အလှူခံခြင်း

ငွက္ကေလးMarch 18, 20141min590

ကော့မှူးမြို့နယ် အောင်ဇမ္ဗူဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့
သုတဘဏ် (https://www.facebook.com/knowledgebankgroup) မှသွားရောက် လှူဒါန်းရန် အစီအစဉ်ရှိပါတယ်။

အဆိုပါကျောင်းတွင် ရဟန်း ၂၁ ပါး၊ သာမဏေ ၁၁၄ ပါး၊
ကျောင်းနေစာသင်သား ၁၂၄ ယောက်၊ စုစုပေါင်း ၂၅၉ ဦးနှင့် သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသားပေါင်း ၁၁၀၆ ဦးခန့် ရှိပြီး
ကျောင်းနေကျောင်းသား အများစုမှာ မိဘမဲ့နှင့် ဆင်းရဲသူများဖြစ်ကြပါတယ်။

ကျောင်း၏လိုအပ်ချက်များမှာ စာသင်ဆောင်များရှိကြမ်းခင်းများ
ပေါက်နေခြင်း၊ ဓနိမိုးခေါင်များကို ပြုပြင်ရန်လိုအပ်ခြင်း၊ စာသင်ဆောင်များမှ ယာယီတဲအဆင့်မျှသာရှိခြင်း၊ ထင်း ရှားသောဒေသဖြစ်ရာ ထင်းမီးဖိုသာရှိသဖြင့် ထမင်း၊ ဟင်း၊ ချက်ရန် အခက်အခဲရှိခြင်း၊
ကလေးများအတွက် စားဝတ်နေရေး မပြည့်စုံခြင်း၊ စာရေးကိရိယာ မပြည့်စုံခြင်း၊ ဆေးဝါးမပြည့်စုံခြင်းတို့နှင့်အတူ ဆရာတော်သီတင်းသုံးရာ
အဆောင်မှာလဲ ဓနိမိုး တဲလေးသာဖြစ်ပါတယ်။

ထို့ပြင် လုပ်အားအနေဖြင့် ကျောင်းရှိဆေးပေးခန်းအတွက် ကူညီပေးနိုင်မည့်
၎င်းဒေသအနီးတဝိုက်မှ ဆရာဝန်များ၊ ကလေးများကို ကျောင်းစာနှင့် အတူ
အသက်မွေးဝမ်းကျောင်းပညာရပ်များ (ကွန်ပြူတာ၊ စက်ချုပ်၊ ဆံပင်ညှပ်၊ စက်ပြင် စသဖြင့်) ပုံမှန်သင်ကြားပေးနိုင်မည့် Volunteer ဆရာ၊ ဆရာမများ
လည်း လိုအပ်ပါတယ်။

ဆက်သွယ်လှူဒါန်းလိုပါလျှင်..

အောင်ခန့် – ဝ၉၅၀၈၈၂၂၅
https://www.facebook.com/aungkhant93

Tel: 095088225 သို့ ၂၁ ရက်နေ့(သောကြာနေ့)၊ March လ နောက်ဆုံးထား၍ လှူဒါန်းနိ်ုင်ပါသည်။

နယ်မှလှူဒါန်းလိုသူများ ဘဏ်မှတစ်ဆင့်ငွေလွှဲနိုင်ပါသည်။DSC_0079 DSC_0085 DSC_0090 DSC_0092 DSC_0093 DSC_0133