“မ နေ စ ကောင်း နေ စ ကောင်း “ (ခေတ် စား နေ တဲ့ LT အကြောင်း)

“မ နေ စ  ကောင်း နေ စ ကောင်း “

 

အ တူနေ ချစ် သူ ဘဲ ခေါ် ခေါ်

လက် မ ထပ် ဘဲ အ တူ နေတ ယ် ပြော ပြော

အ ခု တစ ်လော ပြော ရ တာ တယ ်အာ တွေ့ တယ် လို့ ဆို နိုင် ပါတယ်.။

living together  ဆို တဲ့ ဘို လို ရေး ထား တာ လေး ကို

မြန် မာ လို  စ ကား လုံး လှ လှ လေး သုံး ပြီး ဘာ သာ ပြန ်ကြ
အဓိပ္ပါယ် ဖွင် ့ ဆို ချက် တွေ ဖွင့် ကြ နဲ့  အတော် လေး ကို မြို င် နေ တာ ပ ါဘဲ။

ဒါ ပေ မယ် ့ နောက် ဆုံး  တကယ် အ ပီ အပြင် ငြင်း ကြ ရ တာ က တော့

မြန် မာ နိုင် ငံ မှာ နေ တဲ့ မိန်း မေ တွ  ( အ  ထူး သ ဖြင့် လက် မ ထပ် သေး တဲ့ အပျို တွေ) က

ဒီ အစမ်း လင် ယူ  တာ ကို လက် ခံ သင့် လား မသင့် လား ဆို တာ ပါ ဘဲ။

အဲ တော့ သူ့ အ တွေ့ အကြုံ  နဲ့ သူ ပြော ကိုယ့် အ တွေ့ အကြုံ နဲ့ ကိုယ် ပြော

သူ့ အ ယူ အ ဆ နဲ့  သူ ပြော ကိုယ့် အ မြင် နဲ့ ကိုယ် ပြော  ဆို တော့

ပြော တဲ့ သူ ရော နား ထောင် ရ တဲ့ သူပါ  မြိုင်လို ့ စ ည် လို့ ပါ ဘဲ။

 

တ ကယ် တွေး ကြည့် ရင် တော့ အ တည် တ ကျ လက် ထပ် ပြီ း ခါ မှ အဆင် မပြေဘူးဆို ရင်

မိန်း ခ လေး များ အတွက် အ တော် ခက် ပါ တယ်။

ဒီ ပြင် နိုင် ငံ မှာ တော့ မ သိ ပါ ဘူး။

မြန် မာ ပြည် မှာ က တော့ လင် မ ယား ကွာ ကြ ပြု ကြ မယ် ဆိုရင် မိန်း ကလေးများ က တပန်းရှုံး ပါတယ်။

ယောကျာ်းလေး  က သာ ဒီ မိန်း မ ကို မ ေ ပါင်း ချင် တော့ ဘူး ဆို ပြီး

နောက် မိန်း မ ဘဲ ယူ ယူ

အိမ် ပြန် မ လာ ဘဲ နေ နေ

ကွာ မယ် ဘဲ လုပ် လုပ်    လုပ် ပိုင် ခွင့် ရှိ ပါ တယ်။

မိန်း  က လေး များ က တော့ အိမ် ထောင် ကျ ပြီး တာ နဲ့

“ကာ မ ပိုင် “ ဆို တဲ့ စ ကာ း လုံး နဲ့ ချုပ် နှောင် ပြီး သား ဖြစ ် သွား ပါ တယ်။

မိန်း မ  တစ် ယောက် က အိမ် ထောင် ကျ ပြီး တာ  နဲ့ ဒီ ယောက်ျား နဲ့  တ ရာ း ဝင်

မ ပြတ် စဲ မ ချင်း  နောက် တစ်  ယောက် ယူ လို့ မ ရ။

ဒါ အ ပြင် ယောကျာ်း ကို ကွာ ချင် ပါ တယ် ဆို ရင် တောင် မှ လွယ် လွယ် ကူ ကူ နဲ့ ကွာ မရ။

အိမ် ကဆင်း သွား ရင် လဲ ယောကျာ် း က တ ရား ဥ ပ ဒေ ကို ပြ ပြီး ခေါ် လို ့ ရ ပါ တယ်။

ဒါ ကြောင် ့လ ဲ “ အိမ် ထောင် ပြု ဘုရား တည်…………….” ဆို တဲ့ ဆို ရိုလေး ပေါ် လာ ခဲ့ တာ ပါဘဲ။

ဒီ တော့ လဲ  မိန်း က လေး တစ် ယောက် အဘို့ မ  သေ ချာ ဘဲ အိမ် ထောင် မ ပြု သင့် ဘူး ဆို တာက တော့ အ မှန် ပါ ဘဲ။

ရှေး ရှေး က လူ  များ ကေ တာ့ တစ် ယောက် နဲ့ တစ် ယောက် မ ယူ ခင် အ ကဲ ခပ် ကြ လေ့ လာ ကြ  တာ ပါဘဲ။

“သုံး နှစ် သုံး မိုး ချစ် ကြိုး သွယ် သ ရှင် စောင့် နိုင် လေ လေ အကျိုး ရှိ တာ  မို့ “

ဆို တဲ့ သီချင်း လေး ထဲ က လို ပေါ့။

သ မီး ရီး စား ဘဝ  နဲ့ အကြာကြီး လေ့ လာကြ တာပါ။

ဒါ ပေ မယ့် အခု ခေတ ် က တော့ အချိန် နဲ့ တပြေး ညီ ပြေး လွှား လုပ် ကိုင် နေ ကြ ရ တာ မို့

အိမ် ထောင် ပြု မယ့် အ ရေး ကို  ပု ဝါ တ ကမ်း လက် တလှမ်း နဲ့

သုံး နှစ် ကြီး မစောင် ့ ချင် ကြ တာ အမှန် ပါဘဲ။

အဲ တော့ လဲ  တကယ် လဲ လက် မ ထပ် ရ စောင့် စ ရာ လဲ  မ လို

အ ဝေး က နေ အ ကဲ ခပ် စရာ  မ လို ဘဲ  အ တူ နေ  အ စမ်း ပေါင်း ကြည့် တဲ့ စံ နစ် ကို

လက် ခံ မယ် ဆို တဲ့သူ တွေ ပေါ် လာတ ယ် လက် ခံ ဘို ့ စဉ်း စား လာ ကြ တယ် လို ့ ထင် ပါ တယ်။

 

အ သစ် အဆန်း မှန် သ မျှ အ နောက် ကလာ တယ် ဆို တဲ့ အ တိုင်း ပါ ဘဲ။

ဒီ  အ စမ်း ပေ ါင်း ကြည့် တာ က လဲ အနောက် ကနေ လာ  ခဲ့ တာ ပါ ဘဲ။

ကျုပ် တို့  သိ သ လော က် တော့ သူ တို ့ ဆီ က ဥ ပ ဒေ က ခို်င် မာ တယ်။

အ တိ အ ကျ ကျင့် သုံး တယ်။

လင် မယ ား ပြ တ်စဲ မယ် ဆို ရင် ရှေ့ ေ န တွေ ဘာ တွေ နဲ့   တရား ရုံးမှာ ရင် ဆိုင် ကြ ရ တာ ကိုး ။

အဲ တော့ အ လုပ် ရှုပ် မယ် ငွေ ကုန် မယ်။

နောက် နာ မယ် ကြီး တဲ့ သူ တွေ  ထင် ရှား ကျော် ကြား တဲ့ သူ တွေ ချမ်း သာ တဲ့ သူ တွေ

အ ဆင် မ ပြေ လို့ ကွဲ ကြ ပြု ကြ တယ် ဆို ရင် လျော် ကြေး ပြော ပြော ဘာ ပြော ပြော

ငွေ လုံး ကြေး လုံး နဲ့  အများ ကြီး ေပေး လိုက် ကြ ရ တာ ကိုး။

အဲ တော့ မ သေ ချာ ဘဲ  နဲ့ တော့  လက် မ ထပ် တော့ ဘူး။

အ တူ တူ  နေ  အ တူ  စား  အတူ အိပ် ရင်း လေ ့ လာ ကြ မယ်။

က လေး လဲ  ရ ချင် ရ မ ရ ချင် နေ။

ကလေး ရ  ပြီး မှ လက် ထပ် ချင် လဲ လက် ထပ် မယ်။

လက် မ ထပ် ဘဲ နေ ချင်လဲ နေ မယ်။

လမ်း ခွဲ ချင် လဲ လမ်း ခွဲ ကြ  မယ်။

လွတ် လွတ် လပ် လပ် ပါ ဘဲ။

အ ဆင်  မ ေ ပြ  လို့ လမ်း ခွဲ သွား  ကြ သူ ချင်း က လဲ

ကိုယ့် လမ်း ကိုယ်သွား အေး အေး ဆေး ဆေး ပါ ဘဲ.။

သူ လဲ နောက် လူ နဲ့ တွဲ ကိုယ် လဲ နောက် လူ နဲ့ တွဲ ငြိမ်း ငြိမ်း ချမ်း ချမ်း ပါဘဲ။

နောက် တွဲ တဲ့ သူ က လဲ  အ ရင် လူ နဲ့ ဘာ ဖြစ် ခဲ့ တယ် ညာ ဖြစ် ခဲ့ တယ်

ဆို တာ ကို ချေး  ခြောက် ရေ နှူး ပြီး ဘာ  မှ မ ပြော။

ကိုယ်  နဲ့  မ ဆိုင် ခင် ခေတ် ကဖြစ် ခဲ့ ပျက် ခဲ့ တာ ကို ထည့် မ တွက်။

အ ရင်  အတူ နေ ခဲ့ တဲ့ သူ က လဲ  သူ နဲ့ ဘယ် လို နေ ခဲ့ နေ ခဲ့

သူ များ တွေ ကို လျောက် မ ဖွ ။

ပြီး သွား တဲ့ ကိ စ္စ ကို  လိုက် မ ဖော် ။

အဲ တော့ လမ်း ခွဲ သွား ပြီး လဲ မိတ် ဆွေ လို ဆက် ဆံ နို်င် ပါ တယ်။

 

 

တ  ကယ် ပြန် စဉ်း စား ရ မှာ  က  သူ တို့ လို အ စမ်း ပေါင်း ကြည့် ကြ မယ်

ဆိုရင် ကိုယ် ့ ဆီ  က လူ တွေ ရဲ့ အ တွေး အ ခေါ်တွေ နဲ့  အဆင် ပြေ ပါ ့  မ လား ဆိုတာကိုပါ။

ကျုပ် တို့ ဆီ က ယောကျာ်း  အ များ စု က ကိုယ် လက် ထပ် မယ့် မိန်းမ  ကို အပျို မှ လိုချင် ကြ

