My Ringtone ၏ Error နှင့် သုံးစွဲသူ၏နစ်နာမှု

Kaung Myat ThuMarch 13, 20143min14210

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

       My Ringtone ဆိုတာအားလုံးသိပြီးသားဖြစ်ကြမှာပါ။ တစ်ဖက်ကကိုယ့်ဖုန်းကိုခေါ်နေချိန်မှာ ကိုယ်ကမကြားလို့ပဲဖြစ်ဖြစ်၊ မအားသေးလို့မကိုင်ဖြစ်တာပဲဖြစ်ဖြစ် တဖက်လူစောင့်နေချိန်မှာနားဆင်နိုင်ဖို့ သီချင်းတစ်ပုဒ်(၃၀၀)ကျပ်၊လစဉ်ဝန်ဆောင် ခ (၂၀၀၀)ကျပ်ပေးပြီး Message Center 1772 ကိုလှမ်းတောင်းရယူထားရတာပါ။ အိုင်းရင်းဇင်မာမြင့်ရဲ့သီချင်းလေးနဲ့ ရယူထားတာကြာပါပြီ။ဒီလတော့အင်တာနက်သုံးရတာတစ်လ(၃၀၀၀၀)ကျပ်လောက်ကျလို့ ဒီ My Ringtoneဝန်ဆောင် ခ (၂၀၀၀)ကျပ်သက်သာအောင်ဖြတ်ထားလိုက်ဦးမယ်ဆိုပြီး 1772 ကို Message ပို့ပြီးဖျက်လိုက်ပါတယ်။ ဒါပေမယ့်လ ကုန်တော့ ငွေ(၂၀၀၀)ကျပ်ကိုထပ်ဖြတ်သွားတာတွေ့လိုက်ရတယ်။စိတ်ထဲမှာတော့ကိုယ်ပဲမှားတာလားဆိုပြီးအမှတ်တမဲ့

       နေလိုက်မိပါတယ်။

       ပြီးခဲ့တဲ့အပတ်ကစပြီး ကျွန်တော့်ဖုန်းကိုခေါ်တဲ့လူတွေက ဖုန်းမကိုင်ရသေးခင် ဖုန်းချချသွားကြတာတွေ့ရတယ်။ဪ Miss Call ပေးတာဖြစ်ပါလိမ့်မယ်လို့အမှုမဲ့အမှတ်မဲ့နဲ့ပေါ့။တစ်နေ့တော့အိမ်ကသမီးကဖေ့ဖေ့ဖုန်းခေါ်ရတာ သတ်မှတ်ချိန် အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါလို့ပဲပြောပြောနေလို့ဖုန်းချလိုက်ရတယ်လို့ပြောတယ်။ ဪဒါဆိုဖေ့ဖေ့ဖုန်းက Software Application တွေများနေလို့ဖြစ်မယ် မလိုတာတွေပြန်ဖျက်ပစ်ရမယ်ဆိုပြီးပြောလိုက်မိတယ်။

       တစ်နေ့တော့ဆရာကိုကြီးမိုက်ကဖုန်းလှမ်းဆက်တယ်။ဖုန်းသံကြားလို့ကိုင်မယ်ကြံတော့ဖုန်းပြန်ကျသွားတယ်။

       ဖုန်းကိုကြည့်လိုက်တော့ခေါ်ထားတာ(၃)ကြိမ်လောက်ရှိနေပြီ။ဪငါအစည်းအဝေးခန်းထဲဝင်နေတုန်းခေါ်လို့မကြားတာ

       ဖြစ်ပါလိမ့်မယ်ဆိုပြီးဖုန်းပြန်ခေါ်လိုက်တော့ ဆရာကိုကြီးမိုက်က ခင်ဗျားဖုန်းခေါ်ရတာခက်လိုက်တာဗျာတဲ့။ကျွန်တော်

