ဥ – KZ’s ထမင်းဆိုင်

ဇီဇီMarch 24, 201418min62771

 

ဟေးဟေးဟေးးး

အကယ်ဒမီရတဲ့ ကားဟုတ်ဖူးနော်။

ဥ ကို ချက်နည်းမျိုးစုံ ရေးမို့။

ဟင်းအရံမှာတော့ သုံးနည်းတွေ အများကြီးရှိပေမဲ့ မိန်းဒစ်(ရှ) အနေနဲ့ စုထားချင်လို့ ရေးတဲ့ ပို့(စ) ပါ။

(နာ ကွ!၊ တဂျီး ဆီ က ပွိုင်ကို မရအရ နည်းနဲ့ ယူတယ်မှတ်) 

:mrgreenn:

ရ ရက်စာသာမက သိသလောက်ရေးဦးမှာ။ သိပြီးသား ဆိုလည်း မသိချင်ယောင်ဆောင်သွားကြနော်။ အနော့ စားဖိုမှူးတွေနည်းထဲက ကောင်းနိုးရာရာ ဥ တွေပါ ဆွဲထုတ်သွားမှာ။ ဟင်းချက်နည်းပြောပါတယ်။

ဥ ဆိုလို့ အထင်မသေးကြနဲ့။

ဥပေါ် ကျောက်ပြင်ကျလဲ ဥပဲ ကွဲတာ။ ကျောက်ပြင်ပေါ် ဥကျလဲ ဥပဲကွဲတာ။

(အဲလေ၊ နာ ဘာတွေပြောနေမိပါလိမ့်)

 

သများ ဥ (ဟင်းချက်နည်း) ပို့(စ)  မှာ ညစ်ညစ်ပတ်ပတ်တွေတော့ လာမပြောနဲ့။

ဥကွဲသိုက်ပျက် အိမ်ပြန်သွားရမယ်မှတ်။

:chee:

 

ကဲ စပြီ။

 

တနင်္လာနေ့။

 

အသေးဆုံး ဥ၊

ဘာဥ??

ငုံးဥ။

အဲဒါက ဝေ့ နည်းထဲက ယူမှာ။ 

ငုံးဥဝက်သားလုံးကြော် easy cook

ဒီမှာချက်နည်းကြည့်နော်။

 

ပါဝင်သောပစ္စည်းများ

ဝက်သားကြိတ်ပြီးသား (စီးတီးမတ်မှ) ၁၅၀ဝ ကျပ်ဖိုး (အလေးချိန်မမှတ်မိတော့လို့ပါ)

ငုံဥ …………. ၁၅ လုံး

ဝက်သားထဲထည့်နယ်ဖို့အတွက် … ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကော်မှုန့်၊ တရုတ်မဆလာ (သို့မဟုတ်) ငရုတ်ကောင်းမှုန့်

ကြက်ဥ …. တစ်လုံး

ပေါင်မုန့်ခြောက်မှုန့် (အပေါ်ယံအပွဖြစ်လိုလျှင် သုံးနိုင်သည်)

 

ပြုလုပ်ပုံအဆင့်ဆင့်

ငုံးဥများကို အရင်ပြုတ်ပြီး အခွံခွာထားပါမယ်။ ကြိတ်ပြီးသားဝက်သားထဲကို ဆား၊ သကြား၊ ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနဲ့ဂျင်းအနဲငယ်၊ ကော်မှုန့် စတီးဇွန်း ၂ ဇွန်းနဲ့ အနံ့အတွက် ကြိုက်နှစ်သက်ရာ တရုတ်မဆလာမှုန့် သို့မဟုတ် ငရုတ်ကောင်းမှုန့် ထည့်ပါမယ်။ ခေါက်ထားသောကြက်ဥတစ်လုံးမှ တစ်ဝက်ခန့်ထည့်ပြီး အားလုံး သမအောင်ရောနယ်ပါမယ်။ ၁၅ မိနစ်လောက် နှပ်ထားပြီးနောက် ဝက်သားလုံး လုံးပြီး ကြော်ပါမယ်။ ငုံးဥပြုတ်ကို ဂျုံမှုန့်နဲ့ ခပ်ပါးပါးကပ်လိုက်ပြီးမှ ဝက်သားလုံးနဲ့ အပေါ်က လုံးအောင် ကပ်ပါမယ်။ ပြီးရင် ကြက်ဥခေါက်ထားတဲ့အရည်ထဲ ခဏနှစ်လိုက်ပြီး ပေါင်မုန့်ခြောက်မှုန့်ကပ်ပြီး ဆီပူအိုးထဲထည့်ကြော်ပါတယ်။ ဆီကို ဝက်သားလုံးမြုပ်အောင်ထည့်လျှင် ပိုအဆင်ပြေပါတယ်။ နီညိုရောင်ဖြစ်လာလျှင် ဆယ်ပြီး ပန်းကန်ထဲ ထည့်လို့ရပါပြီ။

တွဲဖက်စားဖို့ အချဉ်အတွက် နှစ်သက်ရာ ပြုလုပ်စားနိုင်ပါတယ်။ ကျွန်မကတော့ အိမ်မှာလုပ်နေကျဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထောင်းထားတဲ့ထဲကို သံပုရာသီးညှစ်ထည့်ပြီး ဆား သကြားအနဲငယ်ထည့်ထားတဲ့အချဉ်နဲ့ တွဲဖက်စားလေ့ရှိပါတယ်။

အဲဒါကို ဘာနဲ့တွဲ သောက် (အဲလေ) တွဲစားရမယ် ဆိုတာတော့ ကွကိုယ် ဆုံးဖြတ်လိုက်တော့နော်။

ကျနော် ဆိုရင် ထမင်း ဆီဆမ်း ဆားဖြူးနဲ့ ဒီဟင်းနဲ့ကို ဖြစ်တယ်။

 

~~~~~~~~~~~~~~~~~~~

 

အင်္ဂါနေ့။

ကိုဖက်ကက်နည်းထဲက ယူလိုက်မယ်။ လာလေ့!! :-DD

 

ဘဲဥအိန္ဒိယနွယ်ဖွားဟင်း… (ခိခိ)

 

ဘဲဥလေးကိုပြုတ်… အပ်ချည်ကြိုးလေးနဲ့ထက်ခြမ်းခြမ်း…

ပြီးရင်… ခြမ်းထားတဲ့ဘက်ကို ဆားလေးနဲနဲပွတ်ပေးရပါတယ်… မဟုတ်ရင် ကြော်လိုက်တဲ့အခါ အနှစ်တွေက

အကာထဲကထွက်တတ်လို့ပါ….

ပြီးရင် အကာလေးခပ်ကျွတ်ကျွတ်ဖြစ်အောင် ဆီသန့်သန့်ထဲ ထည့်ပြီးပြန်ကြော်ပါ…

 

ပြီးရင်တော့ အာလူးလေးကို အခွံနွှာ ရေစင်အောင်ဆေး… ကြိုက်တတ်ရင်တော့ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး…ထည့်လို့ရပါတယ်…

ငါးရံ့ခြောက်ကိုလဲ လက်သုံးလုံးလောက် ခုတ်ပြီး ရေခဏစိမ်ထားပါ… နဲနဲလေးပွလာအောင်လို့…

ပြီးတာနဲ့ ကြက်သွန်နီ (၃)လုံးလောက် နုတ်နုတ်စင်း… ကြက်သွန်ဖြူအမွှာကြီး (၃)မွှာလောက်ကို ဓားပြားရိုက်ပြီး

ဆီအိုးထဲထည့်ဆီသတ်ပါ… ဆီမသတ်ခင် ဆီထဲကို နနွင်းမှုန့်နဲနဲထည့်ပြီး ဆီကိုအဝါရောင်သန်းအောင်လုပ်ပါ…

ပြီးရင် ကြက်သွန်ဖြူထည့်ပြီးတော့ ကြက်သွန်ဖြူနံထွက်လာပြီဆိုရင် စင်းထားတဲ့ ကြက်သွန်နီကိုထည့်ပြီး နွမ်းအောင်ဆီသတ်ပါ…

နွမ်းပြီဆိုမှ ငရုတ်သီးအရောင်တင်မှုန့်ကို အရောင်အကြိုက်ဖြစ်အောင်ထည့်ပါ… ပြီးရင် အာလူး… စတဲ့ဟင်းသီးတွေထည့်ပြီး ဆီစသတ်ပါ… နွမ်းပြီဆိုမှ ရေစိမ်ထားတဲ့ ငါးရံ့ခြောက်ကိုထပ်ထည့်ပြီး ဆီဆက်သပ်ပါ…

ဆီသပ်ချိန်ကြာလေးလေ… ဟင်းအရသာကောင်းလေလေပါ…

ရေမထည့်ခင် ဆီသတ်တာနာမှ… ဟင်းအရသာကောင်းတာပါ… မဟုတ်ရင် အချိုအငန်က အသားထဲမဝင်ဘဲ…

အရည်သပ်သပ်… အဖတ်သပ်သပ်… ဖြစ်တတ်ပါတယ်…

ပြီးရင်တော့ ရေလေးခပ်မြုတ်မြုတ်ထည့်ပြီး ဆူလာအောင်… ဆီပြန်လာအောင်ချက်ပါ…

အဲဒီအချိန်မှာ အာလူးများ ပျော်သွားတတ်တာမို့ လိုတဲ့အနေအထားရောက်ရင် ဆယ်ထားစေချင်ပါတယ်…

ငါးခြောက်ထဲကိုလဲ အရသာဝင်ပြီဆိုရင်တော့ ကြော်ထားတဲ့ဘဲဥကို ထည့်ပြီးတော့ ဆီပြန်အောင်ထားပါ…

ဆီလဲပြန်ပီ… အရည်လဲ အနေတော်ဖြစ်ပြီဆိုရင်…

အိုးကို မီးဖိုပေါ်ကချပြီးတော့ ပျဉ်းတော်သိမ်ရွက်ကို လေးရွက် ငါးရွက်လောက်ရေဆေးထည့်လိုက်ပါ…

ပြီးရင်… မဆလာကို အပေါ်မှလိုအပ်တဲ့ အနံ့ရတဲ့အထိ ဖြူးပါ…

 

မဆလာကို ထည့်မချက်ပါနဲ့ မဆလာထည့်ချက်တာဟာ မဆလာအနံ့ကို ပျောက်စေပါတယ်…

မဆလာအနံ့ကောင်းကောင်းလိုချင်ရင်… ဟင်းအိုးချပြီးမှသာ မဆလာအပေါ်မှာ ဖြူးပါခင်ဗျား…

ဗယာကြော်နဲ့ မြင်းခွာရွက်သုပ်ကတော့ အများလုပ်နေကြအတိုင်းပါပဲခင်ဗျား….

(ဘဲဥချဉ်ရည် ပိုလွယ်တဲ့ နည်းးးး)

ဘဲဥကိုပြုပ် အခွံခွါ ထက်ခြမ်းခြမ်း
ကြက်သွန်အဖြူအနီအရောင်တင်နဲ ့ဆီသပ်

ညိုရောင်သန်းလာရင် ဘဲဥထည့်
ခဏနေရင် မကျည်းသီးကိုအနှစ်လုပ်

ထားတဲ့မကျည်းရည်ထည့်
ငံပြာရည် အရသာမှုန် ့ခပ်

ဆီရောင်တက်လာရင်အပေါ့အငံမြည်းလိုရင်တော့ ဘဲဥချဉ်ရည်ဟင်းရပါပြီ

