ကေဇီရဲ့ ဘဲ

ဇီဇီMarch 17, 20141min65755

ဟိ။
ကေဇီ ရဲ့ ဘဲက ဒီမှာ!

ကေဇီ ရဲ့ ဘဲ
ကေဇီ ရဲ့ ဘဲ

 

ဒီ တပတ်လည်း ထမင်းဆိုင် မဖွင့်ဖြစ်တော့မဲ့ တူတူ ထုံးစံအတိုင်း ချက်ဖြစ်တဲ့ တစ်မျိုးကောင်းလေး ပို့(စ) မလို့ပါ။

အကြောင်းပြချက်က နေခြည် ပြန်မှာမို့ သူငယ်ချင်းတွေ စု ရင်း ထမင်းစားတာ။
အဲ! နေခြည် က သားငါးလွတ် ဆိုတော့ သူ့ကို ဘရိုကိုလီလေးပဲ ကြော်ပေးနိုင်တယ်။ ခွိ။  :mrgreenn:
ကျန်တာက ဘီလူးမ (အဲလေ ဟုတ်ပေါင်) ပေါရိသာဒမ (မှားလို့) တွေ့မရှောင်တို့အတွက် နေခြည့်ကို အကြောင်းပြစားတယ်ပဲ မှတ်ပါတော့။

:sar:

ချက်နည်းကတော့ ကဘာကြော် စားဖိုမှူးတွေ ထိုင်ငိုချင်လောက်အောင် လွယ်လွန်းလို့ အောက်တွင်ရှူ့ (ဆက်ဖတ်ပါလို့ပြောတာ)

– ဟိ။ ဘဲ ကို မလှီးတတ်အောင်ကို ရိုးသားလွန်းလို့ (ယောင်လို့) ဘဲတို့ ကြက်တို့ မခုတ်တတ်လို့ ခြမ်းပြီး ဆေးပြီး ပက်ကင်ကိုပဲ ဝယ်ပလိုက်တယ်။
– အိမ်ရောက်တော့ ခုတ်တယ်မှတ်သလားးးး???  မခုတ်ဘူးးး ဓားလည်း မရှိဘူးးး။
– အဲဒါနဲ့ အဲဒီ အခြမ်းလိုက်တွေကို ဆားရယ်၊ ရှောက်ကော ပါကောရယ်၊ ပဲငံပြာရည် အနောက်ရယ် နဲ့ နယ်လိုက်တယ်။
– ဘာ ဇလုံနဲ့မှ မနယ်ဘူးးး ရိုက်ကွတ်ကာ အိုးထဲပဲ တန်းထည့်ပြီး နယ်ထားတာ။
– ကြက်သွန် နီ ဥ၊ ဖြူဥ တို့ ကို အလုံးလိုက်ခွါပြီး ပစ်ထည့်။
– ဂျင်းကို ရေပဲ ဆေးတယ်၊ အခွံတောင်မခွါဘူးးး လက်တစ်ဆစ်လောက် ထည့်လိုက်သေးးးး
– နာနတ်ပွင့် ၄ ပွင့်လောက် ကတ်ကတ်သတ်သတ်ရှာတွေ့တာကို ထည့်လိုက်သေးးး
– ပြီးတော့ ဟန်နီကန် ဘီယာလေးတစ်ဘူးကို ရေအစားထည့်ပြီး ခလုတ်နှိတ်လိုက်တာပါ ခင်ညာ။

ဘဲ နဲ့ ဘီယာရှိရင် ပေါင်မုန့်တစ်ချပ် ဝိုင်တစ်ခွက် မလိုပါဘူးးး ကေဇီ အတွက် ပေါင်မုန့်နဲ့ ဝိုင်က မလောက်လို့။ ဟိဟိ
ဘဲ နဲ့ ဘီယာရှိရင် ပေါင်မုန့်တစ်ချပ် ဝိုင်တစ်ခွက် မလိုပါဘူးးး
ကေဇီ အတွက် ပေါင်မုန့်နဲ့ ဝိုင်က မလောက်လို့။ ဟိဟိ