တာ တော့ အမှန် ပါဘဲ။

သူ များ  နဲ့ အိပ ်ပြီးသားကြီး ကို  အပျို ထင် လို့ ယူ မိ ရင် ဘာ ညာ  ကွိ  ကွ ေ တွ

တော့ လာ မ ပြော ပါ နဲ့ ။

မ သိ လို ့ သာ လက် ခံ ချင် လက် ခံ မယ် သိ သိ ကြီး နဲ့ တော့ လက် ခံ မယ့် သူ

မ ရှိ သေ လာက် ဆို တာ က တော့ မြေ ကြီး လက် ခပ် မ လွဲ ။

ရှေး တုန်းက စာ ရေး ဆရာ မကြီး တစ် ယောက် ရေး တာကို တော့ ခပ် ရေး ရေး လေး မှတ် မိ ပါ သေးတယ်

“   ယောကျာ်း ဆို တာ တဲ့ ကိုယ် က  သာ လက် နှီး စုတ် ထက် ညစ် ပေ နေ ရင် နေ မယ်

ကိုယ် ယူ မယ့် မိန်း မ ကေ တာ့ ဝါဂွမ်း ထက်တောင် ဖြူ စင် စေ ချင် သေး တာ “လို့

ရေး ထား တာ လေး ကို ပါ။

တ ကယ် လက် တွေ့ မှာ လဲ ဒီ အတိုင်း ပါ ဘဲ ကိုယ် လက် ထပ် ယူ ချင် တဲ့ သူက

အ များ အမြင် မှာ အ ပျို  ဆို မှ ဘဲ လို ချင် ပါတယ်။

အိမ် ထောင် ကွဲ ထား တဲ့ မိန်း မ ဘဲ ဖြစ် ဖြစ်

လင် ယောကျာ် း ကွယ် လွန် သွားတာကို ဘဲဖြစ်ဖြစ်

သူ များ နဲ့ လိုက် ပြေး ပြီး ပြန် သိမ်း ထား တဲ့ သူ ကို ဘဲ ဖြစ်ဖြစ်

မ ကောင်း တာ လုပ် စား ရာ က နေ ဘ ဝ ပြောင်း လာ သူ ကို ဘဲ ဖြစ် ဖြစ်

လက် ထပ် လိုက် တယ် ဆို ရင် လှည်း ကျိုး ထမ်း တဲ့ နွား လို့ မြင်တတ် ကြ တော့

တော် ယုံ  တန် ယုံ သတိ္တ နဲ့ အဲ လို မိန်း ကလေး ကို လက် မ ထပ် ရဲ တာ အမှန် ပါဘဲ။

အဲ တော့ သူ များ နဲ့ ပေါင်း ထား ပြီး သား  အ တူ နေ  ပြီး သား မိန်း မ တစ် ယောက်ကို

စိတ် သန့် သန့် နဲ့ ပေါင်း နိုင် တဲ့ သူ အ ရေ အတွက် ဘယ် လောက် များ များ ရှိ နိုင် မ လဲ

ဆို တာ ကို လဲ ကျုပ် တို့ ထည့် မ တွက် လို့ မရ။

 

 

နောက် တစ် ချက် ကျုပ် တို့ ဆီ က လူ များ က အကြွား သန် ပါ တယ်။

နောက် မ ဏ္ဍပ် တို်င် တက် ပြ ချင် ကြ  ပါ တယ်။

အ ချို့ သော  ကို ကို များ က ကောင် မ လေး ကို လက် ကေ လး လူ လစ် တုံး

ကိုင်ရ တာလေး ကို  သူ နဲ့ ဘာ လို လို ညာ လို လို ထင် အောင် ပြော တတ် ပါ တယ်။

တစ် ခါ လော က် လိုက် လျော တာ ခံ ရ တာ လေး ကို လဲ သူ ငယ် ချင်း တွေ နဲ့

တွေ့ ရင်  အသေးစိတ်  ကို စား မြုံ့ ပြန် တတ် တဲ့ သူ များ လဲ ရှိ ပါတယ်။

အ တူ နေ တုံး တည့် နေ ကြ  တုံး က နေ ချင် သ လို နေ ခဲ့ ကြ တာ တွေကို

လမ်း ခွဲ ပြီ ဆို မှ တစ် တစ် ခွ ခွ  အကြေး လှန် ပြီး  အရှက်ကွဲ

အောင် မောင်း ထု တတ် သူ များ လဲ ရှိ ပြန ်ပါ တယ်။

 

ကျုပ် တို ့ ဆီ မှာ က ဥ မ ကွဲ သိုက် မ ပျက်  ဆို တဲ့ စ ကား ကို ရော

အဲ ဒီ စ ကား ရဲ့ အနှစ် သာရ ကို ရော လက် ခံ ကျင့် သုံး ကြ ပါတယ်။

နောက် မိ ဘ  နဲ့ သား သမီး များ ထား ကြ တဲ့ နှောင် ဖွဲ ့ မူ့ ကလဲ ကြီး မာ း ပါတယ်။

အ သက် အ ရွယ် တွေ ရ အိမ် ထောင် တွေ ကြ တာ တောင် မှ

မိ ဘ နဲ့ မ ခွဲ ဘဲ နေ ကြ တာ တွေ ရှိ ပါ တယ်။

အဲ တော့ အပျို လူ ပျို ဆို မိ ဘ အိမ် မှာ ဘဲ နေ ကြ တာ များ ပါ တယ်.။

ဘ ဝ ဝမ်း ရေး အတွက် သာ အ ဝေး သွား အ  လုပ် လုပ်တာ မျုးိ ရှိ ရင် သာ

အ ဆောင် မှာ နေ ချင် နေ မယ်။

တစ် မြို ထဲ နေ လို ့ ကေ တာ့  အပျို လူ ပျို က အ ဆောင် သွား နေ တာ တို့

သူ များ အိမ် သွာ း နေ တာ တို့  ကိုယ့် ဘာ သာ ကိုယ် တစ် ယောက် ထဲ နေ မယ် ဆို တာ တွေ

ကို ခွင့် ပြု မယ်  မ ထင် ပါ ဘူး။

အဲ တော့ ကိုယ့် သား ကိုယ့် သ မီး က လက် မ ထပ် ရ သေး  တဲ့ သူ နဲ့ တစ် အိမ် ထဲ

သွား နေ မယ် ဆို တာ ကို  လက် ခံ ပါ ့ မလား  သ ဘော တူ ပါ ့ မ လား ဆို တာ က လဲ

ထည် ့ မ စဉ်း စား လို့ ရ တဲ့ တစ် ချက် ပါ ဘဲ။

ဒီ မှာ က လက် ထပ ်မယ် ဆို ရင် တောင် မှ ယောကျာ်း လေး ဘက် က

တင့် တောင့် တင့်တယ် လုပ် မပေး နိုင် ဘူး ဆို ရင် တောင် မှ

“ ဟင်းရွက် ကန် စွန်း မ ဟုတ် တို့ ဗူး သီး ခ ရမ်း သီ း  မ ဟုတ်  “

ဆို တဲ့ စကား နဲ့ ကန့် ကွက် ကြ တာ ဆို တော့  လက် မ ထပ် ဘဲ နဲ့ ယောကျာ်း တစ် ယောက်

နောက် ထည့်  လိုက်  ရ မယ် ဆို ရင်  ဘယ် လို နည်း နဲ့ မှ လက် ခံ မယ် မ ထင် ပါ ဘူး

ဒါ က မိ ဘ တွေ အုပ် ထိန်း သူ တွေ  ရဲ့ အပိုင်း ပါ။

 

လေ့ လာ တဲ့ သ ဘော နဲ့ နှစ် ဦး သ ဘော တူ နေ မယ် ဆို တာ က တော့ ကိုယ့် သ ဘော ကိုယ် ဆောင်။

အ တူ နေ ရင်း က နေ အ ဆင် မ ပြေ ဘူး စိ တ် သ ဘော ထား ခြင်း မ တိုက် ဆိုင် ဘူး ဆို ပြီး

နှစ ်ဦး သဘော တူ နင် ့လမ်း နင် သွား ငါ ့ လမ်း ငါ သွား ဆို ပြီး

ကိုယ့် အထုပ် ကိုယ် ဆွဲ ဆင်း သွား ကြ မယ် ဆို ရင် တော့ ဘာ မှ ပြော စရာ မရှိ။

မိန်း ခ လေး က ဆက် မ နေ ချင်  တော့ လို့  ဆင်း သွား မယ် ဆို ရင် ကျ န် နေ ခဲ့ တဲ့

ယောကျာ် လေး က အေး အေး ဆေး ဆေး  လမ်း ခွဲ ပေး ပါ ့ မ လား။

ယော ကျာ်း လေး က မနှစ် သက် တော့ လို့ ဖြစ် ဖြစ် နေ ရ တာ ရိုး သွားလို့ ဘဲ ဖြစ် ဖြစ်

လမ်း ခွဲ ကြ ပါ စို့  လို ့ ဆို လာ ရင် ကော မိန်း ခ လေး ဘက် က နစ် နာ ကြေး တွေ

ဘာ တွေ မ တောင်း ဘဲ

“  အ စာ ဝ တော့ ဌာ န ကို ပြန် တဲ့ သူ “ လို့ မ စွတ် စွဲ ဘဲ

လမ်း ခွဲ တာ ကို အ သာ တ ကြည် နဲ့  လက် သင့် ခံ နိုင် ပါ ့ မ လား

ဆို တာ တွေ က လဲ ကျုပ် တို့ ထည့် မ တွက် လို့ မ ရ ဘူး နော်။

 

တ ကယ် ပြော ကြ  စို့ ဆို ရင် ကျူပ် တို့ လူမျိုး က သံ ယောဇဉ် အ လွန် ကြီး တတ် ကြ

တဲ့ လူ တွေ ဗျာ။

ကေ လး ဘ ဝ က ကိုယ် ဆော့ ခဲ့ ကစား ခဲ့ တဲ့ အရုပ် လေး တွေ တောင် ဘီဒို ထဲ

ထည့် သိမ်း တတ်၊

ကိုယ် ငယ် ငယ် က ဝတ် ခဲ့ တဲ့ အဝတ် အ စား လေး တွေ ကိုေ တာင် သေတ္တာထဲ

မှာ ပ ရုပ် လုံးေ တွ ထည့် ပြီး အ မှတ် တရ သိမ်း တတ် တဲ့ လူ မျုးိ ဗျာ။

အဲ တော့ လက် ထပ် တာ မ ထပ် တာ  အ ပ ထား

နှစ် အပိုင်း အခြား နဲ့ အ တူ နေ ခဲ့  အတူ သွား ခဲ့  အ တူ စား ခဲ့ သူ ကို

လွယ် လွယ် နဲ့ မေ့ လို့ ရ မ လား ဆို တာ ကို  တွေး ကြည့် မိ ကြ သ လား

လို့ ကျုပ် က မေး ခွန်း ထုတ် နေ မိ ပါ တယ်။

 

