ရန်​ကုန်​​ဖျော်​ လက်​ဘက်​ရည်​

ko sixMarch 19, 20141min17113

ဂျင်း​ဘောင်​းဘီဝတ်​တဲ့မြို့ကလာခဲ့တာပါ
လည်​းပင်းနဲ့ခါးဆိုဒ်​တိုင်းတဲ့ အကျင့်နဲ့ပလက်​ဖောင်း​ပေါ်မှာ
မီးခြစ်​ဆံလို ​ခေါင်​းချင်းဆိုင် ထိုင် ခဲ့ကြတယ်​
နယ်​သားဆိုတာ
နယ်​ချဲ့မဟုတ်​​ကြောင်​း
ရန်​ကုန်​သားက ဆိုတယ်​
ရန်​ကုန်​သားဆိုတာ
ရန်​ကိုကုန်​​အောင်တိုက်​ခိုက်​​ကြောင်​း
နယ်​သားက ကပြတယ်​
သူဟာနဲ့သူ
စည်​းဝါးကိုကိုက်​လို့
အနုပညာချစ်​ကြသူ​တွေအဖြစ်​ကို​ပြောတာပါ။
အလျားအနံပဲဖြစ်​ဖြစ်​
အသွားအပြန်​ပဲဖြစ်​ဖြစ်​
ဓားလှံ​တွေမပါတဲ့ ချစ်​ခြင်​းဟာ
ကဗျာတစ်​ပုဒ်​​ပေါ်မှာပဲရှိတယ်​။
ကဲ
ရယ်​စရာနဲ့စခဲ့တဲ့ဇာတ်​လမ်​းမှာ
ကိုင်​​ပေါက်​လိုက်​ပြန်​​ကောက်​လိုက်​
အနုပညာခရီးက
ငတ်​တစ်​လှည်​့ပြတ်​တစ်​လှည်​့ကို
မိတ်​​ကောင်​း​ဆွေ​ကောင်​းလို ​ပေါင်​းဖက်​လို့
ရန်​ကုန်​​ဖျော်​လက်ဘက် ရည်​ကို
အမှုမဲ့အမှတ်​မဲ့ ပါဆယ်​ထုပ်​လို့
သမိုင်းမှာချန်​ခဲ့လို့မရတာ​တွေချည်းပဲ
ရန်​ကုန်​မှာ
ပြန်​ဆုံကြမယ်​လို့ ​
​လေထန်​ကုန်​းက ငါ့ကို​ပြောတာလား
မီးရထားက ဂျမဒါကို​ပြောတာလား
​သေ​သေချာချာမမှတ်​မိ​တော့​ပေမယ်​့
၂၃ ပိုပို​စောင်​း​နေတဲ့​ကော်​ဖီခွက်​မှာ
ကဗျာတစ်​ပုဒ်​က
အ​ငွေ့ထွက်​​နေတုန်​း။
ကိုစစ်​

13 comments

  • alinsett (gazette)

    March 20, 2014 at 6:59 am

    အဲဒီ ကဗျာက ထွက်နေတဲ့အငွေ ့လေး တလူလူကို
    တွေ ့လိုက်ရသလိုလို. . .

    ——-

    ဒီကဗျာလေးကို ဖတ်ပြီးရင်း ပြန်ဖတ်မိရင်းနဲ့
    ကျွန်တော် အတော် သဘောကျနေမိတယ်။
    လွတ်လပ်တဲ့ ကဗျာရေးဟန်အဖွဲ့အနွဲ ့ကြားမှာ
    ကာရန်လေး မထိတထိ ချိတ်ပြသွားတာလေးရယ်
    ကဗျာတစ်ပုဒ်လုံး ရစ်သမ်မိမိနဲ့ ရသကို တို ့ထိပြသွားတာရယ်
    အလွန် ဟန်ချက်ညီနေလို ့ ချစ်စရာ ကဗျာလေးပဲလို့ ယူဆနေမိတာ။

    ကဗျာသမားရဲ့ ခံစားမှုနဲ့ ကဗျာစာသားတွေက ပြနေတဲ့ အဓိပ္ပါယ်ကို
    သေချာ မပြောတတ်ပေမယ့် ဖတ်ပြီးရင်း ပြန်ဖတ်မိလောက်အောင်
    ကျွန်တော့် ကဗျာချစ်သောနှလုံးသားကို သိမ်းပိုက်သွားတဲ့ကဗျာပါပဲ။

    —–
    ဓါးလှံတွေ မပါတဲ့ချစ်ခြင်းနဲ့
    အသွားအပြန် ပြန် ဖတ်မိတဲ့
    ချစ်သော ကဗျာတစ်ပုဒ် . . .
    အဟုတ် တွယ်တာမိတဲ့အကြောင်း ပြောခဲ့ပါရစေ. . .

