လော် ဂ ရစ် သမ် ကျ ကွဲ လို့ ..

မောင်ဆန်းMarch 20, 20142min30528

အထက်တန်းတုန်းက သချင်္ာ-၂ သင်တဲ့ အချိန်

မနီမနီထထ ထထနီမနီမ လို့ အော်ကြရင်း

Sin Cos တန်ဘိုးတွေ တွက်ဘို့ လော်ဂရစ်သမ် စာအုပ် ကိုင်ရချိ်န်

ဆရာပြောခဲ့တဲ့ ဟာသလေး မှတ်မိနေသေးတယ်..

မြို့ပေါ်မှာ ကျောင်းလာတက်တဲ့ သားတော်မောင်က အိမ်က

အမေဆီ ပိုက်ဆံပြန်တောင်းချင်တော့ နည်းမျိုးစုံနဲ့ တောင်းထားပြီးသားမို့

နည်းသစ်ဖြစ်တဲ့ အမေ သားကျောင်းမှာ စာသင်နေရင်း

လက်တွေ့လေ့ကျင့်ခန်းလုပ်နေတာ သားကြောင့် လော်ဂရစ်သမ်

ကျကွဲသွားလို့ ပြန်လျှော်ရမယ် ပိုက်ဆံများများ မြန်မြန်ပို့ပါ လို့

အမှာတော်ပါးလာတာမို့ မိဘ တွေ သားအတွက် စိတ်ပူပြီး

အိမ်ကနွားလေး ရောင်း ၊ သားဆီ ပိုက်ဆံ ပို့လိုက်ရတယ် ဆိုတာလေး

ဟာသလေး အဖြစ်နဲ့ အခုထိမှတ်မိနေခဲ့တယ်။

အခုရက်ထဲ မလေးရှားက MH370 ခရီးစဉ် လေယာဉ် ပျောက်နေတာ

တကမာ္ဘလုံးစိတ်ဝင်စားနေတဲ့ အထဲ ကျနော်လဲ ပါသမို့ အဲဒီသတင်းနဲ့

ဆက်စပ်တဲ့ သတင်းတိုင်း ဂရုစိုက်ကြည့်နေမိတယ် ၊ မြန်မြန်ပြန်တွေ့ပါစေ ၊

(ဖြစ်နိုင်ချေနဲပေမဲ့ ) မိသားစုတွေ ပြန်ဆုံနိုင်ပါစေလဲ ဆုတောင်းမိပါတယ် ၊ The

Voice က တင်ထားတဲ့ ဆောင်းပါးနှစ်ပုဒ် ဖတ်ရပြီးတဲ့ အချိန်မှာတော့

ငယ်ငယ်က ဟာသလေး သတိမရပဲ မနေနိုင်အောင်ကိုဖြစ်ရတယ်..

ဘဲလားလေဘာတီ ဆိုတဲ့သူ ရေးထားတာပါ ပထမ တစ်ပုဒ်က

မလေးစစ်တပ်မှာတာဝန်မကင်းဖြစ်မည်’’  တဲ့

“  MH370 ကground station နဲ ့အဆက်သွယ်ပြတ်သွားပြီးဆိုရင်

အချက်နှစ်ချက်ဘဲရှိပါတယ် ပထမအချက် Signal Box ပျက်စီးလောက်အောင်

ကြီးမားတဲ့ ပေါက်ကွဲမှု ့လေယဉ်မှာပေါက်ကွဲခဲ့လို ့အထူးသဖြင့် လေယဉ်ဦးမှာ ပေါက်ကွဲမှု ့ဖြစ်ခဲ့လို ့ဖြစ်နိုင်ပါတယ်-၎င်း

Signal Boxကတော်တောင် ရုံနဲ့

မပျက်စီးနိုင်သလို  လေယဉ်အလယ်နဲ ့ပဲ့ပိုင်းမှာပေါက်ကွဲတာတောင်

မပျက်စီးနိုင်ဘဲသူအလုပ်သူလုပ်နေတတ်ပါတယ်။ဒုတိယ

အချက်ကတော့ လေယဉ်ပြန်ပေးဆွဲလို ့Hijack ခေါင်းဆောင်က၎င်း Signal

Box ကိုပိတ်ထားလို ့ ဘဲဆိုတာသေချာနေပါတယ်၊ နောက်ဆုံးပေါ်

Radar တွေမှာ Signal Box on ထားရင်ဖြတ်သန်း သွားတဲ့ လေယဉ်တိုင်းရဲ ့ID

ကRadar မှာပေါ်ပြီး Flashing ပြပါတယ်၊ အကယ်၍ Signal Box ကို

ပိတ်ထားလိုက်ရင်တော့မြေပြင်က Radar တွေမှာ၎င်းလေယဉ်ရဲ ့ID

မပေါ်နိုင်တော့ပါဘူး ’’

ဒုတိယ တပုဒ်က “တရားခံပစ်မှတ်ကို ပြောင်းလိုက်သော MH 370 ရှာပုံတော်’’