အဲ တော့ ကျုပ် မေး ချင် တာ က မိန်း ကေ လး တွေ ကေ ပြာ မယ်။

ကိုယ် အ ကြောင်း မ  သိ တဲ့ လူ ကို  လက် ထပ် ပြီး

လင် ဆို း မယား တ ဖား ဖား ဆို  ပြီး  တော့ မ နေ ရ အောင်

ဒူး နဲ့ မျက် ရည် သုတ် မ နေ ရ အောင်  အစမ်း တော့ ပေါင်း ကြည့် မယ်

မ ကြိုက် ရင် ရေ ရှည် လက် မ တွဲ ဘူး လို့  တွေး ထား မယ်။

ဒါ က မိန်း က လေး ဘက် က အ တွေး။

ကဲ ယောကျာ်း တွေ က ရော အ ဲ လို သူ များ နဲ့   အစမ်း ပေါင်း ကြည့် ဘူး တဲ့

မိန်း မ  တစ် ယောက် ကို   အစမ်း တော့ ပေါင်း ကြည့် ချင် ကြည့် မယ်

အတ ည် လက် ထပ် ဘို့  ကို တော့  စိ တ် ထဲ ရှိ ပါ ့ မ လား ဆို တာ ကို

ကျုပ် တွေး နေ မ ိပ ါတယ်။

နောက် သ ဝန် တို တတ် တဲ့ ယောကျာ်း ဆို တာ က စိတ် မ ထင် ရင်

အ ရင် ရီး စား ရှိ ဘူး တာ ကို တောင်  ရ န် လုပ် ချင် လုပ် နေတတ်တာ။

အဲ တော့ သူ များ နဲ့ အ စမ်း နေ ကြည့် ဘူး တဲ့ မိန်း မ ကို

အ ရင် လူ  နဲ့  နေ ခဲ့ တာ ကို ဇာတ် ကြောင်း လှန် ပြီး ရ န် တွေ လုပ်နေ မယ် ဆို ရင် ကော

မိန်း မ က ရေ ရှည် သီး ခံ နိုင်  ပါ ့  မ လာ းလို့ လဲ တွေး မိ ပြန ်ပါတယ်။

 

အ ကြောင်း မ သိ သေး နဲ့ လူ နဲ့ တစ် ခါ တည်း လက် မ ထပ ်ဘူး။

ဘ ဝ ကို အချုပ်အ နှောင် မခံ ဘူး။

အ ဆင် မ ပြေ ဘဲ နဲ့ တ စ် သက် လုံး တော့ “ ကာ မ ပိုင်”

ဆို တဲ့ စကား လုံး နဲ့ အချုပ် မ ခံ ဘူး လို ့ တွက် တာ  က တော့

မှန် သင့် သ လောက် မှန် ပ ါတယ်။

ဒါ ပေ မယ် ့ ဒီ တစ် ယောက် နဲ့ အဆင် မ ပြေ လိုက် လမ်း ခွဲ လိုက်။

ဟို တစ် ယောက် နဲ့ အဆင် မ ပြေ လိုက် လမ်း ခွဲ လိုက် ။

ဆို ပြီး  အဆင ်မ ပြေ တိုင်း လမ်း ခွဲ နေ ရမယ် ဆို ရင် ကော

လို့ တွေး ကြည့် မိ တော့ ရင် မော ပါ တယ်။

လင် အ ရွေး မ မှား ရ အောင်

“ရီး စား တစ် ထောင် လင် ကောင် တစ် ယောက် “ လို့ စ ကား ပုံ ရှိ ပေ မယ့် လည်း

ရီး စား များ သူ ဆို ရင် အိမ် ထောင် ဘက် အ ဖြစ် ရွေး ဘို့ လက်ခံ ဘို့  သိပ် မ လွယ် ကူ ဘူး ဆို ရင်

ဒီ လို တ ရား မ ဝင် တစ် ခု လပ် တွေ ကို ရော ယောကျာ်း လေး ဘက်  ကျေ ကျေ နပ် တပ် နဲ့

လက် ခံ ပါ ့ မ လား ဆို တာ ကို တွေး ကြည့် မိ ပါ တယ်.။

 

ဘယ် ကိစ္စမ ဆို  သူ ့ ဘက် ကိုယ့် ဘက် အသာ စီး ယူ စဉ်း စား ကြ တာ ထုံးစံ ပါဘဲ။

အဲ တော့ လက် မ ထပ် ဘူ း  အ စမ်း တော့  နေ ကြည် ့ မယ် ဆို တာ ကို

မိန်း ကေ လး ဘက ် လက် ခံ တယ် ဆို ရင် တောင် မှ ယောကျာ်း လေး ဘက် က

လွယ် လွယ် ကူ ကူ နဲ့ လက် ခံ ပါ ့ မ လား ဆို တာ တွေး ကြည့် မိ တော့

သိပ် တော့ မ လွယ် လှ လို့ ထင် ပါ တယ်.။

အဲ တော့  လက် မ ထပ ် ဘဲ အ စမ်း ပေါင်း ကြည့် မယ်  နေ ကြည့် မယ် ဆို တာ က တော့

ကျုပ် တို့ အရိုး စွဲ နေ အောင် လက် ခံ ထား တဲ့  ဓ လေ့ ထုံး စံ တွေ  အယူ အ ဆ တွေ နဲ့

ချိန် ပြီ းစဉ်း စား မိ လိုက် တော့  ဟို မင်း သား ကြီး လက် ဆယ် ချောင်း ထောင် ပြီး ပြော လိုက် သလိုဘဲ

နောက် လာ မယ် ့ “  ဆယ် နှစ် ဆယ် နှစ် “  ဆို ရင် တောင် မှ အဆင့် သင့် မဖြစ် သေးဘူး လို့

တွေး မိ ပါ တယ်။

ဒါ က တော့ ကျုပ် အမြင် ပါ။

သူ များ အ မြင် တွေ တော့ ဘယ် လို ရှိ မယ် မ သိဘူး နော်။

တ ကယ် တော့ လဲ အခု လို ပြော နေ  ကြ တာ

မျက် မ မြင် ပုဏ္ဏား ဆင် စမ်း သလ ို  စမ်း ပြီး ပြော နေ ကြ တာပါ။

 

ဟုတ် လား တော့ မ သိ ဘူး။

 

 

ကို ပေါက်လက် ဆောင် အတွေး ပါး ပါးလေး

21-3-2014

 

 

30 comments

  • alinsett (gazette)

    March 22, 2014 at 7:43 am

    အင်းးး
    ဖတ်တော့ ဖတ်သွားပြီ။
    တခြားသူတွေ ပြောတာကို စောင့်ဖတ်နေပါဦးမယ်။

    ဒါမျိုးက ဘေးက ထိုင်ကြည့်ရဦးမယ့်ကိစ္စကိုး. .
    (ကိုယ်က ခလေးဆိုတော့ )

    🙂

  • kai

    March 22, 2014 at 12:29 pm

    ယူအက်စ်မှာတော့.. မိသားစု..အိ်မ်ထောင်ရေး..လစ်ဗင်းတူဂဲသား.. ဂဲဖရင်န်း..ဘွိုင်းဖရန်င်းတွေက.. ငွေကြေးပေါ်မှာအခြေခံပြီးဂိတ်ဆုံးထားတယ်လို့.. ယူဆမိတယ်..။

    ဆိုတော့..
    LTမှာ.. ဘယ်သူကအိ်မ်ပေါ်တက်လာမှာလည်းရယ်..။
    ဘယ်သူကအဓိကငွေရှာသူလည်းရယ်..
    ..
    ဒါတွေဒါတွေရှိပါတယ်..

    မြန်မာပြည်မှာက…
    ရန်ကုန်..ဒါမှမဟုတ်.. မန္တလေးဟာ..
    ဘန်ကောက်..။ ဒါမှမဟုတ်.. တိုကျို..ဒါမှမဟုတ်..လော့စ်အိန်ဂျလိစ်..နယူးယောက်တို့လို.. လူနေမှုပုံစံဝင်လာရင်… အလိုလိုဖြစ်လာမယ်ထင်ပါတယ်..။
    လူငယ်တွေဟာ.. အသက်အရွယ်တခုရောက်ရင်.. ရွာက..မြို့ကလေးက..နယ်ကနေထွက်.. မြို့ာကီးတက်..
    ကိုယ်လုပ်ချင်တာ..လုပ်လိုတာ.. ကျောင်းတက်.. ပညာရှာ.. ပါတနာရှာ…. ဝါသနာ.. စတာတွေကိုလုပ်…။
    ကိုယ့်အခန်းကိုယ်ငှားနေ..။ ကိုယ့်ဝင်ငွေကိုယ်ရှာ..။ ကိုယ့်ဘဝကိုယ်ကျောင်း..

    နီးစပ်လာပြီလို့တော့.. ထင်..။
    ရှောင်မရ.. ပိတ်မရတဲ့ဖြစ်စဉ် :mrgreen:

    • ဦးကြောင်ကြီး

      March 22, 2014 at 12:55 pm

      ပါပါးခိုမ်
      အာယားနိုင်
      ရွာသားမှိုင်
      ဒါလားkai..

  • Yae Myae Tha Ninn

    October 22, 2014 at 9:25 am

    ပျောက်ချက်သားကောင်းနေသော ကိုယ့်ဆရာ.. မနေ့က အခေါ်ဆင့် စာကြောင့်လား.. ပေါ်လာတယ်.. တယောက်ပဲ ကျန်တယ်… 🙂

  • Phoe Myinttar

    October 22, 2014 at 10:35 am

    အကြောင်းအရာတစ်ခုအပေါ်မှာ ထောင့်စိအောင်တွေးပြီး ထိထိမိမိ ရေးထားတဲ့ ပိုစ်လေးမို့ အရမ်းဖတ်လို့လည်း ကောင်းပါသည်…… ငါဆိုရင်ကော ဆိုတဲ့ အတွေးလေးတစ်စ လည်း ရခဲ့ပါသည်……

  • တောင်ပေါ်သား

    October 22, 2014 at 10:55 am

    ကိုယ်တွေခေတ်က အဲဒါတွေမရှိ ၊

    အခုတော့ မြင်နေ ကြားနေရ ၊

    သမီး ၂ ယောက်အဖေဘဝမို့ ရင်ပူရပါ၏ ၊

  • မမချွိ

    October 22, 2014 at 5:11 pm

    ခိ။
    သေချာတာကတော့ အယ်တီ က မြန်မာ ပြည်မှာ မထွန်းကားသင့် (ခုထိ နား မလည် ကြသေးလို့)
    မြန်မာယောင်္ကျား ယူ မယ် စဉ်းစားရင် ဘယ်သူနဲ့မှ အရင် အတူမနေသင့် (အပျို ဟုတ်မဟုတ် သိပ် ပြောဆိုတတ်တဲ့ အမျိုးမို့)
    အယ်တီ နေပြီး အဆင်မပြေ ကွဲပြီးမှ မြန်မာ ယောင်္ကျားကို မယူသင့် (တစ်သက်လုံး နှိမ်နိုင်တယ်)
    နောက်ပြီး မြန်မာ ယောင်္ကျားတွေ ရှေ့ အယ်တီ ကိစ္စကို ကို မပြောသင့် (ပြောတဲ့ မိန်းမကို ထင်ရာ ခေါင်းစဉ်တတ်ပစ်တတ်လို့)
    :kwi:

    ဆိုတော့ …..
    ကျနော် တို့ နိုင်ငံ နဲ့ လူမျိုးအတွက် ဆို
    မနေစကောင်း ဘက်က ပါမယ်။

    :mrgreen:

