Facebook ကြီးကို စိတ်ကုန်တယ်…။

black chawMarch 14, 20141min30734

ဘလက်ကြီးတစ်ယောက် ရွာထဲမရောက်ဖြစ်ပဲ Facebook ထဲ ပဲ ရောက်ဖြစ်နေခဲ့…။
Facebook ကြီးကလည်း သတင်းတွေ စုံ၊ ရသတွေ စုံ…၊ အို…လိုချင်တာအကုန်ရတယ်ဟဲ့…တိလား…။
ဟေးဟေး…။
မလေးရှား လေယဉ်ကြီး ပျောက်သွားတာ ဖတ်မလား…။
၁၆ နှစ်သား ဆယ်တန်း ကျောင်းသားလေးက အသက် ၄၁ နှစ်အရွယ် တက္ကသိုလ် ဆရာမတစ်ဦးကို
ခိုးပြေးတာ ဖတ်မလား…။ (သိတ်…ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းပဲ…နော်)
ကဲ…စကားတွေက ဝေ့နေပြီ…။
ရွာထဲဝင် ပြီး ပို့စ်တင်မှာ တင်တော့ ဘလက်ချော…။
ဟုတ်ကဲ့ပါ ကျောင်းဒကာ…။
မနေ့က mizzima Daily သတင်းစာဝယ်ဖတ် ပါတယ်…။
Facebook ပေါ်မှာ အရမ်း…အရမ်း ကြီးတွေ နာမည်ကြီးနေတဲ့…
မော်ဒယ် မလေး ၂ ယောက် နဲ့ အင်တာဗျူး ဆိုပဲ…။
ပါလာပါတယ်ဗျာ…။
မိတ်ဆွေတို့ လည်း သိပြီးဖြစ်ကြမှာပါ…။
ဇွန်သင်ဇာ ဆိုတဲ့ ကလေးမ (ကြီး) နဲ့ ဇာဇာထက် ဆိုတဲ့ ကလေးမ (ကြီး)…။
ကြီးလို့ ကြီးတယ်ပြောတာဗျာ…။
ဘာကြီးတာလဲ သိချင်ရင် Facebook ပေါ်သာ တက်ကြည့်လိုက်ပေတော့…။
ကဲ…ဇွန်သင်ဇာ လေးနဲ့ အမေးအဖြေလေးတွေ ဖတ်ကြည့်လိုက်ရအောင်နော့်…။

မေး…။ ။ ပရိသတ်ကိုယ့်ကို သိလွယ်အောင် ဖြတ်လမ်းနည်းနဲ့ အနုပညာလောကထဲ တိုးဝင်တယ်လို့
ပြောရင် ရမလား…။
(သိတ်ကောင်းတဲ့ မေးခွန်းပဲ…။
ဒီမေးခွန်း ကို ဖြေဖို့ ညည်းမှာ ဝမ်းစာ ဘယ်လောက်များ ရှိနေမတဲ့လဲ…။
ကဲ…ကြည့်ရအောင်…။)
ဖြေ…။ ။ အဓိကက အောင်မြင်အောင် ကြိုးစားနေတဲ့ အချိန်မှာ သူမတူတဲ့ ပုံစံမျိုးနဲ့ ထူးခြားပြီး
အောင်မြင်တဲ့ သူတွေ ရှိတယ်…။ ဖြတ်လမ်းပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် နည်းမျိုးစုံသုံးပြီး
ကြိုးစားနေတဲ့ အတွက် ဖြတ်လမ်းနည်းနဲ့ တိုးဝင်တယ်လို့ ပြောရင်မှန်ပါတယ်…။