~~~~~~~~~~~~~~~~~~~~~~~

 

ဗုဒ္ဓဟူးနေ့

 

ကျောက်(စ) ရဲ့ ဥ အလှည့်။ ဥ ချက်နည်းကိုပြောတာ။  😈

 

ဘာကျွေးရင်ကောင်းမလဲဆိုတော့ ဥ ဟင်း ပေါ့ဗျာ။ ဟေ့လူ… စာတွေး တွေးပါဗျ၊ ကျုပ်ပြောတာ ကြက်ဥ ဘဲဥ။ လမ်းကြုံလို့ပြောရဦးမယ် ကြက်ဥ ဘဲဥ လတ်ဆတ်ရင် အကာသားက ပိုချွဲပြီး အနှစ်ကပျော့တယ်ဗျ၊ ကြာသွားရင် အနှစ်က ပိုမာပြီး အကာက ကျဲသွားတယ် အခွံခွါရတာတော့ ပိုလွယ်တာပေါ့။

 

တိန်… !! လတ်မလတ် ဘယ်လိုသိလဲ… ဟုတ်စ။ ဈေးဝယ်နေကြဆိုရင် သိတာပေါ့၊ မလတ်ရင် ဥက ပေါ့နေတယ်လေ။ နောက်ပြီး ရေထဲထည့်လိုက်ရင် ပေါ်နေတာပေါ့ဗျ။

 

ကျုပ်ကတော့ ဟင်းချက်ဖို့ ကြက်ဥ ဘဲဥ ပြုတ်ရင် ရှာလကာရည် ၁ဇွန်းလောက်ထည့်တယ်၊ အခွံသင်ရတာပိုလွယ်ပြီး ကျစ်သွားလို့ အလုံးလှတယ်လေ။

 

 မန်ကျည်းနှစ်နဲ့ ကြက်ဥ ဘဲဥချဉ်ရည်ဟင်း ချက်တာ လူတိုင်းသိတဲ့ကိစ္စမို့ မပြောတော့ဘူး။

 

မွှေကြော် ခေါက်ကြော် ကြော်ရင်တော့ ပွချင်ဆိမ့်ချင်ရင် နို့စိမ်း နဲနဲထည့်၊ ဆူးပုတ်တို့ ကြက်ဟင်းခါးသီးတို့နဲ့ အချပ်လိုက်လေး ကြော်ချင်ရင် သံပုရာရည် ၃စက်လောက်ထည့် ကျစ်ကျစ်လေးရမယ် ဆရာ။

 

ဘာ… ခါးတယ် ဟုတ်လား… ဒီလူတော့ ခက်ပြီ။ ကြက်ဟင်းခါးသီးကို လှီးပြီးရင် ဆားနဲ့ခပ်ဖွဖွနယ် ရေဆေး၊ ပြီးရင် ရေနွေးထဲခဏစိမ် ရေပြန်စစ်ပြီး ရေခဲတုံးလေးတွေနဲ့နှပ်ထားလိုက်လေ။ ရေခဲတွေ အရည်ပျော်သွားရင် ရေစစ်ထားလိုက် ပြီးရင် ကြက်ဥနဲ့ပဲကြော်ကြော်၊ ဝက်သားနဲ့ပဲကြော်ကြော်၊ ရှယ်ပဲဗျ။

 

ကဲ ကဲ ခင်ဗျား တို့ကို ဝက်သုံးထပ်သား အတုံးသေးသေးတုံးထားတာနဲ့ ကြက်ဟင်းခါးသီးအစပ်ကြော်၊

 

ဥ ချဉ်ရည်ဟင်း…

 

ဒီလောက်ဆို ဖြစ်တယ်မဟုတ်လား။ လေစာတွေစားပြီး အီးတော့ မပေါက်နဲ့ဗျာ။  😀

 

~~~~~~~~~~~~~~~~~~~~~~

 

ကြာသပတေးးး

 

ဟယ်။

ဘယ်သူ့ ဥမှ မရှိတော့။ ကေဇီမှာလည်း ဥ (ချက်နည်း) ကောင်းကောင်းမရှိ။  :mrgreenn:

အဲဒီတော့ ဟိုမေးဒီမေး မေးလိုက်တာ။ တစ်နည်းထွက်လာတယ်။ ဘလော့ကာ ဖိုးစိန်ရဲ့ ဖဘ က မလာတာ။

 

ဒီဥဟင်း ဖြစ်လာဖို့ ပုစွန်ခြောက်ရဲ့ အကူအညီအများကြီးလိုပါတယ်။

ပုစွန်ခြောက်ကို ကြက်သွန်ဖြူ၊ နီ နဲ့ ရောထောင်းပြီး ငရုတ်သီးခြောက်ကို ရေစိမ် ရောထောင်း ပြီး ဆီသတ်ပါတယ်။ မာဆလာ ကို ထည့်ပါတယ်။

 

ပြီးရင် မန်ကျည်းအနှစ် ကို ရေဖျော်ထားတာကို ဆီသတ်ထားတာ မွှေးလာရင် ငံပြာရည်နဲ့ အတူ လောင်းထည့် လိုက်ပါတယ်။

ရှဲကနဲ အသံထွက်လာပါတယ်။

အဲဒီအခါမှာ ဥ ကို ဓားမွှန်းထားတာကို ထည့်လိုက်ပါတယ်။ ဥကို အခွံမာတဲ့ထိ ကျက်အောင် ဆီပြန်ရေကျန် ထည့်ပါတယ်။

ဆီပြန်လာရင် နံနံပင်လေး အုပ်လိုက်ပါတယ်။ အနှစ်က ထမင်းပူပူ ပျော့ပျော့လေးနဲ့ နယ်စားရင် အရမ်း အရသာ ရှိပါတယ်။

 

အလိုက်ဖက်ဆုံးကတော့ သခွားသီး အတုံးလေးတွေကို ကိုက်စားပေါ့လေ။

 

ငယ်ငယ်တုန်းကတော့ အမေချက်တဲ့ ဥဟင်းထဲ ဘာထည့်လဲ ဆိုလား အမေက အိမ်ကိုလာတဲ့ သူတိုင်းကို ပြောပြလေ့ရှိတယ်။

သိချင်ရင်တော့ အိမ်လာလည်ပေါ့လေ။ ဥဟင်းနဲ့ ထမင်းကို နယ်ကျွေးပါမယ်။

ဒါနဲ့ ဥဟင်းက လူကို မဝ စေပါဘူး နော်။

 

~~~~~~~~~~~~~~~~~~~~

 

သောကြာနေ့။

 

ဒီခါတော့ သများရဲ့ ဥ ကလှည့်။

 

ကြက်ဥ ကီးမားလေ။ ညင်းညင်းးးး

ကိုယ့်အလှည့်ကျ အရမ်းလွယ်တယ်လို့ မပြောနဲ့နော်။ ကိုယ်ချက်တတ်တာ ဒါပဲရှိတာ။

 

ကြက်ဥ ကို ပန်းကန်လုံးထဲ ဖောက်ထည့်။

ပုဇွန်ထုတ် ကို ပါးပါးလှီးထည့်

ခရုကြိုက်ရင် ထည့်

ခါချက်ဥကို ခြစ်ထည့်။

ခရမ်းချဉ်သီး သေးသေးနုပ်နုပ်လေးတွေ စဉ်းထည့်

ကြက်သွန်နီ ပါးပါးမျှင်မျှင်ထည့်

ကြက်သွန်ဖြူ ပါးပါးလှီးထည့်

ငရုပ်သီးစိမ်း သေးသေးညှပ်ထည့်။

ဆားထည့်၊ ဆနွင်း နည်းနည်းလေးထည့်

မဆလာထည့်။

နာနာခလောက်။

ပြီးတော့ မီးအေးအေးပေါ် ဖရိုင်းပန် အပြား တင်။

ဆီနည်းနည်းပဲ တည်။

ပြီးရင် ခလောက်ထားတာကိုအိုး အနှံ့လောင်းချ။

တစ်ဖက်ပြီးတစ်ပက် နီရဲ နေအောင်သာကြော်။

လုပ်တတ်ရင် စားဖိုမှူးကြီးတွေလို ပန် ကို မြှောက်ပြီး တဖက်လှန်လိုက်ပါဦးးး

(အောက်ပြုတ်ကျရင် ကေဇီ တာဝန်မပါ)  :mrgreenn:

 

အဲလာ ရလာပြီ ဆိုရင် ဘူးသီး ဟင်းခါးလေးရယ်၊ ငါးသလဲထိုးကြော်လေးနဲ့ စားတော့။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~

စနေ။

 

ဒီ နည်းကတော့ အပျင်းထူမ နည်းနည်း အားမှ ချက်တဲ့နည်းးးးး

လွယ်ပါတယ်။

စိတ်မရှည်လို့သာ။

 

ကြက်ဥကို ဆီများများနဲ့ ဟပ်ဖရိုင်း ကြော်ထားလိုက်။ ပြီးရင် ဆယ်ပြီး ပန်းကန်ပြားထဲ ထည့်ထားလိုက်ပါ။

အနှစ် မပေါက်ရင်၊ အနှစ်ခဲမသွားရင် ပိုလှပါတယ်။

 

အဲဒီ ဆီနဲ့ပဲ….