နာရီဝက်လောက်ဆို ကျက်လွန်းမကလို့ နူးအိ ပျော်ကျနေပြီ။

ဘဲ မြန်း ကေဇီတို့ခုတ်စရာ ပါးပါးလှီးစရာမလို ဘီယာနဲ့တွေ့တော့  နူးအိသွားတာပဲ။

IMG_8558

:kwi:

 

မနေ့က ဝက် တစ်ခေါင်းလိုက်ကို ရ ဒေါ်လာနဲ့ ရခဲ့လို့ ဆွဲခဲ့သေးးးး

-ရှောက်ကောပါကော ပဲ/ငံ အကြည်နဲ့ နယ်ပြီး ပြုတ်ထားးး
– ပြုတ်ရည်ကို သွန်တယ်။
– ကြက်သွန်ဖြူ/နီ/ငရုတ်သီးစိမ်း/ရှောက်ရွက်/ဂေါ်ဖီ ရှိသမျှ၊ ထည့်ချင်သမျှသာ ပါးပါးလှီးးး
– ဟိုတလောက ဘာဂါဆိုင်က ကျန်တဲ့ ချီလီဆော့ ရှိသေးသဟ။ ဟေးဟေးဟေးးးးး
– ပြီးတော့ သံပုရာသီး ညှစ်၊ အပေါ့အငံမြည်းလိုက်ရင် (အဲ) ဆီလေး ပါလေရာ (ကန်တော့) ပါလေကာ ထည့်လိုက်ဦးးးး
– နယ်ပြီးတော့ စားလို့ရ။

IMG_8566

 

ဟင်းရည်လားးး
– ငါးခေါင်း ၁ ခေါင်းကို ဂျင်း/သွန်ဖြူ ထည့်ပြုတ်၊
– ကြက်ရိုးတွေကြိုက်တတ်ရင် ထည့်လိုက်ဦးးး
– တစ်ရေဆူရင် ရှမ်းချဉ်(မုန်ညင်းချဉ် ကိုက်ထားတာ ထည့်လိုက်)။ အဲဒါဆို ချဉ်စပ် ကြံမဆိုင်ရမှာ။
– အချဉ်သီးသန့် ကြံမဆိုင်ကြိုက်ရင်တော့ မုန်ညင်းအကြီးကြီးကို ချဉ်ထားတဲ့ ကြံမဆိုင်အစစ်တည်တာကောင်းတယ်။
(ကေဇီက အဲဒါမကြိုက်လို့၊ မကျွမ်းလည်း မကျွမ်းဘူးးး၊ အမှန်တော့ ဘဲနဲ့က ကြမ်မဆိုင် အစစ်မှ လိုက်တာ)
– နောက်တစ်ရည်ဆူရင် ငါးဖယ်လုံး သေးသေးလေးတွေ ထည့်။။
(ဟင်းရည် အသားပေးစားချင်ရင် ကြက်မြစ်ကြက်သည်း တွေ ထည့်လို့ရသေးတယ်၊ ခုကတော့ တခြားဟင်းရောပါနေလို့ ခြွေတာလိုက်တယ်)
– မုံညင်းချဉ် ရဲ့ အချဉ်ကို ထိန်းချင်ရင် ကေဇီက အချိုမှုန့်မသုံးလို့ အရိုးတွေထည့်ထည့်ပြုတ်တာ။
– တစ်ရေ ဆူ တစ်မျိုးထည့်နဲ့ နောက်ဆုံး အပေါ့အငံ မြည်းပြီးရင် ကေဇီရဲ့ ပစ်ထည့် ဟင်းရည် ရပါပြီ။
(ကြံလိုက်တိုင်း မဆိုင်သူဘွရောက်ရောက်သွားလို့ ကြံမဆိုင်လို့ မသုံးဘူးးး ဘာပြုသေးတုန်းးးး)

