ဘက်ဆဲလားစာရေးဆရာမ မွန်းပိုအမ်

moonpoemMarch 16, 20141min13813

ဘက်ဆဲလားစာရေးဆရာမမွန်းပိုအမ်ရေးသော
လိုင်းကားကိုုကျော်၍ မီးပွိုင့်ကိုဖြတ်မည်။
သူငယ်လေးက အချစ်ကို ကိုးကွယ်သတဲ့လား။
အပျိုကြီးဟုပဲ ဆက်၍ခေါ်မည် မမအစရှိသော စာအုပ်များသည် အရောင်းရဆုံး စာရင်းတွင် ထိပ်ဆုံးသို့ရောက်နေလေသည်။

အထက်ပါစာအုပ်များကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ဝိုင်း မောင်မျိုးမင်း(ရင်တွင်းဖြစ်)တို့မှအကယ်ဒမီမှန်းပြီး
ဇာတ်ကားရိုက်ရန် အလုအယက်ဝယ်ယူနေကြ
ကြောင်းNow Magazine အလင်းတန်းဂျာနယ်တို့တွင်
်ဖတ်ရှုလိုက်ရသည်။မိမိဓာတ်ပုံကိုပါပူးတွဲဖော်ပြရန်ရိုက်ကူးသွားသည့်အတွက်လူသိများလာသည်။

ဟိုနေ့ကSkyNetမှလာရိုက်သော
စာရေးဆရာတစ်ယောက်ရဲ့
တစ်နေ့တာဘဝအစီအစဉ်တွင်
်လည်းမနက်စာကိုဗရာကြော်နှင့်
လက်ဖက်ရည်တို့ို့စားနေသည်ကို
ရိုက်သွားလေရာယခုအခါ လက်ဖက်ရည်ဆိုင်များတွင်
အနှီဗရာကြော်နှင့်လက်ဖက်ရည်ကို
Moonpoem Breakfastဟု
အမည်တပ်ပြီးရောင်းနေရကြောင်း
ကြားလိုက်ရသေးသည်။

မွန်းပိုအမ် စိတ်ညစ်မိသည်။မိမိ
သည် အောင်မြင်မှုကို လိုလားပြီးစာအုပ်ထုတ်သူ
မဟုတ်။ဝါသနာအရစာရေးရာက
ဒီလိုထင်ပေါ်လာခြင်း။အခုတော့ ဘဝတွင် မလွတ်လပ်တော့။

ကလောင်နာမည်က အမည်ရင်းထက်နာမည်ကြီးလေရာအမည်ရင်းပင်ပျောက်သလောက်။တခါတရံသူငယ်ချင်းတွေကအမည်ရင်းခေါ်လိုက်လျှင်မကြားရတာ
ကြာပြီမို့ အရသာရှိလိုက်ပါဘိ။

အင်းးးအခုတော့လည်း
Moon Poemအဖြစ်နှင့်သာ။အေးချမ်းသော
ဘဝကို လွမ်းလိုက်ပါဘိ။
တစ်နေရာရာသွားလျှင်ပင် အော်တိုရေးခိုင်းသူများ ဓာတ်ပုံတွဲရိုက်ချင်သူများက အမြဲလိုလို ရှိနေတတ်သည်လေ။

အခုလည်း နေတိုးနှင့်စိုင်းစိုင်းက အသစ်ထွက်သောရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲနှင့်လက်မှတ်ရေးထိုးပွဲတွင်မွန်းပိုအမ်ကို ပါ ကူညီအားဖြည့်လက်မှတ်ထိုးပေးပါရန်ဖိတ်ကြားထားသဖြင့် Traders Hotelကို ထွက်လာခဲ့လေသည်။

ထုံးစံအတိုင်းလူတွေဝိုင်းအ
ုံကြည့်ခြင်းကိုခံရလေသည်။
လက်မှတ်ထိုးနေဆဲ မိမိနာမည်ရင်း ခေါ်သံကြားလိုက်ရသည်။
ကြည့်စမ်းနာမည်ရင်းကို ခေါ်နေတာ သုူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဖြစ်ရမယ်ဟု သိလိုက်ပြီး ပျော်မိသည်။ထို့နောက်လူအုပ်ထဲကို လှည့်လိုက်သည်။

တော်တော်နှင့်မတွေ့သဖြင့် မျက်လုံးပြူးပြဲကြည့်မိလေရာ အမလေးလေး ငါ့ကိုမျက်လုံးပြူးပြနေသေးတယ်
ဟဲ့ …ငါနှိုးနေတာ ၃ခါရှိနေပြီမထသေးဘူးလား။ဟိုမှာ နောက်၁၅မိနစ်နေရင် လေယာဉ်ကွင်းသွားကြိုဖို့ ကားရောက်ပြီတဲ့ ဖုန်းဝင်လာတယ်။အံ့ဩပါ့ အိပ်ပျော်နေတာတောင် ပြုံးစိစိနဲ့ ထတော့ထတော့။

