝယ်လာတယ် မိန်းမရေ”

” ဟင် မောင်ကလည်း အခုဘုရားကျောင်းဆောင်အဟောင်း က ဘယ်မှာသွားထားမှာလဲ တစ်အိမ်ထဲ ဘုရားကျောင်းဆောင်နှစ်ခုထားတော့လည်း ဘယ်လှပါ့မလဲ”

” ဒီအတွက်တော့ မပူပါနဲ့ ဘုရားကျောင်းဆောင်အဟောင်းကို ဘုန်းကြီးကျောင်းပို့ပြီး လှုလိုက်မယ်လေ”

…………………………………………………………………………..

” ငါ့ ရွာဦးဘုန်းတော်ကြီးဆီ သွားလိုက်အုံးမယ်ကွ မယ်ဖော့ရေ”

“ရှင်ကလည်း နေ့လည်စာထမင်းလေးဘာလေး စားပြီးမှသွားရောပေါ့”

” နေ့လည်စာထမင်းစားပြီးမှဆို ဘုန်းတော်ကြီးကျိန်းနေတာဆို အားနာနေရမှာမို့ပါ မကြာလှပါဘူး”

“ဒါနဲ့နေပါအုံး ဘာအကြောင်းရှိလိုလဲ တော်ရေ”

” ဟ ဘာအကြောင်းရှိရမလဲ မင်းသားဟိုငမျောက်လောင်းတွေလေ ကျောင်းလဲပိတ်ရော ဆော့လိုက်တာ မျောက်တောင်မူးလဲမလားဘဲ တစ်နေ့လုံးမျက်စိကိုနောက်နေတာဘဲ ဝါးဖျာယက်တာကောင်းကောင်းကို မယက်ရဘူး ဒါနဲ့ စဉ်းစားမိတာ ကလေးတွေလည်းရှင်ပြုကိုယ်ရင်စီးကုသိုလ်လဲရ မျက်စိနောက်လည်းသက်သာ အဲဒါဒီကောင်သုံး ကောင်ကို ဒီတစ်နွေကိုရင်ဝတ်နဲ့ ကျောင်းပို့ထားလိုက်မလားလို့ အဲဒါ ဘုန်းတော်ကြီးဆီ သွားလျှောက်မလို့”

“ကိုရင်စီးပေးတာတော့ ကောင်းပါတယ် ဒါပေမယ့်ရှင်ဟာက မကောင်းကျောင်းပို့ဖြစ်နေမလားဘဲ”

……………………………………………………………………………………..

” အမေ အမေ့ကြောင်က သမီးတန်းမှာလှမ်းထားတဲ့ထမီတွေကို သေးပန်းသွားတယ်နော်”

“အေးဟယ် ငါလဲစိတ်ညစ်ပါတယ် ဟိုတစ်နေ့ကဘဲ အိပ်ယာခင်းလျှော်ပြီးလှမ်းထားတာ သေးပန်းသွားလို့ ထပ်လျှော်ရတာမောပါကွယ်”

” ဒီလိုလုပ်ပါလားအမေ ဒီတစ်ပတ်ဆွမ်းဂျိုင့်ပို့ရင်း အဲဒီကြောင်ကိုခေါ်သွားပြီး ဘုန်းကြီးကျောင်းပို့ခဲ့ရင် မကောင်းဘူးလား”

…………………………………………………………………………………………….

” ဒီတစ်ခေါက်တွေ့ဆုံပွဲမှာ ငါ ဆုလက်ဆောင်အဖြစ် နာရီလေးတစ်လုံးရတယ်ကွ “

” ဟေ ဟုတ်လား ဒါဆို မင်းဆုလက်ဆောင်နာရီလေးကို မင်းအိမ်လာလည်ဖြစ်တဲ့အခါ ကြည့်အုံးမယ်ကွာ”

” ငါအိမ်မှာချိတ်မထားဘူးကွ “

” ဒါဆိုဘယ်ရောက်သွားလို့လဲ “

” ဘုန်တော်ကြီးကျောင်းပို့ပြီး လှုလိုက်ပြီ”

” ဟင် ဒါဆို မင်းဟာက မကောင်းကျောင်းပို့လားကွ “

” ……………………………………….”

………………………………………………………………………………………………….

