အထက်တန်းတုန်းက သင်္ချာ-၂ သင်တဲ့ အချိန်

မနီမနီထထ ထထနီမနီမ လို့ အော်ကြရင်း

Sin Cos တန်ဘိုးတွေ တွက်ဘို့ လော်ဂရစ်သမ် စာအုပ် ကိုင်ရချိန်

ဆရာပြောခဲ့တဲ့ ဟာသလေး မှတ်မိနေသေးတယ်..

မြို့ပေါ်မှာ ကျောင်းလာတက်တဲ့ သားတော်မောင်က အိမ်က

အမေဆီ ပိုက်ဆံပြန်တောင်းချင်တော့ နည်းမျိုးစုံနဲ့ တောင်းထားပြီးသားမို့

နည်းသစ်ဖြစ်တဲ့ အမေ သားကျောင်းမှာ စာသင်နေရင်း

လက်တွေ့လေ့ကျင့်ခန်းလုပ်နေတာ သားကြောင့် လော်ဂရစ်သမ်

ကျကွဲသွားလို့ ပြန်လျှော်ရမယ် ပိုက်ဆံများများ မြန်မြန်ပို့ပါ လို့

အမှာတော်ပါးလာတာမို့ မိဘ တွေ သားအတွက် စိတ်ပူပြီး

အိမ်ကနွားလေး ရောင်း ၊ သားဆီ ပိုက်ဆံ ပို့လိုက်ရတယ် ဆိုတာလေး

ဟာသလေး အဖြစ်နဲ့ အခုထိမှတ်မိနေခဲ့တယ်။

အခုရက်ထဲ မလေးရှားက MH370 ခရီးစဉ် လေယာဉ် ပျောက်နေတာ

တကမ္ဘာလုံးစိတ်ဝင်စားနေတဲ့ အထဲ ကျနော်လဲ ပါသမို့ အဲဒီသတင်းနဲ့

ဆက်စပ်တဲ့ သတင်းတိုင်း ဂရုစိုက်ကြည့်နေမိတယ် ၊ မြန်မြန်ပြန်တွေ့ပါစေ ၊

(ဖြစ်နိုင်ချေနဲပေမဲ့ ) မိသားစုတွေ ပြန်ဆုံနိုင်ပါစေလဲ ဆုတောင်းမိပါတယ် ၊ The

Voice က တင်ထားတဲ့ ဆောင်းပါးနှစ်ပုဒ် ဖတ်ရပြီးတဲ့ အချိန်မှာတော့

ငယ်ငယ်က ဟာသလေး သတိမရပဲ မနေနိုင်အောင်ကိုဖြစ်ရတယ်..

ဘဲလားလေဘာတီ ဆိုတဲ့သူ ရေးထားတာပါ ပထမ တစ်ပုဒ်က

မလေးစစ်တပ်မှာတာဝန်မကင်းဖြစ်မည်’’  တဲ့

“  MH370 ကground station နဲ့ အဆက်သွယ်ပြတ်သွားပြီးဆိုရင်

အချက်နှစ်ချက်ဘဲရှိပါတယ် ပထမအချက် Signal Box ပျက်စီးလောက်အောင်

ကြီးမားတဲ့ ပေါက်ကွဲမှု့ လေယဉ်မှာပေါက်ကွဲခဲ့လို့ အထူးသဖြင့် လေယဉ်ဦးမှာ ပေါက်ကွဲမှု့ ဖြစ်ခဲ့လို့ ဖြစ်နိုင်ပါတယ်-၄င်း

Signal Boxကတော်တောင် ရုံနဲ့

မပျက်စီးနိုင်သလို  လေယဉ်အလယ်နဲ့ ပဲ့ပိုင်းမှာပေါက်ကွဲတာတောင်

မပျက်စီးနိုင်ဘဲသူအလုပ်သူလုပ်နေတတ်ပါတယ်။ဒုတိယ

အချက်ကတော့ လေယဉ်ပြန်ပေးဆွဲလို့ Hijack ခေါင်းဆောင်က၄င်း Signal

Box ကိုပိတ်ထားလို့  ဘဲဆိုတာသေချာနေပါတယ်၊ နောက်ဆုံးပေါ်

Radar တွေမှာ Signal Box on ထားရင်ဖြတ်သန်း သွားတဲ့ လေယဉ်တိုင်းရဲ့ ID

ကRadar မှာပေါ်ပြီး Flashing ပြပါတယ်၊ အကယ်၍ Signal Box ကို

ပိတ်ထားလိုက်ရင်တော့မြေပြင်က Radar တွေမှာ၎င်းလေယဉ်ရဲ့ ID

မပေါ်နိုင်တော့ပါဘူး ’’