    • ဝင့်ပြုံးမြင့်

      October 22, 2014 at 5:43 pm

      .ခြသေ့င်္ခေါင်းပေါ်က မမချွိ ရေ … အဲဒီလို အမြင်မျိုး ထားရမယ်ဆိုရင် တကယ်လို့သာ အစ်မအနေနဲ့ နောက်နည်းနည်းဆုတ်ပြီး ဘဝကို ပြန်စလို့ရမယ်ဆိုရင် ဗမာကောင် ဘယ်တော့မှ မယူဘူး။

      .နိုင်ငံနဲ့ လူမျိုးအတွက်ဆိုရင်
      .မိန်းမကို တကယ်တန်ဖိုးထားတဲ့ တစ်လင်တစ်မယားစနစ်ကို ဥပဒေဖြစ်လာဖို့ လုပ်သင့်ပါတယ်။ ကာမဂုဏ်ခံစားတာက အောက်တန်းကျတာလည်း မဟုတ်၊ ပြစ်မှုလည်း မဟုတ်၊ လူ့အခွင့်အရေးသာဖြစ်ပါတယ်။

      • မမချွိ

        October 22, 2014 at 6:03 pm

        အမရေ။
        ဥပဒေ သတ်မှတ်ဖို့ ဆိုတာကလည်း ယိုကွက် ဟာကွက် အနည်းဆုံး ဖြစ်အောင် ပြင်ဆင်ပြီးမှ သာ ပြဌာန်းနိုင်တာမို့ ဒီလောက် လွယ်မယ် မထင်။

        ကျနော် တို့ တစ်ဦးချင်း စီ အသိနဲ့ပဲ ထိန်းကျောင်းရဦးမဲ့ ကိစ္စပါ။
        ဘယ်သူကတော့ ကိုယ့် လင် ကို ကိုယ့် မယားကို ဖောက်လွဲဖောက်ပြန် ဖြစ်စေချင်မလဲ နော်။
        တတ်သိတဲ့ အိမ်ထောင်ရေး ဥပဒေ သမားတွေ ဆွေးနွေးနိုင်ရင်တော့ ကောင်းမှာပေါ့။
        ~~~~~~~

        အယ်တီ ကိစ္စကတော့ ကျနော်က အဲဒီလိုပဲ ယုံကြည်လို့ပါ။
        မြန်မာ အမျိုးသားများရဲ့ မိုင်းဆက်တွေ မပြင်နိုင်မချင်း ကျနော်တို့ နိုင်ငံ မှာ ဘယ်လိုမှ မဖြစ်သင့်တဲ့ အပြင် One Night Stand ကိစ္စတွေကိုပါ အသိရှိစေချင်တာပါ။
        တောက်လျှောက်လည်း ပြောဖူးပါတယ်။

        တန်းတူ မမြင်နိုင်သေးတဲ့ တန်းတူ မပေးနိုင်သေးတဲ့ နေရာမှာ ဒီ ကိစ္စကို အားပေးလို့ ကို မရသေးဘူးလို့ မြင်လို့ပါ။

        ကျန်တဲ့ အခွင့်အရေးတွေ တောင် တန်းတူမရသေးတဲ့ အချိန်မှာ ဒီ ကိစ္စမှာ တန်းတူ လို့ သတ်မှတ်လိုက်ရင် …..

        ကာမဂုဏ်ခံစားတာက ဟာ အမျိုးသားတွေ အတွက် အခွင့်အရေးပဲ ပို ဖြစ်သွားမှာ။

        ဆိုတော့ …..
        တန်းတူ မဟုတ်ဘူးလို့ ယူဆပြီး စောင့်ထိန်းနိုင်တဲ့ အမျိုးသမီးကို သာ သူတို့ မော့ကြည့်လိမ့်မယ်။
        တန်းတူပဲ သတ်မှတ်ပြီး ခု တဝက် တပျက် ကစားနေတဲ့ ကလေးမတွေ ဟိုတယ်ကို တစ်ညအိပ်တွေ ရောက်ကုန်ပြီ အမ။

        :a:

        ကျနော် ရေးဖူးထားတာလေး

        http://myanmargazette.net/196170

        အရင် အမ ဆိုလိုချက်တွေကို အကုန်နားလည်ခဲ့ပါတယ်။
        ဒါမဲ့၊

        အမ ခံယူချက်က မြန်မာ တွေအတွက် မကိုက်ဘူး အမ ရယ်။
        နိုင်ငံတကာ အတွေးနဲ့တော့ ဟုတ်တယ်။

        ပြောပါတယ်။
        ကိုယ့် အမ က နိုင်ငံမှားမွေးလာတာပါဆို။

        :)))

  • ဝင့်ပြုံးမြင့်

    October 22, 2014 at 5:11 pm

    ကိုကြီးပေါက်ရေ ဟိုဘက်ခေတ်မှာက မိန်းကလေး ယောက်ျားလေး ငယ်ငယ်ရွယ်ရွယ် မူးမူးရူးရူး တစ်ကြိမ်လောက် မှားမိသွားရင်ပဲ ဗိုက်ကိစ္စကြောက်ရတော့ မိဘတွေက ပေးစားလိုက်ကြရတယ်။ တစ်ချက်မှားရုံနဲ့ တစ်သက်စာပေးဆပ်လိုက်ရတဲ့ အိမ်ထောင်ရေးတွေ အများကြီးပဲ။
    ပြီးတော့ ကိုကြီးပေါက်ရေးထားတဲ့ ပိုစ်မှာပဲ အားလုံးရှင်းပြီးသားပါ။ ယောက်ျားလေးဘက်က တစ်ပန်းမဟုတ် နှစ်ပန်းသာအောင် အခြေအနေတွေက ဖန်ထားပြီးသလိုပဲ။ ဆူးနဲ့ဖက်လို ဥပမာတွေ ရှေးကတည်းက ပေးထားပြီးသား။ အဲဒါကို ကျွန်မတို့ မိန်းမထုက အာခံမလား၊ မခံဘူးလား။
    အခုပဲကြည့်။ ယောက်ျားတွေရဲ့ အနေအထား သူတို့ ထိုင်ခုံကို ကျွန်မလှုပ်ကြည့်တော့ မိန်းမတွေထဲက ဘယ်သူမှ ပါမလာဘူး။ ကိုယ့်မြန်မာမတွေ တော်တော်အူတာ။ အဲဒါကို အခု ဒီဂဇက်ထဲရောက်မှ သိတာ။

    • မြစပဲရိုး

      October 22, 2014 at 7:06 pm

      ” တော်တော်အူ” တယ် ဆိုလဲ အူ တယ် ဘဲ ထားပါတော့ မပြုံးရယ်။
      “ခွေးမ” တစ်ကောင် လို လမ်းပေါ်မှာ ” ခွေး” တိုင်း က အနိုင်ကျင့်တာ မခံ ရဖို့ဘဲ လိုပါတယ်။
      :))

    • Foreign Resident

      October 23, 2014 at 6:32 am

      အပေါ်က ပြောသွားတဲ့ Comment တွေရော Post တွေရော မှာ ၊
      အကြမ်းဖျင်းအားဖြင့် ကျနော်က မဝင့်ပြုံးမြင့်ဘက်က ထောက်ခံပါတယ် ။

      အထူးသဖြင့် ” အဲဒါကို ကျွန်မတို့ မိန်းမထုက အာခံ မလား၊ မခံဘူးလား။
      အခုပဲကြည့်။ ယောက်ျားတွေရဲ့ အနေအထား သူတို့ ထိုင်ခုံကို ကျွန်မလှုပ်ကြည့်တော့ ၊
      မိန်းမတွေထဲက ဘယ်သူမှ ပါမလာဘူး။ ကိုယ့်မြန်မာမတွေ တော်တော်အူတာ။
      အဲဒါကို အခု ဒီဂဇက်ထဲရောက်မှ သိတာ။ ”

      အဲဒီ စကားကို ကျနော် ထောက်ခံပါတယ် ။

      ဟိုးအရင် ကလည်း ကျနော် တစ်ခါ ပြောဖူးပါတယ် ၊
      မိန်းကလေး တစ်ယောက် အပျိုစစ်ရမယ် ဆိုတဲ့ စံ / Idea ကို လက်မခံဘူးလို့ ။

      ဒီ စံ / Idea ဟာ
      ၁ ။ အမျိုးသမီးထုကြီးကို ၊ အမျိုးသားထုကြီးက ၊ သွယ်ဝိုက်ပြီး ဖိနှိပ် ချုပ်ချယ်ထားတဲ့ အချက် ၊
      ကျားမ ခွဲခြား နှိမ်ချခြင်း ( Gender Discrimination ) ပါလို့ ။

      ၂ ။ အမျိုးသမီး တစ်ယောက် ရဲ့ ကာမဂုဏ် လွတ်လပ်စွာ ခံစားခွင့်ကို ၊ သွယ်ဝိုက်ပြီး ၊
      ချုပ်ချယ်ထားတဲ့ အချက် လူ့အခွင့်အရေး ချိုးဖေါက်မှု ( Human Right Violation ) ပါလို့ ။

      အမှန်က ၊ အဲဒီတုန်းက ၊ ကျနော်က အမျိုးသမီးထုကြီး ဖက်ကနေ ဝင်ပြောပေးနေတာလေ ။
      ဒါပေမယ့် ၊ အဲဒီတုန်းက ကျနော့်ကို အဓိက ကန့်ကွက်ခဲ့သူတွေကလည်း ၊
      အမျိုးသမီး တွေဘဲ ဖြစ်နေတာကို ( အံ့ဩဖွယ်ရာ ) တွေ့ခဲ့ရတယ် ။

      အဲဒီတော့ကာ ၊ အခု မပြုံးက ” ကိုယ့်မြန်မာမတွေ တော်တော်အူတာ ”
      ဆိုတဲ့ စကားလုံးကို သုံးလိုက်တဲ့ အခါမှာ ၊ သဘောကျမိပါရဲ့ ။

      စိတ်မပျက်ပါနှင့် မပြုံးရေ ။
      ကျနော်တို့ရေးနေတာတွေက တရားမျှတမှုကို ဦးတည်ထားပေမယ့် ၊
      လက်ရှိ မြန်မာနိုင်ငံကြီးက အဲဒီလောက် အဆင့်ရှိတဲ့ တရားမျှတမှုကို လက်မခံနိုင်သေးပါဘူး ။
      ဒါပေမယ့် ၊ ကျနော်တို့ စာတွေ Comment တွေကိုဖတ်ပြီး ၊ သူတို့ ဆက်တွေးကြမှာပါ ။
      ဒီလောက်နှင့်တင် မပြုံး ကျေနပ်သင့်နေပါပြီ ။

