လူ့စိတ်သိစေ ဖဲရိုက်ကြည့်လေ

ဟီး ဟီး  ဘာရယ်မဟုတ်ပါဘူး ၊ ဟိုးတလောက ဖဲဇာတ်လမ်းပို့စ်လေးကို သတိရပြီး ရေးလိုက်တာပါ ၊

လူ့စိက်ကို သိစေတဲ့အထဲမှာ ဖဲရိုက်ကြည့်တာလည်း ပါတယ်လို့ ကျနော် ဆိုလိုချင်တာပါ ၊

ကျနော် ဖဲဆရာကြီး ဟုတ်ရပါဘူးဗျာ ၊

ဖဲကို စတတ်တာ အဖွား နာရေးတုန်းကပါ ၊ အဖွားက မန္တလေးက အဒေါ်အိမ်မှာဆုံးတော့ ရန်ကုန်ကနေ အမေ နဲ့ ကျနော်က သွားရတာပေါ့ ၊

၈ တန်းအရွယ်ဆိုတော့ ခရီးသွားရတာကိုပဲ ပျော်နေတာ ၊ အဒေါ့်အိမ်က ၇၄ လမ်း ၃၁ နဲ့ ၃၂ ကြား ၊ ဆေးကျောင်းအနောက်ဘက် မောရဂီဝါရပ်တဲ့ ၊

ဆွေမျိုးတွေစုံ ၊ ကလေးတွေလည်းဆုံ ၊ အဲသည်မှာ ကျနော်တို့ ညီအကိုမောင်နှမတွေ ဖဲရိုက်ကြမယ်ပေါ့ ၊ ကျနော်က ဘာမှမတတ်တော့

ကိုးမီးက စသင်ရတယ် ၊ ကိုယ်ရလာတဲ့ ဖဲ ၃ ချပ် ရလဒ်ကိုပေါင်း အပွင့်အကြီးဆုံးက စားပေါ့ဗျာ ၊

အဲဒီကနေ တဖြည်းဖြည်း တတ်လာခဲ့တာ ၁၉၈၂ အင်းစိန်ဂျီတီအိုင်ကျောင်းသားဘဝမှာ ပိုကာကိုတော့ အတော်ကျွမ်းနေခဲ့ပြီ ၊

ဆင်မလိုက် သင်္ဘောကျင်းရောက်တော့ ဒေါက်လာတင်တဲ့ ပီအိုင်စီ ရေနံတွန်းသင်္ဘောတွေက ( ဆင်ပြောင် တို့ ရေကျွဲ တို့ ) ဆရာ့ဆရာကြီးတွေနဲ့

ပြီးတော့ ဒေါက်လာတင်တဲ့ ရေတပ်သင်္ဘောက ဆရာကြီးတွေနဲ့ ဆော်ကြတာပေါ့ ၊

အဲဒီတုန်းက ပိုကာဆို ၃ ကျပ် ၁ ကျပ်ဝိုင်းဆိုတာ ဆရါကြီးဝိုင်း ကြေးကြီးဝိုင်းပေါ့ဗျာ ၊ လဘက်ရည်က ၁ ကျပ်ခေတ်ကိုး ၊

အဲဒီမှာ ရှိူး ဆိုတာ စပြီး တတ်လာခဲ့တယ် ၊

ဒါပေမယ့် ကျနော်တို့က အပျော်ထမ်း ကစားသမားတွေမို့ ပိုက်ဆံ သိပ်မကုန်တဲ့ ၂ ကျပ် ငါးမူး ပိုကာဝိုင်းမျိုးမှာပဲ အားတဲ့အခါ ကစားကြပါတယ် ၊

တစ်ခါမတော့ ရတနာပုံသင်္ဘော ( လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးအတွက်ဆောက်တာ ) ပြီးခါနီးလို့ ကျနော်တို့