ကြက်သွန်နီ လေးစိတ်ထိုး

ကြက်သွန်ဖြူ ဒါးပြားရိုက်

ခရမ်းချဉ်သီးတောက်တောက်စဉ်းးး စတာတွေကို ဆီသတ်။

အရောင်တင်၊ ဆနွင်းထည့်။။

နည်း နည်း ဆီပြန်လာရင် ရေ အရင် ထည့်လိုက်။ အဲဒါမှ အနှစ်ထွက်လာတာ။

 

ဆီနဲ့ ရေ ရောပြီး အနှစ် ထွက်လာရင် ခုနကကြော်ထားတဲ့ ကြက်ဥလေးတွေ ထည့်လိုက်တော့။

ပုံမပျက်အောင် သတိထားပြီး ဟင်းအနှစ် နှံ့အောင်လုပ်။

ဆီပြန်ကာနီးမှ ငရုတ်သီးစိမ်းကို ဖင်ခွဲ ထည့်။ မဆလာ အနံ့ကြိုက်ရင် ထည့်လို့ရပါပြီ။

 

ပဲပုပ်ထောင်းလေးရယ်၊ သီးစုံ ဟင်းလေးရယ်နဲ့ စားပြီး အိပ်လိုက်ပါတော့။

 

~~~~~~~~~~~~~~~~~~~~~~

 

တနင်္ဂနွေ။

 

ကေဇီ ပို့(စ) တင်ဖူးတဲ့ ဘဲဥ ငုတ်တုတ်နည်းးး

(https://myanmargazette.net/188437)

ငရုတ်သီးခြောက်ကို ရေစိမ်ထားးး၊ အစပ်ကြိုက်ရင် များများစိမ်ထားလိုက်

ပြီးရင် ညက်အောင် ထောင်း တစ်ပုံပုံ။

ချင်းးး၊ ကြက်သွန်ဖြူ/နီ ကို ညက်နေအောင်ထောင်းးးးထား တစ်ပုံပုံ။

ပုဇွန်ကို ရေဆေးးးးး အခွံသင်၊ ချီးကြောင်းထုတ်၊

ပြီးရင် ဆနွင်း၊ ငံပြာရည်၊ ဆား နဲ့ နယ်ထားလိုက်၊ နှပ်ထားလိုက်။

 

ဘဲ (အဲ) ကြက်ဥကို ပြုတ်၊ ထက်ခြမ်း ခြမ်းးးးး

ဒီမှာတော့ ပုဇွန်သေးသေးလေးနဲ့ လိုက်အောင် ၄ ခြမ်း ခြမ်းပလိုက်တယ်။

 

ဆီအိုးးး ကျက်ရင် အဲဒီ ဥပြုတ်ခြမ်းကို ကြော်ထားလိုက် (အနှစ် အကာ မကွဲစေအောင်ရော၊ အရသာပိုရှိတာရော)

ပြီးတော့ ဆယ်ထားးးးးး

အဲ ဆီနဲ့ပဲ ထောင်းပြီး ပုံထားတဲ့ ဟာတွေ ကို ဆီသပ်၊ ပြီးရင် ပုဇွန်နှပ်ထားကို ထည့်ချက်၊

ပုဇွန်က ရေထွက် လာရင် ခုနက ဥပြုတ်ခြမ်းကြော်ကို ထည့်ပြီး ပုံမပျက်ရုံ မွှေပေးပါ။

ပြီးရင် ခူးခါနီးမှ မဆလာ လေး အုပ်လိုက်။

အင်မတန်ကို ခံတွင်းလိုက်မဲ့ ဟင်းတစ်ခွက်ရပါပြီ။

 

ဝက်သား အခေါက်နဲ့ မျှစ်ချဉ်၊ ငရုပ်သီးဆားထောင်း၊ကိုက်လန် အစိမ်းကြော်၊ နဲ့ စားလို့ရပါပြီ။

 

 

အကြံကုန်ပြီ။ အဲဒီတော့ သိသမျှ စားနည်းတွေ ပြောမယ်။

၁) ဥ ကို ပြုတ်ပြီး ပါးပါးလှီး သုပ်စားလည်း ရတယ်။

၂) ထမင်းကို ကြက်ဥနှစ် နဲ့ ဆီရယ် ဆားရယ် နယ်ပြီး အကာရယ် မြေပဲဆံကြော်လေး နဲ့ စားလည်း ထမင်းမြိန်တာပဲ။

၃) ကြက်ဥကို ပြုတ် ပါးပါးလှီးပြီးမှ ကျွပ်နေအောင်ကြော်စားလည်း စားလို့ကောင်းတယ်။

၄) မကြက်တကြက်ပြုပ်ပြီး ဆားလေး ငရုတ်ကောင်းလေးရယ်၊ ပဲ ငံပြာရည် အကြည်လေးရယ် နဲ့ ဒီတိုင်းစားလည်း အိုကေတယ်။ (ကြက်တုတ်ကွေးရာသီမှာတော့ မစားသင့်)

၅) ဆီအိုးတည်ပြီး ကြက်ဥဖောက်ထည့် ဆားလေးထည့်ပြီး မွှေလိုက်ပြီးမှ ကြော်တာကို ဘိုးသိုးဘတ်သတ်ကြော်လို့ အိမ်မှာခေါ်တယ်။

၆) အချပ်ကြော်ကတော့ လူတိုင်းသိပြီးသားပါနော့။

၇) ဂျင်း၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်မှုန့် နည်းနည်းနဲ့ ဟင်းရည်တည်။ ဆူလာမှ ပန်းကန်ထဲက ခလောက်ပြီးသား ကြက်ဥကို လောင်းထည့်ရင် အဆုပ်အဆုပ်လေးတွေနဲ့ ကြက်ဥဟင်းရည်ရရော၊ ငရုတ်ကောင်းနဲ့ သောက်လို့ကောင်းးးးးးး။

 

ကြက်ဥကော်ပြန့်နည်းလည်းရှိ။

ခလောက်ထားတာကို ပန် မှာ ပါးပါးလေးတွေ ကြော်၊ ဆီနည်းနည်းနဲ့။

ပြီးရင် လိပ်လို့ ရတဲ့ အနေညှပ်ထား

ပုဇွန်အကောင်ပြုတ်ထားတာကို ဆန့်ပြီး

ခါချက်ဥ၊ သခွါးသီး ကို အရှည်လိုက် ခြစ် ထားတာနဲ့ ထည့်လိပ်။

အချဉ်ကောင်းကောင်းနဲ့လဲ စားဖြစ်တာပဲ။

 

http://www.burmeseyouth.com/youth_section_cooking_detail.php?id=997

ပါတီကြက်ဥတဲ့။ သိချင်ရင်တော့ အထက်ပါ လင့်မှာရှာကြကုန်။

ကော်ပီ/ပေ့ လုပ်လို့မရလို့ လင့်ကိုပဲ ညွှန်းလိုက်တော့မယ်။

 

ဒါလောက်ပါပဲ။

သိသလောက်လည်း ကေဇီကို ပြန်မျှကြပါဦးးး

71 comments

  • black chaw

    March 24, 2014 at 9:07 am

    ငါ့ခြံထဲမှာ ဥတဲ့ ဥ
    ငါ့ ကြက်မရဲ့ ဥ
    အတင်းဝင်ကောက်တဲ့ ဟိုဘက်က ဂျပု
    မလွန်ခင်တူနဲ့ထု
    မင့် ကြက်အထီးက မဥတဲ့ ဘဝ
    အဲဒါ မင်းကိစ္စ
    မင်းမကျေနပ်ရင် ကိုယ်တိုင်ထိုင်ဥ ဟ…။
    ဟေးဟေး…ပထမဆုံးပေးတဲ့ ကွန်းမန့်ကွ…။

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 11:08 am

      ပထမဆုံးကော်မန့်ပိုင်ရှင်ကြီး မုန့်ဝယ်ကျွေးးးပါ။

      :mrgreenn:

      • ဖြူစိုင်း လူ

        March 24, 2014 at 12:34 pm

        ခြွင်းချက်အနေနဲ့ ဘယ်လောက်ပဲကြာကြာ ဒုတိယဖြစ်ခွင့်ရှိပါသေးတယ်။
        ဥအကြောင်းဖတ်ရင်းနဲ့ မူးလာလို့ ရှိတဲ့ဥလေးကိုပဲ ကြော်စားလိုက်ပါတယ်

        နံပြားနှစ်ချပ်တော့ ဆိုင်ကမှာလိုက်တယ်

        ဥနဲ့စား လွန်စွာမှကောင်း၊ သူတို့အပြော ပူရီဆိုလားပဲ

        • ဘရန်းဒက် ကေဇီ

          March 24, 2014 at 12:39 pm

          အဲ။ ဒုတိယ ကော်မန့်ပေါ့နော်။
          အဲဒါဆိုလည်း ကြက်ကြော်လေး ကြော်ကျွေးပါ။ :mrgreenn:

          နံပြားနဲ့ကြက်ဥနဲ့ ပေါင်းရင် ပူရီ ဟုတ်လား??
          ကိုရင်စိုင်း မဟုတ်က ဟုတ်က! 🙄

  • alinsett (gazette)

    March 24, 2014 at 9:11 am

    ဥ တွေအကြောင်း စားကောင်းစရာ. . .

    🙂

    ဒေါ်ဖွားမေ ဒလောက်မသိဘူး

    🙂

  • surmi

    March 24, 2014 at 9:46 am

    ကြက်ဥ ဟင်းချို ***

    ရေနွေး လီတာဝက်လောက်ကိုဆူအောင်တည်ထားပါ ။
    ဆား အနည်းငယ် ၊ သံပရာသီး or ရှောက်သီး or
    အခြားသော လတ်လတ်ဆပ်ဆပ် အသီးချဉ်ရည်တခုခုကို ထည့်ပါ
    ရှောက်ရွက်အနည်းငယ်လှီးထည့် ၊ ပြီးရင် အဓိကထည့်ရမှာက
    ငရုပ်သီးစိမ်း ၁ဝ တောင့်လောက်ကို ထက်ခြမ်းခွဲထည့်ပါ ။
    ပွက်ပွက်ဆူပါက အရသာမြည်း၍ စိတ်ကြိုက် ချဉ်ချဉ်စပ်စပ် လေးရပြီဆိုပါလျှင်
    ကြက်ဥတစ်လုံးကိုခေါက်ပြီး ထည့်ပါ ။
    ကြက်ဥထည့်စဉ်ဟင်းချိုအား အဆက်မပြတ်မွှေပေးပြီးလျှင် ဖြေးညှင်းစွာထည့်ရပါမည် ။

    ဤတွင် နယ်စည်းမခြား အဖွဲ့ဝင်နို့အကြိုက် ကြက်ဥချဉ်စပ်ဟင်းချို ရပါပြီ 🙂

    • surmi

      March 24, 2014 at 9:48 am

      အချိုမှုန့်တို့ ဟင်းခတ်မှုန့်တို့ကတော့ မိုက်သလောက်ထည့်ပါလေ :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 9:49 am

      ဒါက ဦးဆာရဲ့ ဥ ပေါ့။

      😀

  • weiwei

    March 24, 2014 at 9:47 am

    ဥ ကို အလွယ်ဆုံးချက်နည်း ရွာထဲမှာ တင်ဖူးတယ် ..
    လင့်ရှာပြီး ပေးအုန်းမယ် .. ဒီကကော်နက်ရှင်က ရှာရတာ သိပ်ခက်တယ် …

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 10:01 am

      Wei’s Cook ထဲမှာတော့ တွေ့ဘူးတော့။
      တဂ် မှတ်မိလားးး ဝေ?

  • ဘရန်းဒက် ကေဇီ

    March 24, 2014 at 9:53 am

