ကိုယ်​့ဂိုးကိုပြန်​သွင်​းသူနဲ့တစ်​ရွာတည်​း

ko sixMarch 20, 20141min17510

ကြက်မတိုက်ဖူးဘဲနဲ့
​​ကြွေတစ်​လှည့်အ​ကြောင်း ​ကောင်း​ကောင်းမသိပါဘူး
လူတိုင်း
ကိုယ်​့အပူနဲ့ကိုယ်​​ချွေးဒီးဒီးကျ​နေကြချိန်​မှာ
သူက
တစ်​ပါးသူအပူကို
ရယ်​ရယ်​​မော​မော နဲ့
​ဆေး​ပေါ့လိပ်​မှာ တို့ဖွာနိုင်​ပြီး
ကိုယ်​့အပူကျ
အရစ်​လိုက်ပြာကျပစ် ရဲတဲ့ ခြင်​ဆေး​ခွေလိုမျိုး
သတ္တိမရှိဘူး။
တစ်​ရွာလုံး
မဲမဲမြင် ရာလိုက်​ခတ်​ချင်​တဲ့ ချိုလိမ်​နဲ့
အိုမာခရမ်​၊ ယက်​တူရှင်​ကို
သူမသိတာ တစ်​ခုမှ မရှိဘူး။
သူက
အချစ်​နဲ့ပတ်​သက်​လာရင်​
စပျစ်​သီးမြင့်လို့ ချဉ်​ပစ်​တဲ့
ပုံပြင် ထဲက ​မြေ​ခွေးရဲ့လျှာလို
သူနဲ့အတူ ပွင်​့ကြည့်သူတိုင်းက​တော့
လစ်​တမစ်​စက္ကူ​တွေလို
စိတ်​ဓာတ်​​တွေ ပြာနှမ်​းကုန်​ရတာချည်​းပဲ
သူကို ​ပေါင်းသင်း​နေလည်​း
ကိုယ်​အမည်ကိုယ်​
အဆင်းဘီးတပ်​​ပေးသလိုပဲ​နေမှာ​ပေါ့
သူက
တကယ်​့ကိုမှ ဖွတ်​​တောင်​မှ
မထွက်​နိုင်​တဲ့​တောင် ပို့
ဒါကိုမှ
မှားယွင်းစွာ ဆက်ကိုးကွယ်​နေဦးဆိုရင်​တော့
မင်​းနဲ့
ငါ လမ်​း​ပြောင်းပြန်​​မောင်​းနှင်​ပြီး
အန္တရာယ်​ကင်းဂါထာရွတ်​ဖတ်​​ပေးရုံမှတစ်​ပါး

10 comments

  • alinsett (gazette)

    March 21, 2014 at 6:55 am

    ” ဖွတ်တောင်မှ မထွက်နိုင်တဲ့တောင်ပို့. . .”

    တင်စားချက်လေး လှတယ်

    🙂

  • kyeemite

    March 21, 2014 at 11:01 am

    နားမလည်ပါးမလည်ပဲ
    ကဗျာကိုဟုတ်သလိုလိုခံစားပီး…ဖတ်ရှုသွားပါဂျောင်းးး 🙁

  • ko six

    March 21, 2014 at 11:20 am

    ကိုမိုက်​လဲဗျာ

  • ခင် ခ

    March 21, 2014 at 1:03 pm

    ၅ ခါလောက် အထပ်ထပ်ဖတ်ပေမယ့်လည်း ဆက်စပ်ကာမတွေးတတ်လို့ ဆက်မဖတ်ဖြစ်တော့ပေမယ် အားပေးခဲ့ပါတယ်လို့။

  • TNA

    March 21, 2014 at 9:33 pm

    နဲနဲမြင့်လို့ များများမြှင့်ပြီးဖတ်သွားပါတယ်။ နားတော့ သိပ်မလည်ဘူးရှင့်။

  • Winds

    March 22, 2014 at 11:14 am

    အတူတည်ဆောက်ခဲ့တဲ့ ကမ္ဘာတစ်ခု
    အခုတော့လည်း တအိအိနဲ့ ပဲ့ကြွေကျ

    အချစ်ရဲ့ အနှစ်
    ယုံကြည်မှုတွေ ပျောက်
    မြေသားတွေလည်း လွှာတွန့်တွေတက်

    ဒီအချိန်ရောက်လာမှတော့ မထူးပါဘူး
    နင်နဲ့ငါ တစ်ယောက်အခြမ်းစီခွဲလို့
    ကိုယ့်ကမ္ဘာကိုယ်နေကြတာပေါ့

    အာ ဟိ … ကျလိ ကျလိ ခိ ခိ

  • ဦးကြောင်ကြီး

    March 24, 2014 at 11:39 am

    ကိုစစ်
    မှိုထစ်
    ပျိုညှစ်
    ယိုပျစ်..

  • myat pearl phyu

    March 25, 2014 at 3:29 pm

    စကားအတင်းစပ် .. အဲ့ဒါ ဘူ့ ကြော တာ ရဲ 😛

  • kai

    March 25, 2014 at 3:55 pm

    “ကြွေတလှည့် ကြက်တခုန်”
    “မြေခွေး ရဲ့ စပျစ်သီးချဉ် ”
    ဒါတွေသိမှဖြစ်မယ့်ဇတ်လမ်းမို့
    လစ်တမတ်စက္ကုက “ထ”စကားပြော
    ချဉ်ရင်အက်ဆစ် အနီဖြစ်သတဲ့လေ..။ :mrgreen:

Leave a Reply