…………….လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ မလေးစစ်တပ်က စစ်တပ်ရဲ့ Radar

မှာ MH 370 ဟာ မလေးကျွန်းဆွယ်အရှေ့ ပင်လယ်ပေါ်ကနေ Black Box ကို

တမင်ပိတ်ထားပြီး ပုံမှန် နောက်ပြန်လှည့်လို့

မလေးကျွန်းဆွယ်ပေါ်က ဖြတ်သန်းလို့ အိန္ဒိယ သမုဒ္ဒရာထဲက Andaman

Islands အက်ဒမင် ကျွန်းစုဆီကို ဦးတည် ပျံသန်းသွားတယ်လို့ ဆိုလာခဲ့ပါတယ်။

………………… ဒီတော့ လေယာဉ်တစ်စင်း မိုင် ၄၅ဝ ကနေ ၅၀ဝ နှုန်းအထိ

ပျံသန်းပါတယ်။ ဒီတော့ MH 370 က မူလပြန်ကွေ့သွားတဲ့ နေရာကနေ အနီးဆုံး

မိုင် ၂၇၀ဝ နဲ့ အဝေးဆုံးမိုင် ၃၁၅ဝ မှာ ရှိနေမှာ ဖြစ်ပါတယ်။ မလေးစစ်တပ်

Radar မှာ ပေါ်တယ်ဆိုခဲ့ရင် အဲဒီလေယာဉ်က Bearing ဘယ်လောက်မှာ

ရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်။ ဒီတော့ Distance နဲ့ Bearing

ကိုရမှတော့ လေယာဉ်ရဲ့ Position ကို အနီးစပ်ဆုံး ရနိုင်တာမို့ အခုလို

စတုရန်းမိုင် တစ်ထောင်အထိ ရှာပုံတော်ဖွင့်နေစရာ လိုမှမလိုတာပဲလေ။

ဒါကြောင့် မလေးစစ်တပ် Radar ရဲ့ Wrong Signal သို့မဟုတ် Radar

Observer ရဲ့ Error လို့တောင် ပြောလို့ ရနေပါပြီ။ နောက်တစ်ခုက

မလေးစစ်တပ်က ဘာကိုမှ အတိကျ မပြောနိုင်သေးဘဲ စစ်တပ်က Black Box

ကို Manually ပိတ်ပြီး Course ပြောင်းခဲ့တယ်လို့ ဆိုရာကနေ ဒီနေ့ Flight

Captain ကို သင်္ကာမကင်းဖြစ်လို့ Captain ရဲ့ နေအိမ်ကိုသွားပြီး

စစ်ဆေးနေကြလေရဲ့။ တကယ်တော့ ဒီနေ့ MH 370 ပြဿနာကို Logically

စဉ်းစားတွေးခေါ် အဖြေရှာသင့်ပါတယ်။

 

ဒီနေရာမှာ လေယာဉ် ပေါက်ကွဲသွားတာနဲ့ Hijack လုပ်ခံရတယ်ဆိုတဲ့

အချက်နှစ်ချက်မှာ ဘယ်ဟာဖြစ်နိုင်လဲ ဆိုတာကို တွေးခေါ်ယူရပါ့မယ်။ Black

Box ဆိုတာက Flight Data Box ပဲဖြစ်ပါတယ်။ ဒီ Box က Transmit –

Receiving နဲ့ Record တွေအားလုံးကို လုပ်ပါတယ်။ Block Box ပျက်သွားရင်

ယခုလို လေယာဉ်က ကမာ္ဘနဲ့ လုံးဝအဆက်ပြတ်သွား တတ်ပါတယ်။ သို့သော်

Block Box က အလွန်ပျက်ခဲပါတယ်။ သာမန် လေယာဉ် ပျက်ကျတာတောင်

Block Box က မပျက်စီးနိုင်သလို လေယာဉ်တစ်စင်း ပျက်ကျရင်

သက်ဆိုင်ရာက Block Box ကို အရရှာကြရပါတယ်။ Block

Box တွေ့ရင် လေယာဉ်ရဲ့ ဖြစ်ခဲ့တဲ့ ပြဿနာ အားလုံးကို သိနိုင်ပါတယ်။

ဒါကြောင့် Block Box က လေယာဉ်

တစ်စင်းလုံးရဲ့အသက်ပါပဲ။ လေယာဉ်တစ်စင်းမှာ Block Box ပျက်စီးဖို့

ဆိုတာက ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်မှသာ ပျက်စီးနိုင်သလို Block Box