    ရှာပေးမယ် ဝေ။
    အရင်ကဟာဆို မသိလိုက်လို့။ ငုံးဥကိုပဲမှတ်မိလို့ပြန်ရှာထည့်ထားတာ။
    🙂

      • ဘရန်းဒက် ကေဇီ

        March 24, 2014 at 10:02 am

        လွယ်တာမှ မီးဖိုလဲမလို အိုးလဲ မလိုပါဘူး။ ကြွေပန်းကန် အနေတော်ထဲမှာ ဆီနဲနဲသုတ်ပြီး ကြက်ဥတစ်လုံးထည့်လိုက်တယ် … ဆားနဲနဲထည့်လိုက်တယ် .. ပြီးတော့ မိုက်ခရိုဝေ့ထဲ ထည့်ပြီး ၂ မိနစ်ထားလိုက်ရင် ကြက်ဥကြော်ဖြစ်သွားပါပြီ …

        မနက်စောစော မနက်စာကို ပေါင်မုန့်ထဲညှပ်စားရာမှာ အလွန်အဆင်ပြေပါတယ် … အိုးမဆေးရဘူး .. အညှော်လဲမခံရပါဘူး ..

        (Credit to Wei Wei)

        😀

        • weiwei

          March 24, 2014 at 10:11 am

          http://myanmargazette.net/36553

          ဒါက နောက်တစ်နည်း .. အဲဒါက သိပ်မလွယ်ဘူး .. ပညာသားပါတယ် ..
          ကြက်ဥကြော်ဆိုတိုင်း သိပ်လွယ်တာတော့ မဟုတ်ဘူး …

      • ဘရန်းဒက် ကေဇီ

        March 24, 2014 at 11:03 am

        ကြက်ဥမွှေကြော်ကို အပြားမပျက်ပဲ ကြော်ဖို့ အိုးက အဓိကကျပါတယ်။ မကပ်တဲ့ non stick အိုးဖြစ်ရမယ် .. အိုးအပြားလဲ ဖြစ်ရမယ်။
        ပါဝင်သောပစ္စည်းများ
        – ကြက်ဥ (၃) လုံး
        – ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်မိတ် (နှစ်သက်ရာ)
        – ဆား၊ ဆနွင်း၊ ဆီ အနည်းငယ်
        ချက်ပြုတ်နည်းအဆင့်ဆင့်
        အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး အိုးပူလာသည်အထိ ထားရမယ်။ ကြက်ဥကို ဆား ဆနွင်း (ဆနွင်းမထည့်လဲရသည်) အနည်းငယ်ဖြင့် ခေါက်ထားရမယ်။ ဆီပူလာပါက အိုးထဲကိုလောင်းထဲလိုက်ပြီး အပြားသဏ္ဍာန်ဖြစ်အောင် ပြင်ပေးရပါမည်။ အောက်ခြေအနည်းငယ်ကျက်လာမှ လှီးထားသော ပစ္စည်းများကို ဖြူးလိုက်ရမည်။ ထို့နောက် သတိအနေအထားဖြင့် တစ်ဖက်သို့လှန်လိုက်ရပါမည်။ အဲဒီနောက် ပန်းကန်ထဲ ထည့်လိုက်ရုံပါပဲ …

        သတိထားရမယ့်အချက်ကတော့ ကြက်သွန်တွေကို ကြက်ဥနဲ့ရောခေါက်ပြီးမှ ကြော်လျှင် အရေထွက်သဖြင့် လှန်ရခက်ပြီး ကြေသွားတတ်ပါသည် …….

        (Credit to Wei Wei)

  • Paing Lay

    March 24, 2014 at 10:27 am

    အနော်ယဲ စမ်းကြည့်ဦးမယ် မမ ကေဇီကြောသလို ပြောရင်းနဲ့ ဗိုက်တောင်ဆာလာတယ် 😀

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 11:06 am

      ဟင်။
      နာ့ ပို့(စ) ကို လာဖတ်ပြီး စမ်းကြည့်မတဲ့။

      😀

  • Wow

    March 24, 2014 at 10:33 am

    ဝ မရှိပဲ ဝိ လုပ်ချင်တဲ့ ချွိချွိ…
    ဟင်း မချက်တတ်ပဲ ချက်နည်းပို့စ်တွေ အမြဲတင်နေတာဂို ပေါဒါဘာာာာ :mrgreen:
    ဟင်းချက်ပျင်းတိုင်း ဥ ပဲ ပြေးပြေးဆွဲတာ….. အိမ်မာ CP ကြက်ဥ ကတ်လိုက်ဝယ်ထားဒါကို ကြောဒါ…
    ဒါဗြဲ သညားလဲ အုကွဲ သိုက်ပျက်အောင် လုပ်တတ်တယ်… စာခေးသိုက်တွေ ငယ်တုံးက တုတ်နဲ့ ထိုးချဖူးတာ ကြောဒါဘာ :mrgreen:
    နောက်ကလိုက်ပီး ပေါက်ကရ ကြော မယ် မကြံနဲ့… (ခွက်ဒစ် ပို့စ် ပိုင်ချင်ဂျီး) :boss:

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 11:05 am

      ဟင်!!
      နာ့ ကို ဝ မရှိပဲ ဝိလုပ်တယ်လို့ ပြောရဲတယ်ဟွတ်လားးး
      ဒီမှာ ရှိလို့ပဲ ရှိသမျှ ဥတွေ ချက်ပြနေတာလေ။ :mrgreenn:

      သများက သူများတွေလို ဝ မရှိပဲ ဝါး/ဝိုး/ဝေါင်း မလုပ်တာ။
      ဟိဟိ။
      😀

      အဲဒီ ဝ တွေ ခွဲလိုက်မယ်။

      :boss:

      • Wow

        March 24, 2014 at 2:41 pm

        တူညား ဥ တွေအငှားချက်နေပီးတော့မြန်းးးး :mrgreen:
        ဝ ဒွေခွဲပီး ဘာချက်မာလဲ ငင်င်င်င်

  • Mr. MarGa

    March 24, 2014 at 11:09 am

    ကြက်ဥ
    ချက်တယ်ပြုတ်တယ် ဖုတ်တယ်ကင်တယ် ကြော်တယ်လှော်တယ်
    အဲ့လိုမျိုး တွေးလိုက်ရင်
    ဒီပို့စ် မှာ နည်း နှစ်မျိုး လိုနေတယ်
    ကြက်ဥကို ဘယ်လို ဖုတ်မလဲ
    ပြီးတော့ ဘယ်လို လှော်မလဲ
    (ကင်တာကတော့ လွယ်မယ်ထင်လို့ ပြောတော့ဝူး)
    အပေါ်က နှစ်နည်းနဲ့ ပြုလုပ်နိုင်သလားဆိုတာ ချိကွတ် (chief cook) များ ဖြေပေးပါကုန်
    :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 11:17 am

      ကိုယ့် ဥနဲ့ ကိုယ် စမ်းကြည့်လိုက်လေ….
      .
      .
      .
      .
      .

      ဈေးက ဝယ်ပြီး အိမ်က မီးဖိုမှာ။ :kwi:

    • ဖြူစိုင်း လူ

      March 24, 2014 at 12:46 pm

      ဒီမယ်ကိုယ့်လူ
      ဥကိုဖုတ်မယ်ဆိုရင် ဖုတ်စရာရှိဖို့ပဲလိုတယ်
      ဖုတ် တက်စရာမလိုဘူး၊ ဖုတ်ချင်စိတ်လေးရယ်၊ ဘယ်လိုဖုတ် ကောင်းမလဲသိဖို့လိုတယ်
      လှော်တာကတော့ မခက်ပါဘူး

      ဖုတ် ပီးရင်တော့ လှော်လို့ရပါပြီ

      အဲ့ဒါကြောင့် နံပြားရိုက်တော်သူတွေ၊ နံပြားကို ကောင်းကောင်းဖုတ်နိုင်သူတွေ
      ဆီပူပူနဲ့လှော်ရတဲ့ ပလာတာ ဆရာတွေဖြစ်ကုန်ပါလား

  • ဦးကြောင်ကြီး

    March 24, 2014 at 11:44 am

    ဥကေဇီ
    လူ့ပြည်မည်
    တုရွှေဖီ
    ယုနေသည်..

  • တစ်ချိန်လုံး ဥ စားနေတဲ့ ဥကြိုက်သူတစ်ယောက်ကို ချက်ကျွေးဖို့ ဒီပို့စ်ကို ကူးထားလိုက်ပါကြောင်း..
    :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 12:12 pm

      ဟမ်။
      နာ့ ညီမလေးမှာ အများကြီးပဲ…
      အရွက်ကြိုက်တဲ့သူရော …
      ဥကြိုက်တဲ့သူရော….
      တစ်ယောက်တည်းပဲလားဟမ်? :mrgreenn:

      • တြောက်တည်းပါပဲရယ်.. နှစ်ယောက်လိုချင်တာ..မရလို့.. ဟီး.. နောက်တာ..

        ဘာစားချင်လဲ လို့ မေးကြည့်မိပါတယ်.. ဂေါ်ဖီရယ်၊ ဥနီရယ်၊ ဟို ပြောင်းဖူးသေးသေးလေးတွေရယ် ရောကြော်ထားတဲ့ အရွက်ကြော်နဲ့ ဘဲဥပြုတ်သုပ် တဲ့..
        နှစ်မျိုးစလုံး အနော်မကြိုက်တာတွေချည်း.. အရွက်ကြော်ကမှ စားသေးတယ်.. ဘဲဥပြုတ်သုပ်က လုံးဝကို မစား..သူကတော့ ပြောသား.. လုစားစရာ မလိုဘူးပေါ့ တဲ့.. :mrgreen:

  • Ma Ei

    March 24, 2014 at 12:10 pm

    ကြက်ဥကို မကျက်တကျက် ကြော်တာလေးဘဲကြိုက်တယ်…

  • ဘရန်းဒက် ကေဇီ

    March 24, 2014 at 12:15 pm

    Half- Fried Egg ပေါ့ မွအိ။

    ကျနော်လည်း ကြိုက်တယ်။

    Half-boiled Egg မကျက်တကျက်ပြုတ်တာတော့ မကြိုက်ဘူးးး

    🙂

  • Crystalline

    March 24, 2014 at 12:49 pm

    ++ ကြက်ဥကို ကြက်အောင်ပြုတ်… ပြီးတော့ ခရင်းတို့ ဇွန်းတို့နဲ့ခြေ… ပြီး မရောနိစ်နဲ့မွှေ.. ပေါင်မုန့်မီးကင်ထဲညှပ်စား… တများတော့အရမ်းကြိုက်… :))
