ကျနော့်အတွက်… ဂဇက်မှ….အမှတ်တရများ..

alinsettMarch 15, 20142min25433

 

 

ဒီနာရီလေးကတော့....၏..နာနာနဲ ့ မရီရပါဘူး  ။
ဒီနာရီလေးကတော့……နာနာနဲ ့ မရီရပါဘူး ။

 

 

မင်းကြောက်ရမယ့်အရာ... တစ်ခုပဲရှိတယ်.. အလင်းဆက်ရေ...
မင်းကြောက်ရမယ့်အရာ…
တစ်ခုပဲရှိတယ်.. အလင်းဆက်ရေ…

 

သတင်းစာမှာ ကဗျာပါတုန်းက..ရတဲ့ 10 ထည့်တဲ့အိတ်
သတင်းစာမှာ ကဗျာပါတုန်းက..ရတဲ့ $ 10 ထည့်တဲ့အိတ်

 

ကထူးဆန်းကြီးပေးတဲ့ လက်ဆောင်.. မြတ်နိုးလွန်းတဲ့အရာ... တစ်ခုပေါ့
ကထူးဆန်းကြီးပေးတဲ့
လက်ဆောင်..
မြတ်နိုးလွန်းတဲ့အရာ…
တစ်ခုပေါ့

 

 

အမှတ်တရ စာအုပ်လေး..
အမှတ်တရ စာအုပ်လေး..

 

အမှတ်တရ စာအုပ်ထဲက... အမှတ်တရ လက်မှတ်ကလေးတွေ..
အမှတ်တရ စာအုပ်ထဲက…
အမှတ်တရ လက်မှတ်ကလေးတွေ..

 

အမှတ်တရ... သတင်းစာလေးတွေ..
အမှတ်တရ…
သတင်းစာလေးတွေ..

 

အဲဒီ သတင်းစာထဲမှာပါခွင့်ရတဲ့ကဗျာလေး...
အဲဒီ သတင်းစာထဲမှာပါခွင့်ရတဲ့ကဗျာလေး…

 

ထာဝရ.. သိမ်းထားချင်သည့် အမှတ်တရများ
ထာဝရ..
သိမ်းထားချင်သည့်
အမှတ်တရများ

 

 

 

 

ကျနော့်ဘဝရဲ့ အမှတ်တရလေးများ
ကျနော့်ဘဝရဲ့
အမှတ်တရလေးများ

 

 

ဘာရယ်မဟုတ်ပါဘူး…။

 

မနက်က…..

 

ပျင်းလို ့.. ဖုန်းအစုတ်လေးနဲ ့.. ဟိုရိုက်ဒီရိုက်  ရိုက်ထားတာလေးတွေ…..

 

အမှတ်တရတွေဆိ်ုတော့လည်း..အမှတ်တရ ဖြစ်စေချင်တာပေါ့…. ။

 

ဖုန်းက…..ကင်မရာ သိပ်မကောင်းတော့..ပုံလေးတွေက…..သိပ်တော့မကြည်ဘူးနော်..

 

:kwi:

 

 

———————–

 

လေးစားစွာဖြင့်…..

 

အလင်းဆက် ( Gazette )

15 / 3 / 2014 /

 

33 comments

  • kai

    March 15, 2014 at 5:30 pm

    ပိုအမှတ်တရဖြစ်သွားအောင်.. လာမယ့်သင်္ကြန်မှာ.. သင်္ကြန်ခွေးသားရေမှတ်စုရေးပါ့လား..။
    သတင်းစာထဲထည့်ပေးဦးမယ်..။ :mrgreen:

    • alinsett (gazette)

      March 15, 2014 at 5:37 pm

      စာရေးဖို ့….
      အင်း….ကကြီးလေးတစ်လုံးတောင်.. ရေးဖို ့အင်အားမရှိ… သေးပါဘူး သဂျီးရယ်… ။
      ————-
      အခု ရက်ပိုင်း တင်နေသမျှ က…ဟိုအရင်က ရေးပြီးမတင်ဖြစ်တာလေးတွေ… ။

      ————-

      သင်္ကြန်နဲ ့ပက်သက်ပြီး..တစ်ခုခုတော့..ရေးဖို ့ကြိုးစားပါဦးမယ်.. ။

      😆

  • ဘရန်းဒက် ကေဇီ

    March 15, 2014 at 5:39 pm

    နောက်ခါ လူကြုံရင် နာ့ မောင်လေးအတွက် လက်ဆောင်ထည့်ပေးလိုက်ပါ့မယ်။

    ဒါပဲနော်။
    မမဂျီး လက်ဆောင်ကို ဘုန်းကြီးကျောင်း မပို့ရဘူးးးး
    ခွီးခွီးခွီးးးးးးးး