ဒုတိယ တပုဒ်က “တရားခံပစ်မှတ်ကို ပြောင်းလိုက်သော MH 370 ရှာပုံတော်’’

…………….လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ မလေးစစ်တပ်က စစ်တပ်ရဲ့ Radar

မှာ MH 370 ဟာ မလေးကျွန်းဆွယ်အရှေ့ ပင်လယ်ပေါ်ကနေ Black Box ကို

တမင်ပိတ်ထားပြီး ပုံမှန် နောက်ပြန်လှည့်လို့

မလေးကျွန်းဆွယ်ပေါ်က ဖြတ်သန်းလို့ အိန္ဒိယ သမုဒ္ဒရာထဲက Andaman

Islands အက်ဒမင် ကျွန်းစုဆီကို ဦးတည် ပျံသန်းသွားတယ်လို့ ဆိုလာခဲ့ပါတယ်။

………………… ဒီတော့ လေယာဉ်တစ်စင်း မိုင် ၄၅၀ ကနေ ၅၀၀ နှုန်းအထိ

ပျံသန်းပါတယ်။ ဒီတော့ MH 370 က မူလပြန်ကွေ့သွားတဲ့ နေရာကနေ အနီးဆုံး

မိုင် ၂၇၀၀ နဲ့ အဝေးဆုံးမိုင် ၃၁၅၀ မှာ ရှိနေမှာ ဖြစ်ပါတယ်။ မလေးစစ်တပ်

Radar မှာ ပေါ်တယ်ဆိုခဲ့ရင် အဲဒီလေယာဉ်က Bearing ဘယ်လောက်မှာ

ရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်။ ဒီတော့ Distance နဲ့ Bearing

ကိုရမှတော့ လေယာဉ်ရဲ့ Position ကို အနီးစပ်ဆုံး ရနိုင်တာမို့ အခုလို

စတုရန်းမိုင် တစ်ထောင်အထိ ရှာပုံတော်ဖွင့်နေစရာ လိုမှမလိုတာပဲလေ။

ဒါကြောင့် မလေးစစ်တပ် Radar ရဲ့ Wrong Signal သို့မဟုတ် Radar

Observer ရဲ့ Error လို့တောင် ပြောလို့ ရနေပါပြီ။ နောက်တစ်ခုက

မလေးစစ်တပ်က ဘာကိုမှ အတိကျ မပြောနိုင်သေးဘဲ စစ်တပ်က Black Box

ကို Manually ပိတ်ပြီး Course ပြောင်းခဲ့တယ်လို့ ဆိုရာကနေ ဒီနေ့ Flight

Captain ကို သင်္ကာမကင်းဖြစ်လို့ Captain ရဲ့ နေအိမ်ကိုသွားပြီး

စစ်ဆေးနေကြလေရဲ့။ တကယ်တော့ ဒီနေ့ MH 370 ပြဿနာကို Logically

စဉ်းစားတွေးခေါ် အဖြေရှာသင့်ပါတယ်။

 