    ++ နယ်ကအစ်မချက်ပေးတာတော့ ဘဲဥကို အလုံးလိုက်ကြော်.. ပြီး ကြက်သွန်ဖြူ..ကြက်သွန်နီ.. ဂျင်းအနှစ်များများနဲ့ပြန်ချက်.. သကြားနည်းနည်းထည့်တယ်.. မကျည်းနှစ်ရည်နဲ့.. အဲလာလည်းကြိုက်တယ်.. :loll:
    ++ နောက်တယောက်ကတော့ အလုံးလိုက်ပတ်လည်မွှန်း… ဆီသတ်.. ငါးငါးပိရည်နည်းနည်းထည့်သတ်.. မီးပြင်းပြင်းဆီပူတိုက်..ရေနည်းနည်းထည့်… ဆီထပ်ပြန်တော့မှ မကျည်းရည်ထည့်ပြီး ကြာကြာချက်… အာ့လည်းကြိုက်တယ်.. :mrgreenn:
    ++ နောက်တခုက ဝက်သားတုတ်ထိုးချက်တဲ့အထဲထည့်ချက်ထားတဲ့ဘဲဥတုတ်ထိုး.. အဲဒါလည်းကောင်းသား :kwi:
    ++ နောက်အစ်မတစ်ယောက်ကတော့ ဘဲဥငံပြာရည်ကြော်.. ကြက်သွန်များများပါးပါးလှီးဆီသတ်.. ငရုတ်သီးအကြမ်းဖတ်နည်းနည်းထည့်… ဘဲဥဖောက်ထည့်.. ငံပြာရည်ထည့်.. ကြက်သွန်များရင် စားကောင်းတယ်..
    မဝေရဲ့ ငုံးဥနည်းစမ်းသပ်မယ်..
    ဒေါ်ကေဇီရဲ့ ဘဲဥကီးမားကိုလည်းစမ်းသပ်မယ်…

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 12:52 pm

      ဟယ်။
      အနားသား ဥ စပယ်ရှယ်လစ်ပါတကားးးးးး

      😀

    • Crystalline

      March 24, 2014 at 12:54 pm

      ကျန်သွားတယ်.. ဦးဆာနည်းလည်းမှတ်သွားတယ်… အရမ်းလွယ်ပြီး.. စားကောင်းမှာလည်းသေချာလို့.. :))

  • ရဲစည်

    March 24, 2014 at 2:18 pm

    ” Egg (ကြက်ဥ) Mixer ”

    ကြက်ဥ ၂လုံး
    သံပုရာ တစိတ်ခန့်
    ဆား၊သကြား အနေတော်ကို သံပုရာညှစ်ပီး ရေခဲတုံးလေး ၂/၃တုံးနဲ့ ရောနှပ်ထား
    ….
    ….
    စလုပ်ရမှက ကြက်ဥကို ဂွပ်ခနဲခွဲပီး မော့သောက်လိုက်၊
    ပြီးရင် ခုန သံပုရာ ချိုချဉ်အေးကို မော့သောက်လိုက်၊
    ရေခဲတုံးတွေ မစားလိုက်နဲ့ ….

    အစပ်ကြိုက်တတ်ရင် ငရုတ်သီးစိမ်း ၅တောင့်လောက် တပြိုင်တည်း ဝါးပီးစား၊

    ပီးမှ ရေခဲတုံးကို အစပ်ပြေ ဂျွတ် ဂျွတ်နဲ့ ဝါး
    ….
    ….
    ….
    အားလုံးပီးရင် ဂျွမ်း၂ပတ်လောက်ထိုး
    ၃ခါလောက်ခုန်
    ၅ခါလောက် ဘယ်ညာလှည့်

    အဲ့လိုဆို ဗိုက်ထဲသွသူ Mixing ဖြစ်သွားပီ
    ပီးရင်တော့ ပူ………ဆိုပီး အီးတလုံးလောက် ကျယ်ကျယ်ပေါက်လိုက် ခပ်အက်အက် အနံ့လေးရရင် ကြက်ဥ Mix ရပီ …..။

    အနံ့ပြင်းတာ ကြိုက်သူများ ဘဲဥသုံးပါ

    :mrgreen:

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 2:33 pm

      အဲလာမိုး
      ရွဲ့ စီ လုပ်နေကြနေမှာ….

      :mrgreen:

  • TNA

    March 24, 2014 at 4:02 pm

    အိုက်လိုမှန်းတိ ချွိချွိကို အာလူးကတ်တလိပ်လုပ်နည်းအရင်ပေးလိုက်ပါတယ်။ အဲထဲမလဲ ဥနဲ့ပဲ။ ကိုရီးယားကြက်ဥလိပ်လဲကျန်သေးသလေ့ချွိချွိရေ။

  • ဘရန်းဒက် ကေဇီ

    March 24, 2014 at 4:44 pm

    ယောက်ခမွ
    နည်းပေးးပါ
    :mrgreenn:

    • TNA

      March 25, 2014 at 4:42 pm

      အာလူးကတ်တလိပ်လုပ်နည်းပို့ပေးမယ်။ ကြက်ဥလိပ် ကပုံနှင့်တကွပေးပါမယ်

  • Ma Ma

    March 24, 2014 at 7:11 pm

    ဘဲဥ ကြက်ဥ ငုံးဥ အကုန်ကြိုက်တယ်။
    ဘယ်လိုချက်ချက် ကြိုက်တယ်။
    ကိုယ့်ကိုကိုယ် ဥ ချက်နည်းတွေ အတော်များများ သိထားတယ်လို့ ထင်ထားတာ…
    ခုမှပဲ နွားခြေရာခွက်ထဲက ဖားသူငယ်ဖြစ်ကြောင်း သိရတော့တယ်။

    • ဘရန်းဒက် ကေဇီ

      March 25, 2014 at 5:40 pm

      ရွာထဲလည်း ဥ စပယ်ရှယ်လစ်များသလေလေ့ မမရေ..

      😀

  • kyeemite

    March 25, 2014 at 3:26 pm

    ဥ- ကိစ္စမှာနောက်ကျနေတာခွေးလွှတ်ပါဗျာ… :loll:
    ကျုပ်လူပျို ဘွက ကွကိုယ် ချက်စားလေ့ရှိတဲ့ ဥ ချက်နည်းလေးက….
    ကြက်သွန်နီပါးပါးလှီးပီး တောက်တောက်ထပ်စင်း(အဖတ်လိုက်ကြီးတွေဆို အနှစ်မဖြစ်လို့)
    ကြက်သွန်ဖြူ ဒါးပြားရိုက် တောက်တောက်စင်း
    ခရမ်းချဉ်သီးတောက်တောက်စဉ်းးး(သို့) မန်ချည်းမှည့်နဲနဲဖျော်… စတာတွေကို ဆီသတ်။
    အရောင်တင်၊ ဆနွင်းထည့်၊ ဆားထည့်၊ အချိုမှုံထည့်….
    နဲ နဲ ဆီပြန်လာရင် ရေ နဲနဲအရင် ထည့်လိုက်။ အဲ..အနှစ်ဖြစ်လာပြီဆိုတော့
    ဘဲဥဖြစ်ဖြစ် ကြက်ဥဖြစ်ဖြစ် ခါးလယ်ကို ဇွန်းဇောင်းနဲ့ခေါက်ပြီး ဒီတိုင်းဖေါက်ထည့်လိုက်….
    အနှစ်မကွဲထွက်သွားအောင် သတိထားပြီး ဟင်းအနှစ် နှံ့အောင်လုပ်။ မဆလာ အနံ့ကြိုက်ရင် ထည့်လို့ရပါပြီ။…..ထမင်းနဲ့နယ်စားရန်အသင့်ပါပဲ…ခိခိ ရေးရင်း သွားရည်တောင်ကျလာပီ
    😀

    • ဘရန်းဒက် ကေဇီ

      March 25, 2014 at 5:42 pm

      အဲ။
      အရသာကောင်းမဲ့ ပုံပဲ မိုက်မိုက်။
      ကျနော့ ကြော်ချက်နည်းနဲ့ ဆင်တယ်။
      ဒါမဲ့ ကျနော် ဒီတိုင်းချက်လို့ရမှာမဟုတ်ဘူးးး
      ပေါက်ပြီးပုံပျက်သွားမှာ သေချာတယ်။
      🙂

      • kyeemite

        March 26, 2014 at 3:54 pm

        ရပါတယ်ကေဇီရယ်..အကာနဲနဲပဲ ကြေသွားတတ်တာပါ…ဖေါက်ထည့်ပီးတာနဲ့ ဘေးနားက အနှစ်ရည်လေး ဇွန်းနဲ့ခတ်ပီး ဥပေါ်လောင်းလောင်းပေး..ခဏလေးနဲ့အပေါ်ကြောတင်းသွားရော..
        စမ်းကျိစမ်းပါအုံး… 🙂

  • kai

    March 25, 2014 at 3:40 pm

    ဥဆိုလို့.. ငှက်ကုလားအုတ်ဥကို.. ပြုတ်စားဖူးတယ်..
    တလုံးလူတယောက်မကုန်…

    ဆိုတော့…
    မနီလာရောက်တုံးတွေ့ဖူးတာလေးက.. ဥထဲအကောင်နဲ့ကိုစားနိုင်တဲ့ဆိုင်ပါ..
    အဲဒါ..ရုံးက..ဖိလစ်ပင်နိုတွေမေးကြည့်တော့.. ဟင်းနာမယ်ထွက်လာတယ်..
    အဲဒါကို.. ဝိကီမှာရှာပြီးတင်ပါတယ်..
    စား(နိုင်)ကြမလား..
    http://en.wikipedia.org/wiki/Balut_%28food%29
    A balut or balot is a developing duck embryo that is boiled alive and eaten in the shell. It is commonly sold as streetfood in the Philippines. They are common food in countries in Southeast Asia, such as Laos (khai look ໄຂ່ລູກ in Lao), Cambodia (pong tia koon ពងទាកូន in Cambodian)[1] and Vietnam (trứng vịt lộn or hột vịt lộn in Vietnamese). They are often served with beer. The Tagalog and Malay word balut (balot) means “wrapped”.

    • Wow

      March 25, 2014 at 4:16 pm

      နိုးပါ… ယွန်စရာ ကြောက်စရာ… :hee:

    • Foreign Resident

      March 26, 2014 at 11:21 am

      ကျနော်တို့ သင်္ဘော Ho Chi Min City ဝင်တုန်းက ၊
      သင်္ဘော ဘေးမှာ လှေနှင့် လာရောင်းတာ ။

      ဘဲဥ လို့ထင်တာဘဲ ၊ Embryo အဆင့်တောင် မကဘူး ၊
