” ၀ဋ်ဆင်းရဲခြင်းမှ လွတ်ကင်းရပါစေ”

 

ခေတ်အဆက်ဆက် ရက်စက်ယုတ်မာ

အာဏာရှင်ဆန် အကောက်ကြံလို့

ပြည်သူကိုနှိပ်စက် သူတို့ချမ်းသာဖို့အတွက်

တိုင်းပြည်ရောင်းစား သံယံဇာတများ

ချွတ်ခြုံကျမှ ဒီမိုကရေစီပြ

အသွင်းကူးပြောင်း လုပ်ဆောင်သော်လည်း

လူလည်းမပြောင်း မူလည်းမပြင်

စကားတွေပင် ပြောင်းကာပြောလည်း

ထိရောက်စွမ်းအား အကြွင်းသုညမယုံရ။

 

ဝဋ်ကြွေးတော်ပြေ မြတ်ဘုရားရှေ့ဝယ်

ဆုတောင်းမိတယ် အခါခါရယ်

လူမှု့ဒုက္ခ ဒီပြည်သူများဘဝ

လွတ်မြောက်စေကြောင်း ဆုမွန်တောင်းသည်

နောင်သံသရာဘ၀ လူဖြစ်လှလျှင်

မြန်မာပြည်သား မြန်မာများအဖြစ်

ပြန်လည်ဝင်စား မြန်မာပြည်နေ

ပြည်သူဘ၀ မရောက်ရစေ

ဝဋ်ကြွေးရှိလျှင် ဒီဘ၀နဲ့ဘဲကျေပါစေ။

 

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..