ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၆)

alinsettMarch 18, 20142min13612

 

ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၅)…သို ့…

 

 

7

 

 

ဝတ္ထုတိုအမည်. . . ”စွမ်းအင် ”

ဝတ္ထုဖန်တီးသူ. . . ”တာရာမင်းဝေ ”

 

ပြန်လည်ခံစားတင်ပြသူ. . .”အလင်းဆက်(Gazette)”

 

——————–

 

” စွမ်းအင် ”

” မင်းက စောင်းကြိုးမှ မဟုတ်ပဲ။ ဖိနပ်ချည်တဲ့ကြိုးပဲ ”

စောင်းသမားက ကြိုးလေးကို ပြော၏ ။

” ဘာကိစ္စ မင်းက ငါ့ဆီလာရတာလဲ. . .

ဖိနပ်ချည်တဲ့ကြိုးက စောင်းကြိုးဖြစ်လာနိုင်တယ်လို ့. . .

မင်း ထင်လို့လား . . . ”

ကြိုးကလေးက မျက်လွှာချ၏ ။

တစ်ခွန်းတည်းသော စကားကို တိုးညင်စွာ ပြန်ပြောသည် ။

” အဲဒါက . . .သခင့်အပေါ်မှာ တည်ပါတယ်”

( (တာရာမင်းဝေ/ ကျွန်တော်တူးဖော်ခဲ့သည့်မြေစိုင်မြေခဲများအကြောင်း စာအုပ်မှ. . . .))

 

 

########################

 

 

ဝတ္ထုတိုလေးအမည်က စွမ်းအင်တဲ့ ။

 

ဝတ္ထုလေးရဲ့ ဆိုလိုချက် / ပေးချင်တဲ့ အယူအဆလေးက တအား လှတယ် ။

 

ဒီ ဝတ္ထုတိုလေး ဖတ်ပြီးတာနဲ့. . .

တစ်ယောက်ယောက်ကို မေးလိုက်ချင်တာက. . . .

 

”ကျွန်တော် အလက်ဆင်းဟာ. . .

ဖိနပ်ချည်တဲ့ကြိုးလေးလား. . .

ဒါမှမဟုတ် စောင်းကြိုးလေးလား. . .”

 

တစ်ယောက်ယောက် ဖြေစေချင်တယ် ။

 

————

 

ကျွန်တော်ကမေး အခြားတစ်ယောက်ယောက်က ဖြေ. . .

ဒီလောက်ပဲတော့ မဟုတ်သေးပါဘူး ။

 

ဒီအတွေး ဒီအမေးက

တစ်ယောက်ယောက်တိုင်းက အခြားတစ်ယောက်ယောက်တိုင်းကို

မေးသင့် ဖြေသင့်ကြတယ် ထင်ပါရဲ ့။

 

 

ဘယ်သူက ဘယ်သူ ့ကို

ဘယ်လို မြင်မှာလဲ. . . . . . ??????

 

အမြင် . . .

အင်းးးးးး

အမြင်. . .

 

 

 

———

 

 

 

အလင်းဆက် (Gazette)

 

15 / 3 / 2014 / 11 : 41 AM

( မဟာဝိဇယစေတီတော် )

 

 

 

#########################

 

 

 

 

 

 

12 comments

  • kyeemite

    March 18, 2014 at 10:56 am

    ”ကျွန်တော် အလက်ဆင်းဟာ. . .
    ဖိနပ်ချည်တဲ့ကြိုးလေးလား. . .
    ဒါမှမဟုတ် စောင်းကြိုးလေးလား. . .”……..ဒါကတော့ “အလင်းဆက်ပေါ်ပဲမူတည်ပါတယ်…”

    • alinsett (gazette)

      March 18, 2014 at 11:17 am

      ကြည့်ပါဦး

      ကျနော့်အမေးကို ကျနော့်ဘက် ပြန်လှည့်ပြီး ဖြေပြသွားပုံလေး လှချက်
      ဦးကြီးရေ လေးစားပါတယ် ။