  • မြစပဲရိုး

    October 22, 2014 at 7:00 pm

    ညီမပြုံး ဘာကို လို ချင်တာလဲ။
    မြန်မာမိန်းမ ကလေး တွေ အတွက် ” ရေရှည် အိမ်ထောင်ရေး တည်မြဲ ဖို့ အတွက်” ဆိုရင် အနောက်တိုင်း နိုင်ငံ တွေ က အကြံပြု ထား တဲ့ အချက် တွေ ကို လိုက်နာ သင့်တယ်။
    အနောက်တိုင်း နိုင်ငံ လက်ရှိ အတွေးအခေါ် နော်။
    အရှေ့တိုင်း က ရှေးစွန်းစွဲ အတွေးအခေါ် မဟုတ်ဘူး။
    ကွန်ဆာဗေးတစ် မြစာကလေး ရဲ့ အာဘော် လဲ မဟုတ်ဘူး။

    http://www.wikihow.com/Have-a-Long-and-Happy-Relationship
    wikiHow to
    Have a Long and Happy Relationship
    1. Choose your partner wisely. (ဒီမှာ wisely ဆိုကထဲ က စံနှုန်း ရှိနေသင့်တာ)
    2. Be honest about everything always. ( ကိုယ့်ဟာ ကို ရော ရိုးသားစိတ် ရှိသူ လို့ ရိုးရိုးသားသား လက်ခံ နိုင်ရဲ့လား)
    3. Never cheat on your partner. ( ( ဒီ တစ်ကောင် မကောင်း နောက် တစ်ကောင် ပြောင်းဖို့ ကြို အကွက်ချ ထားတဲ့ ကိုကို မမ များ အတွက် မဟုတ်)
    4. Be open and informative as much as you can. (နေရာ တစ်ကာ ဝှက်ဖဲ လေး ထားတတ် သူ များ အတွက် မဟုတ်)
    5. Respect the needs of your partner. (အပြန်အလှန် လေးစားခြင်း ဆိုတာ ကို ပျင်းစရာလို့ မမှတ်ရင်ပေါ့)
    6. Keep their birthday and your anniversary in mind. (ဒါကတော့ ဒီချိန်မှာ အလွယ် ဖြစ်နေပြီးသားပါ)
    7. If you want to make them happy, do something you know they like, or something they always wanted to do but never could. (ငါ့ အတွက် ဘဲ ကြည့်တတ်သူများ အတော် ခက်ခဲ မဲ့ အချက်ဘဲ)
    8. Don’t expect, buy or even request valuable gifts. (ဟိုဟာလေး ဒီဟာလေး လိုချင်လို့ မြူနေတဲ့ မိန်မများ အတွက် မဟုတ်)
    9. Spend as much time together as you can, but avoid fusion or confusion of your individual goals with the other person’s goals! (ကိုယ့်ဟာကို လဲ နားမလည် သူများ ကိုလဲ ထည့်မတွက် သူများ အတွက် မဟုတ်)
    10. Before you become impatient or unreasonable try to be fair by being patient, and ask for patience. (စိတ်နုသူများ ခဏ နဲ့ ဒီမှာ ကွဲတာဘဲ)
    11. In a good relationship very little should be taboo. (သူများ စိတ်မကြည်ချိန်မှာ သွားပြီး အနှောက်အရှက် ပေးပြီး နေချင်သူများ သတိ)
    12. Don’t despise or be cruel about any mannerisms or habits they have. Don’t force them to do or not do anything.(ဘာမဆို ကိုယ့်အလိုဘဲ သမားများ အခက်)
    13. Rejecting the insignificant little things that the other does is part of a relationship. Don’t try to change your partner. (ကိုယ့်လက်ထဲ ကျရင် ပြောင်းသွားမှာလို့ ရည်မှန်းကြီး ထားတတ်သူများ အတွက် သိပ်ပြီး ရည်မှန်းချက် မကြီးဖို့)

    +++++++++++++++++++++
    9 Tips for a Happy Relationship from America’s Happiest Couples
    http://www.gq.com/blogs/the-feed/2014/02/nate-bagley-ama-reddit-loveumentary-secret-to-long-term-relationships.html
    Concentrate on the Friendship, Not the Romance

    “For decades, Hollywood has glorified the romantic aspects of relationships.
    It’s definitely changed what people expect from a long-term relationship now, which is sad.
    Ironically—after talking to literally scores of couples about their relationships—the partnerships with the most passion after years and years of togetherness are those who have a strong and undying friendship.
    It’s not about the sex so much as it is about the way their level of undying commitment, their endless support of each other, the way they laugh at each others jokes, and forgive each others wrongdoings.
    The thing that makes an amazing best friend is what also makes an amazing partner.
    Add in the romance and you take it to the next level.
    (We tend to do it backwards in our society, we start with the sex, then panic, and try to add in the friendship, which rarely works.)

    ကျန်တာ တွေက အပေါ် က တွေ လိုပါဘဲ ။
    ဒီ အချက် ကတော့ အဓိက သိသင့် လို့ ပါ။ အသေအချာ ဖတ်ကြည့်ပါ။ သူတို့ အကြံပေးချက် တွေမှာ “ကာမဂုဏ်ခံစားတာ” ဆိုတာ ရှေ့တန်းက မပါသလောက်ပါဘဲ။
    အစ်မ တို့ မြန်မာမ လေး တွေ ရေလိုက်လွဲ နေတာ၊ အရေးမကြီး တာကို ရှေ့တန်းတင်နေတာ စိတ်မကောင်း စရာဘဲ။
    တွေးမိတာက – တို့မိန်းမ တွေဟာ Sex လုပ် မြူဆွယ်ပြီး ကျား တွေ ကို သိမ်းသွင်း ဖို့ ကြိုးစားတာဟာ တကယ်တော့ အပျင်းထူ တာ၊ ကိုယ့်ဘက် က ပညာရှိရှိ နဲ့ စိတ် အင်အား မထုတ်ချင်တာမို့ လို့ ထင်ပါတယ်။
    ဘာလို့ လဲ ဆိုတော့ အခု အနောက်တိုင်း က အကြံပြုချက် တွေဟာ
    စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင် ဖို့ လိုနေတာကိုး
    ဒါကို စိတ်ရှည်ရှည် နဲ့ ကိုယ့်စိတ် ကို ကြံ့ခိုင် အောင် မကြိုးစားဘဲ
    ကိုယ့် ကိုယ် ကို ထိုးပေးပြီး အလွယ်နည်း နဲ့ relationship ကောင်းမလား စမ်း နေတာ လို့ သာ ပြောချင်ပါရဲ့။

    ထပ်ပြီး ပြောပါတယ်။
    ခိုင်မြဲ တဲ့ အိမ်ထောင်ရေး တစ်ခု ကို ရချင်ရင်တော့ SEX နဲ့ စလို့ မရဘူး ဆိုတာ ကွန်ဆာဗေးတစ် မြစာကလေး အာဘော် မဟုတ်ပါ။
    အနောက်တိုင်း မှာ တက္ကသိုလ်များက Research များ အသေအချာ လုပ် ပြီး မှ ထွက်လာတဲ့ အကြောင်း တွေပါ။

    တို့ ရွှေပြည်မှာတော့ သူများ အနောက်တိုင်း မှာ Fast Food တွေ ကို မစား ဖို့
    ဟင်းသီးဟင်းရွက် အသီးအနှံ တွေ များများစားဖို့ ပညာပေး နေမှ
    ကိုယ့် တိုင်းပြည်မှာ ရှိတဲ့ ဟင်းရွက်စိမ်း တွေ အစား
    ရေခဲရိုက် တွေ နဲ့ ဘာဂါ တွေ ကို စားမှ ခေတ်မှီမယ် ထင်ပြီး စားနေကြသလိုဘဲ။
    အားလုံး က လက်ရှိကနေ နှစ် ၂ဝ မက နောက်ကျ နေတဲ့ အနောက်တိုင်း က အတွေး တွေ ယဉ်ကျေးမှုတွေ ကို အခု မှ ကိုယ့်နိုင်ငံ ထဲ သွင်း နေသလို မို့ ပြောပါတယ်။
    ဒီကြားထဲ မှာ တစ်ခါတစ်ခါ အနောက်နိုင်ငံ အစွန်းဆုံး က သူကြီးမင်းက လဲ ပိုပြီး နောက်ပြန်တွန်း ပေးနေသလိုဘဲ။

    အဲဒီ အပေါ် အကြံပြုချက်တွေ အတိုင်း နှစ်ဦး နှစ်ဖက် နေနိုင်လို့ ကတော့
    လက်ချင်းစုံ ပုဝါပတ် ဘိသိတ် မမြှောက် လက်မှတ် မထိုး ဒီ အတိုင်း ပေါင်း နေလဲ တစ်သက်ခံ တယ်။
    မဟုတ်လို့ကတော့ ဘိသိပ်ဆရာ ဘယ်လောက်နဲ့ဘဲ မင်္ဂလာယူယူ၊ ဘယ်လို ဥပဒေ နဲ့ဘဲ ထိန်းထိန်း ခိုင်မှာမဟုတ်။
    စိတ်ချ။

    ဒီတော့ LT နေတာ၊ မင်္ဂလာဆောင် တာ အကြောင်းမဟုတ်။
    ကိုယ်နဲ့ ပေါင်းသင်းဖို့ စိတ်ဓာတ်ရေးရာ ကြံ့ခိုင် တဲ့ ယောကျာင်္း၊ မိန်းမ က သာ အကြောင်း လို့ ထင်ပါကြောင်း။
    ဒါကတော့ မြစာကလေး အာဘော်။ :))

    • မမချွိ

      October 22, 2014 at 7:27 pm

      ဟီးဟီးးးး
      ဒီနေရာမှာ ပြောချင်တာ ကိစ္စက အများကြီးးး
      စဉ်းစားရင်း စဉ်းစားရင်း ရေးလိုက်ပြန်ဖျက်လိုက်နဲ့မို့။

      ဆိုတော့ …..
      လူစိတ် လူ့သဘောရဲ့ ဖောက်ပြန်မှု မဖောက်ပြန်မှုကို ဥပဒေနဲ့ ထိန်းလို့ ရကောင်းတယ်မထင်။
      အိမ်ထောင်ရေးကိုလည်း ဘယ်လိုပဲ ရှိရမယ်လို့ ဥပဒေ ပြဌာန်းလို့ ရမယ်လို့ မထင်သေးးး။

      အဲ ဒီ အစားးး
      ဟိုး တခါ အမဝင့်ပြောဖူးတဲ့ မယား တစ်ယောက်ရဲ့ ရပိုင်ခွင့် အမွေ ဆိုင်ရာ ဥပဒေ နဲ့ သွယ်ဝိုက်ကိုင်ရင်များ ရမလားမသိ။ 🙄
      ဒါက တစ်လင် တစ်မယား စံနစ် အတွက် ကျနော်ထင်တာ ဝင်ပြောတာ။ (it is just my opinion and may be wrong!!)
      ~~~~~~~~~~~~
      အယ်တီ က ပြောပြီးပြီ။