ကို Flight Captain က တမင်သက်သက် သူ့သဘောနဲ့သူ

ပိတ်ပစ်စရာအကြောင်း လုံးဝမရှိပါဘူး။ သင်္ဘော Captain နဲ့ Flight

Captainတွေက သူတို့မှာ မိမိ Crew နဲ့ Passenger တွေကို အသက်နဲ့လဲပြီး

ကာကွယ်ဖို့ တာဝန်ရှိနေသလို အဲဒီတာဝန်ကိုလည်း လေးစားတတ်ကြပါတယ်။

(သူတို့တင်ထားတဲ့ မူရင်းစာသား အတိုင်း မူရင်းသတ်ပုံအတိုင်း ကူးထားတာပါ

အပြည့်အစုံ ဖတ်ချင်ရင်တော့ https://www.facebook.com/thevoiceweekly

/posts/725315884155340 )

ဆောင်းပါးထဲက ဒီ အချက်တွေကို ကြည့်လိုက်ရင်

..Signal Box ပျက်စီးလောက်အောင်

ကြီးမားတဲ့ ပေါက်ကွဲမှု ့လေယာဉ်မှာပေါက်ကွဲခဲ့လို့

…Black Box ကို Manually ပိတ်ပြီး Course ပြောင်းခဲ့တယ်လို့

…Black Box ဆိုတာက Flight Data Box ပဲဖြစ်ပါတယ်။ ဒီ Box က Transmit

– Receiving နဲ့ Record တွေအားလုံးကို လုပ်ပါတယ်။ Block Box ပျက်သွားရင်

ယခုလို လေယာဉ်က ကမာ္ဘနဲ့ လုံးဝအဆက်ပြတ်သွား တတ်ပါတယ်။

ဆိုတာတွေကြည့်လိုက်ရင် လော်ဂရစ်သမ်က ကျကွဲတာ မဟုတ်ပဲ

ကျပြဲတာဆိုရင် ဖြစ်နိုင်သေးပေမဲ့

ဆောင်းပါးထဲက Signal Box တို့ Black Box ကို Manually ပိတ်ပြီး တို့ ဒီ Box

က Transmit – Receiving နဲ့ Record တွေအားလုံးကို လုပ်ပါတယ်

ဆိုတာတွေကတော့ ဘယ်လိုမှ မဖြစ်နိုုင်တဲ့ ကိစ္စတွေပါ…

 

ဘာကြောင့် ဆိုတာလေး နဲနဲ တို့ထိ ကြည့်ရအောင်..