      🙂

      ဟုတ်တယ်။ ကျနော့် ဘဝဟာ ကျနော့် အမြင်အတွေးပေါ်မှာ အများဆုံး တည်နေတယ်

  • kyeemite

    March 18, 2014 at 11:13 am

    အလက်ဆင်းလည်းကြားဖူးမှာပါ…ဘီလ်ဂိတ်ကပြောသတဲ့…
    ဆင်းဆင်းရဲရဲ မွေးလာခဲ့တာသင့်အပြစ်မဟုတ်…
    ဆင်းဆင်းရဲရဲသေသွားရရင်တော့ သင့်အပြစ်ဖြစ်သွားပီ..တဲ့… Try your best for your self

    • alinsett (gazette)

      March 18, 2014 at 11:20 am

      အဲဒီ စကားလေးက တကယ် အဖိုးတန်သမို ့ မှတ်သားထားပါတယ် ဦးကြီးရေ. .

  • ဘရန်းဒက် ကေဇီ

    March 18, 2014 at 11:18 am

    ဘာကြိုးနေနေ……
    ကိုယ့်လည်ပင်းကို စွပ်ရမဲ့ ကြိုးမဖြစ်သရွေ့ ကျန်တာ အသုံးဝင်တယ်လို့ မှတ်ပါတယ်။

    :mrgreen:

    • alinsett (gazette)

      March 18, 2014 at 11:24 am

      ဟုတ်တယ်နော်

      အင်းးး
      ကိုယ့်ကိုယ်ကို ပြန် ချည်နှောင်မယ့် ကြိုးလည်းး မဖြစ်စေရ. .

      :).

  • Myo Thant

    March 18, 2014 at 11:21 am

    ( အလင်းဆက် (Gazette)

    15 / 3 / 2014 / 11 : 41 AM

    ( မဟာဝိဇယစေတီတော် ) )

    ဘုရားမှာ ယတြာသွားချေနေတာလား ဒေါ်ဖွားမေရယ် 🙂

    ပို့စ်က အမေးကိုဖြေမယ် ၊
    ဘာကြိုးဖြစ်ဖြစ် အသုံးဝင်ရင် ကျေနပ်သင့်တယ် ၊

    • alinsett (gazette)

      March 18, 2014 at 11:26 am

      အဟိ

      ကျနော် ယတရာတွေ ဘေဒင်တွေ မလုပ်ဘူးဂျ

      အဲ့နေ့က မေမေနဲ့ ညီ ညီမလေးတွေကို ဘုရားလိုက်ပို့ပေးတာ
      🙂

      ဦးမျိုး အဖြေကို ကြိုက်တယ်

      ဟုတ်တယ်

  • မမလေး

    March 18, 2014 at 11:23 am

    ကြိုးကကြိုးပါပဲ . . .

    နေပူတဲ့အခါတော့ ဖိနပ်ကြိုးလေးကပိုတန်ဖိုးရှိတာပေါ့နော့် …

    • alinsett (gazette)

      March 18, 2014 at 11:28 am

      နေရာပေါ်မှာ မူတည်ပြီး ကြိုးရဲ့ အသုံးဝင်မှုတန်ဖိုးက
      အနိမ့်အမြင့်ဖြစ်တယ်ပေါ့နော်

      တကယ်တော့ ဟုတ်ပါတယ်။ ကြိုးဟာ ကြိုးဖြစ်နေပြီးးး
      ကြိုးပီပီသသ အသုံးဝင်ရင် ပြီးတာပါပဲလေ
      🙂

  • black chaw

    March 18, 2014 at 3:20 pm

    ညီလေးရေ
    ဟောဒီလို တူးချင် ဖေါ်ချင်တဲ့ လူဆိုတာ
    ပေါက်တူးကောင်းကောင်းတစ်လက်ရှိမှ အဆင်ပြေမှုာဗျ…။
    ဟေးဟေး…။
    အပျော်ကွန်းမန့် ဝင်ရေးသွားပါတယ်ဗျာ…။
    :mrgreen:

    • alinsett (gazette)

      March 18, 2014 at 6:11 pm

      ကျနော့်ပိုစ့်ထဲ လေးဘလက် လာလို့ ဝမ်းသာပါအိ
      🙂

Leave a Reply