  • ko six

    March 20, 2014 at 8:05 am

    Alinset ….
    ကဗျာတစ်​ပုဒ်​ကို
    ကဗျာတစ်​ပုဒ်​လိုပဲခံစားတာထက်​
    သမိုင်​းတစ်​ခုလိုဖတ်​ကြည်​့တာက
    လူတစ်​​ယောက်​ရဲ့​ခြေရာလက်​ရာ
    ဒါမှမဟုတ်​
    လူ့ပတ်​ဝန်​းကျင်​ရဲ့အညမညသ​ဘောသတရား​တွေကို
    ​မြင်​သိခံစားလာရမှာပါ​လေ။
    ​ကျေးဇူးပါပဲ
    ​ှကျေးဖဖ

  • Wow

    March 20, 2014 at 10:04 am

    လက်ဘက်ရည်ဆိုလို့ ဝင်လာတာ လက်ဘက်ရည်လဲတိုက်ဝူး… :mrgreen:

  • ko six

    March 20, 2014 at 10:17 am

    လမ်​းညွန်​ပါ့မယ်​
    သမိုင်​းလမ်​းဆုံက ကံ​ကော်​ရိပ်​မှာ
    အလကား​သောက်​လို့ရပါတယ်​ဗျ

    • Wow

      March 20, 2014 at 10:36 am

      ဂယ်… အရင်ကြွေးဒွေပါ ပေါင်းပီး တောင်းခံရမာတော့ ဟုတ်ဝူးနော်… :kwi:

  • ဘရန်းဒက် ကေဇီ

    March 20, 2014 at 12:07 pm

    အနုပညာဆိုတာ လူမျိုးနဲ့မဆိုင်ဘူး
    ခံစားတတ်တဲ့ နှလုံးသားနဲ့ဘဲဆိုင်တယ်
    (ခရက်ဒစ် တူ ဦးကျော်စွာခေါင်)

    ဘယ်နယ်သား ရန်ကုန်သားရယ်မှ မဟုတ်…..
    ရင်ဘတ်ထဲမှာ ခံစားတတ်တဲ့ ကဗျာ နှလုံးသားရှိရင် တစ်သားတည်းပါပဲနော့။
    :chit:

    ကျနော်က မန်းလေးက။
    အဲဒါ မခွဲခြားပဲ လက်ဖက်ရည်တိုက်ပါနော်။ :mrgreenn:

    • Wow

      March 20, 2014 at 1:30 pm

      ကျွိကျွိနော် ဒမာ အသစ်လေးဂို… ဘူမှမသိခင် သုံးသိန်းအောက် လက်ဘက်ရည်တိုက်ခိုင်းနေတာဂို… :mrgreen:

      • ဘရန်းဒက် ကေဇီ

        March 20, 2014 at 1:37 pm

        နိ အရင် တိုက်ခိုင်းနေတာ တွေ့လို့
        နာ လည်း အားကျမခံ အမြန်အပြေးလာရတာ ….
        ဟောဟဲ။

        :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 20, 2014 at 5:21 pm

    ဘောင်ဘီးခါးဆုဒ်ကို
    အလယ်ဘင်းနဲ့တိုင်းတာကိုတော့ လျှော့တွက်လို့မရဘူး
    အတိကျကြီးမဟုတ်ပေမယ့် ကွက်တိသာသာဘဲပြောလို့ရတယ်
    အဲ့ဒါက ယောက်ကျားတွေတွက်ပါ
    မိန်းမတွေကြတော့ ခါးဆိုဒ်တော့ ကွက်တိဘဲ
    ကြယ်သီးတတ်လို့မရဖြစ်ကြတယ်
    ဖြစ်ဆို ပိုပိုလျှံလျှံရှိကြတာကိုး :mrgreen:
    နယ်သားဆိုတာနယ်ချဲ့မဟုတ်ကြောင်း ဒဲ့
    နယ်ခံဖြစ်လာရုံသက်သက်ပါ

  • ko six

    March 20, 2014 at 9:39 pm

    အားလုံးကို​ကျေးဇူးတင်​ပါတယ်​
    ကျ​နော်​က
    ရန်​ကုန်​သားမဟုတ်​ပါဘူးဗျ

  • 23 ထက် နည်း နည်း လေးစောင်းတော့
    ခွက်ထဲ က အရည် တွေ ကို
    ပါးစပ် ထဲံ လောင်း ထည့် မိ တာပေါ့

  • ko six

    March 20, 2014 at 10:35 pm

    ဟုတ်​ကဲ့

  • ခင် ခ

    September 14, 2014 at 3:05 am

    ရန်ကုန်နေဘဝ ပြန်တောင်လွမ်းသလိုလို

Leave a Reply