” ဝဋ်ဆင်းရဲခြင်းမှ လွတ်ကင်းရပါစေ”

ခင္ခMarch 13, 20142min28711

” ဝဋ်ဆင်းရဲခြင်းမှ လွတ်ကင်းရပါစေ”

 

ခေတ်အဆက်ဆက် ရက်စက်ယုတ်မာ

အာဏာရှင်ဆန် အကောက်ကြံလို့

ပြည်သူကိုနှိပ်စက် သူတို့ချမ်းသာဖို့အတွက်

တိုင်းပြည်ရောင်းစား သံယံဇာတများ

ချွတ်ခြုံကျမှ ဒီမိုကရေစီပြ

အသွင်းကူးပြောင်း လုပ်ဆောင်သော်လည်း

လူလည်းမပြောင်း မူလည်းမပြင်

စကားတွေပင် ပြောင်းကာပြောလည်း

ထိရောက်စွမ်းအား အကြွင်းသုညမယုံရ။

 

ဝဋ်ကြွေးတော်ပြေ မြတ်ဘုရားရှေ့ဝယ်

ဆုတောင်းမိတယ် အခါခါရယ်

လူမှု့ဒုက္ခ ဒီပြည်သူများဘဝ

လွတ်မြောက်စေကြောင်း ဆုမွန်တောင်းသည်

နောင်သံသရာဘဝ လူဖြစ်လှလျှင်

မြန်မာပြည်သား မြန်မာများအဖြစ်

ပြန်လည်ဝင်စား မြန်မာပြည်နေ

ပြည်သူဘဝ မရောက်ရစေ

ဝဋ်ကြွေးရှိလျှင် ဒီဘဝနဲ့ဘဲကျေပါစေ။

 

 

ခင်ခ။

 

11 comments

  • alinsett (gazette)

    March 13, 2014 at 11:40 am

    လူလည်း မပြောင်း မူလည်းမပြင်

    ဟုတ်ပါရဲ့ လေးခရယ်။

    ပြောင်းလဲသလိုလို ဘာလိုလိုနဲ့ အသံကောင်းဟစ်နေတာပဲရှိတယ်
    တကယ်က ဘာာာာာာမှ မပြောင်းလဲသလောက်ပဲ။

    —–

    လေးခလိုပဲ တွေးမိပါတယ်လေ

    ဒီဘဝဟာ
    ကြွေးဟောင်း လာဆပ်တဲ့ဘဝ လို့. . . .
    ——–

    ကဗျာလေးကြိုက်တယ်ဗျို့

    • ခင် ခ

      March 13, 2014 at 12:36 pm

      မောင်အလင်းဆက် လာရောက်အားပေးမှုအတွက် ဝမ်းမြောက်လျှက်ပါ။
      မောင်ရင်တို့ ကဗျာပြခန်းကိုပို့မလို့ဘဲ ဒါပေသည့် ဒီနေ့(မတ်လ ၁၃ )ကို မောင်ရင်တို့ ကဗျာပိုစ့် မှီ မမှီ မသေချာလို့ ကိုယ်တိုင်တင်လိုက်တာပါ။
      နောက်ကဗျာရေးဖြစ်ရင် ပို့ပါအုံးမယ်နော်။

      • alinsett (gazette)

        March 13, 2014 at 2:19 pm

        ဟုတ်
        ကဗျာပြခန်းအခြေအနေက ပို့သူနည်းလာတဲ့အတွက် အခုလာမယ့်ပြခန်းဟာဆိုရင်. . .
        ဆယ့်လေးယောက်ရဲ့ ကဗျာ ဆယ့်လေးပုဒ် ပြနိုင်မယ်မထင်ပါဘူးလေးခရေ

        ဒါကြောင့် တမျိုးလေး အပြောင်းအလဲဖြစ်သွားအောင် စီစဉ်ထားကြပါတယ်။

        မကြာမီ လာမည် . . .

        🙂

  • snow smile

    March 13, 2014 at 12:37 pm

    စိတ် နာ တယ်

    • ခင် ခ

      March 13, 2014 at 1:00 pm

      ကျုပ်တို့က စိတ်တင်မဟုတ်ဘူး ရင်ပါနာတယ် snow smile ရယ်။

  • surmi

    March 13, 2014 at 12:40 pm

    ဪ ဒါကြောင့် ဟိုတစ်ယောက်ကမေးတာကိုး
    ဒီနေ့အလုပ်မပိတ်ဘူးလား တဲ့
    ထူးခြားတဲ့ နေ့ပေပဲ

    • ခင် ခ

      March 13, 2014 at 1:02 pm

      လူထုမှာဘဲ ထူးခြားတာနေမှာ သူတို့ကတော့ ဘာ ဘာ ဘာပြောတာလဲ လို့တောင်ဆိုလိမ့်မယ်ထင်တယ် ကိုဆာမိရယ်။

  • အဟောင်း များ ကား မေ့ မေ့ ပျောက် ပျောက်
    အသစ် မျာ က ဆက် လုပ် ဖော ်ဆောင် ဆဲ
    ကျ နော် တို့ က လဲ ကုန်း ရုံး ပြီး
    ခံ နေ ရ မြဲ

    မပြောင်း မ လဲ

  • kyeemite

    March 13, 2014 at 3:51 pm

    ဓမ္မသဘောက “ဘယ်အရာမှမတည်မြဲဘူး” တဲ့…ခုတော့..ဒီလောက်တောင်မြဲလှတဲ့ လူတစ်စုကြောင့်
    ..ဓမ္မက မှားပေးရမလိုဖြစ်နေပီ ကိုခရေ 🙁

  • မိုး မင်းသား

    March 13, 2014 at 5:27 pm

    ဆုတောင်းတိုင်းသာပြည် ့မယ်ဆိုရင်

    ဆုတွေအများကြီးတောင်းမိမှာအမှန်ပါလေးခရေ..

  • TNA

    March 13, 2014 at 5:29 pm

    အရင်အစိုးရက ငါလူမိုက်ဆိုပီးဗြောင်ပြောမိုက်တယ်။ ခုခေတ်အစိုးရက ငါလူလိမ်မာဆိုပြီး ခိုးမိုက်တယ်။ ထူးပါဘူး ပြည်သူတွေကတော့ ခံဖက်ကချည်းပဲမို့ မိဘပြည်သများခံဗျား ဆိုသလို ခံလိုက်ကြအုံးစို့ 😥

Leave a Reply