      ~~~~~~~~~~

      Sex Relationship ကိစ္စက ကျတော့ တန်းတူ အခွင့်အရေး ဆိုတဲ့ စကားနဲ့ မြှောက်ပေးလို့ မရသေးးးး
      နိုင်ငံတကာ စံ ကို မှီဖို့ ကိစ္စတွေ အများကြီး ကျန်သေးတယ် ဆိုတော့
      အဲဒါတွေအရင် အဆင့်မှီ အတွေးအခေါ်လေးတွေ မြင့်လာ၊ နိုင်ငံ ချမ်းသာလာမှ ပြောလို့ရမယ်။
      ခုတော့ ဒီကိစ္စက ပိုက်ဆံလိုချင်တဲ့ ကလေးမတွေ စပွန်စာ ရှာတာလောက် အသုံးဝင်နေတာ။
      မြှောက်ပေးရင် ပိုဆိုးမယ်။
      :a:
      ပိုက်ဆံ နဲ့ အဲဒါ မလဲပဲ နေနိုင်တဲ့ တစ်နေ့၊
      စိတ် အလိုလိုက်မှု နဲ့ အဲဒါ လိုက်လျောမှု မရှိအောင် ထိန်းနိုင်တဲ့တစ်နေ့
      အဲဒီကိစ္စနဲ့ ယောင်္ကျားတစ်ယောက်ကို ထိန်းနိုင်တယ် ဆိုတဲ့ အတွေးမှား မရှိတော့တဲ့ တစ်နေ့
      အဲဒီ တစ်နေ့တွေမှ ပဲ တန်းတူ ရှိသင့်တယ် ပြောဖို့ စဉ်းစားချင်တယ်။

      :a:

  • ဝင့်ပြုံးမြင့်

    October 23, 2014 at 2:57 am

    .လူဆိုတာက ဖိလွန်းရင် ကြွတယ်။ မကြွစေချင်ရင် သိပ်မဖိဖို့ပါပဲ။ အခု မြန်မာပြည်မှာ LT မရှိပါ။ ရှိရင် နည်းနည်း။ အခု ထွန်းကားနေတာက ခိုးစားတာ။
    .မြန်မာပြည်မှာ စီးပွားရေး၊ ဥပဒေ ၊ ပညာရေး စတဲ့ တခြားဟာတွေ အားလုံးမှာ မိန်းမတွေကို မဖိထားဘူး။ ဒီကိစ္စမှာပဲ ဖိထားတာ။ ဒါကြောင့် ဒီကိစ္စမှာပဲ ကြွသလား မသိဘူး။ ခိုးစားကြတာ ဒင်းကြမ်း။ အခု ဒီရလဒ် ထွက်နေတော့ ဒီအတွေးအခေါ်က မှားနေလို့ပေါ့။ (စောင့်ထိန်းရမယ်။ ဒါကိုယ်ကျင့်စာရိတ္တဆိုတဲ့ အတွေးအခေါ်)

  • အလို ကျနော် မန်းလေးဂေဇက်နဲ့ ဝေး တဲ့ အင်တာ မနက် နိုင်တဲ့ နေရာမှာရောက်နေတုံး

    ကျနော် စကက်ဂျူးနဲ့ 2015 အတွက်လုပ်ထားတဲ့ ပိုစ် က တက် လာတယ်။

    ရေမြေသနင်းရေ ကျနော် ဒီပိုစ်ကိုတင်ထားခဲ့တယ်။

    နောက်ကျနော်ပြန်ဖတ်ပြီး ရင် ထပ် ဖြည့် ပြီး ရေးချင်တာ ရှိသေးလို့ စကက်ဂျုး လုပ်ပြီး ထားတယ်။

    ဒါပေမယ့် အဲဒီပိုစ်က တက်လာတာကို ဒီနေ့မှ တွေ့လိုက်ရတယ်။

    တစ်ခုခုတော့ မှား နေပြီဘဲ ပြောရ မလား ဘာ လား ဘဲ။

    ကိစ္စမရှိ တင်ပြီး တော့ လဲ ဖတ်ပြီးဆွေးနွေးလို့ ရကြတာပေါ့ ဗျာ။

    • kai

      October 23, 2014 at 2:33 pm

      အံဩစရာပေါ့…
      ဘယ်နှာ.. ကျုပ်ရေးတဲ့ကော်မန့်က.. ဒီနှစ်မတ်လ ၂၂ရက်ကတဲ့..။
      ပို့စ်တက်တဲ့ရက်က.. အောက်တိုဘာ ၂၁ တဲ့…

      ဘာတွေလည်းမသိ…။
      Schedule တွေတော့ သိပ်မချကြစေချင်…။ Draft ကပိုကောင်းမယ်ထင်ပါကြောင်း…။ :i:

  • ကိုခိုင်ရေ ဒီ ပိုစ် ကို စကက်ဂျူးလုပ်ချင်တာမဟုတ်။
    တင်ပြီးမှ စိတ်တိုင်းမကျလို့ ဖျက်ပြီး အသစ်ပြန်ရေးချင်တာ။
    ဘာသာပေါင်းစုံရဲ့လက်ထပ်တဲ့ဓလေ့ ထုံးစံအယူအဆကို
    ထပ်ပြီး ဖြည့် စွက်ချင်လို့ ဖျက်လိုက်ချင်တာ။
    ဒါပေမယ့် ဖျက်မရ လို့ ခပ်ဝေးဝေး ကို စကက်ဂျုးလုပ် ထားလိုက်တာ။
    ဒီစကက်ဂျူးက 2015ထိ ပို့ထားတာ။
    အဲ ဘယ်သူက ပြန်တင်ပေးလိုက်တယ်ဆိုတာတော့ ကိုခို်င်တို့ ပြန်စစ်ကြည့်ရင်သိနိုင်ပါတယ်။
    ကျနော်က အေးဆေးမှပြန်ဖြည့်စွက် ပြန်ဖတ်ပြီး အသစ်ပြန်တင်မယ်စိတ်ကူးထားတာ။

    စကက်ဂျူးက ကျနော်အတွက်တော့ လိုအပ်ပါတယ်။
    ကော်နက်ရှင်ကောင်းတဲ့ ညမှာ ပုံတွေ ကြိုပြီးတင်ထားလို့ရတယ်။
    ကိုယ်ခရီးထွက်ချိန်မှာ ဆိုရင် သူ့ ရက်နဲ့ သူ့ တင်ထားခဲ့ လို့ရတယ်။
    တကယ်လို့ စကက်ဂျူး တင် လို့ အဆင်မပြေဘူး ဆိုရင် ကျနော် စကက်ဂျူးနဲ့ မတင်ဘဲ နေပေးပါမယ်။

    မာဃနဲ့ေတွေ့လို့သူပြောတာက လေးပေါက် ပိုစ်က 2014ဖြစ်နေတာ 6လလောက်ရှိပြီတဲ့။
    အချိန်ကိုက်တက်သွားတော့ ကောင်းတာပေါ့ ။

    အစုံတွေး အတွေးစုံ

  • CharTooLan

    October 23, 2014 at 4:31 pm

    LT ဆိုတာဘာလဲ မသိလို့ဝင်ကျိတာ 😀
    အခုဟာက ငါမှားလားမင်းမှန်လား ဆိုတဲ့ခေတ်
    မျက်စိရှေ့မှာတင် အီဘိုလာလိုကြောက်စရာ ကျား ၅ယောက်မှာ မ ၁ယောက် နှုန်းနဲ့ တဖျုတ်ဖျုတ်ဖောက်ပြားနေကြတဲ့ခေတ်
    ကွကိုလုပ်ချင်ရာဒွေ လုပ်ကြပီး ကိုယ်ထင်ဂဒင်ရွှေနန်း ဖစ်နေကြဒဲ့ခေတ်
    အာ့မျိုးတွေလိုက်မမှီလို့ ဘာမှထင်ကြေးမပေးဒေါ့ဝူး
    လေးလေးပေါက်ရေ….
    ညကျမှ ချစ်ချစ်ဆီကိုဖုံးဆက်ပီး
    အလွမ်းသယ်လိုက်အုံးမယ် ခိခိ 😀

  • မွသဲ ( 17082011 )

    October 23, 2014 at 5:05 pm

    လက်ထပ်ခြင်း ကွာရှင်းခြင်းကိစ္စတွေမှာမြန်မာနိုင်ငံဥပဒေဟာ အင်မတန်လွပ်လပ်တဲ့ထဲပါတယ်လို့သိထားပါတယ်။ အနောက်နိုင်ငံဥပဒေကတော့ လက်ထပ်ခြင်းကွာရှင်းခြင်းဟာ အတော်ရှုပ်ထွေးတယ်လို့သိထားပါတယ်။ အထူးသဖြင့် ကွာရှင်းခြင်းမှာပေါ့။ နောက်အိမ်ထောင်ထူချင်လဲမကွာရှင်းထားရင် နောက်အိမ်ထောင်နဲ့တရားဝင်မဖြစ်ဖူးဘာဘူးပေါ့။ ဥပဒေကကွာရှင်းမှု့အပေါ်မှာအတော်လေးတင်း ကျပ်ထားပေမဲ့ မြန်မာနိုင်ငံမှာတော့ လက်ထပ်ခြင်းကွာရှင်းခြင်းဟာ နှစ်ဦးသဘောနဲ့သာဆိုင်တာမို့ အတော်လးလွပ်လပ်ပါတယ်။ အဲ့တော့ကာ ဥပဒေတင်းကျပ်တဲ့ အနောက်နိုက်ငံတွေအဖို့ ယူပြီးမှကွာရှင်းချင်ရင်ခက်မှာစိုးလို့ မယူခင်လေ့လာတဲ့အနေနဲ့ အတူနေကြည့်ကြရာက LT ကအဆင်ပြေ ခတ်စားလာတာ ဖြစ်မှာပေါ့။ လွယ်ကူစွာကွာရှင်းနိုင်တဲ့ မြန်မာနိုင်ငံအတွက် ဆန်ဆုံစား ကံကုန်သွားဆိုတာနဲ့အညီ သီးမခံနိုင်ကွဲရုံပေါ့ဆိုတော့ကာ ဘာကိစ္စ အလုပ်ရှုပ်ခံလို့ အစမ်းအတူနေကြည့်ရမှာလဲ။ နေကြည့်ချင်သပဆိုရင်တော့ လေ့လာဖို့ထက် အတုခိုးမှားတာလို့ပဲဆိုချင်ပါတယ်။ နိုင်ငံခြားရောက်မြန်မာတွေပြောနေကြစကားအရ တခြားနိုင်ငံထက်မြန်မာက အများကြီးအရာရာမှာ နောက်ကျကျန်ခဲ့တယ်။ ရှက်စရာကောင်းတယ်ဆိုတာတွေနားမဆံ့အောင်ကြားနေရတယ်။ လိုက်မှီအောင်အတုခိုးစရာတွေ အများကြီးထဲမှာမှ ဘာဖြစ်လို့ဒါကြီးကို ဦးစားပေးဆွေးနွေးနေလဲနားမလည်နိုင်ပါဘူး။ တကယ်တော့ အခြာူအတုခိုးစရာ နိုင်ငံကြီးသားပီသရေး စည်းကမ်းရှိရေး အတွေးခေါ်မြင့်မားရေးတွေဆွေးနွေးတာဟာပိုပြီး ကလေးတွေအတွက်အကျိုးများစေမယ်လို့ထင်တာပဲ။

