အလွမ်းးး

ဇီဇီMarch 19, 20141min24024

အလွမ်းတွေ ပေါ့…..
ရင်ဘတ်ထဲမှာ……..
ဘောင်ဘင်တောင် မခတ်နိုုင်တော့…..

by KZ

 

 

 

 

 

 

And those longing!
My life is full of that,
couldn’t slosh even in my heart.

by ကိုဘလှိုင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အလွမ်းတွေကလျှံ

ကံတွေကဆိုး

ဂယောင်ဂယင်စိတ်ရူးနဲ့

ဘောင်ဘင်တောင်ခတ်နိုင်ဘူး

ပြည့်ညပ်လို့တိုး။

by Buzwar Gyi

 

 

~~~~~~~~~~~~~~~~

ဟိ။
ကွကိုယ် ဖွဘုတ်မှာ အပေါ်က စတေးတပ် တင်လိုက်တာ
ဆရာဘလှိုင်က ဘာသာလာပြန်ပေးတယ်။
ဆရာ ဘူဇွာကြီးက နောက်ကဗျာတစ်ပုဒ် လာရေးတယ်။

သဘောကျလို့ တင်လိုက်တာ။

 

😀

24 comments

  • Myo Thant

    March 19, 2014 at 4:24 pm

    လွမ်းတတ်လွန်းအားကြီးလို့
    အလွမ်းတွေကို ဧရိယာပြင်ပ
    ခဏပို့ထားရပါသည် ၊

    🙂

    • ဘရန်းဒက် ကေဇီ

      March 19, 2014 at 6:38 pm

      လူဂျီးမင်းဆက်သွယ်သော အလွမ်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေပါသဖြင့် လွမ်းလို့ မရနိုင်ပါရှင်

      😀

  • Mr. MarGa

    March 19, 2014 at 4:41 pm

    အလွမ်း
    အနေဝေးလို့ သွေးအေးရင်တောင်
    ပျောက်နေဦးမှာ မဟုတ်တဲ့ ခံစားချက်!
    ငွက်…ငွက်…..ငွက်…

    • ဘရန်းဒက် ကေဇီ

      March 19, 2014 at 6:40 pm

      နောက်က ငွက်ငွက်ငွက် ပါလို့ကို မယုံတော့ဘူးးး

      :mrgreen:

  • Ma Ma

    March 19, 2014 at 5:58 pm

    ကဗျာ ၃ပုဒ်လုံးကြိုက်တယ်…. လို့
    ခပ်တည်တည်နဲ့ မန့်ခဲ့မလို့ 😀

    ဒါပေမယ့် အမှန်အတိုင်းပြောရရင်……..
    မောင်ဘလှိုင် ကဗျာကို မဖတ်တတ်လို့ အဘိဓာန် ရှာလိုက်အုံးမယ်။ :kwi:

  • Ma Ma

    March 19, 2014 at 6:03 pm

    slosh= (of a liquid) to move around noisily in the bottom of a container.
    ဒီပိုစ့်ဖတ်လိုက်တာ စကားလုံးတစ်လုံး အသစ်တိုးသွားပြီ။ 🙂

    • ဘရန်းဒက် ကေဇီ

      March 19, 2014 at 6:28 pm

      အနော်တို့ အခေါ်ဆို ဘောင်ဘင်ခတ်
      တစ်ချို့က ဘောင်ဘောင်ခတ် နေတာပဲလို့ပြောတာပဲ။
      😀

      ကိုဘလှိုင် တချို့ သူတွေရဲ့ စတေးတပ်(စ) မှာလည်း ရေးတာ တွေ့ဖူးတယ်။
      တိုတိုထိထိ နဲ့ သင့်တော်တဲ့ စကားလုံးနဲ့ ပြန်ရေးနိုင်တာ နည်းတဲ့ ပါရမီမဟုတ်၊

      ကျနော် လေးစားတဲ့ ရွာသားတစ်ယောက် တိုးလာတယ်။

      🙂

  • alinsett (gazette)

    March 19, 2014 at 6:15 pm

    လွမ်းဖူးတယ်
    လွမ်းဖူးတယ်
    အို မလွယ်ဘူး ရူးနိုင်တယ်

    🙂

    • ဘရန်းဒက် ကေဇီ

      March 19, 2014 at 6:42 pm

      လွမ်းပဲ လွမ်းပါဟယ်။
      မရူးပါနဲ့ဦးးးး

      🙂

  • ခင် ခ

    March 19, 2014 at 10:24 pm

    ငယ်တုန်းက အလွမ်း ပွဲဈေးတန်း
    ကျောင်းသားရွယ် အလွမ်း သူငယ်ချင်းမှန်း
    လူရွယ် အလွမ်း ချစ်သူရော်ရမ်း
    လူကြီး လွမ်းတော့ ငယ်မူပြန်ပေါ့

    • ဘရန်းဒက် ကေဇီ

      March 20, 2014 at 11:55 am

      အချိန်တိုင်းတော့ မလွမ်းပါရစေနဲ့။
      ဝမ်းရေးက ပိုခက်နေလေတော့။ :mrgreenn:

  • Wow

    March 20, 2014 at 9:07 am

    ဘောင်ဘင်မခတ်တော့ဝူးဆိုတော့ အနယ်ထိုင်သွားတာပေါ့နော်… :kwi:

    • ဘရန်းဒက် ကေဇီ

      March 20, 2014 at 9:19 am

      ရေစစ်ကလည်း မရှိ။

      :kwi:

  • myat pearl phyu

    March 20, 2014 at 11:09 am

    ထုထိတော့ လွမ်းရတေးပု … နားနားဘေးမှာ ရှိနေသေးရို့ …
    မရှိတော့ရင်တော့ လွမ်းရတော့မယ်… အဲ့ခါ ဘာပဲ လုပ်လုပ် ဘယ်ပဲ သွားသွား ဘာလေး စားစား
    လွမ်းစရာလေးတွေကို ဖြစ်နေတော့မှာပဲ ..ပြောရင်းတောင် လွမ်းလာပီ … အဟင့်..ရွှတ် …

    • ဘရန်းဒက် ကေဇီ

      March 20, 2014 at 11:57 am

      ဟယ်။
      ခါတလေတော့လည်း လူတစ်ယောက်လုံး အနားမှာရှိတာကို လွမ်းရသေးတာ။
      လွမ်းလို့ရပါတယ်။
      :kwi:

  • nozomi

    March 20, 2014 at 3:53 pm

    အိမ်က ဝက်မကြီးလဲ လွမ်းတယ်..

    (ကြားဖူးသည့် သီချင်းတစ်ပုဒ် အား ညည်းဖြစ်သည် )

    • ဘရန်းဒက် ကေဇီ

      March 20, 2014 at 4:24 pm

      ကိုုယ်ကြိုက်ရာ ကိုုယ်လွမ်းကြေးးးးးးး
      :mrgreenn:

  • ရဲစည်

    March 20, 2014 at 5:53 pm

    အလွမ်း
    အလွမ်း
    ဂလု ဂွက်
    အလွမ်း
    အလွမ်း
    အေ့ ဂေ့ချ်
    အလွမ်း
    အလွမ်း
    လွမ်းနေသည်
    လွမ်းပြနေသည်
    လွမ်းလျက်နေဦးမည်
    လွမ်းကာ လွမ်းနေပမည်
    ဂလု ဂွပ် အေ့ ဂေ့ချ်
    ဒုန်း(ခေါင်းစိုက်၍ စားပွဲနှင့်ဆောင်)
    ဘူ(အီးထွက်)
    ဘလွတ်(အသက်ထွက်)
    :mrgreen:
    :harr:

    • ဘရန်းဒက် ကေဇီ

      March 20, 2014 at 6:10 pm

      အရက်သမား အလွမ်းနဲ့ လာလွမ်းပြနေတယ်။
      သများ သတင်းတွေကြားပြီး ထန်းတောရောက်နေပြီလား??
      :mrgreen:

  • TNA

    March 21, 2014 at 7:48 pm

    ဒို့ကတော့ လွမ်းတော့ဘူး အမ်းချင်တယ် 😥 :byee:

    • TNA

      March 21, 2014 at 10:06 pm

      ခုတလေ သီချင်းလေးတပုဒ်ကြားနေမိတယ်။ ကောင်းသားပဲ။ ဘာဒဲ့ အလွမ်း ထင်ကျန်နေသူအလွမ်း ဘာဆိုလားပဲ။ စာသားတော့မသိဘူး။ နားထဲတော့ အဲ့ အလွမ်းတွေ အများကြီးကြားနေရတယ်။ အဲ့သချင်းလေးကြိုက်တယ် 🙂

      • ဘရန်းဒက် ကေဇီ

        March 24, 2014 at 12:06 pm

        နားမထောင်ဖူးဘူး ယောက်ခမွ!
        အမ်းချင်တယ်ဆိုတော့ ဘယ်လောက် အမ်းချင်တာတုန်းး

        :kwi:

  • kyeemite

    March 24, 2014 at 11:51 am

    လွမ်းတာတွေများ
    ပြိုင်ချင်လားကွယ်
    မောင်ရှုံးသွားမှာ
    ကျိန်းသေတယ်။
    ငယ်ငယ်က ရဲဇားစာထဲ ၉ကားခဲ့ဂျဒါလေးသတိရသွားလို့ 😀

    • ဘရန်းဒက် ကေဇီ

      March 24, 2014 at 12:02 pm

      အယ်ဗျ။
      ဒါ ဘယ်ကောင်မလေး စာထဲကတုန်းးးး
      မီးရဲ့ စာ ထဲကတော့ ဟုတ်ဟန်မတူ။
      😀

Leave a Reply