ကကြောင်ကြီးဒဲ့ဟေ့.. မဆိုင်သူတွေ မကပ်ကြနဲ့.. မယားရှိ လင်ဒွေ ကြင်လျှာတော် ရပြီး လင်ရှိမယားတွေ လင်ငယ်တွေ့ သွားရမယ်.. ဘာမှတ်သတုံး ဒက်ကလုပ် ဒက်ကလုပ် ဒက်ကလုပ်။ ဤဂါး မြန်တျန့်ပြည်တလွှား အများသူငှာ ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် ဓါးပြဗိုလ်ဂျီး ကကြောင်၏ ကြွေးကြော်သံဖြစ်သည်။ သူ၏ အခြားဆောင်ပုဒ် တခုမှာဂါး “လျှာဂျီးကို အစော်ဂါးနဲ့” ဟူ၍ဖြစ်၏။ မှန်ဗေသည်.. ၎င်းလျှာကြွေးနေသော သာမီး အငုံး အဖူး အလန်းလေးများမှာ စုစုပေါင်း အရည်အတွက်အားဖြင့် ဘယ်ဖက်ငါးရာ ညာဖက်ငါးရာမျှ ရှိကြောင်း အတွင်းနေ အထိန်းတော် မိန်းမဇိုး ဂျော်လကီ ပုကုန်းကုန်းထံမှ လက်ထောက်ချ သိရလေသည်။ ပုကုန်းကုန်း ဆိုသူမှာ အသူနည်း.. အနည်းငယ် ရှင်းဦးအံ့..။

ဖောရှော အရက်သမား ဘိန်းစားကစော် ရေမျှောကမ်းတင် ရေငံသောက် မြက်ခြောက်စား လူမလေး ခွေးမခန့် ၎င်းကိုယ်၎င်း မွန်ဘုရင် ရာဇဓိရာဇ် အမျိုးအနွယ်ဝင် အထင်ရောက်နေသူ ဂေါက်သီး၆ဖြစ်သည်။ တနေ့သ၌ ဘိုင်ပြတ်၍ အရက်ဖိုးရှာမရ ကြံမိကြံရာကြံရင်း ဗိုလ်ကြောင်ကြီးထံ အခစားဝင်ကာ သူသည် ရုပ်ရှင်မင်းသမီး ပုဇွန်ထုပ်ကြီး နန္ဒာလှိုင်နှင့် မောင်နှမဝမ်းကွဲ တော်စပ်ကြောင်း၊ ကကြောင်ကြီးအား လွန်စွာလွမ်းဆွတ်သတိရ၍ မအိပ်နိုင်မစားနိုင် ပိန်ချုံးကာနေဂျောင်း၊ အချိန်သည် ဒီရေနှင့် ကြောင်ကြီးကို မစောင့်ဂျောင်း လိမ်ညာပြောဆိုပီး ဂျော်နီဝေါလ်ကား စကိုင်းဘီလူးလေဘယ်လ်တလုံး တပတ်ရိုက်သွားဃဲ့သည်။

ကကြောင်ကြီးလည်း ထိုအချိန်မှစ၍ ရောဂါဟောင်း ပြန်ပေါ်ကာ ဓါးပြတိုက်နိုင်ရန် ဝေးစွ မစားနိုင် မသောက်နိုင် တငိုင်ငိုင်ဖြစ်လျက် ကိလေသာတဏှာ နှိပ်စက်ခြင်းဒဏ် အလူးအလဲ ခံရကာမှ မခံနိုင်သည့်အဆုံး မြို့ပေါ်တက် ကားတင်ပြေးရန် ကြံစည်လေသည်။ ခြစ်ကံခေသူ ကကြောင်ကြီးကား တရှက်မှ နှစ်ရှက် ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ.. နန္ဒာလှိုင်က သူ့အား ဖုတ်လေသည့်ငါးပိ နံသည်ပင်မထင် ကျန်းမာဝဖြိုး အလှတိုးလျက် သူ့လင်လက်ချိတ်လျက် သမီးလေးနှစ်ဦးနှင့် တခွခွိ ရယ်မောနေသည်ကိုတွေ့လျင် ရုတ်တရက် ဆိတ်မထိန်းနိုင် တဟုန်ထိုးပြေးသုတ်မည်အပြု တနေရာမှ ခါးထောက်ရပ်နေသော နန္ဒာလှိုင်၏ ယောက္ခထီး ဇေကမ္ဘာသူဌေးဂျီး ဥခင်ရှည်အား မြေဖုတ်ဘီလူးအသွင် တွေ့လိုက်ရသည်တွင် ရွာတွင်ကျန်ခဲ့သော ဧကတမတ် မြေကွက်လေး အသိမ်းခံရမည့်အရေး တွေးပူလျက် အားမတန် မာန်လျော့ ခေါင်းငိုက်စိုက်ချ ပြန်လာရသည်။