စက်တပ်ဆင်ရေးအလုပ်ရုံက ညဘက်မှာပါ သင်္ဘောပေါ်မှာ စောင့်ရချိန် ၊

လွန်းလာတင်တဲ့ ရေတပ်က သုတေသီ သင်္ဘော ၊ ပီအိုင်စီက ဆင်ပြောင် ၁၆ သင်္ဘောကလူတွေနဲ့

ကျနော်တို့ သင်္ဘောကျင်းကလူတွေ ရတနာပုံပေါ်မှာ ဝိုင်း ၂ ဝိုင်းနဲ့ ဆော်ကြရော ၊

ရေတပ်ကဟာတွေရော ရေနံကဟာတွေပါ အိမ်ရှင် ဆင်မလိုက်သင်္ဘောကျင်းကို ဒူးထောက်ရတော့တာပဲ ၊

ဘယ်လောက်ဆိုးလည်းဆို တွမ်တီးဝမ်း ဒိုင်ကိုင်တဲ့ ဆင်ပြောင်ဆလင်ခမျာ လျော်စရာ ပိုက်ဆံကုန်လို့ ဒီဇယ်နဲ့လျော်သဗျာ ၊

ငါးဂါလံ တစ်ပုံးကို ၃၅ ကျပ်လား သိပ်တော့ မမှတ်မိတော့ဘူး ၊

မနက်မိုးလင်းတော့ ငါးဂါလံပုံးတွေနဲ့ ဆင်ပြောင်ဆီမှာ သွားထုတ်ရတာ မှတ်မိသေးတယ် ၊

ပြီးတော့ အဲဒီဆီကို မော်တော်ယာဉ်ဌာနမှာ သွားသွင်းရတာပေါ့ ၊

ပြန်ပြောရင် လွမ်းချင်စရာ  ၊

ကျနော့်ဦးလေးတစ်ယောက်က ပြောဘူးတယ် ၊ ကိုမျိုး မင်း ဖဲမရိုက်နဲ့လို့ ငါ မပြောဘူး ၊ ငါတို့လည်း တစ်ခါတစ်လေ အပျင်းပြေကစားတာပဲ ၊

အေး တစ်ခုပဲ ရှိတယ် ၊ မင်း ဘယ်လောက် အရှူံးခံနိူင်သလဲ ၊ တစ်ထောင်လား ၊ အဲဒါဆို တစ်ထောင်ပဲ အိတ်ထဲထည့်သွား ၊

အဆင်မသင့်လို့ ကုန်သွားရင် ပြန်ခဲ့တော့တဲ့ ၊

ဒီဘက် အိမ်ထောင်သည်ဘဝ ရောက်လာတော့ မကစားဖြစ်တော့ပါဘူး ၊

နောက်ပိုင်း မိန်းမက မရှိ ၊ ကလေးတွေကလည်း တက္ကသိုလ်ရောက်လာတဲ့ လွန်ခဲ့တဲ့ ၃ _ ၄ နှစ်လောက်ကစပြီး

တစ်လတစ်ခါ နှစ်လတစ်ခါ သူငယ်ချင်းတွေ ဆုံပြီး ဖဲရိုက်ကြပါတယ် ၊

တစ်ချို့ကအပျော် တစ်ချို့ကတော့ နိူင်ကိုနိူင်ရမယ်ဆိုတဲ့ စိတ်တွေနဲ့ပေါ့ ၊

အဲသည်မှာ လူတွေရဲ့   စိတ်တွေ အကျင့်တွေကို မြင်ရတော့တာပါပဲ ၊

တချို့က သူငယ်ချင်းတွေ ဆုံတာမို့ ဘီယာလေးသောက် ဆေးလိပ်လေးဖွာ စကားလေးပြော ၊

တချို့က ကိုယ့်အိတ်ထဲက ကုန်ရင် ပေးစမ်းပါဦး ဘယ်လောက်ဆိုပြီး ဆက်ကစား ( အဲဒီမှာ ပြန်ပေးတတ်သူရှိသလို မေ့ချင်ယောင်ဆောင်တဲ့သူလည်းရှိ )