(အော်…သမီးရယ်…။
ဘယ့်နှယ့်ကြီးလဲကွယ်…။
သမီး လျှောက်နေတဲ့ လမ်းက ဖြတ်လမ်း ကြီးတဲ့လား…။
ဖြတ်လမ်းကပဲ လျှောက်လျှောက်…၊ လမ်းမကြီးကပဲ သွားသွား…၊
အဓိက…ကတော့ ခရီးရောက်ဖို့ပဲ သမီးရေ…။
မလိုသူတွေ ပြောတဲ့စကားကို သွားနားယောင်မနေနဲ့…သိလား…။
ဦးဘလက်ကြီးတို့ကတော့ ဇွန်သင်ဇာလေးရဲ့ Page ကို
Like လုပ်ပြီးတော့ကို အားပေးနေဦးမှာ…။
ခစ်ခစ်…။
နောက်တစ်ယောက်ရှိသေးတယ်…။
ဇာဇာထက်…တဲ့…။
သူကလည်း အင်း…ဘယ်လိုပြောရမလဲ…
အဖေါ်အချွတ်ပုံတွေနဲ့ ပုရိသတွေကို ဖမ်းစားဖို့ ကြိုးစားနေ ဆိုပဲ…။
ဦးဘလက်ကြီးတို့ကတော့ အရိုးရင့်နေပြီဆိုတော့ တော်ရုံ ဖေါ်ပြ ချွတ်ပြရုံလောက်နဲ့တော့
ဆေးမတိုးတော့ဘူး ဇာဇာထက်ရေ…။

မေး…။ ။ ပရိသတ်သိအောင် လမ်းလွယ်လိုက်တာလား…။
ဖြေ…။ ။ လမ်းလွယ်ဆိုတာ သူတို့လက်ခံမှသာ လိုက်လို့ ရတာ…။
သူတို့လက်မခံရင် ဇာတို့လည်း နေရာမရဘူး…။
လမ်းလွယ်လိုက်တာ မဟုတ်ပါဘူး…။ ဇာရဲ့ ဓါတ်ပုံက အရင်က ဆံပင်ရှည်ကြီးကြီးနဲ့
ရိုးရိုးလေးပါ…။ မိုင်လေဆိုင်းရပ်စ် လိုပေါ့…။ ကိုယ်နဲ့ လိုက်မယ့် ပုံစံနဲ့
ကိုယ့်လမ်းကြောင်းကိုယ်ဖေါက်တာပါ…။

အင်း ဇာဇာထက်ကတော့ လမ်းလွယ်လိုက်တာ မဟုတ်ပါဘူးတဲ့…။
ကိုယ့်လမ်းကြောင်း ကိုယ်ဖေါက်တာပါ တဲ့…။
ဖေါက်သာဖေါက် လျှောက်သာလျှောက် ဇာဇာထက်ရေ…။
လမ်းမကြီးတွေကို ထမ်းပိုးလို့ ခရီးဆက်ပေဦးတော့…။

ဟုတ်ပါပြီ…။
Facebook ပေါ်မှာ ကော့ကော်ကန်ကား အက်တင်တွေနဲ့ တင်တွေ ရင်တွေ ဖေါ်ပြီး
ဓါတ်ပုံတွေ တင်နေတာဟာ ဇွန်သင်ဇာလေးက ဖြတ်လမ်းက တိုးဝင်တာပါတဲ့…။
ဇာဇာထက်ကျတော့ ဖြတ်လမ်းနည်း လုံးဝမဟုတ်ပါဘူး တဲ့…။
အောင်မယ်…မိုင်လေဆိုင်းရပ်စ် ကြီး နဲ့ တောင်နှိုင်းထားလိုက်သေး ဟေးဟေး…။
ကိုယ့်လမ်းကြောင်း ကိုယ်ဖေါက်တာပါတဲ့…။
ဖြတ်လမ်းပဲ ဖြစ်ဖြစ်…၊ ကိုယ့်လမ်း ကိုယ်ဖေါက်တာပဲ ဖြစ်ဖြစ်…၊
ဖေါ်နိုင်သမျှ ချွတ်နိုင်သမျှ တွေကို ဖေါ်ချွတ်ပြီး ရဲရဲ တင်းတင်း ရိုက်ကြတင်ကြပါဗျာ…။
ဦးဘလက်ကြီးတို့က Like လုပ်ပြီးတော့ ကို အားပေးဦးမှာ…နော့်…။
အောင်မယ် သူတို့ ၂ ယောက်က ရိုတ ဆိုတဲ့ ကောင်လေးနဲ့ တွဲပြီး
လိင် အသားပေးဇာတ်ကားတောင် ရိုက်ဦးမလို့ ဆိုပဲ သတင်းတွေထွက်လာတယ်ဆိုလား…။
နှုတ်ခမ်းခြင်းရော တေ့ နမ်းကြဦးမှာလား ဟင်င်င်င်…။
အဲဒီသတင်းကိုတော့ ဇာဇာထက်ရော ဇွန်သင်ဇာ ကရော ငြင်း ပါတယ်တဲ့…။
ကဲ…ဘလက်ချော ဘယ်လို ပေါက်ကရတွေ ရေးဦးမလဲ ဆိုတဲ့ စိတ်နဲ့
ဝင်ဖတ်နေတဲ့ မိတ်ဆွေ…။
ဒါ…ကျမတို့ ရဲ့ ခန္ဓာကိုယ် အလှအပတွေ ပါ…။
ရှင်တို့ ကြည့်ပြီး ပြစ်မှားလှည့်ကြစမ်းပါ…ရယ်လို့…
တင်လိုက်တဲ့ ဓါတ်ပုံတွေကို ခင်ဗျားတို့ ကြိုဆိုမလား ကန့်ကွက်မလား…။
သူ့ခေတ်နဲ့ သူ့အခါ သူ့သဘောနဲ့သူ ရှိပါစေရယ်လို့ သဘောထားကြမလား…။
တွေးရ…သိတ်ခက်တယ်ဗျာ…။
အဲဒါကြောင့် Facebook ကြီးကို စိတ်ကုန်တာ သိလား…။
ဟေးဟေး…။