       အစည်းအဝေးခန်းထဲဝင်နေလို့မကြားတာဖြစ်မယ်၊ခွင့်လွှတ်ပါလို့ပြောတော့ မဟုတ်ဘူးခင်ဗျားဖုန်းကခေါ်မယ်ကြံလိုက် တိုင်းသတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်ပဲပြောနေတာတဲ့ ဟုတ်တယ်အစ်ကိုကြီးရေ ကျွန်တော့်ဖုန်း

       ကိုပြန်စစ်ကြည့်ရဦးမယ်ဆိုပြီးပြန်စစ်ကြည့်တော့ထူးခြားတဲ့အပြစ်မတွေ့ရဘူး။ ဒါနဲ့စိတ်ထဲမသင်္ကာဖြစ်ပြီး ဖုန်း Simcard ကိုဖြုတ်ပြီး တခြား Handset ထဲ ထည့်စမ်းကြည်တော့ အဲဒီလိုပဲ သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ပဲပြောနေတော့တယ်။စိတ်ထဲမှာချက်ကနဲဆိုသလိုစဉ်းစားမိသွားတယ်။ အဲဒါနဲ့ 1876 ကိုဆက် 1772 162 ကိုဆက်ကြည့်လိုက်တော့မှ သူတို့ရဲ့စက် Error ကြောင့်ဖြစ်သွားတာပါ။တစ်ရက်နှစ်ရက်နေရင်ပိတ်သွားပါလိမ့်မယ ်တဲ့။ ဒီနေ့အထိအဲဒီအသံကိုကြားနေရသလို သီချင်းသံမကြားရပဲ ဖုန်းခေါ်တဲ့မိတ်ဆွေတွေရဲ့စိတ်ဒုက္ခကိုပေးနေတဲ့ Y Talk ရဲ့ 1772 Message My Ringtone ဝန်ဆောင်မှုပါလား။

       My Ringtone ကို စတင်မိခဲ့တဲ့ကျွန်တော်–ကျွန်တော်နဲ့ကျွန်တော့်မိတ်ဆွေတွေကိုစိတ်ဒုက္ခပေးခံနေရတာယနေ့ထက်ထိတိုင်ပါပဲနော်–

10 comments

  • Ma Ma

    March 13, 2014 at 4:16 pm

    My ring tone ကို သူများဖုန်းတွေမှာ ကြားရတော့ သဘောကျလို့ ထည့်ဖို့လုပ်မလို့ မေးမြန်းကြည့်တာ ထည့်ထားတဲ့လူတိုင်းက ကန့်ကွက်ကြတာနဲ့ မထည့်ဖြစ်တော့တာတောင် ခပ်ကောင်းကောင်းဖြစ်နေပြီ။ 🙂

  • alinsett (gazette)

    March 13, 2014 at 7:25 pm

    ကျနော်ကတော့
    တစ်လ နှစ်ထောင် ဖြတ်မယ်ဆိုတာက်ု နှမြောတာနဲ့ပဲ မထည်ု့ဖြစ်တာ

    ဒါလည်း ခပ်ကောင်းကောင်းပါပေါ့။

    နဂိူကမှ တန်ဖိုးနည်း အမည်ခံ ကိုးသောင်းကျော်ပေးလို့မှ ဖုန်လေးတစ်လုံးကိုင် နိုင် တာ ရယ်
    တစ်မိနစ် ငါးဆယ်
    နက်အသုံးပြုခ တစ်မိနစ်လေးကျပ်
    တစ်လတစ်လ ဘေလ်တွေ မနည်းကုန်နေတော့
    အဲဒီ သာယာမှု ( ဒီ သတင်းအရ မသာယာမှု)တွေနောက် မလိုက်ဖြစ်ခဲ့တာ

    အင်းးးး ခပ်ကောင်းကောင်းးးး

    ———-

    ဒီ ပိုစ့်က copy / paste ဖြစ်နေလို ့ ပထမစာမျက်နှာမှာမပေါ်တာပါ။

    category တစ်ခုခု သင့်တော်ရာ ရွေးပြီး တင်မှ အားလုံးမြင်ရပါလိမ့်မယ်လို ့

    အခုလောလောဆယ်တော့
    ကျနော်ပဲ ပြင်ပေးသွားပါ့မယ်

    ခင်မင်လေးစားလျက်. . .