IMG_8561

 

အစိမ်းကြော်လားးးး ခုဏကပြောတဲ့ ဘရိုကိုလီလေ။
– ဆားရည်နဲ့ ရေဆေးပြီး စစ်ထား
– သွန်ဖြူ/နီ/ဂျင်း ညက်ညက်ပါအောင်ထောင်းပြီး ဆီအိုးထဲကို ပဲငံပြာရည်၊ ခရုဆီတို့နဲ့ ဆမ်းစားလို့ ရတဲ့ အနေထိ ကြော်လိုက်။
– ဘရိုကိုလီကို ၃ မီနစ်လောက် ပြုတ်ပြီး ဆယ်၊ ရေအေးနဲ့ ပြန်ဆေးထားးး
– စားခါနီးမှ ဟို ဆော့ အနှစ်ကို ဆမ်းလိုက် ပြီးရော။။
ဘုရားစူးးး၊ နေခြည် အတွက် ဒီ တစ်ဟင်းနဲ့ မကောင်းတတ်လို့ ငါးခြောက်ဖုတ်ပြီးသားလေး ဆီဆမ်းပေးလိုက်ရတယ်။ ဟိဟိ  :mrgreenn:

ဘရိုကိုလီနဲ့ခါချက်ဥ
ဘရိုကိုလီနဲ့ခါချက်ဥ

 

 

ဒါတွေ အစ အဆုံး မီး ၂ ဖိုနဲ့ ၁ နာရီပဲ။

:boss:
ညင်းညင်းးးးးး
ကဘာကြော် စားဖိုမှူးတွေကြားရင် ထိုင်ငိုလောက်အောင်ကို စံနစ်မကျတာ။

😀

55 comments

  • Mr. MarGa

    March 17, 2014 at 9:09 am

    ဒါ မဟုတ်ကဟုတ်က ကွတ် ပဲ
    ဟီးး
    နှုတ်ဆက်ပွဲလုပ်တာက ဟိုဂျီးဒေါ်အတွက်
    သူ့အတွက်က ဟင်းတစ်ခွက်ပဲပါတယ်။ ကောင်းလေစွ :mrgreenn:
    ဘာပဲဖြစ်ဖြစ်ပေါ့
    ဝက်ခေါင်းသုပ် စားချင်သည်။။။

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 9:42 am

      နာ့ မဟုတ်က ဟုတ်က ကွတ်စားပြီးရင်
      မဟုတ်က ဟုတ်က ဖြစ်သွားတဲ့ သူချည်းပဲ။
      စားချင်လားဟမ်?
      :kwi:

      • Mr. MarGa

        March 17, 2014 at 10:41 am

        အာ့ဆို ကွတ် မစားတော့ဘူး
        ဝက်ခေါင်းသုပ်ပဲ စားမယ်နော် :mrgreenn:

  • Wow

    March 17, 2014 at 9:36 am

    အော် ကေဇီရဲ့ ဗိုင်းကောင်းကျောက်ဖိဘဲလေးခညာ ဘီယာနဲ့လဲတွေ့ရော နှုးသွားလိုက်တာညား ပါးပါးလှီးစယာတောင်မလိုတော့… ဒါညိုးနဲ့ဖျက်စီးလာတာ ဘယ်နှစ်ယောက်ရှိဘီလဲ… အစားတွေကောင်းတွေ ကျွေးပီး ‘၀’ လာအောင် လုပ်တာ ကြောဒါဘာ :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 9:41 am

      သူတို့တွေ ဘိုက်တစ်လုံးနဲ့ကျန်ခဲ့တာ နာ့ လက်ချက်ပေါ့အေရယ်။
      .
      .
      .
      .

