E Phone လေးနဲ့ကျွန်မ

moonpoemMarch 12, 20141min19315

အခုလိုi phone
တွေခေတ်စားနေချိန် ကျွန်မလည်း ကျွန်မ
e phoneလေးကို လွမ်းပါသည်။

e phoneဟုခေါ်ရခြင်းကတော့ ထိုphလေးသည် အိမ်သာထဲသို့ပြုတ်ကျခဲ့ဘူးခြင်း
ကြောင့်…။

ထိုနေ့က ကျွန်မတို့ သူငယ်ချင်းတသိုက် တိုသည့်ဆံပင်ကို ဆက်ရန် ရှည်သည့်ဆံပင်ကို ညှပ်ရန် မည်းသည့်ဆံပင်ကို နီရန် ဝါသည့်ဆံပင်ကို ချွတ်ရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မြေနီကုန်း လီလီအလှပြင်ဆိုင်ကို ထွက်ခဲ့ကြပါသည်။

ကျွန်မကတော့ မျက်နှာကို ကော်ပတ်စားအပြီး အိမ်သာသွားချင်လာသောကြောင့် အိမ်သာရှိရာဘက် ထွက်ခဲ့လိုက်သည်။

အိမ်သာက ဘိုထိုင်မဟုတ်
မြန်မာထိုင်အိမ်သာ။အိမ်သာသွားရန် လိုအပ်သည်များကို ပြင်ဆင်လိုက်ရာ ဂျင်းဘောင်းဘီအိတ်ထဲတွင် ထည့်ထားသော Sony Errisonဖုန်းလေးသည် အိမ်သာချိုင့်ထဲသို့ သက်ဆင်းသွားလေသည်။

စစချင်းတော့ အိမ်သာခွက်ထဲ လက်နှိုက်ရမှာ စိတ်လည်းညစ် ရွံလည်းရွံသဖြင့် ပစ်ထားခဲ့ဖို့ မိုက်မဲစွာ ဆုံးဖြတ်လိုက်သည်။(ကိုယ်ကဘာမှမဘာရသေးဘဲ ရှေ့လူတွေက ဘာသွားတာလေနော်။)

အဲ..သို့သော် ဖုန်းတန်ဖိုးက 7သောင်းခန့် ဆင်းကဒ်က 5သိန်းဆိုတာ တွေးမိချိန်တွင် လပေါင်းများစွာ စုဆောင်းခဲ့ရသော 6သိန်းနီးပါး ပိုက်ဆံများကို သုံးခဲ့ပြီးမှ အိမ်သာထဲတွင် ထားရစ်ခဲ့ဖို့ ဆိုတာ တွေးမိပြီး ကော်ပတ်စားထားခါစ မျက်နှာဖြူဖြူလေးတွင် ချွေးတို့ပျံလာသည်။ထို့နောက်တွင်တော့ ဖုန်းပြန်ကောက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

မျက်စိနှင့် ခဏဖုန်းလေးရှိရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးစုံမှိတ်ကာ အင်းဟာဆိုပြီးအားရပါးရနှိုက်ထည့်လိုက်ပါတော့သည်။

တော်ပါသေးသည် ဖုန်းလေးသည် အင်္ဂါစုံစွာဖြင့် ပြန်လည်ရောက်ရှိလာပါသည်။ထို့နောက် ဖုန်းကိုရော လက်ကိုပါ အကြိမ်အခါ ဘယ်လောက်မှန်းပင်မသိ ဆေးနေမိလေသည်။

အိမ်သာတွင် လိုအပ်သည်ထက်ကြာနေသော ကျွန်မကို သူငယ်ချင်းများက လိပ်ခေါင်းများ ဖြစ်နေရှာလားမသိဟူသော သနားကြည်လေးများဖြင့် စောင့်ဆိုင်းနေကြသည်။

ဖြစ်စဉ်အားလုံးတင်ပြသော် ဆံပင်ဆေးဆိုးရန်ထားသော လက်အိတ်များရှိပါလျက် လက်အိတ်မသုံးဘဲ ဒီတိုင်းဗြင်းလာသော ကျွန်မကို ဝိုင်းဆူကြလေသည်။

ကျွန်မဆီက ဖုန်းငှားဆက်လေ့ရှိသော မိတ်ဆွေများသည်လည်း ထိုနေ့မှစပြီး ကျွန်မဖုန်းကို ရှောင်လေဝေးဝေး မူးယစ်ဆေး လုပ်ကြတော့သည်။

အင်းးးအခုတော့လည်း ကျွန်မနှင့်အတူ ဘဝကို အတူဖြတ်သန်းခဲ့ရှာသော ဖုန်းလေးသည် ဇရာထောင်းတာ တစ်မျိုး ကျွန်မထောင်းတာ တစ်မျိုးဖြင့်ပင်စင်ယူသွားရှာလေပြီ။