လေယာဉ်တွေ ရဲ့ ပျံသန်းမှုတွေကို ရေဒါတွေကနေ ကြည့်လို့ ရတယ်

အဲဒီ ရေဒါတွေကို Primary Radar လို့ ခေါ်တယ် သူ့မှာက ကန့်သတ်ချက်တွေ

ရှိတယ် လေယာဉ်က ကြီးမယ် သတ္တုနဲ့ လုပ်ထားမယ် မြင့်မယ်ဆိုရင်တော့

ဖမ်းယူရတာ လွယ်ပေမဲ့ သေးတယ် ကွန်ပိုးစစ်နဲ့ လုပ်ထားတယ်

အနိမ့်ပျံလာတယ် ဝေးတယ် တောင်တွေခံနေတယ် မိုးတွေရွာနေတယ် ဆို

ဖမ်းယူရတာ အခက်အခဲရှိတယ်  တစ်ခါတစ်လေ ကားတွေ သစ်ပင်တွေကို

မှားဖမ်းမိတာလဲ ရှိမယ် အဲဒီ အခက်အခဲတွေ ကို ကျော်နို်င်တာက SSR

(Secondary surveillance radar) ပါ ၊ SSR မှာ သေးသေး ၊ ဝေးဝေး

မိုးရွာရွာ နေပူပူ အကုန်မိတယ် တစ်ခုတော့ လိုတယ် လေယာဉ်မှာ

Transponder  ဆိုတာ တပ်ထားဘို့ လိုမယ်၊ စစ်ကားတွေ မှာ

ကြည့်ဖူးကြမယ်ထင်ပါတယ် အစောင့်စစ်သားတွေ

လူစိမ်းတစ်ယောက်ကို တွေ့တဲ့အခါ “ ရပ်၊ စကားဝှက်’’ လို့ မေးတဲ့ အခါ

ငါသူကြီးပါကွ ဆိုရင် အပစ်ခံရမှာပါ အဲဒီနေ့အတွက် သတ်မှတ်ထားတဲ့ “

ချက်ကြီး ’’ ဆိုတဲ့ စကားဝှက် အမှန်ကို ဖြေနိုင်မှ မိတ်ဆွေလို့ သတ်မှတ်နိုင်မှာပါ ၊

SSR က လှမ်းမေးတဲ့ စကားဝှက်ကို Transponder က

အဖြေမှန် ပြန်ပေးရပါတယ် ၊ Transponder မှာ Code (squawked) နဲ့ Mode (

A,C,S) ဆိုတာ ရှိပါတယ် ၊Code ဆိုတာတော့ အဲဒီ လေယာဉ်အတွက်

သတ်မှတ်ထားတဲ့ စကားဝှက်ပါပဲ ဂဏန်းလေးလုံး ရှိပါမယ် ၊လေယာဉ်က

Transponder မှာ သူ့အတွက် သတ်မှတ်ပေးထားတဲ့ (ဥပမာ )၂၃၄၅ ဆိုတာကို

ဖွင့်ထားလိုက်ရင် လေကြောင်းထိန်းမျှော်စင်က ရေဒါမှာ အဲဒီလေယာဉ်ရဲ့

အကွာအဝေး၊အမြင့်ပေ၊ဘယ်ဒီဂရီ မှာရှိတယ် Call Sign ဘာဆိုတာတွေ

သိနေလို့ အဲဒီလေယာဉ်ကို ကောင်းကောင်း

ထိန်းသိမ်းလမ်းညွှန်မှုပေးနိုင်မှာဖြစ်ပါတယ် လေယာဉ်တစ်စီးချင်းရဲ့ သွားမဲ့

ခရီးစဉ်အလိုက် ကုဒ်ကို လေယာဉ်တက်ခါနီးမှ ပေးတတ်ပေမဲ့ တကမာ္ဘလုံး

ပုံမှန်သတ်မှတ်ထားတဲ့ ကုဒ်တွေလဲ ရှိပါတယ်..လေယာဉ်အရေးအပေါ်

အခြေအနေမှာ ၇၇၀ဝ ၊ ဆက်သွယ်ရေးစက်တွေချို့ယွင်းရင်

၇၆၀၀၊ လေယာဉ်အပိုင်စီးခံရရင် ၇၅၀ဝ ပါ ၊ Transponder မှာ ၇၅၀၀

ကုဒ်ထည့်လိုက်ရင် ဘာမှ မပြောလဲ အဲဒီ လေယာဉ် အပိုင်စီး ခံထားရတယ်

ဆိုတာ တာဝါက သိနိုင်အောင်ပါ ။

Black Box အကြောင်း ပြောကြည့်ရအောင် ၊ Black Box ကို သေတ္တာမဲ

ဆိုတာထက် မှတ်တမ်းတင်ကိရိယာ ဆိုရင် ပို ဆီလျှော်ပါ့မယ် ၊ Black Box မှာ

အဓိက အစိတ်အပိုင်းနှစ်ခုပဲ ပါတယ် FDR ( Flight Data Recorder) နဲ့ CVR (

Cockpit Voice Recorder ) ပါ ၊  Flight Data Recorder ဆိုတဲ့

အတိုင်း လေယာဉ်ပျံသန်းမှုနဲ့ ပတ်သတ်တဲ့ အချက်အလက် အားလုံးကို

မှတ်တမ်းတင်ထားပါတယ် ဥပမာ

အမြန်နှုန်း၊အမြင့်ပေ၊ပြင်ပအပူချိန်၊လေဖိအား၊ဘီတင်ချ ဆိုတာမျိုးတွေ

အချက်အလက် ၇၀ဝ လောက်အထိ မှတ်တမ်းတင်နိုင်ပါတယ်

အမျိုးအစားပေါ်မူတည်ပြီး ၂၅ နာရီစာထိ

အလိုအလျှောက်မှတ်ထားပေးနိုင်ပါတယ်၊ CVR ကတော့ လေယာဉ်မှူး

အချင်းချင်း ပြောတာ လေကြောင်းထိန်းမျှော်စင်နဲ့ပြောတာ စတဲ့

စကားပြောဆိုတာတွေကို မှတ်ပေးထားပါတယ် အမျိုးအစားပေါ် မူတည်ပြီး

အနဲဆုံး နာရီဝက်စာကနေ နှစ်နာရီစာလောက်ထိ မှတ်နိုင်ကြတယ် ၊

မတော်တဆမှု တစ်ခုဖြစ်ပြီဆို Black Box ကိုရှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေက

စစ်ကြည့်လိုက်တာနဲ့  မတော်တဆမှု ဖြစ်တဲ့ အချိန် လေယာဉ်မှာ ဖြစ်ပေါ်နေတဲ့

အခြေအနေနဲ့ သက်ဆိုင်တဲ့ သူတွေရဲ့ ပြောစကာတွေ ကြားရလို့ ဘာကြောင့်

မတော်တဆဖြစ်ပွားခဲ့ရတယ်ဆိုတာ ကို အဖြေထုတ်နိုင်မှာပါ ၊ အဲဒါကြောင့်လဲ

Black Box ကို မီးလောင်ဒဏ် ပေါက်ကွဲမှုဒဏ် ခံနိုင်အောင်

ပင်လယ်ရေအောက်အနက်မှာ မပျက်စီးအောင် တည်ဆောင်ထားတာပါ

မြင်လွယ်အောင် အရောင်ကိုလဲ လိမ္မော်ရောင်ခြယ်ထားပါတယ်

၊ လေယာဉ်ပျက်ကျမှုတွေမှာ ထိခိုက်မှုအနဲဆုံးက လေယာဉ်နောက်ပိုင်းမို့  Black

Box ကိုု လေယာဉ်နောက်ပိုင်းမှာ

(စက်ရုံက)တပ်ဆင်ထားတတ်ကြပါတယ် လေယာဉ်မှူးတွေ

အင်ဂျင်နီယာတွေက ဖွင့်တာ ပိတ်တာ စစ်တာ ဘာတစ်ခုမှ လုပ်စရာကို

မလိုပါဘူး ….