တချို့က နိူင်နေရင် ခိုးသိမ်းတတ်ကြတယ် ၊ ရှိူးဆိုတာ ဆက်ရှင်ပြည့်မှ ပိုက်ဆံ တင်ရတာလေ ၊

တချို့က ခါးကဖုန်းကို ချေပေါင် လက်ကနာရီချွတ်ပေါင် ( အဲဒီမှာ ပြန်ရွေးသူရှိသလို တချို့က ရှူံးတာမို့ အတင်းပြန်တောင်းတာလည်းရှိ )

တချို့က နိူင်သွားရင် အိတ်ထဲထည့်ပြန်

တချို့က နိူင်သွားရင် လာ ဘယ်ဆိုင်မှာ သွားသောက်ဦးစို့ဆိုပြီး နိူင်သမျှ ပြန်ကျွေးမွေးတာလည်း ရှိတယ် ၊

ဒါတောင် ဒီလူတွေဟာ သူငယ်ချင်းတွေနော် ၊ သူစိမ်း မပါဘူး ၊

သူစိမ်းတွေဆိုရင် ဒီထက်မကတဲ့ စိတ်ဓါတ် စိတ်ထား နဲ့ အကျင့်စရိုက်တွေကို

မြင်သိ တွေ့ကြုံကြရမယ် မဟုတ်ပါလား ၊

 

Photo2155

22 comments

  • ဘရန်းဒက် ကေဇီ

    March 14, 2014 at 4:00 pm

    ပြောပါတယ်။
    သများ က သူ့သဘောသိချင်ရင် ဖဲရိုက်တာပါဆိုနေ။
    ခရီးအတူထွက်ရတာ အန်ဒရယ် များတယ်လေ။
    အဟွတ်။ :mrgreenn:

    ဖဲရိုက်ရတာ နိုင်ရင် အမြတ်ထွက်သေးတယ်။
    ရိုက်ချင်လွန်းလို့ မဟုတ်ပါဘူးဟယ်။
    သူ့ သဘောကို သိရအောင်ပါ။
    ဟေးဟေးဟေးးး

    :mrgreen:

  • တိမ်မည်း

    March 14, 2014 at 4:06 pm

    ဖဲ = မှန် = ကုလားကား

    ဖဲမရိုက်တက်သော ယောကျာင်္း မိန်းမ မရှိဟူသော မြို ့လေးကနေ ့အခုမှ ပြောင်းလာတာဆိုတော့ ဖဲ အကြောင်း မသိဖူးကွယ်……

    :mrgreen:

  • kyeemite

    March 14, 2014 at 4:09 pm

    ခီများပို့စ်ဖတ်ပီး ဖဲရိုက်ချင်စိတ်ပေါ်လာသဗျာ..လာလေ..“ရှိုး” လိုက်ရအောင် 😀

  • Myo Thant

    March 14, 2014 at 4:19 pm

    ကေဇီရယ် စနိူးစမိုင်းလ်ရယ် ကိုပေါက်ရယ် ကိုကျောက်စ်ရယ် ကိုမိုက်ရယ် ခရစ္စတယ်လိုင်းရယ် ပိုင်လေးရယ် အမသဲရယ် မမရယ် ကျနော်ရယ် ဟီးဟီး ၂ ဝိုင်းစာပဲဗျာ ၊

    ဗျို့ ဆိုင်ရှင်ကြီး 888 လေးထုတ်ပေးပါဗျာ ၊ ၂ ဝိုင်းစာ 🙂

    • ဘရန်းဒက် ကေဇီ

      March 14, 2014 at 4:24 pm

      သများ က စက္ကူဖဲ မကြိုက်ဘူးနော်။
      ပလပ်စတစ် ဖဲလေးမှ။
      နောက်ပြီး ဘေးမှာ အစားအသောက် စီစဉ်ပေးတဲ့ သူရော ရှိမှနော်။
      ဆုံလည် ကုလားထိုင်နဲ့ အဲယားကွန်းခန်းထဲမှာမှ။
      :mrgreen:

      ဟေးဟေးဟေးးးး
      အဲလို မပြောပါဘူးးးး
      ရုပ်ပိုင်းဆိုင်ရာ ဘယ်အခြေအနေဖြစ်ဖြစ်ပါ။
      ဒါပေမဲ့ စိတ်ကြည်မှ ကစားပါတယ်။ :mrgreenn:

      • Myo Thant

        March 14, 2014 at 4:32 pm

        အမယ်လေး
        တကယ့်ဆြာမကြီးပါလား 🙂

        လက်ထိပ်အိမ်မှာ ထားလို့ မဖြစ်ချေဘူး ၊
        တစ်အိမ်ကျော်လောက်မှာနေမှ ၊

  • snow smile

    March 14, 2014 at 4:45 pm

    မ ခိုး ရင် မ နေ နိုင် တာ က လွဲ လို ့
    အဲ လေ ဟုတ် ပါ ဘူး
    ပြော ချင် တာ က
    ( တွမ် တီ ဝမ်း ကိုးမီး ဘူ ကြီး ၃ မျိုး သာ တတ် ပါ ကြောင်း)

    ကျွန် မ ပါ ရ မယ် ဆို ရင် ကျွန်မ ဖဲ စည်း ကမ်း တွေ သ ဘော တူ မှ နော်

    • Myo Thant

      March 14, 2014 at 4:53 pm

      အောက်ဖဲတော့ ခိုးမကြည့်ကြေးလေကွယ် ၊

      ပြီးတော့ ထိုင်ရိုက်ရမယ် ၊ ဟီး ဟီး 🙂

  • alinsett (gazette)

    March 14, 2014 at 5:34 pm

    ရိုက်ကျိဦးမယ်။

    🙂

    ရိုက်တော့ မရိုက်တတ်သေးဘူး

    ဆိုတော့ အရင် သင်ရဦးမယ်

  • TNA

    March 14, 2014 at 7:08 pm

    ပိုကာဝိုင်းမယ် ပိုကာဝိုင်းမယ်။ ခုတလော ပိုးမျိုးရှစ်ဆယ်ထကြွအောင်မြှူဆွယ်နေတဲ့ပိုစ့်တွေ သာမီးသိပ်မုန်းတာပဲမေမေ ( ခွဒစ်တူ မယ်ဂိ့ ) :mrgreen:

  • Ma Ma

    March 14, 2014 at 8:56 pm

    (မင်း ဘယ်လောက် အရှူံးခံနိူင်သလဲ ၊ တစ်ထောင်လား ၊ အဲဒါဆို တစ်ထောင်ပဲ အိတ်ထဲထည့်သွား။)
    အဲဒီစကားလေး အတော်ကောင်းတယ်။
    ပြောမယ့်သာ ပြောရ ခုခေတ်မှာ ဖဲရိုက်တာကတောင် တော်သေးတယ်ပြောရမယ်။
    သူ့ထက်ဆိုးတဲ့ Game ကစားပြီး ဘဝပျက်သွားတာတွေ အပုံကြီးးးး 🙁

    ကလေးတွေကို သင်ပေးတယ်ဆိုလို့ အထင်ကြီးမနေနဲ့အုံး။
    လူဝင်ဆန့်အောင် ရိုက်တတ်တာ မဟုတ်ဘူး။ :kwi:

  • 2008 မှာ အဖွားဆုံးတယ်.. ဖဲအကြောင်း နည်းနည်း သိတယ်..
    နောက် အဆောင်ပြောင်းတယ်.. အဆောင်သစ်မှာ ပိုကာဒေါင်းတတ်သွားတယ်.. မှတ်မိသေးတယ် တစ်ပွဲကို ၃ဝ ကြေးဆော့တာ..ပိုက်ဆံဖဲဆို ၁ဝ .. အဲ့ဒါတောင် တစ်ခါတစ်ခါ ၅၀ဝ – ၁၀၀ဝ လောက်အထိ အနိုင်အရှုံးဖြစ်တယ်..