34 comments

  • ရွှေတိုက်စိုး

    March 14, 2014 at 1:22 pm

    ဟင်စိတ်ကုန်တဲ့လေသံကြီးကလဲ… တော့ကိုလဲ ကျုပ်စိတ်ကုန်နေတာကြာပေါ့တဲ့.. မဲချောချောတဲ့လူကြီး ရေ…… ကဲ့ ရှင်းပလား..

  • ဘရန်းဒက် ကေဇီ

    March 14, 2014 at 1:29 pm

    “ဇာ” တွေ က “ဇ” ပြင်းတယ်နော့။
    သဘောပေါက်။
    😀

    သများ “ဇာ” ကတော့ မပြင်းပါဘူးးးနော်။
    :mrgreen:

    ပျင်းတာလေးပဲ ရှိတာ၊။ :mrgreenn:

    • ရွှေတိုက်စိုး

      March 14, 2014 at 1:31 pm

      အန်တိ ကေဇိ လဲ ဇပါတာပဲအေ.. သက်၈ဝ ကိုကိုကြီးကို တာခါတဲခိုးပြေးပလိုက်ပေါ့အေ…. ခုခိခုခိခုခိ

    • black chaw

      March 14, 2014 at 1:33 pm

      @ ဘရန်းဒက် ကေဇီ ;
      သိနေတယ်လေ…။
      သိနေပါတယ်…။
      ဇာ တို့ရဲ့ ဇ များ ဆိုပြီး ပို့စ်ရေးမလားလို့…။
      😀

  • surmi

    March 14, 2014 at 1:30 pm

    အဟံဘန္တေ ၊ သံသာရ ဝတ္တဒုက္ဓတော
    မောဇနဌါယ ၊ ဣမံ Facebook ယံ ၊ ဝေရာမဏိသိက္ခါပဓံ ၊ သမာဓိယာမိ ။

    အော် အော် မှားကုန်ဘီ
    ဘယ်နှယ် သင်္ကန်းတောင်းကျက်နေရာက ……
    မှန်းးး ဘယ်နားရောက်သွားပါလိမ့် :mrgreen:

    • black chaw

      March 14, 2014 at 1:35 pm

      @ surmi ;
      အင်း…LT ကိစ္စ အစဆွဲထုတ်သူကြီး ငဲ့…။
      ဖေါ်ချွတ် ကိစ္စ လေးအပေါ် အမြင်လေး မိန့်ပါဦး ကိုယ်တော်…။
      😀