ဒီနေရာမှာ လေယာဉ် ပေါက်ကွဲသွားတာနဲ့ Hijack လုပ်ခံရတယ်ဆိုတဲ့

အချက်နှစ်ချက်မှာ ဘယ်ဟာဖြစ်နိုင်လဲ ဆိုတာကို တွေးခေါ်ယူရပါ့မယ်။ Black

Box ဆိုတာက Flight Data Box ပဲဖြစ်ပါတယ်။ ဒီ Box က Transmit –

Receiving နဲ့ Record တွေအားလုံးကို လုပ်ပါတယ်။ Block Box ပျက်သွားရင်

ယခုလို လေယာဉ်က ကမ္ဘာနဲ့ လုံးဝအဆက်ပြတ်သွား တတ်ပါတယ်။ သို့သော်

Block Box က အလွန်ပျက်ခဲပါတယ်။ သာမန် လေယာဉ် ပျက်ကျတာတောင်

Block Box က မပျက်စီးနိုင်သလို လေယာဉ်တစ်စင်း ပျက်ကျရင်

သက်ဆိုင်ရာက Block Box ကို အရရှာကြရပါတယ်။ Block

Box တွေ့ရင် လေယာဉ်ရဲ့ ဖြစ်ခဲ့တဲ့ ပြဿနာ အားလုံးကို သိနိုင်ပါတယ်။

ဒါကြောင့် Block Box က လေယာဉ်

တစ်စင်းလုံးရဲ့အသက်ပါပဲ။ လေယာဉ်တစ်စင်းမှာ Block Box ပျက်စီးဖို့

ဆိုတာက ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်မှသာ ပျက်စီးနိုင်သလို Block Box

ကို Flight Captain က တမင်သက်သက် သူ့သဘောနဲ့သူ

ပိတ်ပစ်စရာအကြောင်း လုံးဝမရှိပါဘူး။ သင်္ဘော Captain နဲ့ Flight

Captainတွေက သူတို့မှာ မိမိ Crew နဲ့ Passenger တွေကို အသက်နဲ့လဲပြီး

ကာကွယ်ဖို့ တာဝန်ရှိနေသလို အဲဒီတာဝန်ကိုလည်း လေးစားတတ်ကြပါတယ်။

(သူတို့တင်ထားတဲ့ မူရင်းစာသား အတိုင်း မူရင်းသတ်ပုံအတိုင်း ကူးထားတာပါ

အပြည့်အစုံ ဖတ်ချင်ရင်တော့ https://www.facebook.com/thevoiceweekly

/posts/725315884155340 )

ဆောင်းပါးထဲက ဒီ အချက်တွေကို ကြည့်လိုက်ရင်

..Signal Box ပျက်စီးလောက်အောင်

ကြီးမားတဲ့ ပေါက်ကွဲမှု့ လေယာဉ်မှာပေါက်ကွဲခဲ့လို့

…Black Box ကို Manually ပိတ်ပြီး Course ပြောင်းခဲ့တယ်လို့

…Black Box ဆိုတာက Flight Data Box ပဲဖြစ်ပါတယ်။ ဒီ Box က Transmit

– Receiving နဲ့ Record တွေအားလုံးကို လုပ်ပါတယ်။ Block Box ပျက်သွားရင်

ယခုလို လေယာဉ်က ကမ္ဘာနဲ့ လုံးဝအဆက်ပြတ်သွား တတ်ပါတယ်။

ဆိုတာတွေကြည့်လိုက်ရင် လော်ဂရစ်သမ်က ကျကွဲတာ မဟုတ်ပဲ

ကျပြဲတာဆိုရင် ဖြစ်နိုင်သေးပေမဲ့

ဆောင်းပါးထဲက Signal Box တို့ Black Box ကို Manually ပိတ်ပြီး တို့ ဒီ Box

က Transmit – Receiving နဲ့ Record တွေအားလုံးကို လုပ်ပါတယ်

ဆိုတာတွေကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတွေပါ…

 

ဘာကြောင့် ဆိုတာလေး နဲနဲ တို့ထိ ကြည့်ရအောင်..