ပျက်ကျထားတဲ့ လေယာဉ်က ရတဲ့ Black Box
ပျက်ကျထားတဲ့ လေယာဉ်က ရတဲ့ Black Box

အများကို သတင်းအချက်အလက် တွေ ပေးတဲ့ သတင်းဌာနတွေ အနေနဲ့

ကဏ္ဍတိုင်းမှာ ခရေစေ့တွင်းကျ မသိနိုင်ပေမဲ့ သာမန်လူတစ်ယောက်ထက်တော့

ပိုသိသင့်ပါတယ် မသိရင်လဲ သိအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ

အလွယ်ရှိတာမို့  အချက်အလက် အမှန်ကိုသိအောင်

အရင်လုပ်ပြီးမှသာ ပေးသင့်ပါတယ် Black Box  ကိုပိတ်တယ်တို့ Signal Box

ကြီးက မပေါက်ကွဲနိုင်ဘူးတို့ဆိုတာ ဘယ်လိုမှ ယုတ္တိရှိတဲ့ ကိစ္စတွေ မဟုတ်လို့

သက်ဆိုင်သူတွေ လော်ဂရစ်သမ် ဆိုတာ မကွဲနိုင်တဲ့ သဘာဝကို မသိတာလား ၊

သိသိနဲ့ ရောချတာလား ဆိုတာတော့ ….

 

28 comments

  • ဘရန်းဒက် ကေဇီ

    March 20, 2014 at 12:17 pm

    သူရို့ဟာသူရို့ ပစ်ချပြီး လျှောက်ပြောနေတယ်လို့ ကြားတာပဲ။
    တစ်နေ့တစ်မျိုး ကြားနေရတာပဲ။

    တတ်သိနားလည်တဲ့သူက ရေးပေးသော်လည်း အဲလာမိုးတွေ နားမလည်လို့ မဆွေးနွေးနိုင်ဘူးးး

    မမြင်တာကြာလို့ လွမ်းလို့ လာကြည့်တာ။
    .
    .
    .
    .
    .
    .
    .
    .
    MH370 ကို ………. :mrgreenn:

    • nozomi

      March 20, 2014 at 12:21 pm

      ကေဇီရဲ့ ဘဲ ဆိုကတဲက ထိတ်ကနဲ ဖြစ်နေတာ

      မမြင်တာကြာလို့ လွမ်းလို့ လာကြည့်တာ ဆိုတော့ ပိုဆိုးသွားရဲ့

      အလန့်ထညက်တွေ သိပ်မလုပ်ပါနဲ့ကွယ်
      (ဘာမှလဲ မဆိုင်ဘူး)

      • Wow

        March 20, 2014 at 2:18 pm

        အဟမ်း… အဟမ်း… အဟွတ်…. မမြင်တာကြာလို့ လာနှုတ်ဆက်တာ… အညာဆေးရိုး :mrgreen:

        • nozomi

          March 20, 2014 at 2:46 pm

          အညာဆေးရိုး မရောင်းပါဘူး ခင်ဗျ
          ရှမ်းဆေးရိုးပဲ ရှိပါတယ်

        • Wow

          March 20, 2014 at 2:48 pm

          အို.. ဘာဖစ်ဖစ်…
          အကြွေးရရင်ယူမယ်… :mrgreen:

  • nozomi

    March 20, 2014 at 12:25 pm

    Malaysia Airlines Flight 370: Australia says possible objects in Indian Ocean

    Kuala Lumpur, Malaysia (CNN) — Australian authorities have spotted two objects in the southern Indian Ocean that are possibly related to the search for missing Malaysia Airlines Flight 370.

    The objects are indistinct but of “reasonable size” — the largest about 24 meters long (79 feet), said John Young, general manager of emergency response for the Australian Maritime Safety Authority. They were “probably awash with water and bobbing up and down,” he said.

    “If that piece of the plane is that big maybe it’s the tail section” David Gallo, who co-led the search for Air France Flight 447 which crashed in 2009.
    ……………..