  • မြစပဲရိုး

    October 23, 2014 at 6:45 pm

    အဘဖောပြောထား တဲ့
    Foreign Resident says:
    {{{
    ၁ ။ အမျိုးသမီးထုကြီးကို ၊ အမျိုးသားထုကြီးက ၊ သွယ်ဝိုက်ပြီး ဖိနှိပ် ချုပ်ချယ်ထားတဲ့ အချက် ၊
    ကျားမ ခွဲခြား နှိမ်ချခြင်း ( Gender Discrimination ) ပါလို့ ။
    ၂ ။ အမျိုးသမီး တစ်ယောက် ရဲ့ ကာမဂုဏ် လွတ်လပ်စွာ ခံစားခွင့်ကို ၊ သွယ်ဝိုက်ပြီး ၊
    ချုပ်ချယ်ထားတဲ့ အချက် လူ့အခွင့်အရေး ချိုးဖေါက်မှု ( Human Right Violation ) ပါလို့ ။

    ကျနော်တို့ရေးနေတာတွေက တရားမျှတမှုကို ဦးတည်ထားပေမယ့် ၊
    လက်ရှိ မြန်မာနိုင်ငံကြီးက အဲဒီလောက် အဆင့်ရှိတဲ့ တရားမျှတမှုကို လက်မခံနိုင်သေးပါဘူး ။
    ဒါပေမယ့် ၊ ကျနော်တို့ စာတွေ Comment တွေကိုဖတ်ပြီး ၊ သူတို့ ဆက်တွေးကြမှာပါ ။
    }}}}}

    အဘဖော က ဒီလို လူ့အခွင့်အရေး ကို ဒီ လို ဘာသာပြန် ကောက်ချက်ချ လိုက် တော့
    ဒါကို ဖတ်ပြီး အတော်လေး ဇဝေဇဝါ ဖြစ်သွား တယ်။
    ဒါနဲ့ တတ်သမျှ လေး ဝီကီ လိုက်ပါတယ်။
    မဟုတ်လဲ ပြန်ထောက်ပြပေးပါ။
    တစ်ခါတစ်ခါ အထင် တစ်ခု နဲ့ ကောက်ချက်ချတာ အင်မတန် အန္တရာယ်ကြီး လို့ပါ။
    ကျွန်မလဲ မှား နိုင်သလို အဘဖောပြောတာလဲ တက်တက်စင် လွဲ နိုင်ပါတယ်။

    ဝီကီ ထဲ မှာ http://en.wikipedia.org/wiki/Gender_equality
    ခေါင်းစဉ် အောက်မှာ ဖတ်ကြည့်ပါ။
    Forms of VAW include sexual violence (including war rape, marital rape and child sexual abuse, the latter often in the context of child marriage),
    domestic violence, forced marriage, female genital mutilation, forced prostitution, sex trafficking, honor killings, dowry killings,
    acid attacks, stoning, flogging, forced sterilization, forced abortion, violence related to accusations of witchcraft, mistreatment of widows (e.g. widow inheritance).
    ပြောထားတာ အားလုံး က မိန်းမ တွေ ကို အားနွဲ့ လို့ သူတို့ ဆီက မတရား ကာမ ဓားမြတိုက် ယူတာတွေ၊ အတင်းအကြပ် လက်ထပ် ခိုင်းတာတွေ၊
    မိန်းမ အဂါင်္ ကို ဘလိတ်ဒါး နဲ့ အစကို ဖြတ်ခိုင်းတာတွေ (ဘာသာ တစ်ခု ရဲ့ အယူပါ)၊
    မျက်နှာကို ကာမထားရင် အက်စစ် နဲ့ ပက်တာ တွေ၊ အတင်း ဓမ္မ ကလေး ဖျက်ချခိုင်းတာတွေ
    အဲဒါ တွေ ကို ဆိုလိုပါတယ်။

    “Violations of women’s human rights are often linked to their sexuality and reproductive role.
    Women are frequently treated as property, they are sold into marriage, into trafficking, into sexual slavery.
    Violence against women frequently takes the form of sexual violence.
    Victims of such violence are often accused of promiscuity and held responsible for their fate, while infertile women are rejected by husbands, families and communities.
    In many countries, married women may not refuse to have sexual relations with their husbands, and often have no say in whether they use contraception.”

    နောက် မိန်းမ တွေ ကို အဖျော်ဖြေခံ သတ္တဝါ ကျွန် တွေ လို သဘောထားပြီး ရောင်းစားတာ၊ အလိုမတူ ဘဲ လိင်ဆက်ဆံခံနေရတာ
    အဲဒါတွေ ကို ကာကွယ်ပေးဖို့ အကြောင်း တွေ ပါ။
    လင်မယားတောင် မှ မိန်းမ က အလိုမပါရင်ငြင်းပိုင်ခွင့် ရှိဖို့ ကာကွယ်ပေးထားတာပါ။

    ကျွန်မ အတင်း ဖြစ်ညှစ် ရှာဖတ်ကြည့် သလောက် ကတော့
    မိန်းမ က အတင်းစိတ်ပါ နေပြီး ကိုယ့်ဘက်က အတင်း ထိုးပေး နေတာ ကို တားမြစ် ခံရရင် အဲဒီမိန်းမ အတွက် အကာအကွယ် ပေးဖို့ ဆိုတဲ့ စာကြောင်း မတွေ့ဘူး။

    ဒီ လူ့ အခွင့်အရေး ဆိုတာ တွေ က မိန်းမ တွေ ကို ဖာ ဖြစ်ခိုင်း ဖို့ အတင်းဓမ္မ ဇာတ်သွင်း နေတာ တွေ/ အတင်းအကြပ်ကာမ ကို ဓားမြတိုက်ခံ နေရတာတွေ ကို ကာကွယ် ပေးနေတာ လို့ ထင်ပါတယ်။

    အဲဒါကို မြန်မာပြည်ထဲ မှာ ကိုယ်တိုင် ဖာ ဖြစ်ခံ ချင်လို့ ကိုယ့်ပစ္စည်း ကို အတင်း ထိုး ပေး နေတာ ကို လက်ခံကြဖို့ လူ့အခွင့်အရေး အတွက် တောင်းဆိုတယ် ဆိုရင် ….
    အဲဒီ လူ့အခွင့်အရေး အတွက် ဥပဒေ ထုတ် နေသူများ မျက်စိလည် သွားပါဦးမယ်။
    ကျွန်မ တို့ မြန်မာပြည် လဲ ကမ္ဘာမှာ ပိုပြီး နာမည်ကျော် ပြီးရင်း ကျော် နေပါ့မယ်။

    မနောက်ပါနဲ့ အဘ ရယ်။
    🙄

  • Iris

    October 23, 2014 at 8:30 pm

    LT ကိုမိဘ​တွေ​ရော ပတ်​ဝန်​းကျင်​ သူငယ်​ချင်​းအသိုင်​းအဝိုင်​းက​ရော လက်​ခံ​စေချင်​တယ်​။ ဆယ်​​ကျော်​သက်​​တွေLT ​နေတာကိုလက်​ခံ​စေချင်​တယ်​။ အမှားကြီးတစ်​ခုလုပ်​ထားသလိုလို ကိုယ်​ကျင်​့တရားပျက်​ပြားသလိုလို ​စောင်​း​မြောင်​း​ပြောဆိုရှုံ့ချကြတာရပ်​သင်​့ပါပြီ။ အရွယ်​​ရောက်​လာတဲ့လူငယ်​ဆယ်​​ကျော်​သက်​​တွေက အဲ့အရာ​တွေကို​တော်​​တော်​များများစိတ်​ဝင်​စားကြတယ်​။ အဲ့ဒီ​တော့သူတို့ဘယ်​သွားကြသလဲဆို​တော့.ပြည်​့တန်​ဆာ​တွေဆီသွားကြတယ်​။ ကျန်​းမာ​ရေးအသိရှိမရှိ​တော့မသိ။ ပြည်​့တန်​ဆာကိုအပိုင်​သိမ်​းမရ​တော့ တစ်​ခါသွားတစ်​​ယောက်​ဖြစ်​ချင်​လည်​းဖြစ်​မယ်​။ ​ရောဂါကူးစက်​လာနိုင်​​ခြေ​တွေလည်​းများတယ်​။ အဲ့ဒီ​တော့သူ့ချစ်​သူ​ကောင်​​လေး​ကောင်​မ​လေးနဲ့အတူတူ​နေတာပိုပြီးစိတ်​ချရတယ်​။ စိတ်​ဓာတ်​ရင်​့ကျက်​ဖို့​တော့လိုတယ်​။ ကိုယ်​နဲ့အဆင်​မ​ပြေလို့ကွဲသွားရင်​လက်​လွှတ်​လိုက်​ပါ။ သူ့ကိုပတ်​ဝန်​းကျင်​မှာအရှက်​ရ​အောင်​ လူ​တောမတိုးရဲ​အောင်​လိုက်​ဖွ​နေတာ မ​ကောင်​းပါဘူး။ အဲ့လိုလိုက်​ဖွ​နေတဲ့​ကောင်​​လေးကရှက်​ဖို့​ကောင်​းတယ်​ဆိုတဲ့အ​တွေးရယ်​။ ​ကောင်​မ​လေးကို ​စောင်​့ထိမ်​းမှုမရှိဘူး/တန်​ဖိုးမရှိဘူးဆိုတဲ့စကားမ​ပြောမိဖို့ရယ်​။
    ပတ်​ဝန်​းကျင်​အသိုင်​းအဝိုင်​းက ​ဖေးမကူညီသွားရင် LT ​နေတာရဲ့​ကောင်​းကျိုး​တွေလည်​းရလာမှာပါ။
    ဒီမှာလည်​း ​ယောက်​ကျား​လေးတစ်​ချို့က​ပြောတယ်​.စလုံးကမိန်​းက​လေး​တွေကိုမယူဘူးဆိုပဲ။ မြန်​မာနိုင်​ငံကမိန်​းက​လေးပဲပြန်​ယူမှာတဲ့။ အဲ့လိုသိမ်​းကျူံး​ပြောတတ်​တာ။ အဲ့လိုအသံ​တွေကြား​တော့မားသားကြီးကစိတ်​ပူပြီး​မေးလိုက်​တာ။ သူတို့ကိုဒီအလည်​​ခေါ်​တော့မှ သူ့သမီးဘယ်​လိုရပ်​တည်​​နေရသလဲသ​ဘော​ပေါက်​သွားမှ မ​မေး​တော့တာ။

    • LT မရှိလို့ ပြည့်တန်ဆာတွေဆီသွားကြတယ်ဆိုတာတော့ မဟုတ်ဘူးလို့ထင်ပါတယ်။

      LT ရှိနေတဲ့ နိုင်ငံတွေမှာလဲ ပြည့်တန်ဆာတွေရှိနေ အဲဒီမိန်းမတွေနဲ့ပျော်ပါးနေကြတာပါဘဲ။

  • ရာမည

    October 24, 2014 at 12:30 am

    လယ် တကွက်ပဲပါလို့သာ
    နှစ်ကွက်ဆို မန္တလေးဂေဇက် မီးလောင်သွားမှာ ဟီဟိ

    ကတောက်စ်
    ကျွန်တော်အသက်ကြီးပြီးမိန်းမရသွားတာနာလိုက်တာဗျာ

  • အလင်းဆက်

    October 24, 2014 at 8:00 am

    အချစ်ဆိုတာမှာ လက်ထပ်ခြင်းက အရေးမကြီး
    လူချင်း ထပ်တူကျဖို့
    စိတ်ချင်း ထပ်တူကျဖို့သာ အရေးကြီးတယ်
    ဘေးစကားတွေလည်း အရေးမကြီး
    သွေးချင်းနီးဖို့သာ လိုတယ်
    ငါကွ

