မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဆရာကြောင်ကြီး ၏ တဏှာအဆုံးအမ

တဏှာ ရာဂ ကိလေသာ လို့ အဆုံးအမရှိတယ် ဒဗျိဂျီး မိုက်ကယ်ဂျေယ်နီအောင်ပု ရဲ့
ဟုတ်ကဲ့ဘါဆရာကြီးကြောင်ကြီး
တဏှာဆိုတာဘါလဲသိသလား ဒဗျိဂျီး မိုက်ကယ်ဂျေယ်နီအောင်ပု ?
သိဘါဒယ်ဆရာကြောင်ဂျီး အပြာကားကျိပြီး ဟိုကောင်မ ဟိုကောင်မ ဒီကောင်မ ဒီကောင်မ လုပ်ဒါဘါ
ခွီး!!!!!!!!!!!!!!! တဏှာဆိုတာ တက်မက်ခြင်းလို့ခေါ်ဒယ်မသေမခြင်းမှတ်ထါး
ဟုတ်ကဲ့ဘါ မှတ်ထါးဘါ့မယ်
တဏှာမှာ သာမန်အသိတရားနဲ့မမြင်နိုင်တဲ့သဘောရှိတယ် ဒဗျိဂျီး မိုက်ကယ်ဂျေယ်နီအောင်ပု ရဲ့
ဟုတ်စ်
ဥပမာကွာ မင်းတို့ ဂေဇက်ထဲမှာ စပ်ဖျဲဖျဲပျောင်စပ်စပ်စာတွေရေးတာ လူကြိုက်လေ့ကြိုက်ထါ့ရှိတယ်
ဟုတ်စ်
ကောင်းရာကောင်းကြောင်း စာပေတွေရေးတဲ့အခါ ဘယ်သူမှမဖတ်ဘူး
ဟုတ်စ်
အခြားဥပမာကွာ
အမိန့်ရှိပါဆရာကြောင်ဂျီး
အဟာရကိုမှဝဲတဲ့အခါ ဆီ အချိုမှုန့် ဆား တွေဟာ မပါရင်အဆင်မပြေတဲ့သဘောရှိဒယ်
ဟုတ်စ်
ဆီ အချိုမှုန့် ဆားမပါရင် အရသာမရှိဘူး
ဟုတ်စ်
ဆီ အချိုမှုန့် ဆားဟာ အဟာရထက် ဆိုးကျိုးကို ပိုအကျိုးပြုဒယ်
ဟုတ်စ်
ဒါပေမယ့် အကျိုးမပြုတဲ့ရသဟာ လူကြိုက်များဒယ် ဒဗျိဂျီး မိုက်ကယ်ဂျေယ်နီအောင်ပု ရဲ့
ဟုတ်စ်
ဆိုလိုတာက အရည်မရအဖတ်မရ ပျောင်စပ်စပ်စာတွေဟာ ဆီ အချိုမှုန့် ဆား လိုဘဲကွ
ကိန်ကိန်!!!
………………….
ထိုအဆုံအမများနှင့်ဒွန်တွဲ၍ အကောင်းစာများရေးကာ ငါအကောင်းရေးတာဟု မာနတက်ခြင်းနှင့်
အငံဓာတ်ကို လိုအပ်သည်ထက် ပိုစားပါက ဆိုးကျိုးများအကြောင်းနှင့်
အငံဓာတ်မစားပါက ဆိုးကျိုးများကို ကျွန်ုပ်၏ ဆရာကြီး ကို/ဦးကြောင်ကြီး သည် အကျယ်တဝန့်
ရှင်းပြလေပြီးလေလျှင်
ရွာထိပ်ညောင်ပင်ကြီးအောက်တွင်
ကန်စွန်းရွက်ကို ရေဖြင်ပြုပ်၍ ဂျွပ်ဂျွပ်ဂျွပ်ဂျွပ် ကိုက်ဖဲ့စားသောက်နေလေသဒီး

စာရေးစယာ

ဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

ယ္ခင် www.myanmargazette.net ၏ အင်တာနေရှင်နယ် အပျီပျီဆိုင်ရာ နံမယ်ေ့ကျာ်ကြား

လူကြိုက်များ ဆာယေးစယာ

မိုက်ကယ်ဂျော်နီအောင်ပု

မှတ်ချက်။ ။ ယ္ခင် ဆိုသည်မှာ ယ္ခုမဟုတ်ပါ