    အခုပဲ ဒီ သတင်းတက်လာနေပြီ

  • Myo Thant

    March 20, 2014 at 12:40 pm

    တွေ့ရင်လည်း တွေ့မှပါဗျာ ၊
    ဒီလောက်တိုးတက်ပါတယ်ဆိုတဲ့ခေတ်မှာ
    ဒါကြီးကို ရှာမရတာ နည်းနည်းတော့ ထူးဆန်းတယ် ၊
    ၁၂ ရက်ရှိသွားပြီ ၊

  • weiwei

    March 20, 2014 at 1:02 pm

    နားလည်ချင်ယောင်ဆောင်ပြီး ဖတ်သွားပါတယ် … 🙂

  • ဦးကျောက်ခဲ

    March 20, 2014 at 1:32 pm

    မြေအောက်က ကျောက်စ် ဘွနဲ့ ဝေဟင်ယံက ကိုရင်နိုရဲ့ဘွ အလှမ်းဝေးမှန်း သိပါဘီ…
    ကျောက်စ်ကတော့ အဲသည့် လိန်ပျံသတင်းကို တနေ့လုံးကြည့်နေမိတာပဲ…
    နားမလည်နိုင်လို့ လော်ဂရစ်သမ်ကြီး ကျကွဲတယ်ဆိုလည်း ယုံရမှာပဲဗျို့…
    😀

  • nozomi

    March 20, 2014 at 2:50 pm

    ိကိုမျိုးသန့် ၊ကိုအလင်းဆက်
    သူတို့ နဲနဲ လိုသွားတယ် မြန်မာပြည်လာမေးပြီး ရှာဖွေရေးကော်မရှင် ဖွဲ့လိုက်ရင် အခုလောက်ဆို တွေ့လောက်ပြီ

    မဝေကြီး အားပေးတာ ကျေးဇူးပါ အလုပ်တွေ များနေမယ်ထင်တယ်

    အဖိုးတန် မျိုးမှန် ကျောက်စ် ကိုတော့ ကျနော်က မယှဉ်ရဲပါဘူးဗျာ
    ိကိုကျောက်စ်ကို မေးလ် ပို့ချင်တယ်
    ကျနော့မှာ ရှိလား ပြန်ကြည့်လိုက်ဦးမယ်

  • Ma Ma

    March 20, 2014 at 3:21 pm

    ကျောင်းတက်တုန်းကတော့ လော်ဂရစ်သမ်ကြီး ကျကွဲတယ်ဆိုတဲ့ ကာတွန်းကိုဖတ်ပြီး ရီလိုက်ရတာ။
    ကိုရင်နိုပြောမှ ကိုယ်လည်း လော်ဂရစ်သမ်ကြီး ကျကွဲတယ်လို့ အပြောခံရမှန်း သိလိုက်ရတယ်။ 🙁

    • kai

      March 20, 2014 at 4:24 pm

      အမှတ်မမှားရင်.. အဲဒီလော့ဂရစ်သမ်ကျကွဲတယ်ဆိုတာ.. အာအိုင်တီရဲ့ကာတွန်းဘောက်စ်မှာပါဘူးတယ်..
      အမှတ်မမှားရင်..တကယ်ကိုအိမ်က.. အဲလိုရေးပြီးပိုက်ဆံမှာသူတွေရှိသဗျ..။

      ဆိုတော့..
      ဒီလေယဉ်ကိစ္စ.. တခုခုတော့.. ဝှက်ဖဲရှိတယ်ထင်တာပဲ..။
      ဝှက်ဖဲ.. :mrgreen:

  • padonmar

    March 21, 2014 at 1:14 am

    နားမလည်ပေမယ့် တခုခုတော့ လွဲနေသလိုပဲ။
    အရှေ့နဲ့ အနောက် လူတွေရဲ့ အရည်အချင်းကွာတာလား။
    သိပ်လည်လွန်းနေတာလား မသိတော့ပါဘူး။
    ကိုယ့်လူမျိုးတွေ မပါဘူးဆိုတော့ သိပ်လည်း မပူမိသလိုပဲ။
    (လေထဲက နိုနို ကို မတွေ့တာကြာလို့ ကေဇီတို့ ဝိုးတို့လိုပဲ ဝင်အလေးပြုတာ….ဟိုင်း ဟစ်တလာ)

  • ဗုံဗုံ

    March 21, 2014 at 11:26 am

    အဲ့ လေယာဉ်ထွက်ခါနီး ကန်တော့ပွဲ
    ပေးမသွားဘူးနဲ့ တူတယ်….
    သေချာတယ် နတ်ဖွက်ထားတာ….. :mrgreen:

  • kyeemite

    March 21, 2014 at 11:27 am

    ကိုနိုကြီး ပြန်ပေါ်လာသလို Malaysia Airlines Flight 370 လည်းပြန်ပေါ်လာရင်တော့…အင်း..
    ကိုနို ပြောပြမှ လေယာဉ်အကြောင်း သိရတော့တယ်…ကောင်းပါလေ့ဗျာ..