    😀

    • alinsett (gazette)

      March 15, 2014 at 5:44 pm

      ဘုန်းကြီးကျောင်း မပို ့စေချင်ရင်..
      ဘီး..တို ့… ဦးထုပ်တို ့…
      ခေါင်းလိမ်းဆီတို ့….
      ခေါင်းလျှော်ရည်တို ့..ပေးရမယ်..
      ဒါပဲ…
      ( အဲဒါတွေဆိုရင်တော့.. သုံးပြီး.ဗူးခွံပဲ..သိမ်းထားလို ့ရမှာ… )

      :kwi:

  • padonmar

    March 15, 2014 at 9:07 pm

    အဲဒီ စာအိတ်ပေါ်က လက်ရေးက ဒီလောက် မလှတာ အာတီဒုံ့လက်ရေးပေါ့။
    သဂျီးလက်ရေးသာဆို ဘယ်ဒီလိုနေမလဲ၊(ဖတ်လို့တောင်မရဘူး)

    • alinsett (gazette)

      March 16, 2014 at 7:38 am

      သဂျီး လက်ရေးး ဖတ်ချင်ထာ

      လာပါ နောက်တစ်အိတ်

      :kwi:

      • kai

        March 16, 2014 at 6:26 pm

        အဟမ်း..
        လက်ဆောင်ပေးရင်သတင်းစာအပေါ်မှာ အမှတ်တရစာရေးလိုက်လေ့ရှိပါတယ်..။
        အရီးပဒုမ္မာပြောသလို.. တော်တော်များများပြောကြတယ်..

        ဖြစ်မှာပေါ့..
        မြန်မာစာကို လက်ရေးနဲ့မှမရေးရတာကြာလှပေါ့…
        ကွန်ပူတာခေတ်ဝင်ကတည်းက.. ကီးဘုတ်နဲ့အတူတကွ နေထိုင်ခြင်းဘဝ ရောက်ခဲ့တာကိုး..
        ဒါပေမယ့်..
        ဆယ်တန်းအောင်တုံးကတော့.. မြန်မာစာ ဂုဏ်ထူးပါခဲ့တယ်… ခင်ည..။ :mrgreen:

        • alinsett (gazette)

          March 17, 2014 at 9:20 am

          ဘာပဲဖြစ်ဖြစ်ပါလေ
          လက်ရေးနဲ့ စာလေးမြင်ရတာ ပိုအမှတ်တရရှိပါတယ်

          🙂

        • kyeemite

          March 17, 2014 at 2:22 pm

          သဂျီးကတော့ ကြွားပီဟေ့….အမှတ်တရပဲပေါ့လေ 😀

  • TNA

    March 15, 2014 at 10:10 pm

    သူ့ဆီမယ် အမှတ်တယဒွေအညားဂျီး။ သညားချီမယ်တခုမှမချိဘု။ တခုလောက်ပေးမားငင် 🙂

    • alinsett (gazette)

      March 16, 2014 at 7:37 am

      ပေးဘူးးးး

      ဘုန်းကြီးကျောင်းပဲ လှူမှာ

      🙂

  • မိုး မင်းသား

    March 16, 2014 at 5:46 pm

    အလင်းဆက်ရဲ ့gazette အမှတ်တယထဲသများလည်းပါဘူး

    ဝမ်းနည်းထှာလေ

    ငါငိုအုန်းအံ ့

    • alinsett (gazette)

      March 16, 2014 at 5:50 pm

      အော် သများရယ်

      🙂

      သများအမှတ်တရပါချင်ရင် ဟိုတခါ ကနေတဲ့ပုံလေး ထည့်ပြပေးထားရမားဟင်. . .