      အမွေး အတောင် အစုံအလင် နှင့် ဘဲဥပေါက်ခါနီး ဆဲဆဲ ၊
      အဲဒါကို ပြုတ်ထားတာ ။

      ကျနော်တို့ သင်္ဘောက Deck Fitter ဗီယက်နမ် က ဝယ်စားတာ ၊
      ကျနော့် ကိုတောင် ဝယ်ကျွေးသေးတယ် ။ မစားခဲ့ပါဘူး ။
      အားသိပ်ရှိတယ် ဆိုဘဲ ။

      • ရဲရဲတောက် ကေဇီ

        March 26, 2014 at 12:24 pm

        အို။
        အဲဒီဘက်ကတော့ အမျိုးသား ဟိုဟာဒီဟာ အားဖြစ်တယ် ဆို ဘာမဆို စားတာပဲ။
        ကင်းမြီးကောက် အရက်စိမ်တို့။
        မြွေ ဆေးစိမ်တို့။
        :hint:

      • ဦးကျောက်ခဲ

        March 27, 2014 at 8:55 am

        အဘပြောတဲ့ ဗီယက်နမ် ဘဲဥကို ကျောင်းနေဘက်တစ်ယောက်ကောင်းမှုနဲ့စားဖူးပါတယ် ။ အဲတာကျွေးတဲ့နေ့က ကျောက်စ်လိုအစားသရမ်းတောင် မစားရဲလို့ မျက်စေ့မှိတ်ပြီး မြိုချရတယ် ။ အထဲမှာအကောင်ပေါက်လေးနဲ့ ၊ အဲတာကို သံမနိုင်ကျောက်မနိုင်လိုအရွက်ရယ် ငရုပ်စိမ်း ကြက်သွန်ဖြူရယ်နဲ့စားတာ ခင်ဗျ ။ အားရှိတာတော့အမှန်ပဲ ၊ ဗီယက်နမ်တွေကတော့ တကူးတကကိုမှာစားတယ် ။ နောက်တော့လည်း မောင်ကျန်တတို့ဖြစ်ရော…
        😀

        • TNA

          April 3, 2014 at 6:40 pm

          အင်းစိန်ကယိုးဒယားဈေးမယ် အဲလိုဥတွေဟိုနေ့ကတောင်တွေ့ခဲ့သေး

    • ရဲရဲတောက် ကေဇီ

      April 1, 2014 at 4:00 pm

      မသေသေးတဲ့ ဘဲ သန္ဓေသားတွေကို အရှင်လတ်လတ်ပြုတ်စားခြင်း
      *************************************

      မျိုးအောင်ထားတဲ့ ဘဲသန္ဓေသားကို balut လို့ခေါ်ပါတယ် ။ ရေပူထဲမှာ သူတို့ကို ထည့်ပြုတ်ထားကြပေမယ့် အသက်ရှင် သန်နေတုန်းပါပဲ ။ ဒီလို မျိုးအောင်ပြီးအကောင်ပေါက်လုနီးနီး ဘဲဥ တွေကို ရရှိနိုင်တဲ့ နေရာတချို့က လမ်းဘေး ဆိုင်တွေမှာတော့ ပရိုတိန်းပြည့်ဝခြင်း ၊ စားသောက်ကောင်းတဲ့ လမ်းဘေးစာဖြစ်ခြင်း ကြောင့် balut တွေကို ကမ္ဘာပေါ်မှာ ရှိတဲ့ လူတော်တော်များများစားသုံးနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်လို့နေ ပါတယ် ။ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ အတော်လေးကို ရောင်းကောင်းပြီး ဝယ်စားသူလည်းများပါတယ် ။ ဒီဘဲသန္ဓေသားပေါက်ကိုစားတဲ့ သူတွေဟာ ဆား ၊ ငရုတ်ဆီ ၊ ကြက်သွန်ဖြူနဲ့ ဗီနီဂါ တွေရောစပ်ပြီး အချဉ်အဖြစ် တွဲဖက်စားသုံးကြပါတယ် ။

      ဒီဥ တွေရဲ့ ဘေးမှာ ဟင်းခတ်အမွှေးအကြိုင်တွေကို အလွန်ပဲ မွှေးပျံ့တဲ့ရနံ့ ရအောင်ပြုလုပ်ထားတဲံအတွက် အထဲမှာရှိတဲ့ ဘဲသန္ဓေသားလောင်းလေးနဲ့ အကောင်ပေါက်လေးတွေကိုစားရတာ အလွန်သာရှိတယ်လို့ စားသုံး သူတွေက ဆိုပါတယ် ။ မျိုးအောင်ထားတဲ့ဘဲဥတွေရဲ့ အသက်အရွယ်ကိုကြည့်ပြီး ဘေးနားက အဖြူဖတ်တွေ ကို တော့သိပ်မစားကြပါဘူး ။ ဘာကြောင့်လည်းဆိုတော့ အသက်နည်းနည်းကြီးလာရင် အရိုးနု တွေက စားရတာ နည်းနည်း မာလို့ဖြစ်ပါသတဲ့ ။

      ဒါ ဖိလစ်ပိုင်မှာပါ ။ နိုင်ငံခြားသားတွေက သူတို့အစားအသောက်ခုံမင်မှုအတွက် သက်ရှိသတ္တဝါတွေကို စိမ်ခေါ် မှုပြုနေ ပါပြီ ။ ဘယ်လိုပဲ စားသောက်ဖို့အရသာရှိရှိ ဘယ်လိုပဲမွှေးကြိုင်နေပါသော သန္ဓေအောင်ပြီး အကောင်ပေါက် လုဆဲဆဲ ဘဲသန္ဓေသားတွေကိုစားသောက်တာဟာ အသက်ရှိနေတဲ့ သတ္တဝါတစ်ကောင် ကိုစားနေ သလိုပါပဲ ။ ဒီလုပ်ရပ်ကို တိရိစ္ဆာန်ညှင်းပန်း ကာကွယ်ရေးအသင်းတွေကလည်း ရှုံချထားပါတယ ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့လမ်းကြားတွေမှာတော့ စည်ကားနေတုန်းပါပဲ ။

      http://www.thettantcho.com/2012/02/blog-post_24.html?m=1

  • ဘရန်းဒက် ကေဇီ

    March 25, 2014 at 5:37 pm

    အယ်….!!!
    သနားစရာ….
    မစားရက်လောက်ဘူးးး
    မပြကြပါနဲ့
    ..
    .
    .
    .
    .
    .

    ချက်ပြီးမှ ခေါ်ကြပါ…..
    :mrgreenn:

  • ဘဆွေ

    March 26, 2014 at 4:07 am

    ကေဇီရေ…
    တစ်ခါမှ ဟင်းစပ်မပေးရဖူးလို့ အားနာနေတာ…ဒီတစ်ခါတော့ ..ဥ နဲ့ ပါတ်သတ်လာပြီဖြစ်တဲ့အတွက်…မိမိ အမျိုး မိမိစောင့်ရှောက်သင့်တယ် လို့ သဘော ပိုက်ပြီး ဥကြော်၊ဥပြုတ်၊ဥဖုတ်၊ဥသုတ်နဲ့ ဥပေါင်း နည်းတွေကို ဥစုံအောင် အားဖြည့်လိုက်ပါတယ်..

    ဥကြော်
    ေဥကြော် ၄မျိုုး ပါ
    ၁။ sunny sideup( အနှစ် မကျက်ပဲ အကာ အဖြူလေးကျက်ရုံကြော်တာ အနှစ် အဝါရောင်လေးမြင်နေရပါမယ် )
    ၂။ over easy (ကြ်က်ဥကို နှစ်ဘက်လုံး ဟိုဘက် ဒီဘက် ကြော်တာ..အထဲက အနှစ်မမြင်ရဘဲ နှစ်ဘက်လုံးဖြူ)
    ၃။ scrumble egg(ဥ ကို ခေါက်ပြီး တစ်စစီဖြစ်အောင် မွှေကြော်တာ ဝါးပြီးပြန်ထွေးထုတ်ထားသလို အဖတ်လိုက်)
    ၄။ omelette (ဥကို ချိစ်၊ကြက်သွန်၊ခရမ်းချဉ်သီး၊ဝက်အူချောင်း၊ဝက်ပေါင်ခြောက်၊မှို၊ အစရှိတဲ့ အသား အသီးအရွက်တွေနဲ့ရောပြီး အပြားလိုက် ဒါမှမဟုတ် အလိပ်ကလေးဖြစ်အောင်ကြော်တာ)

    ဥပြုတ်
    ၁။hard boil or soft boil(မကျက်တစ်ကျက် နဲ့ အကျက်ပြုတ်တာ)
    ၂။poached egg ( ရေနွေးထဲကိုဆား ရှာလကာရည်ရော ပြီးမှ ကြက်ဥ ဖောက်ထည့်ပြီးပြုတ်တာ အထဲက
    နှစ်မပေါက်ရပါဘူး)
    ၃။egg benedict (အပေါ်ကနည်း အတိုင်းပြုတ်ပြီး မှ ဟော်လန်ဒိုက်စ် ဆောစ့် ဝက်ပေါင်ချောက် မက်ဖင်န်တို့နဲ့
    တွဲစားရတာ)

    ဥဖုတ်

    ၁။shirred egg (ခပ်ပြားပြား ခွက်ထဲမှာ ထောပတ်ခံ ကြက်ဥကို ဖောက်ထည့် ကြိုက်တတ်တဲ့ ဆောစ့်
    အသီးအနှံရောပြီး အိုဗန် သို့ ဘိင်န်းမယ်ရီ ထဲမှာ ထည့်ပြီး ဖုတ်တာ)

    ဥသုတ်
    ၁။nicoise salad (ကြက်သွန်နီ၊ အာလူးပြုတ်၊ခရမ်းချဉ်သီး၊ပဲသီးပြုတ်၊သံလွင်သီး၊ဆလတ်ရွက်၊တူနာငါးနဲ့ ဥပြုတ်တို့
    ရောထားတဲ့ အသုပ်)
    ၂။egg mayo salad (ဆလတ်ရွက်၊ ဂေါ်ဖိပါးပါးလှီး၊မရိုးနိစ်၊ကြက်ဥ ပြုတ်ခြေထားတာကို ရောပြီးသုတ်တာ)

    ဥပေါင်း

    ၁။ egg seafood pudding ( ကြက်ဥ၊ ကြက်သွန်နီ၊ပုဇွန်၊ scallop၊ ငါး၊ခရု၊ ကဏန်းအသားနွင်၊ အာလူးပြုတ်
    ချေတားတာကိုရော ခလောက် ရေနွေးငွေ့နဲ့ ပေါင်းတာ)
    ၂။pounded fish egg roll (ကြက်ဥကို ပါးပါး အပြားကြီးကြီး ဖြစ်အောင် ခလောက်ပြီးကြော်၊ ငါး(ငါးဖယ် အကောင်းဆုံး)
    အသား အရိုးနွင်ပြီး အစိမ်းကို ဂျင်း၊ကြက်သွန်ဖြူ၊ကြက်သွန်မြိတ်၊ စပါးလင်ရောထောင်း
    စေးလာရင် ကြော်ပြီးသားဥပေါ်မှာ ဇွန်းနှင့် ဖြန် ့ ပြီးရင် အလိပ်ကလေးဖြစ်အောင်လိပ်ပြီး
    ရေနွေးငွေ့နဲ့ပေါင်း)

    ဥညှပ်
    အထက်ပါ ဥ ကြော် ပြုတ် ဖုတ် သုပ် များ ကို နှစ်သက်ရာ ပေါင်မုန့်
    slice bread
    bun
    buggette
    tea cake
    ciabatta
    French roll