  • black chaw

    March 14, 2014 at 1:30 pm

    @ ရွှေတိုက်စိုး ;
    စိတ်ကုန်လို့ စိတ်ကုန်တယ်ရေးတာပေါ့ ကွ…။
    စိတ်ကုန်တာတောင် လွတ်လွတ်လပ်လပ် မကုန်ရဘူး…။
    အဲဒါကြောင့် ရွာထဲမလာချင် တာ…။
    ဟေးဟေး…။
    😀

    • ရွှေတိုက်စိုး

      March 14, 2014 at 1:36 pm

      ဟင်ဘာမှလဲမဆိုင်ဘူး… အဲဒါပြောဒါပေါ့ တော်ဟာလေ.. လူကောင်ကြီးဒယ်ဆိုပြီး.. သိပ်အနိုင်ကျင့်ချင်တာပဲ.. မျက်မှန်အမဲကြီးတပ်ပြီး အမေရိကန်လူဆိုးဂိုက်ဖမ်းနေတဲ့သူကို ကျုပ်ကကြောက်မယ်ထင်လား.. ဟွင်းဟွင်း..
      လူချင်းမယှဉ်နိုင်ပေမယ့်.. ခွက်ချင်းတော့ ယှဉ်နိုင်ဒယ်တော်ရေ…. ကဲ….

  • sorrow

    March 14, 2014 at 2:04 pm

    အလိုလေး..အလိုလေးဗျာ.. ဇာဇာထက် ..ဇွန်သင်ဇာ နှစ်ယောက်ကိုကြားထဲကနေပုခုံးဖက်ထားတဲ့ ဦးဘလက်မျက်နှာကိုပဲမြင်နေမိတယ်….အာဟိ

    • black chaw

      March 18, 2014 at 8:17 am

      @ sorrow ;
      အသာလုပ်ပါ ကချင်ကြီးရယ်…။
      ဦးဘလက်က အသက်ကြီးပါပြီကွယ်…။
      😀

  • မဟာရာဇာ အံစာတုံး

    March 14, 2014 at 3:05 pm

    သူ့စိတ်ကုန်တဲ့ လေသံကြီးကလည်း …
    ဟေးဟေး …. တဲ့ … :mrgreenn:
    အတော် နောက်တဲ့ ဘိုးဒေါ် …

    • black chaw

      March 18, 2014 at 8:18 am

      @ မဟာရာဇာ အံစာတုံး ;
      နင်လုပ်မှာ ဘိုးတော်ဘလက် လို့
      နာမည်ပြောင်းရမလို ဖြစ်နေပြီ အံစာရေ…။
      😀

  • kyeemite

    March 14, 2014 at 3:38 pm

    ဘန္ဒေ…သံဃော..အဲအဲယောင်သွားလို့
    ဘန္ဒေ…ဘလက်ချော….ဇွန်လေးရေ…အရှက်ကော..
    ဖေ့ဘုတ်ပေါ်ကြည့်….ဗလာနတ္တိ…
    အဝတ်အဆင်..နင်မတတ်…ဂန်းမ။ ဟီဟိ 😀
    ခီညားဂျီးဂို မညင်ရတာကြာလို့ နောက်တာပါဂျာ :loll: :loll: :loll:

    • black chaw

      March 18, 2014 at 8:25 am

      @ kyeemite ;
      ဘာရယ်မဟုတ်ပါဘူးဗျာ…။
      ဒီနေ့ခေတ် နာမည်ကြီးဖို့ ကြိုးစားနေတဲ့
      ကလေးမလေးတွေ ရဲ့ အင်တာဗျူးကို ဖတ်ကြည့်ပြီး
      အားမလို အားမရ ဖြစ်မိသွားလို့
      ဒီပို့စ်ကို ရေးမိတာပါဗျာ…။
      ကွန်းမန့်လေး အတွက် ကျေးဇူးပါဗျာ…။
      😀

  • Shwe Ei

    March 14, 2014 at 4:07 pm

    ကြီးတော့ကြီးတယ် ကြီးတာနဲ့အညီ အဆီအခေါက်တွေလဲ ထူတော့ကား….အူးလေးဘလက်ကြိုက်ပေမဲ့ သာမီးမကြိုက်ဝူး…ခိခိ 🙂