  • padonmar

    March 13, 2014 at 8:37 pm

    ကြည့်စမ်း၊
    မကျေနပ်တာတွေ ရင်ဖွင့်ချင်မှ ဂဇက် ရွာသူားတွေကို သတိရတဲ့ ကောင်းမြတ်သူ။:D
    ကျမတို့တော့ အဲဒီ ၂၀၀ဝ နှမျောလို့ မထည့်မိတာ ကံကောင်းတာပဲ။

  • Kaung Myat Thu

    March 13, 2014 at 9:28 pm

    မဟုတ်ရပါဘူး မပဒုမ္မာရယ် ရွာထဲကိုတော့ခဏခဏလာဖြစ်ပါတယ်။ မိသားစုအတွက်၊ အလုပ်အတွက် လုပ်နေရတဲ့အချိန်ကများပြီး နားချိန်သိပ်မရှိတာကြောင့်ဘယ်သူနဲ့မှစကားမပြောဖြစ်ပဲလှည့်
    ့ပြန်ပြန်သွားနေရတာပါ။ အခုတောင်ဒီ Post ကိုတင်ဖို့ ၃ ရက် ၄ရက်လောက်အရှိန်ယူပြီးတင်လိုက်ရတာ။ သူကြီးနဲ့ရွာသားအားလုံးကိုသတိရလျက်ပါ။

  • မဟာရာဇာ အံစာတုံး

    March 14, 2014 at 9:26 am

    အလျော်ပြန်တောင်းလေဗျာ …
    တောင်းပန်တိုင်း လျှော်ပေးရအောင်
    အလကား ပေးထားတဲ့ ဝန်ဆောင်မှုမှ မဟုတ်တာပဲ ….

  • တိမ်မည်း

    March 14, 2014 at 10:14 am

    သူများတွေ ထည့်တာ အားကျလို ့ ဒီက ထည့်မလို ့ကြံနေတာ….
    တော်ဘီ…. ထည့်တော့ဖူး…..

  • TNA

    March 14, 2014 at 7:02 pm

    အစကထည့်ထားသေးတယ် နောက်တော့ တလနှစ်ထောင်ဖြတ်တာမခံနိုင်တော့တာနဲ့ ပြန်ဖြုတ်လိုက်တယ်။

  • ၂၀၀ဝ ဆို မိနစ် (၄၀) တောင် ဖုန်းပြောလို့ရတယ်ဆိုပြီး မထည့်ဖြစ်တော့ဘူး.. ဟီး..

    အံစရာပြောသလိုပဲ.. တောင်းပန်ရုံနဲ့ ကျေအေးပေးလို့မရဘူးလေ..
    တစ်ခုခုတော့ action ယူပစ်ရမှာ.. သူတို့က sorry တစ်လုံးနဲ့ပြီးပေမယ့် ကိုယ်တွေက အရမ်းဒုက္ခရောက်တယ်.. 🙁

  • kyeemite

    March 18, 2014 at 1:54 pm

    ဆောရီးပါ ကိုကောင်းမြတ်သူရေ…ဒီပို့စ်လေးကိုဒီနေ့မှတွေ့တယ်…ခုတလောလည်း သမီးနဲ့အတူ
    ဆယ်တန်း ဖြေနေရတာမို့…နေ့တပိုင်းလောက်က နေမထိထိုင်မထိနဲ့မို့ပါ…..မပဒုမ္မာပြောသလိုမဖြစ်စေနဲ့ဗျာ..
    စာလေးတွေရေး..ကွန်မန့်လေးတွေပေးပါအုံး… 🙁

  • Char Too Lan

    March 18, 2014 at 3:15 pm

    ၂၀၀ဝဆို အင်တာနက် အကြာဂျီးးးးးးးးးးးးးးးးးးး သုံးလို့ရတယ် 😀

Leave a Reply