အမျိုးသားစာပေဆုဆိုင်ရာ သတင်း

alinsettMarch 18, 20141min1044

ဟို တစ်နေ့တုန်းက စံတော်ချိန်သတင်းစာလေး ကောက်ကိုင်ပြီး

သတင်းထူးများပါမလားလို့

ဟိုလှန်ဒီလှန် ဖတ်လိုက်တော့. . . .

 

————

 

“ အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ငွေက်ို လေးဆ သို့မဟုတ် ငါးဆ /

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုကို နှစ်ဆ သို့မဟုတ် သုံးဆ တိုးမြှင့် ချီးမြှင့်ရေးအတွက် . . .

၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်တွင် ထည့်သွင်းထားခြင်း မရှိသော်လည်း. . .

နောင်နှစ်များ၌ ဆတိုး ပိုမိုချီးမြှင့်နိုင်ရေးအတွက် . . .ဆောင်ရွက်သွားမည် ဖြစ်ကြောင်း. . .

ပြန်ကြားရေးဝန်ကြီးဌာန | ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောဆိုခဲ့. . .

 

မတ်လ ၁၂ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်သူ ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး |

၂၄ ရက်မြောက်နေ့ တွင် … … …

အလုံမဲဆန္ဒနယ်မှ

ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ မေးမြန်းမှ ုကို ဖြေကြားရာတွင် ပြန်ကြားရေး/ ဒု ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်. . .

 

 

“. . . . . . . . . ဒါပေမဲ့ . . .စာပေဆုချီးမြှင့်ရေး လျာထားငွေကို

၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်မှာ . . . မူလနှုန်းထားအတိုင်း လျာထားတောင်းခံပြီး ဖြစ်ခြင်းကြောင့် နောင်နှစ်များမှာ … …

ဆတိုး ပိုမို ချီးမြှင့်နိုင်ရေးအတွက် တင်ပြဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ´´ဟု

ဦးပိုက်ထွေးက ရှင်းလင်း ဖြေကြားခဲ့. . .

 

သဒင်းဒူး
သဒင်းဒူး

 

 

ဆု... အဟု အဟု...
ဆု… အဟု အဟု…

 

 

 

 

—————-

 

စံတော်ချိန်/အတွဲ(၁)/အမှတ်(၃၃၄)/စာမျက်နှာ(၁၂)/

{၁၃/၃/၂၀၁၄/ကြာသပတေး}

 

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

 

ဒီသတင်းကြားရတာ ဝမ်းသာစရာပါ။

အကောင်အထည်ပေါ်တာ မပေါ်တာကနောက်. . .

အခုလို ပြောဆိုဆွေးနွေးဖော်ရတာပဲ အတော်ကျေးဇူးတင်စရာကောင်းနေပါပြီ။

 

ဒီပြောဆိုချက်အတိုင်း တကယ်ဖြစ်လာရင်တော့. . .

ဒါက ကောင်းတဲ့ လက္ခဏာပါ ။

 

အမြန်ဆုံးအကောင်အထည်ပေါ်လာဖို့ မျှော်လင့်ကြပေဦးတော့ စာရေးဆရာအပေါင်း/ စာဖတ်သူအပေါင်းတို့ရေ. . .

 

ပြီးတော့ ဆက်မျှော်လင့်ရမှာက. . .

 

ရသင့်၍ ထိုက်တန်သော စာ. . .

ရသင့်၍ ထိုက်တန်သော စာရေးသူတွေ…

ရသင့် ရထိုက်သော . . .

အသိအမှတ်ပြု ချီးမြှင့်ဆုတွေ. . .

ရကြစေဖို့ပါ. . . .

 

ဆန္ဒ ပြုမိပါကြောင်း. . . .

 

**************************

 

လေးစားစွာဖြင့် . . .