    • black chaw

      March 18, 2014 at 8:31 am

      @ alinsett (gazette) ;

      🙂

  • TNA

    March 14, 2014 at 7:00 pm

    စိတ်ကုန်တဲ့လေသံကောဟုတ်ကဲ့လား အူးအူးဘလက်ရယ် 😀

    • black chaw

      March 18, 2014 at 8:34 am

      @ TNA ;

      ဟီး…။
      😀

  • Paing Lay

    March 14, 2014 at 8:23 pm

    အန်ကယ် ဘလက် ချိတ်ပျက်သွားတာကယဲ ရုပ်ရှင်ထဲက လူကြမ်းလို နှုတ်ခမ်းမွေးသပ်ပြီး ရယ်နေတဲ့ပုံကို မြင်ယောင်မိပါရဲ့ ချိတ်ချိုးကြေးညော် :mrgreen:

    • black chaw

      March 18, 2014 at 8:35 am

      @ Paing Lay ;
      သိတ်ကောင်းတဲ့ ဥပမာပဲ ပိုင်လေးရေ…။
      :mrgreen:

  • Ma Ma

    March 14, 2014 at 8:59 pm

    ဖေ့စ်ဘုတ်ကြီးကို စိတ်နာသတဲ့လား။
    အသံကြီးက ကျေနပ်သံကြီးနဲ့ 😀

    • black chaw

      March 18, 2014 at 8:37 am

      @ Ma Ma ;
      ကွယ်…။
      ဒီ အသံကြီးကပဲ စိတ်ကုန်တာ မပေါ်လွင်ဘူး
      ဖြစ်နေတယ်…။
      :mrgreen:

  • padonmar

    March 14, 2014 at 9:51 pm

    ဝရမ်းပြေး
    မိတုန်းပြောထားတာ.
    မဒမ်ဘလက်ကို တိုင်လိုက်မယ်။

    • black chaw

      March 18, 2014 at 8:41 am

      @ padonmar ;
      တိုင်တော့ မတိုင်လိုက်ပါနဲ့ အစ်မရယ်…။
      :mrgreen:

  • အွန်းလေ.. အောင်မြင်တယ်ဆိုတာလည်း လက်ခံအားပေးတဲ့သူရှိလို့ အောင်မြင်တာပေါ့နော်..
    ဟီး. တွေးကြည့်တာ… :mrgreen:

    • black chaw

      March 18, 2014 at 8:44 am

      @ လုံမလေးမွန်မွန် ;

      :mrgreen:

  • ရဲစည်

    March 17, 2014 at 10:52 am

    ဇာဇာရဲ ဆိုပီး သများ မဖေါ်အချွတ်တွေနဲ့ ကော့ကန်ကား ရိုက်ပြရင်ရော Like လုပ်ပီး အားပေးမှာလား အူးလေး
    အဟေး
    အဟေး

    • black chaw

      March 18, 2014 at 8:46 am

      @ ရဲစည် ;
      အားပေးဦးမှာ…။
      Like လုပ်ပြီးတော့ကို အားပေးဦးမှာ…။
      :mrgreen:

  • Crystalline

    March 17, 2014 at 1:53 pm

    ဦးဘလက်ပြောမှ.. ဇာဇာထက်နဲ့ဇွန်သင်ဇာသွားရှာတာ.. ဇာဇာထက်ပဲတွေ့ခဲ့တယ်.. :loll: သူတို့ကိုလည်းဘယ်လိုကောက်ချက်ချရမလဲတောင်မသိတော့ဘူး…

    • black chaw

      March 18, 2014 at 8:49 am

      @ Crystalline ;
      ကောက်ချက်…။
      ဟုတ်တယ်…။
      အဲဒီ ချလိုက်တဲ့ ကောက်ချက် က ဘယ်လို
      ကောက်ချက်မျိုး ဖြစ်မလဲ…။
      အဲဒါ ပြောချင်တာပါဗျာ…။
      :mrgreen:

    • black chaw

      March 18, 2014 at 8:52 am

      @ ရွှေအိမ်စည် ;
      မမြင်ရတာ အတော် တောင် ကြာပြီနော်…။
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူပါဗျာ…။

Leave a Reply