ကျွန်မအစ်မသည်အပျိုကြီးပီသစွာ ဗြစ်တောက်ဗြစ်တောက် လုပ်ပြီး လာနှိုးကာထွက်သွားလေပြီ။ကျွန်ုပ်မှာသာအပျိုကြီး၏
အော်ဟစ်သံကြားပျက်စီးခဲ့လေသော
ဘက်ဆဲလား အိပ်မက်လေးကို လွမ်းရင်း အပျိုကြီးမမအား မကျေမချမ်းဖြစ်ချေမိ
ိတော့သည်တကားးး။

13 comments

  • alinsett (gazette)

    March 16, 2014 at 1:10 pm

    လူပျိုကြီး စာရေးဆရာ အကြော်အမော် အလက်ဆင်းရဲ့
    ခီညားကို ကျနော်ချိနေတာတစ်ရပ်ကွက်လုံးသိဘာဒယ် ဒေါ်ဖွားမေ ဆိုတဲ့စာအုပ်လည်း
    နာမည်အတော်ကြီးလာမှာဗျ

    ဟီဟိ
    ဝင်နောက်ထာ

    • ရာမည

      March 16, 2014 at 6:51 pm

      လူပြီုကြီးကိုအလင်းဆက် ခင်ဗျာ

      ခင်ဗျားမိန်းမဗိုက်နာနေလို့ အကြောင်းကြားပါတယ်ခင်ဗျာ ဟီဟိ

      • Wow

        March 17, 2014 at 12:43 pm

        အလင်းဆက်ခေါ် ဒညင်းဝက် က ဗုံနားမပြောနဲ့ ညန်မာ့ရိုးရာဆိုင်းဝိုင်းနားတောင် သီခွင့်မရတဲ့ လူပြိုဂျီးဘာ အူးအူးရဲဂျီးရယ် :mrgreen:

        • alinsett (gazette)

          March 17, 2014 at 1:24 pm

          🙂
          ဒေါ်ဖွားမေ နား တော့ ကပ်လို့ရပါတယ် ဟယ်

          🙂

  • ခင် ခ

    March 17, 2014 at 12:46 am

    စာရေးဆရာမလေဆိပ်ဘက်သွားပြီတဲ့ ကားအမြန်မောင်းစမ်းပါ အော်တိုလက်မှတ်လေး အမှီထိုးခိုင်းလိုက်ချင်လို့ပါ မွန်ပိုအမ်းရေ

  • ဘရန်းဒက် ကေဇီ

    March 17, 2014 at 12:34 pm

    ဟယ်။
    စိုင်းစိုင်းရယ်။
    သများလည်း ဘက်ဆဲလားပဲလေ။
    သများ (ဘက်) နောက်ကွယ်မှာ အဆဲခံရလွန်းလို့ ပါကွယ်။
    ဟိဟိ

    😀

  • Mr. MarGa

    March 17, 2014 at 12:40 pm

    ဒါဆိုရင်
    Moon Bakery ကလဲ ဘက်စ်ဆဲလားးစ် စာရေးဆြာမ မွန်းပိုအမ်ကို အမည်ပြု မှည့်ခေါ်ထားတာပေါ့နော် :mrgreen:

  • မဟာရာဇာ အံစာတုံး

    March 17, 2014 at 12:42 pm

    ကောင်းခန်းရောက်မှ
    အပိုကြီးက နှိုး .. ဆိုတာ
    ဒါမျိုး နေမှာ …..
    ဒါကြောင့် အပိုကြီးတွေ ကောင်းကို ကောင်းဘူးလို့ ပြောတာ … :mrgreenn:

  • Crystalline

    March 17, 2014 at 1:22 pm

    ထပ်မက်ရင် ထပ်ပြောပြဦးနော်… :mrgreenn:

  • kyeemite

    March 17, 2014 at 2:33 pm

    အော်…ကျုပ်လိုပဲ ဘက်ဆဲလားနဲ့လာတွေ့နေတာကိုး…ဘက်ဆဲလား ဆိုတာ
    ဘက်=ဆိုးရွားသော
    ဆဲလား= ဆဲပါသလား…တဲ့ ခိခိ 😀

  • ဘာပဲပြောပြော ဖတ်ရတာ အရသာရှိထှာကွယ်..
    ဘက်ဆဲလားလေး တစ်ခါလောက် ဖြစ်ချင်စမ်းပါဘိ.. :mrgreen:

  • moonpoem

    March 17, 2014 at 5:32 pm

    အခုတော့ နာမည်ကြီးနေပါပြီ လမ်းထိပ်မှာ အကြွေးရရန်ရှိသည်ဆိုပြီးတော့လေ 😀

  • Ma Ma

    March 17, 2014 at 7:21 pm

    စာဖတ်သူကို ခေါ်သွားနိုင်တာ….
    ဘက်ဆဲလား ပီသပါပေတယ်ကွယ်။ 😀

Leave a Reply