ရွာပြန်ရောက်လျင် ကြွက်မနိုင် ကျီမီးနှင့်ရှို့.. သူ့အား လိမ်လည်လှည့်ဖျားသွားသော ဂျော်လကီအောင်ပုအား မြေလှန်ရှာကာ တံကျင်လျှို ကားစင်တင် သုတ်သင်ရန် စီမံတော့သည်။ ထိုအခါ ကပုလည်း သေမည့်ဘေး တွေးပူလျက် ဆောက်တည်ရာမရ အော်ဟစ်ငိုကြွေးကာ ကြောက်ပါပီခင်ဗျ.. အသက်ချမ်းသာပေးပါခင်မြ… နောက်မလုပ်တော့ဗာပူးခမျ.. အသံကုန်ဟစ် လူးလှိမ့်တောင်းပန်သည်တွင် ဗိုလ်ကြောင်ကြီး၏ ကြင်လျှာတော် သာမီးလေးများလည်း သနားသွားပီး မသတ်ဘဲ စံအိမ်တော်တွင် တောက်တိုမယ်ရ ခိုင်းရန် အကြံပြုသဖြင့် လူရှုပ်လူပွေ ဆန်ကုန်မြေလေး ဖြစ်လင့်ကစား ကံကြွင်းကံစ ကျန်နေသေးသည်ထင့်.. အလျောက်ကောင်း အထောင်းသက်သာ ဂျော်နီအောင်ပုတယောက် သေဗေးမှ လွတ်မြောက်သွား၏။

ဇာတ်လမ်းဂါး ဤတွင်မဆုံး.. ကြောင်ကြီးဂလည်း ခေသူမဟုတ်.. မြွေပွေးခါးပိုက်ဆောင် ထားရသည့်အရေး တွေးမြင်လျက် အမြော်အမြင်ကြီးစွာဖြင့် ကပုအား လဗျွတ်စ်နှင့်လျှာ ဖြတ်လျက် ကုန်းကုန်းဘဝပြောင်းစေကာ ဂျော်လကီအောင်ပု အမည်ဖြင့် အထိန်းတော်ရာထူး ခန့်အပ်သည်။ ထို့ပြင်တဝ လုံခြုံရေးသတိ ပိုသည်မရှိ ထုံးနှလုံးမူကာ ၎င်းအတွင်းဆောင်ဝယ် ရှိနေသခိုက် လက်၊ခြေတို့အား တိပ်ဖြင့်ပတ်စီး ချည်နှောင်ထားခိုင်းပြီး မျက်လုံးကိုပင် မြင်းများတွင်တပ်သော မျက်လုံးအဖုံးတပ်ပေးကာ ဘေးဘီဝဲယာ မျက်စေ့ကစား မပြစ်မှားစေရန် ဟာကွက်မရှိ ထောင့်စေ့စွာ စီမံထားပေသည်ဒွင် ဥတုံးလုံး ပုကုန်းကုံးဟု ကမ္ဗည်းမော်ကွန်း တင်ရစ်ပေသီ။

ကနွဲ့ကလျ အောင်ပုမ

ကနွဲ့ကလျ အောင်ပုမ

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး