ဒီရွာနဲ့ အကောက်တောင်နဲ့ မစိမ်းတော့ပါဘူး ..
ပထမဆုံး ဆူးရဲ့ အကောက်တောင်ပို့စ်တင်ကထဲက သွားဖို့ စိတ်ကူးခဲ့တယ် ..
မကြာသေးခင်က မနိုဗွီရဲ့ အကောက်တောင်ခရီးစဉ်တွေ့တော့ သွားချင်စိတ် ထပ်ပေါက်ပြီး တကယ်သွားဖြစ်သွားပါတယ် ..

သတင်းစာထဲမှာ အကောက်တောင်ခရီးစဉ် ကြော်ငြာတွေ တွေ့ဖြစ်ကြမှာပါ။ ၂၄ နာရီကြာတဲ့ခရီးစဉ်တစ်ခုဖြစ်လို့ အချိန်မရတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ အစားအသောက်၊ စက်လှေခအပါအ၀င် အားလုံး စရိတ်ငြိမ်းဖြစ်လို့ ပူပင်စရာမရှိ လွတ်လွတ်လပ်လပ်သွားနိုင်ပါတယ်။

ကျွန်မတို့အဖွဲ့က စုစုပေါင်း ၁၀ ယောက်ဖြစ်နေတာနဲ့ ၁၂ ယောက်စီး ကားတစ်စီးနဲ့ သီးသန့်ခရီးစဉ်တစ်ခု စီစဉ်ပြီး သွားလိုက်တယ်။

ရန်ကုန်ကနေ ည ၁၀ နာရီခွဲထွက်ပြီး ထုံးဘိုမြို့ ဆိပ်ကမ်းနေရာကို မနက်မိုးမလင်းခင် (၆ နာရီမထိုးခင်) ရောက်ပါတယ်။ နေထွက်ချိန်ကို စောင့်ကြည့်ခံစားပြီးမှ ၆ နာရီခွဲမှာ ပထမဆုံးထွက်တဲ့ စက်လှေအသေးတစ်စီးနဲ့ အကောက်တောင်ဘက်ကို ဆက်သွားခဲ့တယ်။ လှေပေါ်မှာ မိနစ် ၂၀ လောက်ကြာခဲ့ပြီး မြစ်ကမ်းပါးနားကပ်မောင်းပေးပါတယ်။ လှေပေါ်ကနေ ဘုရားပုံတော်တွေကို လှမ်းမြင်ရပါတယ်။

(၁) ဒီလိုမျိုး လှေစီးရတာမို့လို့ အန္တရာယ်များပါတယ်

(၁) ဒီလိုမျိုး လှေစီးရတာမို့လို့ အန္တရာယ်များပါတယ်

(၂) ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း ဆုံရာနေရာ

(၂) ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း ဆုံရာနေရာ

(၃) လှေပေါ်မှ လှမ်းမြင်ရပုံ

(၃) လှေပေါ်မှ လှမ်းမြင်ရပုံ

(၄) ဒါက မြင်ကွင်းကျယ်

(၄) ဒါက မြင်ကွင်းကျယ်

(၅) ဒါက အနီးကပ်

(၅) ဒါက အနီးကပ်

(၆) လှေလေးတွေနဲ့ အနီးကပ်ကြည့်ကြတယ်

(၆) လှေလေးတွေနဲ့ အနီးကပ်ကြည့်ကြတယ်

(၇) အကောက်တောင် တောင်ခြေ စက်လှေကပ်မယ့်နေရာ

(၇) အကောက်တောင် တောင်ခြေ စက်လှေကပ်မယ့်နေရာ

အကောက်တောင်ခြေကနေ လှမ်းကြည့်လိုက်ရင် တောင်ထိပ်က စေတီလေးကို လှမ်းမြင်နေရပေမယ့် တကယ်တက်ကြည့်တော့ ပင်ပန်းပါတယ်။ တစ်ချို့လှေကားထစ်တွေက အရမ်းမြင့်လွန်းတဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် အဆင်မပြေဖြစ်နေပါတယ်။ ဒါပေမယ့်လဲ ကြိုစားပြီး တက်နေကြတာတွေ့ရတယ်။ ရွာခံ ကလေးငယ်တွေက ကူညီပြီး တွဲတင်ပေးကြတယ်။ အဆင်းမှာလဲ လက်တွဲပြီး ထိန်းပေးကြပါတယ်။

(၈) ညောင်ထောက်ကြတာ တွေ့ရတယ်

(၈) ညောင်ထောက်ကြတာ တွေ့ရတယ်

(၉) ပျော်ပျော်ပါးပါး ..

(၉) ပျော်ပျော်ပါးပါး ..

(၁၀) တောင်နံရံမှ ရုပ်ပွားတော်

(၁၀) တောင်နံရံမှ ရုပ်ပွားတော်

(၁၁) တောင်နံရံမှ ရုပ်ပွားတော်

(၁၁) တောင်နံရံမှ ရုပ်ပွားတော်

(၁၂) တောင်နံရံမှ ရုပ်ပွားတော်

(၁၂) တောင်နံရံမှ ရုပ်ပွားတော်

(၁၃) တောင်နံရံမှ ရုပ်ပွားတော်

(၁၃) တောင်နံရံမှ ရုပ်ပွားတော်

(၁၄) လမ်းတစ်လျှောက် သာသာယာယာ

(၁၄) လမ်းတစ်လျှောက် သာသာယာယာ

(၁၅) တောင်တက်လမ်းတစ်လျှောက်

(၁၅) တောင်တက်လမ်းတစ်လျှောက်

(၁၆) တောင်ပေါ် ရောက်ပါပြီ

(၁၆) တောင်ပေါ် ရောက်ပါပြီ

(၁၇) ဘုရားရင်ပြင်ပေါ်မှာ ဖားကြီးတစ်ကောင်

(၁၇) ဘုရားရင်ပြင်ပေါ်မှာ ဖားကြီးတစ်ကောင်

(၁၈) နဂါးသုံးကောင် ဘုရားတက်ဖူးတဲ့အပေါက်တဲ့

(၁၈) နဂါးသုံးကောင် ဘုရားတက်ဖူးတဲ့အပေါက်တဲ့

(၁၉) တောင်ပေါ်မှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော်

(၁၉) တောင်ပေါ်မှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော်

(၂၀) ရှုခင်းလေး လှတယ်

(၂၀) ရှုခင်းလေး လှတယ်

(၂၁) ညောင်ကိုးပင်စေတီ

(၂၁) ညောင်ကိုးပင်စေတီ

မိနစ် ၂၀ လောက် တက်ပြီးတဲ့အခါ တောင်ပေါ်ကို ရောက်ပါတယ်။ လမ်းခရီးမှာ တောပန်းလေးတွေနဲ့ မွှေးကြိုင်နေပါတယ်။ မနက်စောစော နေမပူသေးချိန်ဖြစ်လို့ တက်ရတာ မမောခဲ့ဘူး။ ဘုရားပုံတော်တွေကို ဖူးမျှော်ရင်း ဘယ်လိုအပေါ်ကို ရောက်သွားမှန်းတောင် မသိလိုက်ဘူး။ တောင်ကမ်းပါးကနေ အောက်ကိုလှမ်းကြည့်လိုက်ရင် ဧရာဝတီမြစ်ရဲ့ အလှကို ခံစားနိုင်ပါသေးတယ်။

တောင်ပေါ်ရောက်တော့ ဘုရားဖူးပြီးနောက် ဆရာတော်က ငါးပါးသီးလပေးပြီး လှူဒါန်းမှုတွေကို အမျှပေးပါတယ်။ သတ်သတ်လွတ် ပလာတာနဲ့ပဲဟင်းရည်၊ ပေါင်မုန့်၊ ကော်ဖီတို့နဲ့ ဧည့်ခံတယ်။ တောင်ပေါ်အနီးအပါးက ဘုရားတွေဆီကို သွားပြီး မနက် ၉ နာရီခွဲမှ တောင်ပေါ်က ပြန်ဆင်းပြီး စက်လှေပြန်စီးကား ထုံးဘိုဆိပ်ကမ်းကို ပြန်ခဲ့ကြပါတယ်။

ထုံးဘိုကနေ အပြန် ရွှေဘုံသာမုနိ၊ ပြည်ရွှေဆံတော်၊ ရွှေတောင်ရဟန္တာရှစ်ဆယ်၊ ရွှေမျက်မှန်ဘုရားတို့ကို ၀င်ခဲ့ပါသေးတယ် ဒီပို့စ်အတွက် အကောက်တောင်သီးသန့် စီစဉ်ထားပါတယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....