ကျွန်မလည်း ပေါ့တီးပေါ့ဆလုပ်မိသော အဖြစ်ကို ရှက်လွန်းသဖြင့် ဘယ်သူ ့ကိုမှ မပြောချင်တော့သောကြောင့် မန်းဂေဇက်တွင်သာရေးလိုက်ရပါသည်။ဖတ်သူသာဓု ခေါ်စေသော်ဝ်…။

15 comments

  • TNA

    March 12, 2014 at 7:36 pm

    မြင်မြင်ကြည့်ပြီးရီရီသွားပါတယ်။

  • ခင် ခ

    March 12, 2014 at 9:07 pm

    ရေစိမ်ခံဖုန်းပေါ့နော်

  • ကထူးဆန်း

    March 13, 2014 at 10:18 am

    အမယ် .. အမြတ်ထွက်သား ..
    ဘယ်သူမှ မငှားတော့ဘူး ဆိုတော့ .. 😆

  • Ma Ei

    March 13, 2014 at 1:01 pm

    🙂
    🙂
    အန်တီအိ လဲ တူများတွေကို ပြန်ပြောဘူးနော်…
    🙂

  • moonpoem

    March 13, 2014 at 1:14 pm

    ဟုတ်တယ် ဟုတ်တယ် မီးရဲ့E phoneလေးက အဲဒီကတည်းက ph bill သက်သာသွားတာ :-p

  • Mr. MarGa

    March 13, 2014 at 1:17 pm

    အခု ဘာဖုန်းကိုင်နေပါသလဲ ဒေါ်လှကဗျာ (အဲလေ) ဒေါ်လကဗျာ 🙂

  • myat pearl phyu

    March 13, 2014 at 1:52 pm

    ဟီး … အော် ဖုန်း ဆိုတာကလည်း
    မရှိမကောင်း ၊ ရှိမကောင်း တဲ့ အထဲမှာ တစ်ခုအပါအဝင်ပါပဲနော်…

  • kyeemite

    March 13, 2014 at 4:14 pm

    ဟုတ်ပနော..တကဲ့အီးဖုန်းအစစ်ပေပဲဗျ
    ကျုပ်ဆိုလည်းကောက်မှာပါပဲ..ဘယ်သူသိတာမှတ်လို့…ဒါပေသိ..သူများတွေတော့ပြောပြဝူး…
    ဒေါ်လကဗျာ လိုပဲ ဂဇက်မှာတင်မှာ..ဟီဟိ 😀

  • အီး ဖုန်း ဆို ရင် မ ပြည့် စုံဘူး ထင် တာဘဲ။
    အီးဆီ း ဖုန်း ဆို မှ ပြည့် စုံ မယ်။

    ဦး ပေါ် ဦး လို တွေး ကြည့် တာ ပါ။

  • Ma Ma

    March 13, 2014 at 5:51 pm

    ဟုတ်ပါ့ သိုသိုသိပ်သိပ်နေပုံများ……
    ဘယ်သူ့မှ မပြောပဲ ဂဇက်မှာပဲတင်တာဆိုတော့……….
    ကြေညာမောင်းခတ်စရာမလိုတော့ဘူးပေ့ါ ……….. 😀

  • ဘရန်းဒက် ကေဇီ

    March 14, 2014 at 8:34 am

    အဲလိုတော့ မကြုံဖူးသေးဘူးတော့။
    ပြုတ်ကျတာတော့ အကြိမ်ကြိမ်။
    အိမ်သာထဲတော့ မကျစဖူးးး

    😀

  • မဟာရာဇာ အံစာတုံး

    March 14, 2014 at 9:24 am

    ဟေဟေ့
    နည်းလမ်းတော့ ရဘီဟ
    ငါ့ဆီက ဖုန်းအလဂါး ဆက်မယ့် လူတွေကို
    ဒီနည်းသုံးပီး ဖြိုရမယ် .ငိငိငိ :mrgreenn:

    စကားမစပ် …
    ဟိုဘိုးတော် ဓါတ်လုံးကတော့ အီးတွင်းထဲပြုတ်ကျမှ
    အစွမ်းထက်လာတာ ဆိုပဲ …
    အဲ့ဒီ ဖုန်းလေးကတော့ ပြုတ်ကျပီးနောက်ပိုင်း ဘီလို စွမ်းလာသေးတုံးငင်င်င် …

  • moonpoem

    March 16, 2014 at 10:53 am

    E phoneရပြီးကတည်းက ရုံးမှာ နာမည်ကြီးလာတယ်။လူသိများလာတယ်။ ဟိဟိ

Leave a Reply