      ဘီယာတိုက်လို့ ဗိုက်ပူလာတာပြောပါတယ်။
      :mrgreen:

      • kai

        March 17, 2014 at 10:58 am

        သူတို့တွေ ဘိုက်တစ်လုံးနဲ့ကျန်ခဲ့တာ နာ့ လက်ချက်ပေါ့အေရယ်။

        ပြောင်မြောက်ပါ့…။ :mrgreen:

        • ဘရန်းဒက် ကေဇီ

          March 17, 2014 at 11:52 am

          ကျန်းးးး
          တဂျီးးးး က
          ပြောင်မြောက်တယ်ဆိုပါလားးး
          ဆက်လုပ်မှ!

          :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 11:53 am

      နာ့ ဘဲ ကို တွေ့ကြပြီမဟုတ်လားးး

      :kwi:

  • ဟင့်.. ဘဲစားပြီး နေမကောင်းလို့ .. ဘဲရှောင်ထားတယ်.. 🙁
    ခုဘဲလေးကျ စားချင်ပြန်ရော.. ဘီယာလေးနဲ့ ပေါင်းစားဦးမှ. (ဟိုတစ်ယောက် မမြင်စေသတီး..)

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 11:54 am

      အဲ့ ဘဲ ကတော့ ဘီယာနဲ့ပေါင်းလို့ရမယ် မထင်ဘူးးး

      :mrgreenn:

  • snow smile

    March 17, 2014 at 10:21 am

    ဂ လို မျိုး ချွေး မ လေး လို ချင် လိုက် တာ အေ
    တူ လေး တော့ ရှိ တယ်
    ချီ ရ မယ်
    နှစ် ဆယ် ကျော် အ စိတ် ပိုင်း လေး လေ
    ကျောင်း ပြီး သွား ပြီ
    :)))))))))))

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 10:29 am

      အဟွတ်။
      ကျန်းးးးးးး
      မောင်ဂီ ပြောတာမှန်ချက်။
      အချက်လိုင်းကို လိုက်ကာမှ ယောက်ခမွတွေ များများလာပါပေါ့။
      😀

      သများ ဆိုးတာတွေ မသိသေးလို့ပါ အန်တီ (အဲလေ) မမပြုံးးး
      :mrgreenn:

  • kyeemite

    March 17, 2014 at 10:23 am

    “- ပြီးတော့ ဟန်နီကန် ဘီယာလေးတစ်ဘူးကို ရေအစားထည့်ပြီး ခလုတ်နှိတ်လိုက်တာပါ ခင်ညာ။”
    အင်း…ဒီချက်နည်းတော့ အခုမှကြားဖူးတာအမှန်ပဲ…နောက်ချက်စားကျိအုံးမယ်… :loll:
    ကျုပ်က ကြက်သားထက်ဘဲသားဟင်းကိုပိုကြိုက်တယ်…ဟီး..သွာရေယိုသွားပါသီ 😀

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 11:46 am

      စားကျိ။
      စားကျိ။
      ဘဲကို ပိုကြိုက်တဲ့ မိုက်မိုက်..

      😀

      • kyeemite

        March 17, 2014 at 4:00 pm

        ဘဲကို ပိုကြိုက်တဲ့ မိုက်မိုက်..
        ဟီဟိ…လိင်တူချစ်တူတော့ဟုတ်ဖူးနော် 😀

  • မဟာရာဇာ အံစာတုံး

    March 17, 2014 at 10:33 am

    ကိုယ့်အမတွေအကြောင်း
    သိပီးတား ဆိုဒေါ့ကာ
    ဘဲ ဆိုတိုင်း ရင်မပြောနဲ့ ဟိုဟာတောင် မတုန်ဘူး … :mrgreenn:

    စကားမစပ် ..
    မမနေခြည်ကို ဘီလူးမ တဲ့ …
    ပေါရိသာရမ တဲ့ …
    အဲ့လိုဂျီး ခေါ်ဂျဒါလားငင်င် .. 🙄 :mrgreenn:

      • Mr. MarGa

        March 17, 2014 at 10:43 am

        အိပ်ချင်မူးတူးများ ထဖတ်တာလားမသိ :mrgreen:
        ဟိုက သိရင် အံစာတုံးက အဝိုင်းဖြစ်သွားဦးမယ် 😛