      🙂

  • ခင် ခ

    March 17, 2014 at 12:19 am

    ဇာတ်လမ်းမြင်ကွင်းလေးတစ်ခုပြောခွင့်ပြုပါ
    တစ်ခါက လူငယ်လေးတစ်ယောက်ဟာ အိမ်ရောက်ရင်နေ့လည်စာ စားဖို့သူရခဲ့တဲ့ လုပ်ခနဲ့ လမ်းထိပ်ထမင်းဆိုင်မှာ ထမင်းနဲ့ဟင်းဝယ်ကာ ထမင်းထုပ်လေးဆွဲပြီး အိမ်ကိုလျှောက်လာခဲ့တယ် အိမ်ရောက်ရင်စားပလိုက်မယ်ပေါ့။
    လမ်းမှာဘုန်းတော်ကြီးတစ်ပါး ဆွမ်းခံကြွလာတာနဲ့ကြုံတော့ ထမင်းထုပ်ကို လှုလိုက်ရင်ကောင်းမလား အတွေးဝင်တယ်တဲ့။ ဘုန်းတော်ကြီးရဲ့သပိတ်မှာ ဆွမ်းဟင်းတွေ သစ်သီးတွေတော့ အလှုခံရပြီးသားပါ။
    နောက်တစ်ခါ သီလရှင်တစ်ပါးတွေ့တယ် အဲဒီတော့ ဒီထမင်းထုပ်ကိုလှုရင်ကောင်းမလား သဒ္ဒါစိတ်ထပ်ဖြစ်ပြန်ရော ဒါပေမယ့် သီလရှင်မှာ ဆန်အလှုခံခဲ့တာ အတော်ရလာတာမို့ ကျောင်းရောက်ရင်ထမင်းချက်လောက်မယ်။
    နောက်တစ်ခါ အဖိုးအိုတစ်ဦးတွေ့တယ် သူလုပ်ကိုင်ရှာဖွေနိုင်တဲ့အရွယ်မဟုတ်လို့ တောင်းစားနေရတာမို့ သနားပြီးထမင်းထုပ်ပေးလိုက်ရင်ကောင်းမလား အတွေးဖြစ်ပေမယ့် အဖိုးလက်ထဲမှာ သူကိုသနားလို့ပေးသွားတဲ့ ပိုက်စံအတော်အသင့် တွေ့ရတယ်။ အဲဒီမလှမ်းမကန်းမှာ ကလေးလေးတစ်ယောက် ညစ်ပေစွာနဲ့ ဦးဦးတို့ အဒေါ်တို့ရေ သားဗိုက်စာလို့ ထမင်းဖိုးလေးပေးခဲ့ပါလို့ တောင်းနေတာတွေ့လို့ သနားသွားပြီး ဒီထမင်းထုပ်သွားပေလိုက်မယ်ဆိုပြီးသူနား သွားတော့ ကလေးရှေ့ကခွက်ထဲမှာ ငွေစလေးတွေ အတော်များသကား။
    အဲဒီအချိန်မှာဘဲ အရူးမတစ်ယောက်က ငါ့ကိုထမင်းကျွေးပါလား ငါဗိုက်ဆာနေလို့ ဆိုပြီး လမ်းသွားလမ်းလာတွေကို ကောင်းမွန်စွာပြောပေမယ့် လမ်းသွားလမ်းလာတွေက ဟိန်းဟောက်မောင်းထုတ်ကြ တစ်ချို့က ထီနဲ့ရိုက်မည့်ဟန်လုပ်ကာ အနားကပ်မခံကြ ကလေးတွေက ခဲနဲ့ပေါက်ကြ အဲလိုမြင်တွေ့တော့ ဒီအရူးမကို ထမင်းကျွေးမည့်သူ ရှားလောက်တယ် ဒါကြောင့်ငါစားဖို့ဝယ်လာတဲ့ ဒီထမင်းထုပ်ကိုသူကို ပေးလိုက်မယ်ဆိုပြီး အရူးမကိုပေးလိုက်တယ် အဲဒီမှာ အရူးမခမျာ ထမင်းနပ်မှန်အောင်မစားရသူမို့ သူပေးလိုက်တဲ့ထမင်းထုပ်ကို ဝမ်းသာအားရယူသွားပြီး လမ်းဘေးပလက်ဖောင်းမှာ အားပါးတရစားနေတာကြည့်ပြီး လူငယ်လေးဟာ သူထမင်းထုပ်ပေးလိုက်တာ တကယ်လိုအပ်တဲ့သူကို ပေလိုက်ရလေခြင်းဆိုပြီး အရမ်းဝမ်းသာသွားတယ်တဲ့လေ။
    မဆီမဆိုင်ကျုပ်ဝင်ပြောပြန်ပြီလို့ဆိုရင်တော့ ခင်လို့ပြောတယ်မှတ်ပေါ့ဗျာ။

  • Mr. MarGa

    March 17, 2014 at 11:39 am

    အမှတ်တရ….
    အမှတ်ရစရာ
    ထပ်ကာ ထပ်ကာ ရှိစေသော်ဝ်

  • မဟာရာဇာ အံစာတုံး

    March 17, 2014 at 12:16 pm

    နောက်ထပ် အမှတ်တရ တစ်ခုက
    ခုထိ … ဘာမှ မထူးခြားသေးဘူးလား …
    အေး .. အချင်းချင်းတွေကို ..
    လျှိုတော့ မလျှိုထားကြနဲ့နော် ….
    လျှိုထားတာ သိလို့ကတော့ .. နင်တို့တွေကို သေခန်းပြတ်ပဲ …

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 12:18 pm

      သိပ်မပြောပါနဲ့အေ။
      ရွာထဲမှာပါ ရှင်းလင်းချက်တွေ ထပ်ထုတ်နေမှ
      တို့မသိတဲ့အကြောင်းအရာတွေ ထပ်သိနေမှဖြင့်!!