လေယာဉ်တွေ ရဲ့ ပျံသန်းမှုတွေကို ရေဒါတွေကနေ ကြည့်လို့ ရတယ်

အဲဒီ ရေဒါတွေကို Primary Radar လို့ ခေါ်တယ် သူ့မှာက ကန့်သတ်ချက်တွေ

ရှိတယ် လေယာဉ်က ကြီးမယ် သတ္တုနဲ့ လုပ်ထားမယ် မြင့်မယ်ဆိုရင်တော့

ဖမ်းယူရတာ လွယ်ပေမဲ့ သေးတယ် ကွန်ပိုးစစ်နဲ့ လုပ်ထားတယ်

အနိမ့်ပျံလာတယ် ဝေးတယ် တောင်တွေခံနေတယ် မိုးတွေရွာနေတယ် ဆို

ဖမ်းယူရတာ အခက်အခဲရှိတယ်  တစ်ခါတစ်လေ ကားတွေ သစ်ပင်တွေကို

မှားဖမ်းမိတာလဲ ရှိမယ် အဲဒီ အခက်အခဲတွေ ကို ကျော်နိုင်တာက SSR

(Secondary surveillance radar) ပါ ၊ SSR မှာ သေးသေး ၊ ဝေးဝေး

မိုးရွာရွာ နေပူပူ အကုန်မိတယ် တစ်ခုတော့ လိုတယ် လေယာဉ်မှာ

Transponder  ဆိုတာ တပ်ထားဘို့ လိုမယ်၊ စစ်ကားတွေ မှာ

ကြည့်ဖူးကြမယ်ထင်ပါတယ် အစောင့်စစ်သားတွေ

လူစိမ်းတစ်ယောက်ကို တွေ့တဲ့အခါ “ ရပ်၊ စကားဝှက်’’ လို့ မေးတဲ့ အခါ

ငါသူကြီးပါကွ ဆိုရင် အပစ်ခံရမှာပါ အဲဒီနေ့အတွက် သတ်မှတ်ထားတဲ့ “

ချက်ကြီး ’’ ဆိုတဲ့ စကားဝှက် အမှန်ကို ဖြေနိုင်မှ မိတ်ဆွေလို့ သတ်မှတ်နိုင်မှာပါ ၊

SSR က လှမ်းမေးတဲ့ စကားဝှက်ကို Transponder က

အဖြေမှန် ပြန်ပေးရပါတယ် ၊ Transponder မှာ Code (squawked) နဲ့ Mode (

A,C,S) ဆိုတာ ရှိပါတယ် ၊Code ဆိုတာတော့ အဲဒီ လေယာဉ်အတွက်

သတ်မှတ်ထားတဲ့ စကားဝှက်ပါပဲ ဂဏန်းလေးလုံး ရှိပါမယ် ၊လေယာဉ်က

Transponder မှာ သူ့အတွက် သတ်မှတ်ပေးထားတဲ့ (ဥပမာ )၂၃၄၅ ဆိုတာကို

ဖွင့်ထားလိုက်ရင် လေကြောင်းထိန်းမျှော်စင်က ရေဒါမှာ အဲဒီလေယာဉ်ရဲ့

အကွာအဝေး၊အမြင့်ပေ၊ဘယ်ဒီဂရီ မှာရှိတယ် Call Sign ဘာဆိုတာတွေ

သိနေလို့ အဲဒီလေယာဉ်ကို ကောင်းကောင်း

ထိန်းသိမ်းလမ်းညွှန်မှုပေးနိုင်မှာဖြစ်ပါတယ် လေယာဉ်တစ်စီးချင်းရဲ့ သွားမဲ့

ခရီးစဉ်အလိုက် ကုဒ်ကို လေယာဉ်တက်ခါနီးမှ ပေးတတ်ပေမဲ့ တကမ္ဘာလုံး

ပုံမှန်သတ်မှတ်ထားတဲ့ ကုဒ်တွေလဲ ရှိပါတယ်..လေယာဉ်အရေးအပေါ်

အခြေအနေမှာ ၇၇၀၀ ၊ ဆက်သွယ်ရေးစက်တွေချို့ယွင်းရင်

၇၆၀၀၊ လေယာဉ်အပိုင်စီးခံရရင် ၇၅၀၀ ပါ ၊ Transponder မှာ ၇၅၀၀

ကုဒ်ထည့်လိုက်ရင် ဘာမှ မပြောလဲ အဲဒီ လေယာဉ် အပိုင်စီး ခံထားရတယ်

ဆိုတာ တာဝါက သိနိုင်အောင်ပါ ။

Black Box အကြောင်း ပြောကြည့်ရအောင် ၊ Black Box ကို သေတ္တာမဲ

ဆိုတာထက် မှတ်တမ်းတင်ကိရိယာ ဆိုရင် ပို ဆီလျှော်ပါ့မယ် ၊ Black Box မှာ

အဓိက အစိတ်အပိုင်းနှစ်ခုပဲ ပါတယ် FDR ( Flight Data Recorder) နဲ့ CVR (