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 11:43 am

      ဟဲ့၊ ရန်မတိုက်နဲ့။
      အဲ့လာ နေခြည့်ကို ပြောတာဟုတ်ဘူးးးး

      အခြားအသားစားသူတွေကိုပြောတာ။

      :mrgreen:

  • ရဲစည်

    March 17, 2014 at 10:43 am

    ဘဲ ကို အိုက်လို လုပ်မစားတတ်သေးဘူး။ စမ်းကြည့်ရမယ်။
    ဘဲကို ဒိန်ချဉ်၊ပျားရည်နဲ့နယ်
    ဘဲကို ကြက်သွန်ဖြူ၊ဂျင်းကြိတ်ပီးနယ်
    ဘဲကို သံပုံးနဲ့အုပ်
    ဘဲကို ကောက်ရိုး၂ပုံနဲ့ မီးတိုက်ပီး သကာလ

    ဘဲသံပုံးရပါပီ

    :harr:

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 11:44 am

      နာ့ ဆီမတော့ ဘဲသံပုံးလည်း လုပ်စားမရ။
      ဘဲခြင်ထောင်လည်း လုပ်စားမရ။
      😀

  • ဖြူစိုင်း လူ

    March 17, 2014 at 11:56 am

    အိုကွယ်….

    လူတွေများခက်တော့တာပဲ
    အစားအသောက်ပဲ ငမ်းနေကြတာနဲ့ မြင်သင့်တာမမြင်ဘူး
    ဒို့များတော့ အဲလို ဝစ်လစ်စလစ်ပုံကြီးတွေ တစ်ခါမှ မမြင်ဖူးလို့ ဝင်ကြည့်မိတာ ရှက်လိုက်ထှာကွယ်.. အပိုကြီးမမဘဲဆိုလို့ ကြည့်လိုက်တာ ခုတစ်လောနာမည်ကြီးနေတဲ့ “ဇာ” တွေထက်ကို ပိုပွင့်လင်းနေလိုက်တာ..

    ကာယဗလမောင်တွေမှ One piece လေးနဲ့

    ပြော… မပြောချင်တော့ပါဘူးဟယ်
    ရှက်ထှာ

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 12:00 pm

      ပြောပါတယ်ဟယ်။
      “ဇာ” တွေ “ဇ” ပြင်းပါတယ်ဆို။
      :mrgreenn:
      ဟိ။
      တွေ့လားးးး
      ကိုယ့်ဘဲကို နေးကပ်ပြထားတာ။။ :mrgreenn:

      သူများ “ဇာ” တွေက ကွကိုယ်ဖော်တာ။
      သများ “ဇာ” က ဘဲကို ဖော်ခိုင်းထားတာ။

      သများ ဇ က အပြင်းဆုံးပဲမှတ်။
      ဟေးဟေးဟေးးး
      :mrgreen:

  • ဦးကြောင်ကြီး

    March 17, 2014 at 12:04 pm

    ကေဇီရဲ့ဘဲ
    ကြောင်ကြီးဆွဲ
    အလဲအကွဲ
    ခမဲတွဲ
    ပုလဲသရဲ
    ကသည်းချွဲ
    စားပွဲမလဲ
    တပဲထဲ..။

  • Crystalline

    March 17, 2014 at 1:26 pm

    ကေဇီရဲ့ဘဲပေါင်းနည်းမှတ်သွားပြီး..ဘီယာကဘယ်ဘီယာဖြစ်ဖြစ်ရလား.. ရှောက်ကော..ပါကောလည်းဝယ်ထားတာရှိတယ်.. ဘီယာတစ်ဘူး..ဘဲက ဘယ်နှစ်ကေဂျီလဲ..