 

မှတ်မှတ်ရရ အမှတ်တရအဖြစ်

ရခဲ့လက်ဆောင်

တန်ဖိုးနည်းများ ပဓာဏမထား

ထိုအချိန် ထိုအခါက

ပြုခဲ့မှုသည် ပြန်လည်ဖန်တီး

ရနိုင်ခွင့်များ မရှိနည်းပါးလို့

တန်ဖိုးသည်က နှိုင်းဆမရ။

 

 

 

ခင်ခ။

 

19 comments

  • snow smile

    March 12, 2014 at 10:48 am

    ကျန် သေး တယ်
    ကွယ် လွန် သူ ရဲ့ အ ဝတ် အ စား
    အ သုံး အ ဆောင် တွေ ကို လဲ
    အိမ် မှာ မ ထား ကောင်း ဆို ကာ
    ကျောင်း ကို ပို့ ့ ကြ တယ်
    ( ရွှေ ငွေ အ ဖိုး တန် ပ စ္စည်း များ ကျ တော့ မ ပို ့
    ထား ကောင်း တယ် လို့ ့ ယူ ဆ ကြ ပုံ ရ တယ်)

    • ခင် ခ

      March 12, 2014 at 11:04 am

      ဟုတ်ပ snow smile ရေ ရွှေ ငွေ နဲ့ အဖိုးတန်ပစ္စည်းကျတော့ သူရထိုက်တယ် ငါရထိုက်တယ်နဲ့ ငြင်းတောင်ငြင်းတာတွေ ရှိသေးနော်။

  • ဘရန်းဒက် ကေဇီ

    March 12, 2014 at 11:45 am

    အာဗျာ။
    ကိုခ ကတော့ လုပ်ပြီ။
    😀

    လှူတဲ့ သူတွေက ဒီလို စိတ်နဲ့ လှူတာမဟုတ်ကြပါဘူးဗျ။
    ရတဲ့ ဆု ဆိုကတည်းက စိတ်ထဲထားတဲ့ တန်ဖိုးကရှိပြီးသားဖြစ်မှာပါဗျာ။
    အဲဒီ တန်ဖိုးဆိုတာလည်း ပိုက်ဆံနဲ့ ဖြတ်လို့မရပါဘူးးး

    မကောင်းလို့ ဘုန်းကြီးကျောင်းကို ပို့တာမျိုးမဟုတ်ပဲ၊
    ကိုယ်တန်ဖိုးထားတဲ့၊ ကိုယ့်နာမည်ပါတဲ့ ပစ္စည်းတစ်ခုကို အသုံးဝင်မဲ့နေရာမျိုးမှာ လှူတာမျိုးပါဗျာ။

    လှူဖြစ်တဲ့သူတွေ လှူဖြစ်ခဲ့တဲ့သူတွေ စိတ်မကောင်းဖြစ်မှာဆိုးလို့ပါ။

    ကျနော် ဒီလိုပြောလို့ စိတ်မဆိုးနဲ့ဦးနော်။ :mrgreenn:

    • ခင် ခ

      March 12, 2014 at 12:43 pm

      ဘရန်းဒက် ကေဇီ ရေ အခုလိုရေးပေးတာအတွက်ကျေးဇူးပါဗျ။
      ဟိုကြော်ငြာတစ်ခုလိုပေါ့ ဘာတဲ့
      ” ကယ်ဆီယမ်ကွေ့ကာကို ကိုယ့်အတွေးနဲ့ကိုယ် သောက်သုံးကြသည်” ………တဲ့။

  • snow smile

    March 12, 2014 at 12:44 pm

    လှူ တယ် ဆို တဲ့ စ ကား လုံး အောက် မှာ
    စိတ် တွေ အ မျိုး မျိုး ရှိ ကြ ပါ တယ်
    တ ခါ တ လေ မ သိ သာ ကြ ပေ မဲ့
    တ ခါ တ လေ တော့ သိ သာ ထင် ရှား စွာ
    ပေါ ် တတ် ပါ တယ်
    အ ကောင်း အ ဆိုး အ မြဲ တွဲ နေ တတ် ပါ တယ်
    ဘရန်းဒက် ကေဇီ ပြော တာ လဲ မှန် ပါ တယ်
    ( အ မ လေး ဟဲ့ ဂ လောက် ခေါ ် ရ ခက် တဲ့ နာ မည် ကြီး
    သူ မို ့ ကြိုက် တတ် ပ လေ :)))))))))