    :k:

  • uncle gyi

    November 8, 2014 at 11:27 pm

    ၁ဝနှစ်ဆိုတဲ့အချိန်များလွန်းပါတယ်က်ိုပေါက်ရယ်
    အခုစီးနေတဲ့ရေစီးကြောင်းနဲ့ဆို၁ဝနှစ်မနေ
    ဒါပေမဲ့အန်ကယ်ကအေးဆေး
    လုံးဝစိတ်မပူသားချည်း၃ယောက်

    • kai

      November 9, 2014 at 8:27 am

      ယောက်ျားက.. မိန်းမနဲ့လိင်ဆက်ဆံပြီးရင်.. ယောက်ျားကအသာရသွားတယ်လို့ထင်တာကိုက… မြန်မာတွေရဲ့အတွေးကြီးတခုလို့ထင်မိတယ်..။
      အနောက်နိုင်ငံတွေကျ.. အတွေးကတမျိုး…။

      ခုတလော.. ယောက်ျား.. ၂ယောက်၃ယောက်နဲ့ကလေးရထားတဲ့..အမေရိကန်မတွေချည်းတွေ့နေရတာ…။
      တယောက်များဆို.. ကလေး၄ယောက်.. ယောက်ျား၃ယောက်..။
      ရှေ့က၂ယောက်ကိုလက်ထပ်မယူပဲ..နောက်ဆုံးချာတိတ်ကလေးကိုကျ.. သနားလို့တရားဝင်လက်ထပ်ယူတယ်ဆိုပဲ..။

      သူမတို့ကတော့.. ယောက်ျားကို တရားဝင်မယူပဲ.. ကလေးစရိတ်တောင်းပြီးအေးဆေး.. အစဉ်ပြေတဲ့သူနဲ့.. ဆက်ဆံနေကြတာ… လူငယ်ဘဝတွေကို.. အဲလိုဖြတ်နေတဲ့သူတွေ.. ရာခိုင်နှုန်းတော်တော်များမယ်..။

      ယောက်ျားတွေမှာ.. သနားစရာ…။
      မြန်မာပြည်မှာလည်း.. ဒီအတိုင်းဆို.. အဲဒီဖက်ကို.. ရွေ ့လာမယ်ထင်မိတယ်..။
      သတင်းတွေထဲ… ဂဲလ်ဖရင်န်းတွေကို.. ကောင်လေးတွေက.. သတ်ပစ်နေတာတွေက.. ဒီသဘောထားသူများလာတာပြတယ်လို့ထင်မိတယ်..။

      သားရှင်တွေစိတ်ညစ်ရတဲ့ခေတ်.. ရောက်ဖို့.. သိပ်ကြာတော့မယ်.. မထင်.. :k:

      • မြစပဲရိုး

        November 9, 2014 at 3:13 pm

        ဟောဒီဟာလေ
        သူကြီးမင်း တို့ ယူအက်စ်အေ က ဘလော့ တစ်ခုထဲက ရှင့်။
        ရေးသူက နှယ်နှယ်ရရ မဟုတ်။
        ကွန်ဂရက်ထဲမှာ ပါတဲ့ ဥပဒေသမား။ ဒါ့ပုံ အရ အဖြူစစ်စစ်ကြီး။

        Popular culture and the media conveys a message regarding this phenomenon that is so convoluted as to be incomprehensible.
        Sex is good. Sex for the unmarried can be very good, but sex for the unmarried teen is risky, though still nothing to be ashamed of.
        Single motherhood is absolutely nothing to be ashamed of if you’re a rich actress like Jodie Foster, David Letterman’s girlfriend, or a U.S. Congresswoman,
        but it is likely to throw your entire life out of whack if you aren’t rich, and is a probable ticket to poverty for the mother and diminished life opportunities for the child.

        {စကားချပ်-
        အဲဒီ လို စိတ်ကို မထိန်းချုပ် နိုင်တဲ့ မိဘ များ က ပေါက်ဖွားလာ မဲ့ ကလေး အများစု ရဲ့ အနာဂါတ်က မလုံခြုံ ပါ။
        အဲလို ကလေးမျိုး တွေ များလာ မဲ့ လူ့ အဖွဲ့အစည်း ဟာ လူ့ပါတ်ဝန်းကျင် ကို အကျိုးမဲ့ မှုများ သယ် လာဖို့ ရှိပါတယ်။ }
        Not that there’s anything wrong with that; it’s just, well, unfortunate. Having an abortion isn’t exactly good, but it’s nothing to be ashamed of either,
        though it is also something everyone seems to agree should be as “rare” as possible. Not having an abortion, movies like “Juno” tell us, is brave and admirable,
        especially if you plan to give up the child for adoption—-but there’s certainly nothing wrong with keeping the baby either.
        That’s courageous, too, and of course everyone admires mothers, married or otherwise.

        http://ethicsalarms.com/2010/01/26/our-cultures-teen-pregnancy-ethical-conflict/

        တကယ်တော့ ကျား/မ သာတာ နာတာ အပထား။
        ကိုယ်ကျင့်တရား စံနှုန်းလေး ထည့်ကြည့် လိုက်ရင် သီလ သိက္ခာ ပြည့်စုံ သူ က ပိုပြီး ကြီးမြတ် မြင့်မြတ် စေရမဲ့ လောက ကို အနောက်တိုင်း မှာ ပညာရှင် တွေ ရှာဖွေ နေချိန်မှာ
        မြန်မာပြည် ထဲ သူတို့ ရဲ့ မကောင်းတဲ့ ခေတ်နောက်ပြန်ဆွဲ အမှောင်ထဲ က အကြောင်းတွေ မရောက်ပါစေနဲ့ လေ။

        ဘာသာရေးမှာလဲ (အထူးသဖြင့်-ဗုဒ္ဓဘာသာ) ဒီလို ဘဲ။
        ဘယ်ဘုန်းကြီး ဘာပြောပြော ဘယ်ဂိုဏ်းသား ဖြစ်ဖြစ်
        သီလ ပညာ သိက္ခာ သမာဓိ ရှိသူ က သူ့ဟာသူ နာမည်ရစေတဲ့ ခေတ် ဖြစ်ဖို့ ကြိုးစားသင့်တာ။
        လောလောဆယ် ဒီဘိတ် လုပ်မဲ့ ဘုန်းကြီး ဆို ငါစွဲ ပါနေမှတော့ ဟုတ်ရောဘဲ။
        ဘာသာရေးမှာ ငါစွဲ ပါလို့ မရသင့် လို့ ထင်တာပါဘဲ။

        { BTW – ရွာထဲ ကို အဝင်တံခါး ကနေဝင်မရ လို့ ချောင်ထဲ က တိုး ဝင် လာပါကြောင်း။) lol;-) :))

  • ဦးကြောင်ကြီး

    November 9, 2014 at 11:34 pm

    ဘယ်အရာမှ တသမတ်ထဲ တည်မနေနိုင်လို့ လစ်ဘွယ်ကော ကွန်ဆားဗွစ်ရော ဟိုဖက်ဒီဖက် အစွန်းကို ရွေ့နေဂျပါဒရယ်။ ဒီခေတ်မှာ မီဒီယာလွှမ်းမိုးမှု၊ အိုင်တီယဉ်ကျေးမှုကြောင့် ပွင့်လင်းလာတဲ့ အထဲမှာ လိင်ကိစ္စ ရှေ့ဆုံးကပါဒရယ်။ လိင်ကိစ္စဆိုတာ အဝှာပြုနေမှ ပြုချဉ်ယောင်ဆောင်ပြနေမှ ဟုတ်ဖူးနော်။ ဘေလ်ဘုတ် ပိုစတာတွေမှာ မိန်းမတွေ မလုံတလုံဝတ်ပြ၊ ပြူ းပြ ပြဲပြ၊ ကော့ပြ လန်ပြတဲ့အခါ ပုရိသအပေါင်းက လျှာကြီးထွက်ပြီး ကြည့်တယ်၊ ဩဘာပေးတယ်။ မိန်းမတွေကလည်း ကျေနပ်တယ်။ ခေတ်ကာလကိုက လက်ခံတဲ့ အရာဖြစ်သွားပြီ။ အပျိုဖော်မဝင်သေးတဲ့ မိန်းခလေးတွေကလဲ သူတို့မှာ လက်နက်ရှိမှန်း သုံးရကောင်းမှန်းသိပြီ။ ကျည်ဆံရတာနဲ့ ပစ်မှာပဲ။ တဖက်မှာလဲ ကွန်ဆားဗွစ်တွေက အတင်းချုပ်ကိုင်ထားတော့ မနာသင့်တာနာ မပျက်ဆီးသင့်တာပျက်ဆီး သာဓကတွေ အများကြီးပဲ မဟုတ်လား။ အစွန်းရောက်ပြီးတဲ့တနေ့ ပြန်လှည့်လာကောင်းရဲ့။ တနေ့က သတင်းမှာ ကြည့်ရတယ်.. ယူအက်စ်မှာ အလယ်တန်း ကျောင်းသား ကျောင်းသူ ချာတိတ်တွေ ပါတီပွဲ ခိုးလုပ်တဲ့အခါ မူးယစ်ဆေး၊ အရက်၊ လိင်ကိစ္စ ခံစားကြသတဲ့။ အဲဒီအရွယ်ဆိုတာ ရုပ်ပိုင်းပြောင်းလဲနေပြီ၊ စိတ်ပိုင်းအရလဲ ပတ်ဝန်းကျင့် လွှမ်းမိုးမှု ခံရပြီ။ အထူးသဖြင့် ရွယ်တူခြင်း ဖိအားပေးမှု၊ ပေါ်ပြူ လာဖြစ်ချဉ်မှု ဒဏ်ကို မခံနိုင်ဘူး။ ဒါနဲ့ပဲ မကြာခင် ကောသလမင်းကြီးအိမ်မက် တကယ်ဖြစ်လာပါတော့မျီ..။ ရလဒ်က ဘာဖြစ်သလဲ.. အဲဒီ ယဉ်ကျေးမှု ဖြစ်သွားတော့ အပျို စင် မရှိသလောက် ဖြစ်သွားတယ်။ ဒါနဲ့ပဲ အခြင်းခြင်း အပေးအယူ အလဲအထပ် လုပ်နေကြတာ။ ကားဈေးကွက် သိပ်အေးတဲ့အခါ ဝယ်ရောင်း အခြင်းခြင်း လှည့်ပတ် လဲနေကြသလိုပေါ့။ မှားသလား မှန်သလား နိုင်ငံရေး စီးပွားရေး ကဏ္ဍတွေနဲ့လည်း ဆက်နွယ်ဒယ်။ သူ့တကိုယ်ချည်း ချွန်ထွက်လို့ကတော့ ဖွာနိုင်ငံ ကကနိုင်ငံ ဖြစ်ယုန်ဂလွဲ အခြားဖြစ်မြီမထိန်ပါ။

Leave a Reply