    • ဘရန်းဒက် ကေဇီ

      March 17, 2014 at 1:31 pm

      ဘယ် ဘီယာဖြစ်ဖြစ် ဘဲ နဲ့တည့်တယ်။ :mrgreenn:
      ကေဂျီနဲ့ မချိန်ဖူးဘူးးး
      အကောင်လိုက်ပဲ ကြိုးစားဖူးတယ်။ :mrgreenn:
      ဘဲ အသေးး တစ်ကောင်ကို တစ်ဘူးဆို အနေတော်ပဲ။
      ဘီယာများရင် ပိုအီတတ်တယ်။ ပြီးတော့ ဘီယာများရင် အမူးလွန် (အဲ) အနူးလွန်သွားရော။
      :kwi:

      • Crystalline

        March 18, 2014 at 3:15 pm

        ဒီမနက်ပဲပေါင်းစားတယ်.. စားလည်းပြီးရော.. အကြောတွေတက်ပြီး.. အလုပ်မလုပ်နိုင်ဘဲ.. တရေးအိပ်ပစ်လိုက်တယ်.. :loll:

        • ဘရန်းဒက် ကေဇီ

          March 18, 2014 at 3:18 pm

          ဟေးဟေးဟေးးး
          ပြောဖို့မေ့သွားလို့။
          သများဆို သွေးကျဆေးတောင်သောက်ရတယ်လို့။

          😀

  • ခင် ခ

    March 17, 2014 at 2:49 pm

    ဒေါ်ကေဇီ ဘဲ တော့ အကောင်လိုက်ကို လုပ်စားခံလိုက်ရပါကောဗျာ။

    • ဘရန်းဒက် ကေဇီ

      March 18, 2014 at 11:02 am

      တနားစရာနော်။
      😀

  • padonmar

    March 17, 2014 at 9:15 pm

    ထင်ပါတယ်။ကေဇီရဲ့ဘဲဆိုတာ ခြေ နှစ်ချောင်းနဲ့ ကားယားကားယားသွားတာပါလို့။
    စကားအတင်းစပ်
    ဦးပါလေရာကို နာမည်ခေါ်ခေါ်ပြီး စနေတာ ၂ပုဒ်ရှိပြီနော်။

    • ဘရန်းဒက် ကေဇီ

      March 18, 2014 at 11:03 am

      ခု ပို့(စ) ကတော့ တမင် စလိုက်တာ အာတီဒုံ။
      ဦးပါက သများပို့(စ) တွေဆို သိပ်မလာ စိမ်းကားလွန်းလို့။
      :mrgreen:

      အရင် ပို့(စ) ကတော့ မတော်တဆနေမယ်။
      မသိလိုက်ဘူးးး :mrgreenn:

  • Nay Chi

    March 17, 2014 at 10:57 pm

    အမှန်ကတော့ ကေဇီက သူ့ဘဲကို ဘီယာတိုက်ပြီး တကိုယ်လုံးပေါင်းတင်ပေးနေတာပါ။ အဲဒါကို ဧည့်သည်တွေက….။ 😛 😛 😛

    ဘာပဲဖြစ်ဖြစ် ဘရိုကိုလီလေးကလည်း အရသာကို လျှာကိုလည်ရောပဲ..။ ခနခန နှုတ်ဆက်ပွဲလုပ်ရင် ကောင်းမှာပဲတောင် တောင့်တမိသေး။ 🙂

    • ဘရန်းဒက် ကေဇီ

      March 18, 2014 at 11:14 am

      ဘဲကလည်းပေါင်းတင်ခါမှ မဲသွားရော။
      😀

      ခဏ ခဏ နှုတ်ဆက်ပွဲ လုပ်စေချင်ရင်
      ခဏခဏ ပြန်လာခဲ့။
      :kwi:

  • weiwei

    March 18, 2014 at 10:57 am

    မနေ့က လှည်းတန်းဈေးထဲရောက်တော့ ဘဲတွေမြင်ခဲ့တယ် … ကေဇိကို သတိရမိတယ် ..
    နောက်ဆို ဘဲမြင်တိုင်း သတိမိတော့မှာပဲ … 🙂
    ဘဲသားမကြိုက်လို့ ကိုယ်တိုင်စားဖို့ လုပ်စားဖြစ်မှာမဟုတ်ပေမယ့် ဧည့်သည်တွေဘာတွေလာရင် လုပ်ကျွေးရအောင် မှတ်ထားလိုက်ပြီ ..