      :kwi:

      • alinsett (gazette)

        March 17, 2014 at 1:17 pm

        အဟိ

        ရွာထဲ ရှင်းချက်လေး ထုတ်ကြရင်ကောင်းမလားးးး

        🙂

        • ဘရန်းဒက် ကေဇီ

          March 17, 2014 at 1:34 pm

          ကောင်းသားပဲ။
          တို့ ရှင်းချက်ထုတ်မှ သူတို့ သို့လောသို့လောဖြစ်အောင်။ :mrgreenn:

          အလက်ဆင်းက ရှေ့က ရှင်းးး
          မမဂျီးတို့က နောက်က လိုက်ရှုပ်ဖို့တာဝန်ထား……

          :kwi:

    • alinsett (gazette)

      March 17, 2014 at 1:15 pm

      အိုက်ကိစ္စက
      နာမည်ကြီး ထမင်းငတ်ပါရှို

      :kwi:

  • Crystalline

    March 17, 2014 at 1:09 pm

    အေပါ.. သိပါဗျီ… ကိုင်း… ကျနော့်အတွက်.. မန်းလေးမှအမှတ်တရများလည်း တင်ပါအုန်း :kwi:

    • alinsett (gazette)

      March 17, 2014 at 1:13 pm

      တိန်

      မန်းလေး နဲ့ ကျနော်
      ပြီးတော့ ဟိုတစ်ယောက်
      တွဲကိုမြင်နေကြတာပဲ

      အဟိ

      🙂

  • myat pearl phyu

    March 20, 2014 at 2:43 pm

    Top 10 စာရင်းမှာ ထိပ်ဆုံးက နေရာယူထားတာ့ပဲ ကို …

    alinsett (91169 Kyats ) တဲ့ …

    ကျော်ကြားတဲ့ ရွာသားလေး တစ်ယောက် ပေါ့ နော် …
    အမှတ်တမဲ့ မဟုတ်တဲ့ အမှတ်တရလေးဒွေ ထပ်ထပ် ရ ပါ စေ သား ရှင့် … …

    • alinsett (gazette)

      March 20, 2014 at 4:35 pm

      ဟုတ်

      သုံးနှစ်နီပါးး ကာလ အတွင်းမှာ တစ်သိန်းပြည့်တော့မယ် ဆိုပါတော့

      Top စာရင်းထဲ ဘာလို့များရောက်သွားသလဲတော့ မသိပါဘူး။

      ကျနော့်ထက် စာရေးကောင်းတဲ့သူတွေ
      အတွေးအခေါ်ရင့်သန်တဲ့သူတွေ
      ကျနော့်ထက်ပို နာမည်ကျော်ကြားသူတွေ ဒီရွာထဲမှာ အများကြီးပါ။
      ကျနော်က ပမွှား

      🙂

      ကျနော်ရေးခဲ့တာတွေ တော်တော်များများကို ကျနော် ပြန်ကြည့်တော့
      အားမရပါဘူးဗျာ

      🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 20, 2014 at 5:15 pm

    ပြောလို့ပြောတာ ကျုပ်ဖြင့် ဒီတစ်သက်
    ဂေဇက်ကနေ ဘါမှရတော့မယ်မထင်ဘူး
    တစ်ခါတစ်လေအတွေးတော့ပေါက်မိသား
    ကိုယ့်ဖာသာလက်ဆောင်ဝယ်ပို့ပြီး
    ဂေဇက်ကနေ ချီးကျူးဂုဏ်ပြုဆုထူးကြီးရဘါဒယ်ဆိုပြီး အတည်ဘေါက်နဲ့လုပ်မလို့

    • alinsett (gazette)

      March 20, 2014 at 5:39 pm

      အဟိ

      အဲ့လို ကွကိုယ်လုပ်ကြည့်ဦးမယ်ဂျာ ။

      ချစ်သူများနေ့မှာ. . .

      🙂

  • Ma Ma

    March 20, 2014 at 5:53 pm

    တိန်! (ခွက်ဒစ်တူ အလင်းဆက်)
    အမှတ်တရတွေ များလွန်းလို့ အားကျသွားပါသည်။ 🙂

  • alinsett (gazette)

    March 20, 2014 at 7:48 pm

    အင်းးးး
    စိတ်ရှည်လက်ရှည်နဲ ့.. Comment တွေကို. အနီတွေ ထိုင်ပေးသွားကြသူအပေါင်းကိုလည်း..
    ကျေးဇူးတင်ရမှာပေါ့…

    :kwi:

Leave a Reply