 

အလင်းဆက် (Gazette)

 

13 / 3 / 2014 /

 

( မရမ်းကုန်း )

 

4 comments

  • ဘရန်းဒက် ကေဇီ

    March 19, 2014 at 6:33 am

    ကြားးရတာ ဝမ်းသာစရာ………
    တို့ဆီမှာ အနုပညာလို့ ပြောလိုက်ရင်
    မင်းသား မင်းသမီးး တို့ အဆိုတော် တို့လောက်ပဲ ပြေးမြင် တတ်ကြတာကလားးးးးးးး

    ပန်း ၁ဝမျိုးး ပညာရှင်တို့
    စာပေ ပညာရှင်တို့
    ကဗျာတို့
    ကာတွန်း တို့ကို အရေးတယူ မြှင့်တင်ရမယ့် အချိန်ရောက်နေပြီ
    အနုပညာ စိတ်ဓာတ် မပြည့်မှီ တဲ့ အသိုင်းအဝိုင်းကို
    မြှောက်စားနေရမဲ့ အချိန် မဟုတ်တော့ဘူးးးးးးးး
    🙂

    • alinsett (gazette)

      March 19, 2014 at 7:13 am

      အဲဒါ အဲဒါ. . .
      တို့ဆီမှာ အနုပညာသမားဆိုပြီး ပြောပြောနေတာက
      သီချင်းလေးဒီဒီဒါဒါ ဆိုတဲ့သူ
      ရုပ်ရှင် ဗီဒီယိုလေး ရိုက်တဲ့သူတွေကိုပဲ မြင်
      အနုပညာရှင်ဆိုတော့
      အနုပညာသမားဆိုတော့
      အနုပညာကို ဘယ်လို ချစ်တာ
      အနုပညာသည်သာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာတွေ အပြောများတာလည်း အဲဒီ အဆိုတော်ပေါက်စန
      သရုပ်ဆောင်ပေါက်စနတွေပဲ။
      ဝါရင့် သရုပ်ဆောင်တွေက သိပ်မပြော။

      အနုပညာနဲ့ပက်သက်ရင် ( ကျနော့်အထင်)
      စာပေသမားတွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည် တတ်သိမယ်ထင်တယ် ။
      စာပေနဲ့ ပန်းချီ သမားတွေပေါ့။

      ခက်တာက စာပေအနုပညာ ပန်းချီအနုပညာနယ်ပယ်တွေဘက်က အနုပညာအကြောင်း ပြောကြဆိုကြတဲ့ အသံတွေ
      နည်းနည်းများတိတ်နေသလားလို ့။

      ဆိုင်းဘုတ်ဆွဲ အနုပညာရှင် အနုပညာသမားလေးတွေဆီကပဲ
      အသံတွေကျယ်ကျယ်လောင်လောင် ထွက်နေသလားလို့ ။

      စာပေ နဲ့ ပန်းချီကို ကိုယ်ကပဲ ပိုချစ်လို ့လားမသိ ။
      စာပေနဲ့ ပန်းချီဘက်က ပို တောက်ပစေချင်တယ် ။
      ပိုပြီး ချီးမြှင့်မြှောက်စားကြစေချင်တယ် ။

      🙂

      • ဘရန်းဒက် ကေဇီ

        March 19, 2014 at 8:05 am

        ဟုတ်ပါ့အေရယ်။

        စာပေအနုပညာ
        ရုပ်ရှင် အနုပညာ
        ဂီတ အနုပညာ
        လက်မှု အနုပညာ တွေထဲမယ်………………………

        ခုခေတ်ကြီးမတော့ အနုပညာ စိတ်ဓာတ် မပြည့်မှီတဲ့ အသိုင်းအဝိုင်းဆို ရုပ်ရှင် အသိုင်းအဝိုင်းကိုပဲ ပြရတော့မှာပဲ။

        စာရေးဆရာ ရဲ့စိတ်ရယ်၊ ဆိုလိုချက်တွေရယ်ကို လိုက်မမှီပဲ ဖျက်စီးနေတာ ဘယ် ၂ ကားရှိပြီတုန်းမသိ။

        ဒီလိုအေ့။
        စာရေးဆရာရဲ့ စိတ်ဝိညာဉ်ကို ဒါရိုက်တာက မမှီ။
        အဲတော့ ဆိုလိုရင်းကို မညွန်ကြားနိုင်။
        အဲတော့ ဒါရိုက်တာခိုင်းသလောက်တောင် မလုပ်နိုင်တဲ့ မင်းသားမင်းသမီးတွေက ပိုဆိုးးးးး
        အဲဒါနဲ့ပဲ သံသရာလည်နေမှာပဲ။