    • ဘရန်းဒက် ကေဇီ

      March 18, 2014 at 11:16 am

      ဟယ်။
      ဘဲ မြင်တိုင်း သတိရမတဲ့။ :mrgreenn:

      နောက်တစ်ပတ် ပို့(စ) အတွက် ဝေ့ ပို့(စ) တစ်ခုကို မသိအောင် ခိုးထားတယ်။
      ဟိဟိ

      😀

  • TNA

    March 18, 2014 at 2:23 pm

    မိုက်ချက် ချွိချွိရေ။ ဟင်းကိုအဲလိုချက်တာပိုကြိုက်တယ်။ မြန်မာလို ဆီသတ် ဟိုဒင်းထောင်း ဒီဒင်းခွာနဲ့ ကြိုက်ဖူး။ မှတ်ထားလိုက်အုံးမယ်။ ဘဲကို ဘီယာမပါပဲ ချွိချွိပေါင်းသလိုတော့ပေါင်းဖူးတယ်။ ဒီတခါတော့ ဘီယာလေးနဲ့ပေါင်းကြည့်လိုက်အုံးမယ်။ ကျေးကျေးပါတော်

    • ဘရန်းဒက် ကေဇီ

      March 18, 2014 at 3:14 pm

      ဟုတ်တယ် ယောက်ခမွ။
      သများလည်း ထုရထောင်းရမဲ့ ဟင်းမျိုးဆိုရှောင်တယ်။
      ဟိဟိ!

      :mrgreenn:

  • black chaw

    March 18, 2014 at 2:50 pm

    ကေဇီ ရဲ့ ဘဲ ဆိုလို့
    အချိန်ပေးပြီး ဝင်ကြည့်မှပဲ ဆိုပြီး
    ဝင်ကြည့်လိုက်တော့…။
    ကေဇီ ရဲ့ ဘဲ က ဆက်စီ ဖြစ်လွန်းတယ်ကွယ်…။
    ဗိုက်တောင်ဆာလာတယ်…။
    :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 18, 2014 at 3:12 pm

      ညင်းညင်း
      ဒါ ကဘာ့ အဆင့်မှီ ဆက်စီ မဟုတ်သေးဘူးးး

      ပဲဆီပဲ သုံးထားရတာ။

      😀

  • ဦးကျောက်ခဲ

    March 18, 2014 at 3:26 pm

    ဟီ ဟိ မယ်ချွိတော့ လုပ်ကြံနေပြီ…
    အဲသည့် ကိုယ်လုံးတီးဘဲကြီးကို ဘီယာတိုက်ပြီး ဝါးလိုက်ရင်…
    ကျောက်စ်ဆို ဦးနှောက်သွေးကြော ထောက်ခ်ကနဲ နေမလားမသိဘူး…
    လူဘဲတော့ဆောဒီး… တိရိစ္ဆာန်ဘဲလည်း ဆင်ချင်၏… အာဟိ
    😀

    • ဘရန်းဒက် ကေဇီ

      March 18, 2014 at 3:34 pm

      နောက် ၃ နှစ်လောက်ဆိုရင်တော့ ဆင်ခြင်ပါတော့မယ်။
      :kwi:

  • Ma Ma

    March 18, 2014 at 3:56 pm

    မြေကြီးလက်ခတ် လွဲ လွဲမသာ၊ ငါထင်တာတော့ မလွဲဘူး။
    ကေဇီရဲ့ ဘဲ လို့ ဆိုကတည်းက ချိတ်နဲ့ဆွဲထားတဲ့ ဘဲအကောင်လိုက်ကြီးကိုပဲ ပြေးမြင်ယောင်မိလို့။ 😀