  • ခင် ခ

    March 21, 2014 at 12:57 pm

    တွေ့ရင်ပြောကြပါဗျ ကျေးဇူးဆပ်ပါမည်
    လက်ခံထားတဲ့သူတွေ တရားစွဲဆိုမည်………. လို့ ကြေငြာရအောင်ကလည်း လူပျောက်တာမဟုတ်တော့ အခက်သားလားဗျာ။

  • nature

    March 21, 2014 at 6:53 pm

    ပျောက်ပုံကတော့ထူးဆန်းတယ်။ ဒီသတင်းဖတ်တဲ့သူတွေအားလုံး တခုခုတော့ထူးခြားနေတယ်လို့ယူဆသူများတယ်။ လေယာဉ်ပေါ်ပါသွားသူတွေ တကယ်သေပြီလားဆိုတာတော့ လေချွန်နတ်သွားမေးရမယ်ထင်တယ်။ 😛
    မြန်မာ့လေချွန်နတ်အစွမ်းကမာ္ဘကိုလွှမ်းစေရမည်။ 😛
    ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် လေယာဉ်မှုး ဒါမှမဟုတ် Black Box ကိုတွေ့မှပဲ အကြောင်းစုံသိနိုင်မယ်။

  • TNA

    March 21, 2014 at 8:50 pm

    မသိနားမလည်တဲ့ တောသူတောင်သား မိဘများနေရာကရောက်နေတဲ့ ကျွန်မတို့ကတော့ လော့ကရစ် သန်ကျကွဲတယ်ဆိုတော့လဲ ယုံရတော့မှာပဲ။ ဘာဆိုဘာမှမသိတာကိုး။ လေယာဉ်ကြီးပျောက်သွားတယ်က လွဲလို့ဘာမှကိုမသိတာ။ ခုတော့လဲ ရေးတေးတေးသိသွားသမို့ နွားရောင်းပြီးမပေးတော့ဘူးနော့ :mrgreen:

  • Winds

    March 21, 2014 at 9:16 pm

    ကျတော်ကတော့ ဒီ့နောက်ပိုင်းမှာ Captain ကို မယုံဆုံးပဲ။
    ဘာလို့လည်းဆိုတော့ သူ့အိမ်မှာတွေ့တဲ့ Flight Simulator က Data Log တွေကို ဖျက်သွားလို့ပါ။
    ပုံမှန်အားဖြင့် FS ကိုသုံးတဲ့ လူတွေ တော်တော်များများက Data Log ကို ဖျက်လေ့ဖျက်ထမရှိကြပါဘူး။
    လေယာဉ်ပျံသန်းတဲ့ ခရီးစဉ်ကို Black Box လိုပဲ မှတ်တမ်းတင်ပေးထားတာပါ။ Captain က ဖျက်သွားပုံထောက်တော့ သူ အသုံးပြုနေကြ လမ်းကြောင်းတွေကို မသိစေချင်လို့ ဖျက်သွားပုံပါပဲ။
    Data Log ကို ပြန်ယူဖို့ ကြိုးစားပြီးယင်တော့ လိုက်ရှာစရာ လမ်းကြောင်းက ပိုလွယ်မယ်ထင်တာပဲ။
    ကျတော့် အထင်ပြောတာပါလေ … အာ ဟိ 😛

    • kai

      March 22, 2014 at 12:13 pm

      Malaysia Airlines Flight 370: FBI now probing pilot’s flight simulator hard drive
      CBS News ‎- 6 hours ago
      The hard drive from the flight simulator found in Capt. Zaharie Ahmad Shah’s home in Malaysia is now at the FBI lab in Virginia. FBI computer ..

      ပြန်ဖော်နေပါပြီ..။ ဒေတာတွေပြန်ရမယ်လို့.. ၇၅အထက်သေချာပါတယ်..။ :mrgreen:

  • ဘရန်းဒက် ကေဇီ

    March 22, 2014 at 12:40 pm

    မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ
    ( A sad ending )

    လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် –
    မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေးရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ်ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသော မီးခိုးများသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။

    ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။

    အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀ဝ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
    ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။

    မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ)

    လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ရ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

    ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ရ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။

    ကိုးကား – Business Insider၊ Time

    Credit to Aung Khaing

    • ကထူးဆန်း

      March 22, 2014 at 2:14 pm

      ဆုံထောင့်ကြော်ချာထူး က တော့ ယုံဘူး ..
      (၁) အမြင့်ပေ ၄၅၀၀ဝ ကို ဘာလို့ တက်သွားတာလဲ ၊၊၊
      (၂) လေယာဉ်ကတက်တက်ချင်း ပျောက်တာ မဟုတ်ဘဲ နှစ်နာရီလောက်အကြာ ဘီဂျင်းကို ရောက်ဖို့ လေးနာရီ အလိုမှာမှ စပျောက်တာ ဆိုတော့ တာယာမီးလောင်လို့ မီးခိုးဝင်ရင် တက်တက်ချင်း မှာ ကထဲ က ဝင်ရမှာပေါ့ .. နောက် ည အမှောင်ဖြစ်တော့ တာယာ မီးလောင်ရင် အောက်က မြင်ရမယ်လေ .. အခြား လေယာဉ်တွေကလည်း မြင်ရမယ် ထင်ပါတယ် ။ ကျွန်တော်တို့ လေယာဉ်ကွင်းလို လေယာဉ်နဲနဲဘဲ ဆင်းတက်တာ မဟုတ်လောက်လို့ အခြားလေယာဉ်က မီးတောက် ကို မြင်ရမှာ ပါ ။
      ဟုတ်ဘူး .. မီးလောင်တဲ့ အထိဖြစ်တာ မဟုတ်ဘူးဆိုရင်လည်း လေယာဉ်ပျံသန်းချိန် နှစ်နာရီ အတွင်း အမြင့်ပေ မှာ ရှိတဲ့ အအေးချိန်နဲ့ အေးသွားခဲသွားလောက်ပြီလို့
      / ဆက်ဖြီးရရင် လေယာဉ်ထဲ မှာက ပြင်ပထက် လေဖိအား ပိုများမယ် ထင်ပါကြောင်းး ၊ လေယာဉ်ထဲ မီးခို်း မဝင်နိုင်လောက်ဘူးထင်ပါကြောင်း ဘာမသိညာမသိလျှောက်တွေးပါကြောင်း … :mrgreen:

      • ဘရန်းဒက် ကေဇီ

        March 22, 2014 at 2:43 pm

        သများလည်းမသိဘူးလေ။
        မြင်လိုက်တာ လာပြောတာ။
        ကျန်တဲ့ ကိစ္စနတွေတော့ မပြောရဲဘူးးး
        ဟေးဟေးဟေးးး
        တံဆိပ်တတ်ခံရမစိုးလို့။

        :mrgreen:

        • ကထူးဆန်း

          March 23, 2014 at 9:04 am

          ဟုတ်မဟုတ်တော့သိဝူး

          လေယာဉ်ပေါ်မှာ အန္တရာယ်ရှိပစ္စည်း သယ်သွားကြောင်း မလေးရှားလေကြောင်းလိုင်း CEO ဝန်ခံခဲ့ပြီ..
          Saturday, March 22, 2014

          လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ Lithium ဘက်ထရီတွေ သယ်သွားခဲ့တယ်ဆိုတာ မနေ့က မလေးရှားလေကြောင်းလိုင်း CEO က သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံခဲ့ပါပြီ။

          လွန်ခဲ့တဲ့ ရက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်လျှောက်လုံး လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ အန္တရာယ်ရှိ ပစ္စည်းတွေ ပစ္စည်းသိုလှောင်ခန်းကနေ သယ်သွားခဲ့သလား ဆိုတဲ့ သတင်းစာဆရာတွေရဲ့ အမေးကို ရယ်စရာ ဖြစ်အောင် (‘tonnes of mangosteens’) မင်းကွတ်သီး တန်နဲ့ချီ သယ်သွားခဲ့တယ် ဆိုပြီး လိမ် ပြောခဲ့ပါတယ်။ အခု သယ်ဆောင်သွားကြောင်း ဝန်ခံခဲ့တဲ့ ဘက်ထရီအသေး Lithium ဘက်ထရီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ အတွင်း လေယာဉ်ပျက်ကျမှုပေါင်း ၁၄ဝ ကျော် ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ လက်ပ်တော့မှာ သုံးတဲ့ ဘက်ထရီနဲ့ အမျိုးအစားဖြစ်ကြောင်းလည်း သိရပါတယ်။

          အခု MH370 လေယာဉ်ဟာ cargo ခန်းထဲက ဘက်ထရီပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာက ဆက်သွယ်ရေး ကိရိယာတွေ ပျက်သွား ပိတ်သွားခဲ့တာလား ဆိုတာ စဉ်းစားနေကြပြီ ဖြစ်ပါတယ်။
          http://www.myanmarcnn.com/2014/03/ceo.html

          ဒါဆိုရင်တော့ မီးခိုး သီအိုရီ မှန်နိုင်သည်ထင်ပါကြောင်း .. ခိခီ .. ခပ်တည်တည် နဲ့ ဖြီးရတာ အရသာ ရှိလိုက်တာ … :mrgreen:

  • nozomi

    March 23, 2014 at 5:14 pm

    ဝင်ဆွေးနွေးသူအားလုံးကျေးဇူးပါ
    လောလောဆယ် အမေ အိုင်စီယူ ရောက်နေတာမို့
    ရွာထဲမရောက်နိုင်သေးပါခင်ဗျာ

  • padonmar

    March 23, 2014 at 9:13 pm

    ကိုနိုရေ
    အမေ အမြန်ဆုံးကျန်းမာလာပါစေ။
    ကျမအကူအညီလိုရင်ပြောပါနော်။

  • ကို နို ရေ အာ…………………..ဘွား
    လေ ယာဉ် ကေ တာ့ မြန ်မာ ပြည် မှ ပ ထ မ တွေ များ တယ် နော်
    လေ ယာဉ် အနု ကြမ်း စီး တာ မြန် မာ ပြည် က ပ ထမ
    လမ်း ပေါ် မှာ ဆိုင် ကယ် စီး သူ လေ ယာဉ် ပျံ တိုက် လို့ သေ တာ ပ ထ မ

Leave a Reply