    • ဘရန်းဒက် ကေဇီ

      March 14, 2014 at 11:09 am

      သများ နာမည် အတိုကောက်ကို ရေးတော့
      ကေ နဲ့ ဇက် နဲ့။
      အဲတာကို အရီးလတ်က ကေဇီ လို ခေါ်တော့ ကေဇီဖြစ်သွားရော။ :mrgreenn:
      အဲတာကို ဂျလေဘီသည်ကြီး ဆာဆာက ဘရန်းဒက် ကေဇီလို့ ပြောလိုက်တော့ …. အဲဒီနာမည် လောလောဆယ်ကြိုက်လို့ ယူသုံးဖြစ်သွားတာ။ :mrgreenn:
      တခြား နာမည်တွေ များဂျီး ရှိသေးတယ်။
      ဟိ။ :mrgreenn:
      ဘာလို့ ဘရန်းဒက်လို့ ခေါ်လည်း ဆိုတာ တော့ နောက်သိလိမ့်မယ်။
      ခုခိ ခုခိ။

      😀

  • alinsett (gazette)

    March 12, 2014 at 1:28 pm

    မကောင်းကျောင်းပို ့စိတ်နဲ ့ လှူတယ် တွေးလည်း တွေးလို့ရတာပေါ့။

    ပို တန်ဖိုးထားလို ့ပိုအသုံးဝင်တဲ့နေရာပို ့လိုစိတ်နဲ့
    လှူတာပါလား လို ့တွေးလည်း တွေးလို ့ရတာပေါ့
    . . . .

    🙂

    • ခင် ခ

      March 12, 2014 at 1:48 pm

      မောင်အလင်းဆက်ရေ ပို တန်ဖိုးထားလို ့ပိုအသုံးဝင်တဲ့နေရာပို ့လိုစိတ်နဲ့
      လှူတာပါလား လို ့တွေးလည်း တွေးလို့ရတယ်ဆိုသလိုဘဲ တွေးလိုက်ပါ့မယ်။

      ကျွန်တော်က ဒီလိုလေးလည်း အတွေးဝင်သမို့ ဂဇက်ကပေးခဲ့တဲ့ ဆုလက်ဆောင်နာရီက ဘရန်ဒက်မဟုတ်လို့များ……………

      • Shwe Ei

        March 12, 2014 at 2:04 pm

        SEIKO အစစ်ပါခီညော် 😛

      • alinsett (gazette)

        March 12, 2014 at 2:30 pm

        ဘရန်းဒက်တွေ မဒက်တွေ ကြည့်လည်း မကြည့်မိပါဘူးဗျာ
        အမှတ်တရ ရတဲ့ အမှတ်တရပစ္စည်းလေးတစ်ခုလို့ပဲ မြင်ပြီး
        သံသရာထိ ပါအောင် ယူသွားမယ့် သဘောနဲ့ လှူတာပါပဲ။

        အိမ်မှာ အဲဒီလို ပုံစံတူ နာရီတစ်လုံး ရှိပါသေးတယ်
        ဂဇက်က ပေးတာပါပဲ။
        ကျနော့်အမေ နာမည် အတာလွင်ဆိုတာနဲ့ရေးထားတဲ့
        လူသားအတွေး ဆိုတဲ့ ကဗျာ . . .ဆု လက်ဆောင်လေးပေါ့။
        အိမ်မှာ ချိတ်ထားပြီး ပီတိဖြစ်နေတယ်။
        နောက်တစ်ခု ဂဇက်က ဆုပဲ . . .ကျောက်စီပန်းချီကားလေး
        ဒါလည်း အမှတ်တရ အဖြစ် ချိတ်ပြီး ကြည့်ပြီး ကြည်နူးနေတာ

        အခု လှူလိုက်တာကတော့ ပိုကြည်နူးရတယ်လေ။
        ကိုယ့်အိမ်မှာ နှစ်ခုချိတ်ထားမယ့်အစား တကယ်အသုံးလိုတဲ့ နေရာတစ်ခုမှာ ချိတ်ထားဖို ့ လှူလိုက်ရတာ

        အဲဒီမှာ ချိတ်ထားမယ့် နာရီလေးကို စိတ်မှန်းနဲ့ မြင်ယောင်ပြီး
        ကြည်နူးနေတယ်။
        အံမယ် အိမ်မှာ ချိတ်ထားရင် သာဓု ခေါ်လို ့မရ
        အခု အဲဒီမှာ လှူတဲ့သဘော ချိတ်ထားတော့ သာဓုတောင် ခေါ်လို့ရသေး
        ဘေးလူတွေအနေနဲ့လည်း ကျနော့် အလှူသေးသေးလေးကို မုဒိတာပွါးပြီး သာဓု ဝင်ခေါ်သွားလို့ရမယ် ထင်ပါ့