    • ဘရန်းဒက် ကေဇီ

      March 18, 2014 at 4:15 pm

      သများက အဲလို မှန်ခန်းထဲကနေ ရုပ်ပြစားတဲ့ ဘဲတွေကို မကြွေပါဘူး ချစ်မရယ်။

      အုပ်ဆိုင်းထားတဲ့ ဘဲ နေးကပ်လေးကိုပဲ ဘီယာနဲ့ ပေါင်းတင် (အဲလေ) ပေါင်းတည်ဖို့ စိတ်ဝင်စားပါတယ်။

      😀

  • myat pearl phyu

    March 20, 2014 at 11:04 am

    ဟီး .. မြင်တော့လည်း စားချင်စရာ..
    သာမီးက ဘဲထက် ကြက်ကို ပိုကြိုက်တယ်..ကြက်ထက် ဝက်ကို ပိုကြိုက်တယ်..
    အမဲသားတော့ မစားဘူးချင့်…

    • ဘရန်းဒက် ကေဇီ

      March 20, 2014 at 12:10 pm

      နောက်ခေါက်မှ စုံအောင်ချက်ပေးမယ်နော်။

      😀

  • Paing Lay

    March 20, 2014 at 8:05 pm

    ခြေနှစ်ချောင်းရှောင်ထားပါဒယ် ရှိုနေမှ ဘီယာပါတွဲမြင်မိတော့ ဘယ်လိုပြောရပါ့မလဲညော် 😀

    • ဘရန်းဒက် ကေဇီ

      March 21, 2014 at 7:55 am

      ချက်မစားပဲ ဘီယာကြီးပဲသောက်သွားတော့။

      😀

  • ကျော်စွာခေါင်

    March 21, 2014 at 12:18 am

    လူဇိုးမဂျီး​….
    ​ကေဇီရဲ့ဘဲ ဆို​တော့ ရင်​​ဒွေ​တောင်​တုန်​တယ်​..
    ​ပြော​ပေးပါ..
    မ​ကေရဲ့ဘဲကို စိတ်​ထဲက​နေ ခိုက်​​နေပြီ..
    ဘီယာနည်​း​တော့ ယူသွားပြီ…
    နမည်​ကလဲ​ပြောင်​းသွားပြန်​ပြီ…

    • ဘရန်းဒက် ကေဇီ

      March 21, 2014 at 7:53 am

      ခိခိ။ :mrgreenn:

      ဒီ နာမည်က ဦးဆာမိ ပေးထားတာမို့ ပြောင်းထားတာ။

      နာမည် ဘယ်လောက်ပြောင်းပြောင်း နှလုံးသားက တစ်ခုတည်းရယ်ပါ။

      :boss:

  • Ma Ei

    March 21, 2014 at 1:07 pm

    ကေဇီ ရဲ့ဘဲ ဆိုတော့…
    ကိုရီးယားမင်းသား များလား ထင်မိတာ…
    ခုတော့ တစ်ကယ့် ဘဲ ကိုး….
    🙂

    • ဘရန်းဒက် ကေဇီ

      March 21, 2014 at 1:12 pm

      ကိုရီးယား ဘဲ ထက် ပိုမိုက်တယ်ဟုတ်?

      :mrgreenn:

  • Wow

    March 21, 2014 at 1:32 pm

    ရဲရဲကေဇီလို့ နာမည် ထပ်ပျောင်းကျိပါရား …
    ချွိချွိတို့ အောင်မြင်ပုံမြန်းးးး :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 21, 2014 at 1:34 pm

      ကို ခရေ
      သများကို အမြင်ကပ်တဲ့သူများလာပြန်ပြီ။
      နောက်ပြိုင်ပွဲလေးတစ်ခုထပ်လုပ်ပေးပါဦးးးး

      :mrgreen:

Leave a Reply