    brioche
    casareccio
    rosette
    siciliano
    focaccia
    crossiont
    la bouche
    Panini
    chalsea bun
    English muffin
    စသည်တို့ ကြားတွင် ညှပ်သွင်းပြီး သုံးဆောင် နိုင်ပါကြောင်း မိမိ သိ သမျှ ရှိသမျှ ဥ များဖြင့် ဝင်ရောက် အားဖြည့် လိုက်ပါသည်။
    ခင်မင်ပါသော ဘဆွေ။

    • ဘရန်းဒက် ကေဇီ

      March 26, 2014 at 7:58 am

      ဪ။
      ဆွေ!! ဆွေ နဲ့ နာမည်ကြီးနေတာ အလကားမဟုတ်ပါလားနော်။ :mrgreenn:
      ဒီ ကော်မန့်ကို ဖတ်မိတော့ ကိုယ် ဘာမှ မတတ်မှန်းသိသွားပါပြီလေ။
      😀

      ဒါနဲ့ စကား အတင်းကာရောအဒမ စပ် တစ်ပတ်လောက် စားဖိုမှူး အဖြစ် မလာချင်ဘူးလားဟင်??
      :mrgreenn:

      ကော်မန့်တွေရဲရဲတောက်နေတာကြည့်ပြီး ဝါးပေးထားတဲ့ နာမည်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။
      ရဲရဲတောက်ကေဇီ

      :mrgreen:

    • ဗုံဗုံ

      March 27, 2014 at 10:25 am

      ဂလောက် .. ဟင်းချက်နည်းကျွမ်းတဲ့ ဘဆွေကို
      အိမ်မှာခေါ်ထားချင်လိုက်ထှာဟယ်…… :mrgreen: :mrgreen:

  • ဘဆွေ

    March 27, 2014 at 12:43 am

    (ဒါနဲ့ စကား အတင်းကာရောအဒမ စပ် တစ်ပတ်လောက် စားဖိုမှူး အဖြစ် မလာချင်ဘူးလားဟင်??)

    ပြီးခဲ့တဲ့ နှစ်က လာခဲ့တယ်လေ….ရိရွန်းနားက ဟော်တယ်မှာတည်းတယ်…. ပုန်းနေပြီးတော..့
    ကိုကျောက်ကပြောပါသေးတယ် ပြန်ခါနီးနေလို့ ဖုန်းမဆက်တော့တာ……
    လာချက်ကြွေးမယ်လေ..တစ်နေ့ တစ်လုံးပဲပေး.. လက်မှတ်ကတော့ ညီမဆီကဓမြတိုက်လိုက်လို့ရပါတယ်..ဟိ:mrgreenn:

    • ရဲရဲတောက် ကေဇီ

      March 27, 2014 at 9:38 am

      အာ့ ဆို
      ဒီရွာ က ထမင်းဆိုင်မှာ အရင် တစ်ပတ်စာလောက် ဟင်းစပ်ပြီး ချက်ကျွေးပါ ဆွေ။
      :mrgreen:

  • ဗုံဗုံ

    March 27, 2014 at 10:23 am

    ဟယ်…..ဒီနည်းတွေထဲမှာ …တမီးနည်းလောက်ကောင်းတဲ့နည်း
    တနည်းမှ မပါသေးပါလား…..
    မီးတို့ငယ်ငယ်တုန်းက ကျောင်းလစ်ပြီး
    ပြောင်းဖူးပင်မှာရှိတဲ့ ဂျိုးဥတို့ ဘာဥ ညာဥ အကုန်နှိုက်ကြတာ……. :mrgreen:
    တစ်ခါများ မြွေဥတွေ မှားပြီးနှိုက်လာလို့ အသက်ထွက်မတတ် ပြေးလိုက်ရတာ ကံကောင်းလို့…
    ပြီးရင် ရသမျှ ဥတွေကို ရွှံ့တွေနဲ့ လုံး …မီးမွှေး မီးဖိုထဲ ပစ်ထည့်…… ရွံ့ခြောက်သွားမှ…
    ခွာစား..ကောင်းမှကောင်း….. ကုလားပဲပင်တွေ အပင်လိုက်နှုတ်…. မီးဖိုထဲပစ်ထည့်…ပြောင်းဖူးတွေခိုး
    ဖုတ်………. ဒါမိုးတွေ မမဂျီးမစားဖူးပါဘူး……. ကြုံမှ ခိုးနည်း ဖုတ်နည်း သင်ပေးမယ်.. :mrgreen:

    • ရဲရဲတောက် ကေဇီ

      March 27, 2014 at 11:11 am

      အခုရော??
      :mrgreen:

      • ဗုံဗုံ

        March 27, 2014 at 12:55 pm

        ဟင့်အင်း အခုတော့..
        အရမ်းချက်တတ်သူကြီးကို
        အားကိုးပြီး ချစ်လိုက်ပြီ……
        အမေ့ကို ပြောပါတယ်……. :mrgreen:

  • kotun winlatt

    March 27, 2014 at 7:40 pm

    ဥနည်းမျိုးစုံ..အဲလေ…. ဥချက်နည်းပြုတ်နည်းစုံပါတကားးး မှတ်သွားပီးးးးအိမ်က မဟေသီကို ဥခိုင်းအုန်းမှ…အာ….ဟုတ်ဘူးးဟ..ချက်ခိုင်းးးအုန်းမှ….

  • kai

    April 1, 2014 at 4:13 pm

    ဥကြောင်း.. သတင်းအချက်အလက်တချို့ကို …မေလ၂၀၁၄မဂဇင်းထဲတွေ့တာနဲ့.. ဘာသာပြန်ချင်နေတာလေး.. တင်ပေးလိုက်တယ်..။
    ကြုံရင်ပြန်လိုက်နော…။ :mrgreen:

    • ရဲရဲတောက် ကေဇီ

      April 1, 2014 at 4:21 pm

      ဂျာ။
      တဂျီး ပြတဲ့ ပုံက ဘာမှမမြင်ရပါလားးးး :mrgreenn:
      ဘာစာမှလည်း မမြင်ရဘူးးး :mrgreenn:
      မော့တွေ ဘာလုပ်ထားကြတုန်းးးး :mrgreenn:

      အနော် လုပ်ကြံခံရပြီထင်တယ်။

      :mrgreen:

    • kai

      April 3, 2014 at 5:53 pm

      ဥဆရာဖြစ်သင်တန်းဖွင့်လို့ရအောင်.. ယူအက်စ်အသုံးအဖြုန်းနှုန်းလေးတင်ပေးလိုက်တယ်..။ :mrgreen:

      History of Egg Production: Today

      In the major egg producing states, flocks of 100,000 laying hens are not unusual and some flocks number more than 1 million. Each of the roughly 280 million laying birds in the U.S. produces from 250 to 300 eggs a year. In total, the U.S. produces about 75 billion eggs a year, about 10% of the world supply.

      Each year, about 60% of the eggs produced are used by consumers, about 9% are used by the foodservice industry and the rest are turned into egg products which are used mostly by foodservice operators to make the meals we eat in restaurants and by food manufacturers to make foods like mayonnaise and cakes mixes.

      Using highly sophisticated technology, egg producers have kept prices low. While other food costs have skyrocketed, eggs continue to be one of nature’s best bargains among high-quality protein foods.

  • ကေဇီ

    April 3, 2014 at 4:32 pm

    ကြက်ဥ ဘဲဥ ၏ ကျန်းမာရေး နှင့် အဟာရ
    ***********************************

    ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့်ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥ တွေကို အသင့်အတင့်စားပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ် –

    မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်
    ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
    နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်
    တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင် လို့ပါ။
    ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်
    ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါ ပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။
    ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
    ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှု တွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သား ကင်ဆာဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
    ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်
    ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေ တာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။
    ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်
    ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတည်ဆောက်မှုကို အားကောင်းစေပါတယ်။
    ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
    နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန်များနေသူ တွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနားပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

    http://satekuupuyar.blogspot.com/2013/07/blog-post_7402.html?m=1

    😀

  • ကေဇီ

    April 3, 2014 at 4:37 pm

    ကိုရီးယားကြက်ဥလိပ်
    ဥနီကို သေးသေးလေးတွေတုံး၊ ကြက်သွန်မိတ် ( သို့ ) နံနံပင်ကို သေးသေးလေးတွေလှီး။ ကြက်ဥငါးလုံးကိုခေါက်၊ ဆားထည့်။ ကြက်ဥမွသွားရင် အစောကအစာတွေထည့်မွှေ။ မကပ်တဲ့ အိုးကို မီးပြင်းတိုက်ထား။ ဆီနဲနဲထည့် နှံအောင်လုပ်၊ မီးပိတ်၊ ကြက်ဥကိုပါးပါးထည့်၊ မီးပြန်ဖွင့် ပြီးရင်အောက်ကခဲပြီဆိုရင် လိပ်တော့၊ မျက်နှာပြင်မခဲစေနဲ့။ လိပ်ပြီးရင် ဒေါင့်ကပ်ထား။ နောက်ထပ်ကြက်ဥပါးပါးထပ်ထည့်၊ စောကလိပ်ထားတဲ့ကြက်ဥအောက်ထိရောက်အောင်ဖြန့်၊ ထပ်လိပ်၊ မီးကိုတော့ လိုတိုးပိုလျှော့လုပ်ပေးရမယ်။ အဲလိုနဲ့ တထပ်ပြီးတထပ်လိပ်တာ အနဲဆုံးလေးထပ်ကနေငါးထပ်ထိ လုပ်။ နောက်ဆုံးအထပ်ကို ကြက်ဥနဲနဲပိုထည့်။ သူက အားလုံးကိုလှအောင်လိပ်ရမှာမို့။ အားလုံးလိပ်ပြီးရင်ပန်းကန်ပြားထဲထည့်၊ မျက်နှာပြင်မကျက်တဲ့ဟာက သူ့အပူရှိန်နဲ့သူကျက်ပြီးတထပ်ချင်းကပ်သွားလိမ့်မယ်။ ခဏနေမှလှီး။ ဒီလိုလှီးလဲရတယ်။ အသဲပုံလှီးလဲရတယ်

    တထပ်ခင်းတိုင်းဆီလိုရင်နဲနဲထည့်။ နှစ်ထပ်လောက်တခါထည့်ရတယ်။ များရင်လဲမကောင်းဘူး။ မီးကတော့ တထပ်ချင်းဆီကြည့်ပြီးအတိုးအလျှော့လုပ်။ တူးရင်မလှဘူး

    Credit to TNA
    :s:

    • TNA

      April 10, 2014 at 10:07 am

      အဟိ သများဥ ဒီဥထဲပါတွားပါပေါ့။ အဟိ ဒဂျီးယူအုံးမဒဲ့လား ဒီထမင်းဆိုင်ကို။ :p:

      • kai

        April 10, 2014 at 10:20 am

        ယူမှာပေါ့..။လောလောဆယ်တော့.. ဒီလအတွက်.. ကေဇီက.. ဒိုင်ရှိုဖွင့်ထားတဲ့ထမင်းဆိုင်ဟင်းအမယ်တွေရထားတယ်..။

        ဆိုတော့…
        ဂျပန်မီးဖိုထဲလုပ်ရင်.. အဲဒီအပေါ်ကလို..အုမ်းမလက် Tamagoyaki လုပ်တာပါတယ်..။
        ဖိုထဲ..ဒယ်ကိုင်ရတဲ့အထဲမှာအခက်ဆုံးအလုပ်ထင်မိတာပဲ..
        သင်တန်းမှာဆို.. ရေစိုနေတဲ့လက်သုတ်ပုဝါကို.. လေးထောင့်ဒယ်ထဲမှာ.. တူကလေးတဖက်ကိုင်ပြီး.. ဒယ်ကိုတော့ကာတော့ကာနဲ့..လိပ်ယူရတာ..။
        တကယ်လည်းကြက်ဥလိပ်လုပ်ရော.. ကြက်ဥနှစ်က..ဖတ်ဆို..လက်ဖျံလာကပ်တာ.. ပူလိုက်သမှ.. တခါတည်းအပူလောင်တဲ့အထိ..။
        ကြက်ဥနှစ်တွေအရမ်းကြီးကျက်သွားလို့မရသလို.. အထပ်ကလည်းများရသေး..။
        https://www.youtube.com/watch?v=NTIcJ_tdEJM

        • ကေဇီ

          April 11, 2014 at 1:33 pm

          ဟဲ့ ပလုတု။
          တဂျီးးး
          ရှက်ဂျူးထဲက ယူတာတော့ မဟုတ်ဘူး မလားးးး :mrgreenn:

          ဦးဆာရယ်၊ မွသဲ ရယ် ချက်တဲ့ ထမင်း အမျိုးမျိုးဟာ ပေးထားတာကို ယူတာဟုတ်??

          ဒိုင်ရှိုဖွင့်တယ်ဆို သများ စားဖိုမှူးတွေ ကော်မရှင်တောင်း (အဲလေ ) စိတ်ကွက်နေပါ့မယ်။
          မဖွင့်ပါဘူးလို့။ :mrgreenn:

          ခိခိခိ။
          ထမင်း အမျိုးမျိုးကို ပေးထားတာပါ။
          😀

  • weiwei

    April 10, 2014 at 10:47 am

    ကြက်ဥလိပ် လုပ်ကြည့်အုန်းမယ် …

  • ကေဇီ

    April 23, 2014 at 11:03 am

    ကြက်ဥပေါင်းစလုပ်ပါပြီ။ ကြက်ဥတွေကိုရေဆေးပါ။ နောက်အိုးတခုသေချာအောင် စီစဉ်ပါ။ ကြက်ဥပေါင်းစက်ရှိသူများပြသနာမရှိပေမဲ့ မရှိသူများကတော့ ကြက်ဥ ထောင်ထည့်လို့ရအောင်၊ ကွက်တိဖြစ်အောင် ဇောက်နက်နက်အိုးကိုရှာပါ။ ကြက်ဥဘယ်နှစ်လုံးဆန့်လဲသေချာအောင်စီထည့်ကြည့်ပါ။ အိုးအောက်ခြေအကုန်ထိနေရမှာဖြစ်သလို ချောင်နေလို့လဲမရပါဘူး။ ( ကြက်ဥလဲသွားမစိုးလို့ )။ အဆင်သင့်ဖြစ်ပြီဆိုရင် ကြက်ဥထိပ်ကလေးကို အပေါက်သေးသေးလေးထိန်းဖောက်ပါ။ အချွန်လေးတခုနဲ့။ ကျွန်မကတော့ ခရင်းလေးနဲ့ထိန်းဖောက်ပါတယ်။ ဆေးထိုးပိုက်ရဲ့ အပ်ပေါက်ထိပ်ကလေးဝင်ရုံထိန်းဖောက်ပါတယ်။ ( အပ်မလိုပါဘူး။ အပ်ထည့်တဲ့အပေါက်ပါ )။ ပေါက်သွားရင် ဆေးထိုးပိုက်နဲ့ ကြက်ဥတွေကုန်အောင်စုတ်ထုပ်ပစ်ပါ။ ကိုယ်ထုပ်လိုက်တဲ့ ကြက်ဥရည်ပမာဏကိုမှတ်ထားပါ။ ပြန်ထည့်တဲ့အခါကျတော့ ချန်ထည့်ရမဲ့ပမာဏသိရအောင်လို့ပါ။ ဇလုံထဲကိုကြက်ဥအရည်တွေအကုန်ထုပ်ပြီး တဲ့အခါမှာ အသာအယာမွှေပေးပါ။ အမြှုပ်ထလို့မဖြစ်ပါဘူး။ မခလောက်ပါနဲ့။ ဆားလေးနဲနဲထည့်ပါ။ ငရုတ်ကောင်းမှုန့်လေးထည့်ပါ။ ( မီးခိုးရောင်လေးဖြစ်သွားအောင်လို့ပါ )။ နှံအောင်မွှေပါ။ ကြက်ဥခွံတွေကို အိုးထဲ အတိစီထည့်ပါ။ ပြီးရင် ကြက်ဥအရည်တွေကို ပိုက်ကလေးနဲ့စုတ်ပြီးကြက်ဥခွံ တလုံးခြင်းစီထဲပြန်ထည့်ပါ။ ပြန်ထည့်တဲ့အခါမှာ ကိုယ်ထုပ်လိုက်တဲ့ ကြက်ဥရည် ပမာဏရဲ့ 5cc မှ 7cc ထိချန်ထည့်ပါ။ များသွားရင် လျှံထွက်ကုန်ပြီးပျက်သွားတတ်ပါ တယ်။ အားလုံးထည့်ပြီးရင် ကြက်ဥထိပ်ကလေးတွေကို ခြောက်သွားအောင် တစ်ရှုးလေးနဲ့လိုက်သုတ်ပါ။ ပြီးရင် တိတ်ကလေးနဲ့ အပေါက်ကလေးတွေကိုကပ်ပါ။ ကြက်ဥအောက်ခြေတွေ မတူးအောင် ကြက်ဥအိုးထဲရေးကလေးနဲနဲထည့်ပါ။ ပြီးရင် အဖုံးဖုံးပြီး ရေခံပေါင်းမည့်အိုးထဲရေထည့်၊ ကြက်ဥအိုးထည့်ပါ။ အဖုံးထပ်ဖုံးပြီး မီးအေးအေးလေးနဲ့ ၁၅ မိနစ်ခန့်ပေါင်းပါ။ အဖုံးဖွင့်ကြည့်လို့ ကြက်ဥလေးတွေ အပေါက်မှာ မြင်နေရပြီဆိုရင် ချပြီးရေအေးထဲစိမ်ပါ။ ပြီးရင်ခွာလို့ရပါပြီ။ မိမိနှစ်သက်သလို စိတ်ပါ။ သူများတွေကတော့ ပြန်ကင်ပေမဲ့ ကျွန်မကတော့ ပြန်ကင်တာမကြိုက်တာမို့ ဒီအတိုင်းပူပူလေးကိုပဲ အချဉ်လေးနဲ့တို့စားပါတယ်။

    Credit to TNA

  • TNA

    April 25, 2014 at 7:51 pm

    ဘဲဥကိုငါးလုံးလောက်ကိုခေါက်၊ ပဲမှုန့်အစိမ်းနဲနဲထည့်မွှေ၊ ဆားနဲနဲထည့်၊ သမအောင်ခလောက်၊ ဆီပူပူမှာကြော်၊ လွှတ်ကောင်း။
    နောက်တမျိုးက ဘဲဥကိုခေါက်၊ ပုဇွန်ခြောက်နဲ့ကြက်သွန်နီကို ညက်အောင်ထောင်း၊ ငံပြာရည်ထည့်၊ နှံအောင်မွှေ၊ ဆီပူပူထဲထည့်ကြော်၊ ကောင်းမှကောင်း

  • ကေဇီ

    April 25, 2014 at 7:55 pm

    Thank you, Chit Thel..
    :chit:

Leave a Reply