Cockpit Voice Recorder ) ပါ ၊  Flight Data Recorder ဆိုတဲ့

အတိုင်း လေယာဉ်ပျံသန်းမှုနဲ့ ပတ်သတ်တဲ့ အချက်အလက် အားလုံးကို

မှတ်တမ်းတင်ထားပါတယ် ဥပမာ

အမြန်နှုန်း၊အမြင့်ပေ၊ပြင်ပအပူချိန်၊လေဖိအား၊ဘီတင်ချ ဆိုတာမျိုးတွေ

အချက်အလက် ၇၀၀ လောက်အထိ မှတ်တမ်းတင်နိုင်ပါတယ်

အမျိုးအစားပေါ်မူတည်ပြီး ၂၅ နာရီစာထိ

အလိုအလျှောက်မှတ်ထားပေးနိုင်ပါတယ်၊ CVR ကတော့ လေယာဉ်မှူး

အချင်းချင်း ပြောတာ လေကြောင်းထိန်းမျှော်စင်နဲ့ပြောတာ စတဲ့

စကားပြောဆိုတာတွေကို မှတ်ပေးထားပါတယ် အမျိုးအစားပေါ် မူတည်ပြီး

အနဲဆုံး နာရီဝက်စာကနေ နှစ်နာရီစာလောက်ထိ မှတ်နိုင်ကြတယ် ၊

မတော်တဆမှု တစ်ခုဖြစ်ပြီဆို Black Box ကိုရှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေက

စစ်ကြည့်လိုက်တာနဲ့  မတော်တဆမှု ဖြစ်တဲ့ အချိန် လေယာဉ်မှာ ဖြစ်ပေါ်နေတဲ့

အခြေအနေနဲ့ သက်ဆိုင်တဲ့ သူတွေရဲ့ ပြောစကာတွေ ကြားရလို့ ဘာကြောင့်

မတော်တဆဖြစ်ပွားခဲ့ရတယ်ဆိုတာ ကို အဖြေထုတ်နိုင်မှာပါ ၊ အဲဒါကြောင့်လဲ

Black Box ကို မီးလောင်ဒဏ် ပေါက်ကွဲမှုဒဏ် ခံနိုင်အောင်

ပင်လယ်ရေအောက်အနက်မှာ မပျက်စီးအောင် တည်ဆောင်ထားတာပါ

မြင်လွယ်အောင် အရောင်ကိုလဲ လိမ္မော်ရောင်ခြယ်ထားပါတယ်

၊ လေယာဉ်ပျက်ကျမှုတွေမှာ ထိခိုက်မှုအနဲဆုံးက လေယာဉ်နောက်ပိုင်းမို့  Black

Box ကို လေယာဉ်နောက်ပိုင်းမှာ

(စက်ရုံက)တပ်ဆင်ထားတတ်ကြပါတယ် လေယာဉ်မှူးတွေ

အင်ဂျင်နီယာတွေက ဖွင့်တာ ပိတ်တာ စစ်တာ ဘာတစ်ခုမှ လုပ်စရာကို

မလိုပါဘူး ….

ပျက်ကျထားတဲ့ လေယာဉ်က ရတဲ့ Black Box

ပျက်ကျထားတဲ့ လေယာဉ်က ရတဲ့ Black Box

အများကို သတင်းအချက်အလက် တွေ ပေးတဲ့ သတင်းဌာနတွေ အနေနဲ့

ကဏ္ဍတိုင်းမှာ ခရေစေ့တွင်းကျ မသိနိုင်ပေမဲ့ သာမန်လူတစ်ယောက်ထက်တော့

ပိုသိသင့်ပါတယ် မသိရင်လဲ သိအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ

အလွယ်ရှိတာမို့  အချက်အလက် အမှန်ကိုသိအောင်

အရင်လုပ်ပြီးမှသာ ပေးသင့်ပါတယ် Black Box  ကိုပိတ်တယ်တို့ Signal Box

ကြီးက မပေါက်ကွဲနိုင်ဘူးတို့ဆိုတာ ဘယ်လိုမှ ယုတ္တိရှိတဲ့ ကိစ္စတွေ မဟုတ်လို့

သက်ဆိုင်သူတွေ လော်ဂရစ်သမ် ဆိုတာ မကွဲနိုင်တဲ့ သဘာဝကို မသိတာလား ၊

သိသိနဲ့ ရောချတာလား ဆိုတာတော့ ….

 

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