        ပြောလိုက်ရင်တော့ အနုပညာမှာ နိုင်ငံတကာမှီတယ် ဆိုပဲ။
        နည်းပညာပဲ မမှီတာတို့ ဘာတို့ပြောကြသေးတယ်။
        ကျုပ်တို့ကလည်း နည်းပညာ အဖက် တွေ အံ့နဘန်း ဆန်းကျယ်မှုတွေ မတောင်းဆိုမိပါဘူးအေရယ်။
        စိတ်ထဲ စွဲထင်ကျန်ခဲ့မဲ့ အနုပညာနဲ့ ဖန်တီးစေချင်တာမျိုးပါ။

        ခုတော့ အရင် ရေဒီယို ဇာတ်လမ်း ခေတ်ကမတက်ဘူးးး
        စကားတွေအများကြီးပြောပြီး ဇာတ်လမ်းလုပ်တာ။
        မမဂျီးဖြင့် မြန်မာကား ဆို ထိုင်မကြည့်ဖူးးး ဖွင့်ထားပြီး တခြားလုပ်စရာရှိတာလုပ်တာ။ ဘယ်သူဘာဖြစ်တုန်း အကုန်သိရတယ်။
        လေများများနဲ့ ဇာတ်လမ်းဖော်သွားတာကိုးးးးး

        နိုင်ငံတကာတော့မှီလာပါတယ်။
        ဟိုအခန်း ဒီ အခန်းတွေ။
        :hint:

        ဗမာကားတွေကို ကဲ့ရဲ့နေလို့ သူများတွေလို ဗမာကား မကြည့်ပဲနဲ့ ပြောနေတာ နှိမ့်ချနေတာမျိုးမဟုတ်ဘူးနော်။
        တောက်မှတ်မရှိ ဗမာကားကို တစ်နေ့တစ်ကားကြည့်တဲ့ထဲမှာ မမဂျီး ရှေ့ဆုံးက။
        သူတို့ အချိုးများ အံတိုနေပြီ။
        ကြည့်ပြီးမှကိုပြောနိုင်တာ။
        နောက်မှ စိတ်ထဲစွဲထင်ကျန်ခဲ့တဲ့ ဗမာရုပ်ရှင်တွေအကြောင်းရေးပါဦးမယ်အေ။ အကျိုးသင့်အကြောင်းသင့်၊ အကြောင်းပြချက်တွေနဲ့။

        အဲလေ။
        နာ လည်း ဝင်လေပေါနေရကာနေ စာပေပို့(စ) လေးကနေ ရုပ်ရှင် အတင်းဖြစ်နေပါဦးမယ်။

        ဒါပဲနော်။
        ဟိဟိ။
        😀

        • alinsett (gazette)

          March 19, 2014 at 8:55 am

          ဟုတ်ပါ့။
          နည်းပညာ မမှီဘူးဆိုတဲ့အကြောင်းပြချက်ကို ပြောလာရင်
          ကိုရီးယားကားတွေကို လက်ညှိုးထိုး ပြချင်တာအေ

          ကိုရီးယားအချစ်အလွမ်းဇာတ်လမ်းတွေကိုကြည့်ရင် ဇာတ်လမ်းကို မဝေဖန်လို
          ဒါပေမယ့် အံဝင်ခွင်ကျ သရုပ်ဆောင်ပြသွားတဲ့ သရုပ်ဆောင်တွေ
          အဲဒါ ချီးကျူးရမှာ။

          မြန်မာသရုပ်ဆောင်တွေများ အသက်မပါဘူး။

          အမှန်တော့ လုပ်စားဇာတ်ကားတွေများနေလို့ အဆင့်မမှီတာရယ်

          🙂

          ကျနော်လည်း ရုပ်ရှင်အတင်းပြောချင်နေတာ
          အဟီး

Leave a Reply