    2009 မှာ အဖေဆုံးတော့ စိတ်ညစ်ညစ်နဲ့ သယ်ရင်းတွေနဲ့ ဖဲထိုင်ရိုက်တာ.. နာမည်ကြီးသွားရော..
    အဖေ့နာရေးမှာ ဖဲရိုက်တာ ဒီသမီးတစ်ယောက်ပဲ မြင်ဖူးတယ်တဲ့.. သိဘူးလေ.. သများလည်း စိတ်ပြေရာပြေကြောင်းလေး ဆော့ကြည့်တာကို.. :mrgreen:

  • padonmar

    March 14, 2014 at 9:59 pm

    ဂဇက်ရွာသားတွေ ဖဲရိုက်ရင် ကျမတော့ ဖွန်ကျဲ ဖဲကျွန်ဖြစ်မှာပဲ။
    ညံ့လို့။

  • snow smile

    March 14, 2014 at 10:11 pm

    ကျွန် မ အ မြင် ကျွန် မ အ ထင် က တော့
    ရွာ ထဲ မှာ ဖဲ သ မား စစ် စစ် မ ရှိ ပါ
    ဖဲ သ မား စစ် ရင် ဖဲ ရိုက် နေ ရ တာ နဲ့
    ရွာ ထဲ လည် ဘို ့ အ ချိန် တောင် ရ မယ် မ ထင်

  • MAUNG

    March 15, 2014 at 3:35 pm

    ဖဲ ကောင်းကောင်း မရိုက်တတ်ပါ၊ ဒါပေမဲ့ ဖဲရိုက် ရရင် ပျော်ပါသည် ။
    ကိုကြီး မျိုးတို့ ရိုက်ရင် သံချောင်း ခေါက်လိုက် ပါ ။ တစ်အိမ် ပါ ပါမည် 🙂

    • ဘရန်းဒက် ကေဇီ

      March 15, 2014 at 5:41 pm

      မောင်။
      သများ အိမ် ကို စပွန်စာပေးးးး
      မောင်က ပိုက်ဆံစိုက်။
      သများ က ရိုက်ပေးမယ်။
      ကောင်းဘူးလားးးးးး :mrgreenn:

      (ကေဇီ၊ မင်း အကြံပိုင်သကွာ)

      :mrgreen:

      • MAUNG

        March 15, 2014 at 6:21 pm

        လုပ်လိုက်လေ ကြာသလား လို့၊ နိုင်ရင် တစ်ယောက် တစ်ဝက် ဟေးဟေး 😀

  • MAUNG

    March 15, 2014 at 6:30 pm

    ရွာ ထဲမှာ ဖဲ ခေတ်စား နေတုံး ကျွန်တော့ မိုက်မိုက်ကန်းကန်း ဖဲဇာတ်လမ်း လေး လဲ စာတစ်ပုဒ် လောက်ရေးကြည့်ဦးမယ် 😛

  • weiwei

    March 16, 2014 at 9:27 pm

    ဒီပို့စ်ဖတ်လိုက်မိတာ တစ်ခုခုကို သိသွားတယ် … 😉

  • Wow

    March 17, 2014 at 4:38 pm

    ဘူက ဖဲပြင် အဲလေ.. ကုလားဖန်ထိုးမလဲ… :mrgreen:

  • ခင် ခ

    September 14, 2014 at 3:30 am

    ငွေကြေးမပါဘဲ အပျော်ရိုက်တဲ့ဖဲဝိုင်းမှာတော့ လူစိတ်အမှန်သိပါ့မလားလို့

Leave a Reply