        ဆိုတော့ . . . .
        ပို တန်ဖိုးထားတဲ့ သဘောပါ ။

        ——-

        ကိုယ့်ပိုက်ဆံနဲ့ကိုယ် တိုင်ကပ်နာရီ ဝယ်ကြေးဆို
        အဲဒီလောက် ကောင်းတဲ့နာရီ မဝယ်နိုင်ပါဘူးဗျာ
        အလွန်ဆုံး လေး ငါးထောင်တန်ပဲ ဝယ်နိုင်မှာ . . .
        အခုလို သောင်းကျော် နှစ်သောင်းနီးပါး တန်မယ့် အမျိုးအစားကောင်းနာရီ ကို
        အခုမှ အိမ်မှာ တစ်လုံး ချိတ်ဖူးတဲ့ ဆင်းရဲသားပါ ။

      • Foreign Resident

        March 14, 2014 at 9:03 am

        alinsett (gazette) says:
        ” ကိုယ့်ပိုက်ဆံနဲ့ကိုယ် တိုင်ကပ်နာရီ ဝယ်ကြေးဆို
        အဲဒီလောက် ကောင်းတဲ့နာရီ မဝယ်နိုင်ပါဘူးဗျာ
        အလွန်ဆုံး လေး ငါးထောင်တန်ပဲ ဝယ်နိုင်မှာ . . .
        အခုလို သောင်းကျော် နှစ်သောင်းနီးပါး တန်မယ့် အမျိုးအစားကောင်းနာရီ ကို
        အခုမှ အိမ်မှာ တစ်လုံး ချိတ်ဖူးတဲ့ ဆင်းရဲသားပါ ”

        ရင်ထဲကို တကယ်ထိခိုက် ခံစား ၊
        ကိုယ်ချင်းစာမိပါတယ် အလင်းဆက်ရယ် ။

        အဘ တို့ ဖတ်ရွေးတွေရဲ့ လက်ဆောင်ကို ၊
        တန်ဖိုးထားကြောင်း သိရလို့ ၊
        အဘတို့လည်း ရင်နှင့်အမျှ ကြည်နူးရပါတယ်ကွယ် ။

        • alinsett (gazette)

          March 14, 2014 at 9:41 am

          ဟုတ် အဘဖော

          အဲဒါ ကျနော် အမှန်အတိုင်းပြောတဲ့စကားပါ။

          ဂဇက်နဲ့ ပက်သက်သမျှ ရထားသမျှလေးတွေ ကျနော့်ဆီမှာ တရိုတသေ သိမ်းထားတာတွေအများကြီးပါ။

          ဂဇက်သတင်းစာလေးတွေ
          စာမူစုထုတ်ထားတဲ့စာအုပ်လေးတွေ
          လက်ဆောင်ရထားတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်ကြီးရယ်
          ကုန်ကုန်ပြောရရင် သဂျီးလှမ်းပို့တဲ့ကဗျာစာမူခဒေါ်လာ ၁ဝ ထည့်တဲ့ စာအိတ်အဖြူလေးတောင် အခုထိ သိမ်းထားပါသေးတယ်။

          ဒီ နာရီကတော့ တန်ဖို့ထားလွန်းလို ့ပိုအသုံးတည့်မယ့်နေရာကို ပို့မိတာပါ

          🙂

  • Char Too Lan

    March 12, 2014 at 2:15 pm

    ဒါရှို လေးခလှူသမျှက မကောင်းတာဒွေဂျီးပဲလား ဟင် @_@

    • ခင် ခ

      March 12, 2014 at 3:08 pm

      Char Too Lan ကလည်းမေးနေသေးတယ် မကောင်းကျောင်းပို့ ဆိုစကားနဲ့အညီပေါ့။

  • TNA

    March 12, 2014 at 7:44 pm

    မကောင်းကျောင်းပို့ကျပေမဲ့လဲ တခါတလေတော့လဲ အသုံးဝင်တာလဲရှိတတ်ပါတယ်။ အခုခေတ်ဘုန်းကြီး တွေကလဲခံရပါများတော့ လည်ကုန်ပါပြီ ကိုခင်ခရေ။ လှုမယ်ဆိုရင် ပိုက်ဆံ အဟောင်းဆိုရင်ညင်းပါကြောင်း 🙂

  • ခင် ခ

    March 12, 2014 at 9:37 pm

    အန်တီသဲရေ ဘုန်းတော်ကြီးတွေလည်း ခေတ်မှီဖွံဖြိုးကာ ဗဟုသုတ ကြွယ်လာတဲ့သဘောပေါ့ဗျာ

    • TNA

      March 13, 2014 at 6:10 pm

      ပိုက်ဆံကလွဲလို့ ပစ်စည်းအဟောင်းတွေ ခွေးတွေကြောင်တွေအားလုံးကိုညင်းပါကြောင်းလို့ရေးတာ ဘယ်လိုကဘယ်လိုစာတွေပြုတ်ကျန်ခဲ့တယ်မသိဘူး ကိုခင်ခရေ

  • naywoon ni

    March 13, 2014 at 3:46 pm

    လှူတာနဲ့ ပတ်​သက်​လို့ဗျို့ ​ရေးချင်​ရက်​ လက်​တွန်​့​နေတာ ကြားဖူးတာက​တော့ လှူတယ်​ဆိုတာ လှူတဲ့သူက ဘာမှမ​မျှော်​လင်​့ရဘူးတဲ့ တစ်​စုံတစ်​ရာ​မျှော်​ကိုးပြီး လှူတဲ့ အလှူက တတိယတန်​းစား အလှူတဲ့ဗျ ။ အလှူခံပုဂ္ဂိုလ်​ရဲ့ အကျိုးကို​ရှေ့ရှု လှူမှ ပထမတန်​းစား အလှူတဲ့ ဖတ်​ဖူးတာပဲ ။ ဒုတိယတန်​းစား အလှူ​တော့ အဲ့ စာအုပ်​ထဲ မပါဘူးဗျ ။​ ​သေချာပါတယ်​ ကျုပ်​တို့တစ်​​တွေဟာ တတိယ တန်​းစား အလှူ​တွေနဲ့သာ ​ထွေးလုံးရစ်​ပတ်​​နေခဲ့ တာ ဒီ​တော့ က​နေ့ ဒီအ​ခြေအ​နေ​လေး ​နေ​နေကြရတာ​တောင်​ ကံ​ကောင်​း ​ပေါ့ အဲ့ဒါ ဘာသာ​ရေးဘက်​က​ပြောတာ အစထဲက ဘာသာ​ရေးနဲ ့ပတ်​သက်​ရင်​အားနည်​းပြီးသား ​ရှေးရိုးစွဲ အယူအဆ​တွေသာအား​ကောင်​း​မောင်​းသန်​ ဖြတ်​အစီး ခံ​နေရတာ အဲ​ရှေးရိုးစွဲအယူအဆ​တွေထဲမှာ ဘုရား​ဟောတာ တစ်​ခုမှမပါဘူးဗျ ကျုပ်​တို့ဗမာလူမျိုးက ဘုရား​ဟောတာဆိုရင်​ စာအုပ်​ထဲ ထားလိုက်​တာ ဘုရား မ​ဟောတဲ ့ ဟာဆိုရင်​ အကုန်​လိုက်​နာတယ်​ ​သေမ​လောက်​လဲ​ကြောက်​ကြတယ်​ ဥပမာ ​မွေး​နေ့​သောကြာတို့ နဂါးလှည်​့တို့ ရက်​ရာဇာ ပြဿဒါးတို့ ဒါ​တွေကို ဖယ်​ရှားတဲ့သူ ရှိ​တော့ရှိတယ်​ ရှားတယ်​ အဲ့ဒါ​တွေအ​ကြောင်​း​ပြောတဲ့ သူဆို မိုးကြိုးပစ်​မှာ​ကြောက်​သလားမသိဘူး ​ရှောင်​တယ်​ တစ်​ခုရှိ​သေးတယ်​ မသာကို​ဆောင်​ ​ကျောင်​းကို​ရှောင်​တဲ့ လက်​​တွေ့ကျ​တော့ မသာကိုပဲ ​ရှောင်​ကြတာ ​ကျောင်​းက ​ကောင်​းတဲ့ဟာ​လေး ဆိုအိမ်​သယ်​ဖို့ ဝန်​မ​လေးကြဘူး

  • မဟာရာဇာ အံစာတုံး

    March 14, 2014 at 9:10 am

    မကောင်း ကျောင်းပို့ဆိုပေမယ့် …
    မကောင်း ကောင်း၊ ကောင်း ကောင်း …
    ကျောင်း မပို့တဲ့ အရာတစ်ခုတော့ ရှိတယ် …
    အဲ့ဒါ … အာဒဲ့ …
    အာဒဲ့ … အဲ့ဒါ ……

Leave a Reply